×

ေသြးတက္ေနသူမ်ားအတြက္

ေသြးတုိးျခင္းအတြက္ ေဆးဖက္ဝင္ ဒန္႔သလြန္ပင္

===========================

ဒန္႔သလြန္ပင္သည္ ဟင္းသီး ဟင္းရြက္ပင္ အျဖစ္ ျမန္မာႏုိင္ငံ ေနရာ အႏွံ႔ အျပားတြင္ ေပါက္ေရာက္သည္။ ပင္လတ္မ်ဳိးျဖစ္ၿပီး အျမင့္ ၂၅ ေပ အထိ ျမင့္သည္။ အေခါက္ထူ၍ ေခ်ာၿပီး အျဖဴစက္ ကေလးမ်ား ရွိသည္။

အတြင္းသား ျဖဴသည္။ ဒန္႔သလြန္သီးသည္ ရွည္လ်ား၍ အစိမ္းရင့္ေရာင္ ရွိၿပီး အက္ကဲြသီး ျဖစ္သည္။ အေျမႇာင္း ပါသည္။ အသီး အတြင္းတြင္ အေစ့မ်ား တန္းစီလ်က္ ငါးေစ့၊ ေျခာက္ေစ့ခန္႔ ပါဝင္သည္။ အတြင္းသား ထူသည္။ အေစ့၌ အေတာင္ ပါသည္။ ကဆုန္၊ နယုန္လ မ်ားတြင္ သီးသည္။

ျမန္မာ့ ေဆးက်မ္းမ်ား အလုိအရ ဒန္႔သလြန္သည္ အနည္းငယ္ ခ်ဳိ၏။ ဖန္ေသာ အရသာ ရွိ၏။ ထက္ျမက္၏။ ေၾကလြယ္၏။ ႏႈတ္ကို ၿမိန္ေစ၏။ ဝမ္းမီးကို ေတာက္ေစ၏။ ေလ၊ သလိပ္၊ သည္းေျခကို ႏုိင္၏။ အပူနာ၊ အဖ်ဥ္း၊ ဂူလံုး၊ အေၾကာအျခင္ ေရာင္ရမ္းနာ တို႔ကို ႏုိင္၏။ မ်က္စိကုိ အက်ဳိးျပဳ၏။

ဒန္႔သလြန္ရြက္ကုိ ၾကက္သြန္ျဖဴ၊ ပတဲေကာျမစ္၊ မိႆလင္တို႔ႏွင့္ ဟင္းခါးခ်က္ ေသာက္ေသာ္ ရာသီထိမ္ျခင္း ေပ်ာက္၏။ ဒန္႔သလြန္ရြက္ကို သံုးခြက္ တစ္ခြက္တင္ ဟင္းခ်ဳိ အျဖစ္ ျပဳတ္ေသာက္ေသာ္ ေသြးတိုး က်၏။

ဒန္႔သလြန္ျမစ္ကို ထုေထာင္း ႀကိတ္ေခ်၍ အရည္ကုိ ညႇစ္ကာ စားပဲြဇြန္းႏွင့္ တစ္ဇြန္းခန္႔ ေသာက္ပါက အသံဝင္၊ အသံကပ္၊ လည္ေခ်ာင္းနာ ေပ်ာက္၏။ ဒန္႔သလြန္ ျမစ္ႏွင့္ မုန္ညႇင္းေစ့ မွ်တ ေပါင္းစပ္၍ ေရာႀကိတ္ၿပီး ေရတြင္ ႏွစ္နာရီေက်ာ္မွ် စိမ္ကာ တစ္ခါေသာက္ စားပဲြဇြန္း တစ္ဇြန္း တစ္ေန႔ သံုးႀကိမ္ ေသာက္ပါက အစာမေၾက ဝမ္းေဖာ ဝမ္းေရာင္ ေပ်ာက္ကင္း၏။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Aye Chan Mon
#Unicode Version#
 သွေးတက်နေသူများအတွက်

သွေးတိုးခြင်းအတွက် ဆေးဖက်ဝင် ဒန့်သလွန်ပင်

===========================

ဒန့်သလွန်ပင်သည် ဟင်းသီး ဟင်းရွက်ပင် အဖြစ် မြန်မာနိုင်ငံ နေရာ အနှံ့ အပြားတွင် ပေါက်ရောက်သည်။ ပင်လတ်မျိုးဖြစ်ပြီး အမြင့် ၂၅ ပေ အထိ မြင့်သည်။ အခေါက်ထူ၍ ချောပြီး အဖြူစက် ကလေးများ ရှိသည်။

အတွင်းသား ဖြူသည်။ ဒန့်သလွန်သီးသည် ရှည်လျား၍ အစိမ်းရင့်ရောင် ရှိပြီး အက်ကွဲသီး ဖြစ်သည်။ အမြှောင်း ပါသည်။ အသီး အတွင်းတွင် အစေ့များ တန်းစီလျက် ငါးစေ့၊ ခြောက်စေ့ခန့် ပါဝင်သည်။ အတွင်းသား ထူသည်။ အစေ့၌ အတောင် ပါသည်။ ကဆုန်၊ နယုန်လ များတွင် သီးသည်။

မြန်မာ့ ဆေးကျမ်းများ အလိုအရ ဒန့်သလွန်သည် အနည်းငယ် ချို၏။ ဖန်သော အရသာ ရှိ၏။ ထက်မြက်၏။ ကြေလွယ်၏။ နှုတ်ကို မြိန်စေ၏။ ဝမ်းမီးကို တောက်စေ၏။ လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး၊ အကြောအခြင် ရောင်ရမ်းနာ တို့ကို နိုင်၏။ မျက်စိကို အကျိုးပြု၏။

ဒန့်သလွန်ရွက်ကို ကြက်သွန်ဖြူ၊ ပတဲကောမြစ်၊ မိဿလင်တို့နှင့် ဟင်းခါးချက် သောက်သော် ရာသီထိမ်ခြင်း ပျောက်၏။ ဒန့်သလွန်ရွက်ကို သုံးခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။

ဒန့်သလွန်မြစ်ကို ထုထောင်း ကြိတ်ချေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်းနှင့် တစ်ဇွန်းခန့် သောက်ပါက အသံဝင်၊ အသံကပ်၊ လည်ချောင်းနာ ပျောက်၏။ ဒန့်သလွန် မြစ်နှင့် မုန်ညှင်းစေ့ မျှတ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် နှစ်နာရီကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ သုံးကြိမ် သောက်ပါက အစာမကြေ ဝမ်းဖော ဝမ်းရောင် ပျောက်ကင်း၏။

ဖိုးသူတော် (www.phothutaw.com)
Credit: Aye Chan Mon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top