Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကေလးကို ႏို႔တုိက္ေကၽြးစဥ္ ျပႆနာမ်ား ဒုကၡမ်ားကို သင္ေတြ႔ရႏုိင္ၿပီး ၎တို႔သည္ စိတ္ဖိစီးမႈကိုျဖစ္ေစႏုိင္သလို တစ္ခါတစ္ရံ စိတ္ေရာဂါမ်ားကိုေတာင္ ျဖစ္ေစႏုိင္ပါသည္။ တစ္ခ်ိဳ႕ေသာေမေမမ်ားသည္ စိုးရိမ္စိတ္မ်ားတတ္ၿပီး ထိုစိတ္ေၾကာင့္ ႏို႔ထြက္မႈကိုနည္းေစႏိုင္သည္။

ထို႔ေၾကာင့္ ကေလးလည္း အဟာရခ်ိဳ႕တဲ့ႏိုင္သည္။ ဒါကအမွန္ဟုတ္ပါသလား။

စိတ္ဖိစီးမႈက ႏို႔ထြက္ႏႈန္းကို က်ေစသလား။

အေျဖကေတာ့ ႏိုးပါ။ စိတ္ဖိစီးမႈသည္ ဘယ္လိုပင္ျဖစ္ပါေစ ႏို႔ထြက္မႈကို မက်ေစပါ။ ႏို႔ထြက္မႈက်ေစေသာ အခ်ိန္မ်ား ရွိပါသည္။ သင့္၌ အေရးေပၚခြဲေမြးရသည့္အခါမ်ိဳး သို႔မဟုတ္ လမေစ့ပဲေမြးသည့္အခါမ်ိဳးတြင္ ျဖစ္တတ္၏။

မည္သို႔ဆိုေစ ကေလးအတြက္ ႏို႔ထြက္ေနမည္ျဖစ္ၿပီး သင္ႏို႔တိုက္ရာတြင္ ေခ်ာေခ်ာေမာေမာႏွင့္ သဘာ၀က်က်ျဖစ္ေစရန္ေတာ့ အခ်ိန္ႏွင့္အားစိုက္မႈ လိုအပ္ပါသည္။

ႏို႔ထြက္မႈကို သက္ေရာက္ေစသည့္ ဖိစီမႈးပမာဏကို ေလ်ာ့က်ရန္ ဘာေတြလုပ္ႏိုင္မလဲ။

စိတ္ေျပေလ်ာ့ႏိုင္ၿပီး ကေလးကို ႏို႔စို႔ရန္အဆင္ေျပသည့္ ေနရာမ်ိဳးကိုရွာပါ။ ထို႔အျပင္ သူတစ္ပါးမွ ဘာလုပ္ညာလုပ္ေျပာသည္မ်ား အာရံုမစိုက္ႏုိင္ေအာင္ျဖစ္သည့္ ေနရာမ်ားမျဖစ္လွ်င္ ပိုေကာင္းပါသည္။

ႏုိ႔မတိုက္ခင္ သို႔ ႏို႔မညွစ္ခင္ ျဖစ္ႏုိင္သေလာက္ စိတ္ကိုေျဖေလ်ာ့ပါ။ သင္ႀကိဳက္သည့္သီခ်င္းမ်ားကို နားေထာင္ႏိုင္သည္။ အသက္ကိုျပင္းျပင္းေလးေလးရွဴလိုက္ပါ။ ဆုေတာင္းပါ။ စိတ္ေျပေလ်ာ့ေစမည့္ အေမႊးနံ႔သာမ်ားလည္း သံုးႏုိင္ပါသည္။

သို႔မဟုတ္ သင္အဆင္ေျပေစမည့္ ဘာမဆိုျပဳလုပ္ႏုိင္ပါသည္။ ကေလးကိုႏို႔မတုိက္ခင္ ခါးမွေန၍ေရွ႕ကို ကိုင္းလိုက္ပါ။ ထိုအခါ ရင္သားမ်ား တြဲက်လာမည္ျဖစ္သည္။ ပုခံုးကိုေရွ႕ေနာက္ေရြ႕ကာ ရင္သားမ်ားကို လႈပ္ရွားေပးပါ။ ထိုသို႔လုပ္ျခင္းျဖင့္ လည္ပင္းႏွင့္ ပုခံုးတို႔တြင္ တင္းေနသည္မ်ားကို ေလ်ာ့ေပးသည့္အျပင္ ႏို႔ရည္မ်ားကို ရင္သားအေရွ႕ဆီသို႔ စီးဆင္းမႈေကာင္းေစႏိုင္ပါသည္။

ႏို႕ထြက္မႈေကာင္းေစရန္ ေနာက္ျပန္ဖိအားေပးေပ်ာ့ေစျခင္း (RPS) ကိုသံုးရန္စဥ္းစားသင့္ၿပီး ထိုသို႔ျဖင့္ သားျမတ္သီးေနရာေအာက္မွ အာရံုေၾကာမ်ားကို လႈံေစာ္ေပးၿပီး ႏို႔ထြက္ျခင္းကို အားေပးႏုိင္ပါသည္။

ကေလးႏွင့္အတူရွိပါက ကေလးႏွင့္အခ်ိန္တိုင္း အတူရွိေနျခင္းျဖင့္ ကေလးေရာသင္ပါ သံေယာဇဥ္ကို ပိုတြယ္ေစႏုိင္ပါသည္။ သင္အေ၀းသို႔ေရာက္ေနပါက ကေလးျမဴးေနျခင္း ငိုျခင္း သို႔မဟုတ္ ႏို႔စို႔ေနျခင္းမ်ားကို ဖုန္းကေနၾကည့္ေပးႏုိင္ပါသည္။

ထိုသို႔သံေယာဇဥ္တြယ္ျခင္းသည္ ႏို႔ထြက္မႈကို အားေပး၏။ ႏို႔ထြက္ျခင္းႏွင့္ပတ္သတ္၍ ျပႆနာရွိပါက ရင္သားမွ ႏို႔မ်ား ေရတံခြန္လို ျမစ္လို စီးဆင္းေနသည္ဟု အာရံုျပဳၾကည့္ပါ။ ၾကားရတာေၾကာင္ေတာင္ေတာင္ႏိုင္ေသာ္လည္း အလုပ္ျဖစ္မွာ ေသခ်ာပါသည္။

ႏို႔တိုက္ေနစဥ္ ေမေမမ်ားသည္ ေရကိုလံုေလာက္စြာေသာက္ေပးၿပီး ႏို႔စီးဆင္းမႈကို လံႈေစာ္ႏုိင္ပါသည္။

ႏို႔ညွစ္ပန္႔မ်ားကိုအသံုးျပဳပါက ညွစ္နည္းကို ကိုယ္တိုင္ျပဳလုပ္ျခင္းျဖင့္ ႏို႔ထြက္ျခင္း ႏို႔ပမာဏမ်ားမ်ားညွစ္ႏိုင္ျခင္းကို အေထာက္အကူျပဳပါသည္။

တစ္ခ်ိဳ႕ေမေမမ်ားက ကေလးကို ေရအတူတူခ်ိဳးရင္ ႏို႔တိုက္တာကို ပိုသေဘာက်ၾကပါသည္။ ထိုသို႔လုပ္ျခင္းျဖင့္ ၾကြက္သားမ်ားကို ေျပေလ်ာ့ေစၿပီး ႏို႔စီးဆင္းမႈကို ပိုေကာင္းေစသည္ဟု ဆိုပါသည္။

ႏို႔တစ္ခါတစ္ခါတုိက္သည့္ၾကားတြင္ ကေလးႏွင့္မိခင္ အေရျပားခ်င္းထိေတြ႔ခ်ိန္ ပိုေပးေပါ။ ၎သည္ စိတ္ဖိစီးမႈကို က်သြားေစၿပီး ႏို႔တုိက္ျခင္းႏွင့္ဆက္စပ္ေသာ ေဟာ္မုန္းမ်ားကို ထြက္ေစႏုိင္ပါသည္။

စိတ္ဖိစီးမႈသည္ ႏို႔ထြက္ျခင္းအေပၚ ဘာမွမသက္ေရာက္ပါ။ မည္သို႔ဆုိေစ သင့္စိတ္အား အေကာင္းျမင္ၿပီး စိတ္ဖိစီးမႈကင္းေအာင္ေနထိုင္ကာ ကေလးေရာ သင္ပါ ေနထိုင္သည့္ပတ္၀န္းက်င္အား က်န္းမာေသာပတ္၀န္းက်င္ျဖစ္ေအာင္ ဖန္တီးလိုက္ပါ။

သင့္၌ တစ္ခ်ိဳ႕ေသာကိစၥမ်ားေၾကာင့္ စိတ္ဖိစီးမႈျပႆနာမ်ား ရွိေနပါက ကုသေရးဆရာ သို႔ ဆရာ၀န္၏ အကူအညီရယူရန္ ေဆြးေႏြးသည္မွာ အေကာင္းဆံုးပင္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
ကလေးကို နို့တိုက်ကျွေးစဉ် ပြဿနာများ ဒုက္ခများကို သင်တွေ့ရနိုင်ပြီး ၎င်းတို့သည် စိတ်ဖိစီးမှုကိုဖြစ်စေနိုင်သလို တစ်ခါတစ်ရံ စိတ်ရောဂါများကိုတောင် ဖြစ်စေနိုင်ပါသည်။ တစ်ချို့သောမေမေများသည် စိုးရိမ်စိတ်များတတ်ပြီး ထိုစိတ်ကြောင့် နို့ထွက်မှုကိုနည်းစေနိုင်သည်။

ထို့ကြောင့် ကလေးလည်း အဟာရချို့တဲ့နိုင်သည်။ ဒါကအမှန်ဟုတ်ပါသလား။

စိတ်ဖိစီးမှုက နို့ထွက်နှုန်းကို ကျစေသလား။

အဖြေကတော့ နိုးပါ။ စိတ်ဖိစီးမှုသည် ဘယ်လိုပင်ဖြစ်ပါစေ နို့ထွက်မှုကို မကျစေပါ။ နို့ထွက်မှုကျစေသော အချိန်များ ရှိပါသည်။ သင့်၌ အရေးပေါ်ခွဲမွေးရသည့်အခါမျိုး သို့မဟုတ် လမစေ့ပဲမွေးသည့်အခါမျိုးတွင် ဖြစ်တတ်၏။

မည်သို့ဆိုစေ ကလေးအတွက် နို့ထွက်နေမည်ဖြစ်ပြီး သင်နို့တိုက်ရာတွင် ချောချောမောမောနှင့် သဘာဝကျကျဖြစ်စေရန်တော့ အချိန်နှင့်အားစိုက်မှု လိုအပ်ပါသည်။

နို့ထွက်မှုကို သက်ရောက်စေသည့် ဖိစီမှုးပမာဏကို လျော့ကျရန် ဘာတွေလုပ်နိုင်မလဲ။

စိတ်ပြေလျော့နိုင်ပြီး ကလေးကို နို့စို့ရန်အဆင်ပြေသည့် နေရာမျိုးကိုရှာပါ။ ထို့အပြင် သူတစ်ပါးမှ ဘာလုပ်ညာလုပ်ပြောသည်များ အာရုံမစိုက်နိုင်အောင်ဖြစ်သည့် နေရာများမဖြစ်လျှင် ပိုကောင်းပါသည်။

နို့မတိုက်ခင် သို့ နို့မညှစ်ခင် ဖြစ်နိုင်သလောက် စိတ်ကိုဖြေလျော့ပါ။ သင်ကြိုက်သည့်သီချင်းများကို နားထောင်နိုင်သည်။ အသက်ကိုပြင်းပြင်းလေးလေးရှူလိုက်ပါ။ ဆုတောင်းပါ။ စိတ်ပြေလျော့စေမည့် အမွှေးနံ့သာများလည်း သုံးနိုင်ပါသည်။

သို့မဟုတ် သင်အဆင်ပြေစေမည့် ဘာမဆိုပြုလုပ်နိုင်ပါသည်။ ကလေးကိုနို့မတိုက်ခင် ခါးမှနေ၍ရှေ့ကို ကိုင်းလိုက်ပါ။ ထိုအခါ ရင်သားများ တွဲကျလာမည်ဖြစ်သည်။ ပုခုံးကိုရှေ့နောက်ရွေ့ကာ ရင်သားများကို လှုပ်ရှားပေးပါ။ ထိုသို့လုပ်ခြင်းဖြင့် လည်ပင်းနှင့် ပုခုံးတို့တွင် တင်းနေသည်များကို လျော့ပေးသည့်အပြင် နို့ရည်များကို ရင်သားအရှေ့ဆီသို့ စီးဆင်းမှုကောင်းစေနိုင်ပါသည်။

နို့ထွက်မှုကောင်းစေရန် နောက်ပြန်ဖိအားပေးပျော့စေခြင်း (RPS) ကိုသုံးရန်စဉ်းစားသင့်ပြီး ထိုသို့ဖြင့် သားမြတ်သီးနေရာအောက်မှ အာရုံကြောများကို လှုံစော်ပေးပြီး နို့ထွက်ခြင်းကို အားပေးနိုင်ပါသည်။

ကလေးနှင့်အတူရှိပါက ကလေးနှင့်အချိန်တိုင်း အတူရှိနေခြင်းဖြင့် ကလေးရောသင်ပါ သံယောဇဉ်ကို ပိုတွယ်စေနိုင်ပါသည်။ သင်အဝေးသို့ရောက်နေပါက ကလေးမြူးနေခြင်း ငိုခြင်း သို့မဟုတ် နို့စို့နေခြင်းများကို ဖုန်းကနေကြည့်ပေးနိုင်ပါသည်။

ထိုသို့သံယောဇဉ်တွယ်ခြင်းသည် နို့ထွက်မှုကို အားပေး၏။ နို့ထွက်ခြင်းနှင့်ပတ်သတ်၍ ပြဿနာရှိပါက ရင်သားမှ နို့များ ရေတံခွန်လို မြစ်လို စီးဆင်းနေသည်ဟု အာရုံပြုကြည့်ပါ။ ကြားရတာကြောင်တောင်တောင်နိုင်သော်လည်း အလုပ်ဖြစ်မှာ သေချာပါသည်။

နို့တိုက်နေစဉ် မေမေများသည် ရေကိုလုံလောက်စွာသောက်ပေးပြီး နို့စီးဆင်းမှုကို လှုံစော်နိုင်ပါသည်။

နို့ညှစ်ပန့်များကိုအသုံးပြုပါက ညှစ်နည်းကို ကိုယ်တိုင်ပြုလုပ်ခြင်းဖြင့် နို့ထွက်ခြင်း နို့ပမာဏများများညှစ်နိုင်ခြင်းကို အထောက်အကူပြုပါသည်။

တစ်ချို့မေမေများက ကလေးကို ရေအတူတူချိုးရင် နို့တိုက်တာကို ပိုသဘောကျကြပါသည်။ ထိုသို့လုပ်ခြင်းဖြင့် ကြွက်သားများကို ပြေလျော့စေပြီး နို့စီးဆင်းမှုကို ပိုကောင်းစေသည်ဟု ဆိုပါသည်။

နို့တစ်ခါတစ်ခါတိုက်သည့်ကြားတွင် ကလေးနှင့်မိခင် အရေပြားချင်းထိတွေ့ချိန် ပိုပေးပေါ။ ၎င်းသည် စိတ်ဖိစီးမှုကို ကျသွားစေပြီး နို့တိုက်ခြင်းနှင့်ဆက်စပ်သော ဟော်မုန်းများကို ထွက်စေနိုင်ပါသည်။

စိတ်ဖိစီးမှုသည် နို့ထွက်ခြင်းအပေါ် ဘာမှမသက်ရောက်ပါ။ မည်သို့ဆိုစေ သင့်စိတ်အား အကောင်းမြင်ပြီး စိတ်ဖိစီးမှုကင်းအောင်နေထိုင်ကာ ကလေးရော သင်ပါ နေထိုင်သည့်ပတ်ဝန်းကျင်အား ကျန်းမာသောပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးလိုက်ပါ။

သင့်၌ တစ်ချို့သောကိစ္စများကြောင့် စိတ်ဖိစီးမှုပြဿနာများ ရှိနေပါက ကုသရေးဆရာ သို့ ဆရာဝန်၏ အကူအညီရယူရန် ဆွေးနွေးသည်မှာ အကောင်းဆုံးပင်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top