Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
# Zawgyi Version ဖြင့် ဖတ်ပါ #
.
.
Credit: ဆရာဗေဒင်
# Unicode Version ဖြင့် ဖတ်ပါ #
မိန်းကလေးပဲ ဖြစ်ဖြစ် ယောင်္ကျားလေးပဲ ဖြစ်ဖြစ်  တအားချစ် ကြပြီဆိုရင် ချစ်တာရဲ့ နောက်မှာ ရစ်တာလေးတွေ ပါလာတာ သဘာဝပါ ။
ဒါပေမဲ့ လိုအပ်သည်ထက် ပိုသွားရင်တော့  အဆင်မပြေဖြစ် နှစ်ဦးစလုံး စိတ်ဆင်းရဲ  ၊ မပျော်မရွှင် ဖြစ်သွားတတ်ကြပါတယ်။
နောက်တော့ တစ်ဦးနဲ့ တစ်ဦး စိတ်ပျက်သွားကြပြီး လမ်းခွဲ ပြတ်သွားသည် အထိ ဖြစ်သွားတတ် ကြပါတယ် ။
တစ်ချို့မှာ တကယ် ချစ်ကြပေမဲ့ ရစ်တတ်တဲ့ အကျင့်ကြောင့် ချစ်လျှက်နဲ့ ပြတ်သွားကြတဲ့ အတွဲတွေ အတော် များတာကို တွေ့ရပါတယ် ။ သူတို့ကို ကြားလူက ကူညီ ညှိနှိုင်း ပေးကြသော်လည်း တစ်ဖက် အရစ်ခံရတဲ့သူက  ချစ်သော်လည်း ရစ်တတ်လွန်းတဲ့ စရိုက်ကို ကြောက်ပြီး ပြန်လက်တွဲရမှာ ကြောက်သွားတတ် ကြပါတယ် ။ နောက်ဆုံး အသဲကွဲခံ လိုက်သည် အထိ ဖြစ်သွားကြပါတယ် ။
ဆရာဗေဒင်ဆီကို လာမေးကြတဲ့ အဆင်မပြေတဲ့ သမီးရည်းစား အတွဲ တော်တော် များများက  အဲဒီ ရစ်တဲ့ ကိစ္စကြောင့် အဆင်မပြေ ဖြစ်တာ များပါတယ် ။
ဟိုတစ်နေ့က မိန်းကလေး တစ်ယောက် ရောက်လာတယ် ။
" သမီးချစ်သူက သမီးကို ဖုန်းဆက်တာလည်း မကိုင် စာပို့တော့လည်း ဖတ်ပြီး စာ မပြန်တော့လို့ ပြတ်မယ် ပြောလို့ ကယ်ပါဦး ဆရာရယ်" တဲ့
.
" ဘာဖြစ်တာလဲဗျာ "   ဆိုတော့
" သမီးကြောင့်ပါ သမီးက အရမ်းရစ်တော့ သူက မခံနိုင် ဖြစ်သွားတာပါ ။ သူအလုပ်များ မှန်းလည်း သိပါတယ်။ ဒါပေမဲ့  သမီး ဖုန်းဆက် တာကို ချက်ချင်း မကိုင်ရင် သမီး က ရစ်တော့တာပဲ  အဲလို ဖြစ်တာပါ"
(ကိုယ့်ကြောင့်မှန်းတော့ သိသားပဲ:D )
နောက် ကောင်လေး တစ်ယောက် က လည်း ပြောပါတယ် ။
"သူ့ကို ကျွန်တော် အရမ်း ချစ်ပါတယ်။ ဒါပေမဲ့ သူက တအားရစ်တယ်ဗျာ နားလည်မှု မပေးဘူး ။ ကြာလာတော့ မပျော်တော့ဘူး ။ သူနဲ့တွေ့ရင် ပျော်ရွှင်ဖို့ထက် စိတ်ညစ် စိတ်သောက ဖြစ်ရ သူပြသနာ ရှာတာကို
လိုက်ရှင်းရနဲ့ ကျတော့ ကျွန်တော် သည်းမခံနိုင် တော့လို့ ဖြတ်လိုက်မိတယ် ။  အဲဒီတော့ သူက ပြန်ဆက်ပါတယ် ။ ပြန်လိုက် ချော့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က  သူနဲ့ တွဲရင် အရင်လို ပြန်ပြီး ရစ်မှာ ကြောက်လို့ မတွဲရဲတော့ဘူး ဆရာရယ် "တဲ့ ..
အဲဒီတော့ ဆရာဗေဒင်က ပြောပြရတယ်။
" ရစ်တယ် ဒေါသထွက် စိတ်ဆိုး လွယ်နေတယ် ဆိုတာ မင်း ဂရုစိုက်တာကို ခံချင်နေလို့ပါ ကွာ " လို့
မိန်းကလေးများကလည်း  ရစ်တာကို အရသာကြီးတစ်ခု အနေနဲ့ မကျင့်သုံးကြပါနဲ့… တကယ် စိတ်ပျက်သွားလို့ လမ်းခွဲသွားရင် ခံနိုင်မှာလား ။
အဲဒီတော့ ကြားထဲကနေပြီး ဆရာဗေဒင် ကပဲ သိပ်မရစ်အောင် လုပ်တဲ့ နည်းလေးတစ်ခု ယတြာပေးပါ့မယ် ။
၁။ တအားရစ်တဲ့ တနင်္ဂနွေ သားသမီး ချစ်သူနဲ့ သွားတွေ့ရင် သပြေသား ဆောင်သွားပါ ။ သကြားစားပြီး ပြောပါ ။
၂။ တအားရစ်တဲ့ တနင်္လာ သားသမီး  ချစ်သူနဲ့ သွားတွေ့ရင် နှင်းဆီပန်း ဆောင်သွားပါ ။ လက်ဆောင်ပေးပါ ။ နို့ဆီ စားပြီး ပြောပါ ။
၃။ တအားရစ်တဲ့ အင်္ဂါ သားသမီး  ချစ်သူနဲ့ သွားတွေ့ရင် အုန်းညွန့် ဆောင်သွားပါ ။  အာလူး စားပြီးပြောပါ ။ ချောကလက် လက်ဆောင် ပေးလိုက်ပါ။
၄။ တအားရစ်တဲ့ ဗုဒ္ဓဟူး သားသမီး  ချစ်သူနဲ့ သွားတွေ့ရင် ကံကော်ညွန့် ဆောင်သွားပါ ။  ကော်ဖီသောက် (သို့) ကိတ်မုန့် စားပြီး ပြောပါ။  စပယ်ပန်း လက်ဆောင်ပေးပါ။
၅။ တအားရစ်တဲ့ ကြာသပတေး သားသမီး ချစ်သူနဲ့ သွားတွေ့ရင် ဇွန်းပန်း / ဇီးညွန့် ဆောင်သွားပါ ။  ဇီးသီး /  ဇီးထုတ် စားပြီး စကားပြောပါ။ စပယ်ပန်း လက်ဆောင်ပေးပါ ။
၆။ တအားရစ်တဲ့ သောကြာ သားသမီး  ချစ်သူနဲ့ သွားတွေ့ရင် ရွက်လှညွန့် ဆောင်သွားပါ ။ ရေသောက်ပြီး ပြောပါ ။ ယိုစုံထုတ် လက်ဆောင် ဝယ်ကျွေးလိုက်ပါ ။
.
၇။ တအားရစ်တဲ့ စနေ သားသမီး  ချစ်သူ နဲ သွားတွေ့ရင် မေမြို့ပန်း ဆောင်သွားပါ ။ ပေါင်မုန့်စားပြီး ပြောပါ ။ ရေခဲ့မုန့် ဝယ်ကျွေးလိုက်ပါ ။
၈။ တအားရစ်တဲ့ ရာဟု သားသမီး  ချစ်သူ နဲ သွားတွေ့ရင် ခရေညွန့် ဆောင်သွားပါ ။ ချောကလက် စားပြီးပြောပါ ။
အဆင်ပြေသွားပါလိမ့်မယ် ခင်ဗျာ။
အားလုံး  စိတ်ချမ်းချမ်းသာသာနဲ့ ချစ်နိုင်ကြပါစေ လို့ ဆုတောင်းပေးရင်း
ဖိုးသူတော် (www.phothutaw.com)
Credit: ဆရာဗေဒင်
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top