Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

"သူ႔ေၾကာင့္ ေပ်ာ္ရတယ္။" "မင္းေၾကာင့္ ေပ်ာ္ရတယ္။" ဆုိတဲ့ စကားမ်ိဳးေတြကုိ မၾကာခဏဆုိသလုိ ၾကားဖူးပါတယ္။ တစ္ေယာက္ေယာက္ေၾကာင့္ ကုိယ္ရရွိတဲ့အေပ်ာ္ဆုိတာ အဲဒီ့တစ္ေယာက္ေယာက္ မရွိေတာ့တာနဲ႔ ကုိယ့္မွာ မေပ်ာ္နုိင္ေတာ့ဖူး ျဖစ္သြားပါတယ္။ ကုိယ့္ရဲ႕ ေပ်ာ္ရႊင္မႈေတြဟာ အဲဒီ့ တစ္ေယာက္ေယာက္အေပၚ မွီခုိေနသလို ျဖစ္သြားပါတယ္။
အဲ့ေတာ့ အဲ့တစ္ေယာက္ေယာက္ကပဲ ကုိယ့္ကုိ စိတ္ဆင္းရဲေအာင္လည္း လုပ္နုိင္။ စိတ္ေသာက ျဖစ္ေအာင္လည္း လုပ္နုိင္သြားပါတယ္။ ကုိယ့္ရဲ႕ ေပ်ာ္ရႊင္ျခင္း၊ ဝမ္းနည္းျခင္းေတြအားလံုး သူ႔လက္ထဲကို ဝကြက္အပ္လုိက္သလုိပါ။ ေသခ်ာျပန္စဥ္းစားၾကည့္ရင္ ကုိယ့္ရဲ႕ စိတ္ခံစားမႈေတြကို တစ္ေယာက္ေယာက္လက္ထဲမွာ ရွိေနတာဟာ အဓိပၸာယ္ေကာ ရွိရဲ႕လား?
ကုိယ့္ကုိယ္ကုိ စိတ္ခ်မ္းသာေအာင္ မထားနုိင္လုိ႔ တစ္ေယာက္ေယာက္က စိတ္ခ်မ္းသာေအာင္ ထားေနရတယ္ဆုိတဲ့အျဖစ္က ကုိယ္ဘာ့သာ ထမင္းမစားနုိင္လို႔ တစ္ေယာက္ေယာက္က ထမင္းခြံေနရသလုိပါပဲ။
တကယ္ဆုိ ကုိယ့္ရဲ႕ ေပ်ာ္ရႊင္ျခင္းဟာ ကုိယ့္လက္ထဲမွာ ရွိမေနသင့္ဘူးလား? သင့္မွာ သင့္ကို စိတ္ခ်မ္းသာေအာင္ထားနုိင္မယ့္ သင္ရွိပါတယ္။ သင့္ကုိ ေပ်ာ္ေအာင္ထားနုိင္မယ့္ သင္ရွိပါတယ္။ သင့္ဘဝရဲ႕ တန္ဖိုးထားရမယ့္ သင္ရွိပါတယ္။ အခုကစျပီး ေပ်ာ္ရႊင္ျခင္းလက္ေဆာင္ေတြကို သင့္လက္ထဲမွာပဲထားပါ။ သင့္အနီးနားကလူေတြကုိလည္း ေဝမွ်ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
#Unicode Version#

"သူ့ကြောင့် ပျော်ရတယ်။" "မင်းကြောင့် ပျော်ရတယ်။" ဆိုတဲ့ စကားမျိုးတွေကို မကြာခဏဆိုသလို ကြားဖူးပါတယ်။ တစ်ယောက်ယောက်ကြောင့် ကိုယ်ရရှိတဲ့အပျော်ဆိုတာ အဲဒီ့တစ်ယောက်ယောက် မရှိတော့တာနဲ့ ကိုယ့်မှာ မပျော်နိုင်တော့ဖူး ဖြစ်သွားပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေဟာ အဲဒီ့ တစ်ယောက်ယောက်အပေါ် မှီခိုနေသလို ဖြစ်သွားပါတယ်။
အဲ့တော့ အဲ့တစ်ယောက်ယောက်ကပဲ ကိုယ့်ကို စိတ်ဆင်းရဲအောင်လည်း လုပ်နိုင်။ စိတ်သောက ဖြစ်အောင်လည်း လုပ်နိုင်သွားပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေအားလုံး သူ့လက်ထဲကို ဝကွက်အပ်လိုက်သလိုပါ။ သေချာပြန်စဉ်းစားကြည့်ရင် ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို တစ်ယောက်ယောက်လက်ထဲမှာ ရှိနေတာဟာ အဓိပ္ပာယ်ကော ရှိရဲ့လား?
ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် မထားနိုင်လို့ တစ်ယောက်ယောက်က စိတ်ချမ်းသာအောင် ထားနေရတယ်ဆိုတဲ့အဖြစ်က ကိုယ်ဘာ့သာ ထမင်းမစားနိုင်လို့ တစ်ယောက်ယောက်က ထမင်းခွံနေရသလိုပါပဲ။
တကယ်ဆို ကိုယ့်ရဲ့ ပျော်ရွှင်ခြင်းဟာ ကိုယ့်လက်ထဲမှာ ရှိမနေသင့်ဘူးလား? သင့်မှာ သင့်ကို စိတ်ချမ်းသာအောင်ထားနိုင်မယ့် သင်ရှိပါတယ်။ သင့်ကို ပျော်အောင်ထားနိုင်မယ့် သင်ရှိပါတယ်။ သင့်ဘဝရဲ့ တန်ဖိုးထားရမယ့် သင်ရှိပါတယ်။ အခုကစပြီး ပျော်ရွှင်ခြင်းလက်ဆောင်တွေကို သင့်လက်ထဲမှာပဲထားပါ။ သင့်အနီးနားကလူတွေကိုလည်း ဝေမျှပါ။

ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top