Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၁၉၄၇ခုႏွစ္၊ ဇူလုိင္လ၊ ၁၉ရက္ေန႔၊ နံနက္၁၀နာရီ ၃၇မိနစ္တြင္ ျမန္မာ႔ သမုိင္း တစ္ေလွ်ာက္အႀကီးက်ယ္ဆုံးေသာ ႏုိင္ငံေတာ္ လုပ္ႀကံမႈ ျကီးျဖစ္ပြားခဲ႔သည္။ ျမန္မာ႔ လြတ္လပ္ေရးႀကိဳးပမ္းမႈေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း အပါအ၀င္ မုိင္းပြန္ေစာ္ဘြားႀကီးစ၀္စံထြန္း၊ သခင္ျမ၊ ဦးရာဇတ္၊ ဒီးဒုတ္ဦးဘခ်ိဳ၊ မန္းဘခုိင္၊ ဦးဘ၀င္း၊ ဦးအုန္းေမာင္ႏွင္႔ ရဲေဘာ္ကုိေထြးတုိ႔ ႏုိင္ငံအာဇာနည္ကုိးဦး လုပ္ႀကံမႈေႀကာင္႔ အသက္ဆုံးရွဴံးခဲ႔ႀကရေလသည္။

ဘညြန္႔(ခ)လွမင္းမွာ အစုိးရ သက္ေသ(ေဖာ္ေကာင္)ျဖစ္ေသာေႀကာင္႔ ျပစ္ဒဏ္မ်ားမွ လြတ္ျငိမ္းခ်မ္းသာခြင္႔ရရွိျပီး က်န္သူအားလုံးမွာ ပုဒ္မအသီးသီးျဖင္႔ ေသဒဏ္ ကုိယ္စီ က်ခံႀကရသည္။
သုိ႔ေသာ္ ေသဒဏ္မစီရင္မီတြင္ ႏုိင္ငံေတာ္ သမၼတႀကီး စ၀္ေရႊသုိက္ မွ ခင္ေမာင္ရင္၊ ေမာင္နီႏွင္႔ သုခတုိ႔ကုိ ေသဒဏ္မွ တစ္သက္တစ္ကြ်န္းသုိ႔ ေျပာင္းလဲေလွ်ာ႔ေပါ႔ေပးခဲ႔ရာ ေသဒဏ္ စီရင္ခံခဲ႔ရသူမ်ားမွာ ငါးဦးသာ ျဖစ္ေလသည္။

ထုိသုိ႔ ေသဒဏ္စီရင္ခံခဲ႔ရသူ ႏုိင္ငံေတာ္လုပ္ႀကံမႈတရားခံမ်ားအနက္မွ စိန္ႀကီး(ခ)ေမာင္စိန္(ခ)လွေအာင္သည္ ပဲခူးတုိင္း၊ ႀကိဳ႔ပင္ေကာက္ျမိဳ႔တြင္ လူသိထင္ရွားေသာ ဦးေမာင္ႀကီး၏တစ္ဦးတည္းေသာသားျဖစ္ျပီး အဂၤလိပ္ေခတ္က ဆယ္တန္းအထိ ေက်ာင္းေနခဲ႔ဖူးသည္။ ဦးေမာင္ႀကီးႏွင္႔ ဂဠဳန္ဦးေစာ တုိ႔သည္ အလြန္ရင္းႏွီးႀကသူမ်ားျဖစ္သည္။

 ဖခင္ျဖစ္သူ ဦးေမာင္ႀကီးမွာ လူသတ္ခံရျပီးေနာက္ မိခင္ ျဖစ္သူက သားျဖစ္သူစိန္ႀကီးကုိ တစ္ခ်ိန္က ဦးေစာ၏ေက်းဇူးရွိခဲ႔ဖူးေသာေႀကာင္႔ သားျဖစ္သူအား အစစအရာရာလိမၼာေရးျခားရွိေစရန္ႏွင္႔ လုိအပ္သလုိ ခုိင္းေစပါရန္ ဦးေစာထံ အပ္ႏွံခဲ႔သည္။ ဦးေစာက ၄င္း၏အိမ္၀င္းသုိ႔ ေရာက္ေရာက္ခ်င္း စိန္ႀကီးကုိ သစၥာေရေသာက္ခုိင္းျပီး လုပ္ႀကံမႈထဲတြင္ ပါ၀င္ခုိင္းသည္။

လူငယ္ဘာသာဘာ၀ စိန္ႀကီးမွာ မိမိဇာတိ ႀကိဳ႕ပင္ေကာက္ျမိဳ႕၌ ငယ္ရည္းစားရွိသည္။
စိန္ႀကီးသည္ ေသဒဏ္ခ်မွတ္ခံရျပီးေနာက္တြင္ အယူခံ တင္ခဲ႔ေသးသည္။ သုိ႔ေသာ္ အယူခံပ ယ္ခ်ခံခဲ႔ရသည္။
ထုိသုိ႔ အယူခံပယ္ခ်ခံရျပီးေနာက္ ႀကိဳးေပးရန္ရက္နီးလာခါနီး၌ သက္ဆုိင္ရာအက်ဥ္းဦးစီး၀န္ထမ္းမ်ားကုိ ၄င္း၏ငယ္ရည္းစားႏွင္႔ ေတြ႔ဆုံလုိေႀကာင္း ေျပာျပသည္။ သက္ဆုိင္ရာက ေနာက္ဆုံး အခြင္႔အေရးေပးသည္႔အေနျဖင္႔ အထက္အာဏာပုိင္မ်ားထံ ခြင္႔ပန္၍ ေတြ႔ဆုံခြင္႔ေပးခဲ႔သည္။

 ဤသုိ႔ျဖင္႔ စိန္ႀကီး၏ရည္းစားသည္ ရန္ကုန္ေထာင္ႀကီးသုိ႔ ေရာက္လာေသာအခါ ေထာင္ပုိင္ႀကီးႏွင္႔ အက်ဥ္း၀န္ထမ္းမ်ားေရွ႔တြင္ ၄င္းတုိ႔ႏွစ္ဦးအား စကားေျပာခြင္႔ ျပဳခဲ႔သည္။
စိန္ႀကီး၏ငယ္ရည္းစားမွာ ႀကိဳ႕ပင္ေကာက္သူ မထူး ဆုိသူျဖစ္၏။
စိန္ႀကီးသည္ မထူးႏွင္႔ ေတြ႔ဆုံစဥ္ ေထာင္ပုိင္ႀကီးႏွင္႔ ၀န္ထ မ္းမ်ားေရွ႔၌ စကားေျပာႀကားရာတြင္ မထူးအား လင္မရွိလွ်င္ လူေစာ္ကားလိမ္႔မည္ျဖစ္ရာ ၄င္းႀကိဳးေပးခံရျပီးေနာက္ သင္႔ေတာ္သည္႔တစ္ေယာက္ေယာက္ကုိ အျမန္ဆုံးလက္ထပ္ယူရန္လဲ ေျပာႀကားသည္။

သူက ႏုိင္ငံေတာ္ လုပ္ႀကံမႈ တရားခံ တစ္ဦးျဖစ္ေနသည္႔ အခ်က္ေႀကာင္႔ ဤသုိ႔အေလးေပးေျပာျခင္း ျဖစ္ႏုိင္သည္။ မထူးက သူ႔ဘ၀တစ္သက္တြင္ ေယာက်္ား မယူလုိေတာ႔ေႀကာင္း ေျပာႀကားခဲ႔ရာ စိန္ႀကီးကလည္း ၄င္း၏စကားကုိ နားေထာင္ရန္တြင္တြင္မွာႀကားခဲ႔သည္။
ထုိ႔ေနာက္ စိန္ႀကီးက မိမိသည္ သူႏွင္႔ သမီး ရည္းစား ျဖစ္ခဲ႔သည္မွာ (၄)ႏွစ္တုိင္ ရွိခဲ႔ျပီျဖစ္ေသာ္လည္း မိမိရည္းစားကုိ တစ္ခါမွ် မနမ္းခဲ႔ဖူးေႀကာင္းႏွင္႔ ႀကိဳးေပးခါနီး၌ တစ္ႀကိမ္တစ္ခါ ပါးကုိ နမ္းသြားလုိေႀကာင္း ေျပာျပရာ သက္ဆုိင္ရာအက်ဥ္း၀န္ထမ္းတုိ႔က မိန္းကေလးသေဘာတူလွ်င္ နမ္းႏုိင္ေႀကာင္း ေျပာျပသည္။

မထူးကလည္း ခြင္႔ျပဳသျဖင္႔ စိန္ႀကီးသည္ ပါးႏွစ္ဖက္စလုံးကုိ မနမ္းဘဲ သစၥာရွိစြာျဖင္႔ ၁၅၀၀ေမတၱာျဖင္႔ ပါးတစ္ဖက္သာနမ္းျပီး က်န္ပါးတစ္ဖက္ကုိ မထူးလက္ထပ္ယူမည္႔ ခင္ပြန္းေလာင္းအတြက္ သန္႔သန္႔ရွင္းရွင္းထားခဲ႔ေႀကာင္း ေထာင္ပုိင္ႀကီးႏွင္႔ အက်ဥ္း၀န္ထမ္းမ်ားေရွ႔တြင္ အခ်စ္သက္ေသထူသြားခဲ႔ေလသည္။

ထုိ႔ေနာက္ ၁၉၄၈ခုႏွစ္၊ ေမလ၊ ရွစ္ရက္ေန႔၊ နံနက္ ၅း၃၀မိနစ္တြင္ ရန္ကုန္ေထာင္ႀကီး၌ စိန္ႀကီးႏွင္႔ ရန္ႀကီးေအာင္တုိ႔အား ႀကိဳးေပးရာ ႀကိဳးမေပးမီအခ်ိန္ကေလး၌ စိန္ႀကီးက မိမိႏွင္႔ အေပါင္းပါတုိ႔ ဦးေစာ၏စကားကုိ နားေထာင္မိ၍ ယခုကဲ႔သုိ႔ မလုပ္သင္႔ မလုပ္ထုိက္သည္ကုို လုပ္ခဲ႔မိေႀကာင္း၊ ၄င္းအေနႏွင္႔ ဘ၀ဆက္တုိင္း ဦးေစာလုိလူမ်ိဳးႏွင္႔ မေတြ႔ရ၊ မဆုံရပါေစႏွင္႔ဟု တုိင္တည္သြားျပီး လုပ္ရဲလွ်င္ ခံရဲရမည္ဟု ဆုိကာ ဗုိလ္ခ်ဳပ္ႏွင္႔ ၀န္ႀကီးမ်ားအား သတ္ခဲ႔သည္မွာ မွန္ေႀကာင္း၊ ထုိသုိ႔ သတ္ရျခင္းမွာလည္း ဂဠဳန္ဦးေစာ၏ ေစခုိင္းခ်က္အရ သတ္ခဲ႔ရေႀကာင္း သက္ဆုိင္ရာ ပုဂၢဳိလ္မ်ားကုိ ေျပာဆုိျပီးေနာက္ ” အသက္ေရ၊ ငါေျပာတဲ႔အတုိင္း လုပ္ထားေဟ႔၊ ငါလာခဲ႔ျပီ ” ဟု ေအာ္ဟစ္သြားေလသည္။

ထုိအခ်ိန္တြင္ မထူးသည္ ရန္ကုန္ေထာင္အတြင္းရွိ ၀န္ထမ္းအိမ္ရာတစ္ေနရာ၌ အရက္တစ္ခြက္ႏွင္႔ မီးညိွထားေသာ စီးကရက္တစ္လိပ္ကုိ ပန္းကန္ျပား၌ စိန္ႀကီးမွာထားခဲ႔သည္႔အတုိင္း ျပဳလုပ္ထားေလသည္။ (စိန္ႀကီးသည္ အရက္ကုိလည္းႀကိဳက္၊ ေဆးလိပ္ကုိလည္း မီးခုိးမျပတ္ေအာင္ ေသာက္တတ္သူျဖစ္သည္။) စိန္ႀကီး သည္ ႀကိဳးစင္ေပၚ၌ ေဒါက္မျဖဳတ္ခင္ေလးအတြင္းတြင္ ” အသက္ေရ၊ ငါေျပာတဲ႔အတုိင္း လုပ္ထားေဟ႔၊ ငါလာခဲ႔ျပီ ” ဟု ေအာ္ဟစ္သြားျပီးေနာက္ အရက္ခြက္ထဲမွ လႈိင္းမ်ားထသကဲ႔သုိ႔ သိသိသာသာ လႈပ္ခတ္လာျပီး စီးကရက္မွာလည္း လူတစ္ေယာက္ ၀င္ဖြာေနသည္႔အလား မီးခုိးမ်ား တေထာင္းေထာင္းထေနသည္ကုိ ေတြ႔ႀကရေလသည္။

ဤသုိျဖင္႔ အျပစ္ႀကီးလွေသာ ႏုိင္ငံေတာ္လုပ္ႀကံမႈတရားခံတစ္ဦး၏ဘ၀သည္ ဇာတ္သိမ္းသြားခဲ႔ရေပသည္။
သမုိင္းဟူသည္ အမွန္တရားကုိ ေဖာ္ျပရန္ျဖစ္ေပသည္။ သမုိင္း ဘာသာရပ္ ကုိ သင္ႀကားႀကရျခင္းမွာ အတိတ္မွ လူပုဂၢဳိလ္တုိ႔၏ ျဖစ္ရပ္မ်ားကုိ ေလ႔လာမွတ္သားကာ အတုယူသင္႔သည္ကုိ ယူ၍ ရႈံ႕ခ်ျပစ္တင္အပ္သည္တုိ႔ကုိ မလုပ္မိေစဖုိ႔ သင္ခန္းစာယူရန္ျဖစ္သည္။

စိန္ႀကီးသည္ လြတ္လပ္ေရးဖခင္၊ ႏုိင္ငံ႔ေခါင္းေဆာင္ႀကီးျဖစ္ေသာ ဗုိလ္ခ်ဳပ္ေအာင္ဆန္း အပါအ၀င္ အာဇာနည္ကုိးဦးတုိ႔ကုိ လုပ္ႀကံသတ္ျဖတ္ခဲ႔သျဖင္႔ ထုိလုပ္ရပ္မွာ ႏွလုံးနာဖြယ္ျဖစ္ေသာ္လည္း သူ၏ ခ်စ္သူအေပၚထားရွိခဲ႔ေသာ ေမတၱာတရား၊ သန္႔ရွင္းစင္ႀကယ္ေသာ အခ်စ္ႏွင္႔ ခ်စ္သူကုိ တန္ဖုိးထားခဲ႔ပုံတုိ႔မွာ ေလးစားဖြယ္ျဖစ္ကာ ေႏွာင္းေခတ္လူငယ္တုိ႔ သိထား၊မွတ္သားသင္႔လွေပသည္။
ထုိ႔အတူ မထူး၏ ႏုိင္ငံေတာ္ လုပ္ႀကံမႈ တရားခံ ခ်စ္သူ အေပၚ ထားရွိေသာ အခ်စ္မွာလည္း ေလးစားဖြယ္ပင္တည္း။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မိုးမခ
#Unicode Version#
၁၉၄၇ခုနှစ်၊ ဇူလိုင်လ၊ ၁၉ရက်နေ့၊ နံနက်၁၀နာရီ ၃၇မိနစ်တွင် မြန်မာ့ သမိုင်း တစ်လျှောက်အကြီးကျယ်ဆုံးသော နိုင်ငံတော် လုပ်ကြံမှု ကြီးဖြစ်ပွားခဲ့သည်။ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးဘဝင်း၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ နိုင်ငံအာဇာနည်ကိုးဦး လုပ်ကြံမှုကြောင့် အသက်ဆုံးရှူံးခဲ့ကြရလေသည်။

ဘညွန့်(ခ)လှမင်းမှာ အစိုးရ သက်သေ(ဖော်ကောင်)ဖြစ်သောကြောင့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး ကျန်သူအားလုံးမှာ ပုဒ်မအသီးသီးဖြင့် သေဒဏ် ကိုယ်စီ ကျခံကြရသည်။
သို့သော် သေဒဏ်မစီရင်မီတွင် နိုင်ငံတော် သမ္မတကြီး စဝ်ရွှေသိုက် မှ ခင်မောင်ရင်၊ မောင်နီနှင့် သုခတို့ကို သေဒဏ်မှ တစ်သက်တစ်ကျွန်းသို့ ပြောင်းလဲလျှော့ပေါ့ပေးခဲ့ရာ သေဒဏ် စီရင်ခံခဲ့ရသူများမှာ ငါးဦးသာ ဖြစ်လေသည်။

ထိုသို့ သေဒဏ်စီရင်ခံခဲ့ရသူ နိုင်ငံတော်လုပ်ကြံမှုတရားခံများအနက်မှ စိန်ကြီး(ခ)မောင်စိန်(ခ)လှအောင်သည် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် လူသိထင်ရှားသော ဦးမောင်ကြီး၏တစ်ဦးတည်းသောသားဖြစ်ပြီး အင်္ဂလိပ်ခေတ်က ဆယ်တန်းအထိ ကျောင်းနေခဲ့ဖူးသည်။ ဦးမောင်ကြီးနှင့် ဂဠုန်ဦးစော တို့သည် အလွန်ရင်းနှီးကြသူများဖြစ်သည်။

 ဖခင်ဖြစ်သူ ဦးမောင်ကြီးမှာ လူသတ်ခံရပြီးနောက် မိခင် ဖြစ်သူက သားဖြစ်သူစိန်ကြီးကို တစ်ချိန်က ဦးစော၏ကျေးဇူးရှိခဲ့ဖူးသောကြောင့် သားဖြစ်သူအား အစစအရာရာလိမ္မာရေးခြားရှိစေရန်နှင့် လိုအပ်သလို ခိုင်းစေပါရန် ဦးစောထံ အပ်နှံခဲ့သည်။ ဦးစောက ၎င်း၏အိမ်ဝင်းသို့ ရောက်ရောက်ချင်း စိန်ကြီးကို သစ္စာရေသောက်ခိုင်းပြီး လုပ်ကြံမှုထဲတွင် ပါဝင်ခိုင်းသည်။

လူငယ်ဘာသာဘာ၀ စိန်ကြီးမှာ မိမိဇာတိ ကြို့ပင်ကောက်မြို့၌ ငယ်ရည်းစားရှိသည်။
စိန်ကြီးသည် သေဒဏ်ချမှတ်ခံရပြီးနောက်တွင် အယူခံ တင်ခဲ့သေးသည်။ သို့သော် အယူခံပ ယ်ချခံခဲ့ရသည်။
ထိုသို့ အယူခံပယ်ချခံရပြီးနောက် ကြိုးပေးရန်ရက်နီးလာခါနီး၌ သက်ဆိုင်ရာအကျဉ်းဦးစီးဝန်ထမ်းများကို ၎င်း၏ငယ်ရည်းစားနှင့် တွေ့ဆုံလိုကြောင်း ပြောပြသည်။ သက်ဆိုင်ရာက နောက်ဆုံး အခွင့်အရေးပေးသည့်အနေဖြင့် အထက်အာဏာပိုင်များထံ ခွင့်ပန်၍ တွေ့ဆုံခွင့်ပေးခဲ့သည်။

 ဤသို့ဖြင့် စိန်ကြီး၏ရည်းစားသည် ရန်ကုန်ထောင်ကြီးသို့ ရောက်လာသောအခါ ထောင်ပိုင်ကြီးနှင့် အကျဉ်းဝန်ထမ်းများရှေ့တွင် ၎င်းတို့နှစ်ဦးအား စကားပြောခွင့် ပြုခဲ့သည်။
စိန်ကြီး၏ငယ်ရည်းစားမှာ ကြို့ပင်ကောက်သူ မထူး ဆိုသူဖြစ်၏။
စိန်ကြီးသည် မထူးနှင့် တွေ့ဆုံစဉ် ထောင်ပိုင်ကြီးနှင့် ဝန်ထ မ်းများရှေ့၌ စကားပြောကြားရာတွင် မထူးအား လင်မရှိလျှင် လူစော်ကားလိမ့်မည်ဖြစ်ရာ ၎င်းကြိုးပေးခံရပြီးနောက် သင့်တော်သည့်တစ်ယောက်ယောက်ကို အမြန်ဆုံးလက်ထပ်ယူရန်လဲ ပြောကြားသည်။

သူက နိုင်ငံတော် လုပ်ကြံမှု တရားခံ တစ်ဦးဖြစ်နေသည့် အချက်ကြောင့် ဤသို့အလေးပေးပြောခြင်း ဖြစ်နိုင်သည်။ မထူးက သူ့ဘဝတစ်သက်တွင် ယောကျ်ား မယူလိုတော့ကြောင်း ပြောကြားခဲ့ရာ စိန်ကြီးကလည်း ၎င်း၏စကားကို နားထောင်ရန်တွင်တွင်မှာကြားခဲ့သည်။
ထို့နောက် စိန်ကြီးက မိမိသည် သူနှင့် သမီး ရည်းစား ဖြစ်ခဲ့သည်မှာ (၄)နှစ်တိုင် ရှိခဲ့ပြီဖြစ်သော်လည်း မိမိရည်းစားကို တစ်ခါမျှ မနမ်းခဲ့ဖူးကြောင်းနှင့် ကြိုးပေးခါနီး၌ တစ်ကြိမ်တစ်ခါ ပါးကို နမ်းသွားလိုကြောင်း ပြောပြရာ သက်ဆိုင်ရာအကျဉ်းဝန်ထမ်းတို့က မိန်းကလေးသဘောတူလျှင် နမ်းနိုင်ကြောင်း ပြောပြသည်။

မထူးကလည်း ခွင့်ပြုသဖြင့် စိန်ကြီးသည် ပါးနှစ်ဖက်စလုံးကို မနမ်းဘဲ သစ္စာရှိစွာဖြင့် ၁၅၀၀မေတ္တာဖြင့် ပါးတစ်ဖက်သာနမ်းပြီး ကျန်ပါးတစ်ဖက်ကို မထူးလက်ထပ်ယူမည့် ခင်ပွန်းလောင်းအတွက် သန့်သန့်ရှင်းရှင်းထားခဲ့ကြောင်း ထောင်ပိုင်ကြီးနှင့် အကျဉ်းဝန်ထမ်းများရှေ့တွင် အချစ်သက်သေထူသွားခဲ့လေသည်။

ထို့နောက် ၁၉၄၈ခုနှစ်၊ မေလ၊ ရှစ်ရက်နေ့၊ နံနက် ၅း၃၀မိနစ်တွင် ရန်ကုန်ထောင်ကြီး၌ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ကြိုးပေးရာ ကြိုးမပေးမီအချိန်ကလေး၌ စိန်ကြီးက မိမိနှင့် အပေါင်းပါတို့ ဦးစော၏စကားကို နားထောင်မိ၍ ယခုကဲ့သို့ မလုပ်သင့် မလုပ်ထိုက်သည်ကို လုပ်ခဲ့မိကြောင်း၊ ၎င်းအနေနှင့် ဘဝဆက်တိုင်း ဦးစောလိုလူမျိုးနှင့် မတွေ့ရ၊ မဆုံရပါစေနှင့်ဟု တိုင်တည်သွားပြီး လုပ်ရဲလျှင် ခံရဲရမည်ဟု ဆိုကာ ဗိုလ်ချုပ်နှင့် ဝန်ကြီးများအား သတ်ခဲ့သည်မှာ မှန်ကြောင်း၊ ထိုသို့ သတ်ရခြင်းမှာလည်း ဂဠုန်ဦးစော၏ စေခိုင်းချက်အရ သတ်ခဲ့ရကြောင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို ပြောဆိုပြီးနောက် ” အသက်ရေ၊ ငါပြောတဲ့အတိုင်း လုပ်ထားဟေ့၊ ငါလာခဲ့ပြီ ” ဟု အော်ဟစ်သွားလေသည်။

ထိုအချိန်တွင် မထူးသည် ရန်ကုန်ထောင်အတွင်းရှိ ဝန်ထမ်းအိမ်ရာတစ်နေရာ၌ အရက်တစ်ခွက်နှင့် မီးညှိထားသော စီးကရက်တစ်လိပ်ကို ပန်းကန်ပြား၌ စိန်ကြီးမှာထားခဲ့သည့်အတိုင်း ပြုလုပ်ထားလေသည်။ (စိန်ကြီးသည် အရက်ကိုလည်းကြိုက်၊ ဆေးလိပ်ကိုလည်း မီးခိုးမပြတ်အောင် သောက်တတ်သူဖြစ်သည်။) စိန်ကြီး သည် ကြိုးစင်ပေါ်၌ ဒေါက်မဖြုတ်ခင်လေးအတွင်းတွင် ” အသက်ရေ၊ ငါပြောတဲ့အတိုင်း လုပ်ထားဟေ့၊ ငါလာခဲ့ပြီ ” ဟု အော်ဟစ်သွားပြီးနောက် အရက်ခွက်ထဲမှ လှိုင်းများထသကဲ့သို့ သိသိသာသာ လှုပ်ခတ်လာပြီး စီးကရက်မှာလည်း လူတစ်ယောက် ဝင်ဖွာနေသည့်အလား မီးခိုးများ တထောင်းထောင်းထနေသည်ကို တွေ့ကြရလေသည်။

ဤသိုဖြင့် အပြစ်ကြီးလှသော နိုင်ငံတော်လုပ်ကြံမှုတရားခံတစ်ဦး၏ဘဝသည် ဇာတ်သိမ်းသွားခဲ့ရပေသည်။
သမိုင်းဟူသည် အမှန်တရားကို ဖော်ပြရန်ဖြစ်ပေသည်။ သမိုင်း ဘာသာရပ် ကို သင်ကြားကြရခြင်းမှာ အတိတ်မှ လူပုဂ္ဂိုလ်တို့၏ ဖြစ်ရပ်များကို လေ့လာမှတ်သားကာ အတုယူသင့်သည်ကို ယူ၍ ရှုံ့ချပြစ်တင်အပ်သည်တို့ကို မလုပ်မိစေဖို့ သင်ခန်းစာယူရန်ဖြစ်သည်။

စိန်ကြီးသည် လွတ်လပ်ရေးဖခင်၊ နိုင်ငံ့ခေါင်းဆောင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ကိုးဦးတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် ထိုလုပ်ရပ်မှာ နှလုံးနာဖွယ်ဖြစ်သော်လည်း သူ၏ ချစ်သူအပေါ်ထားရှိခဲ့သော မေတ္တာတရား၊ သန့်ရှင်းစင်ကြယ်သော အချစ်နှင့် ချစ်သူကို တန်ဖိုးထားခဲ့ပုံတို့မှာ လေးစားဖွယ်ဖြစ်ကာ နှောင်းခေတ်လူငယ်တို့ သိထား၊မှတ်သားသင့်လှပေသည်။
ထို့အတူ မထူး၏ နိုင်ငံတော် လုပ်ကြံမှု တရားခံ ချစ်သူ အပေါ် ထားရှိသော အချစ်မှာလည်း လေးစားဖွယ်ပင်တည်း။

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးမခ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top