Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×





Credit:lwinpyin
#Unicode Version#

သြစတြေးလျနိုင်ငံတွင် အသက် ၅၂ နှစ်အရွယ် ဂျွန်နီ ဆိုတဲ့ အမျိုးသမီးဟာ ခင်ပွန်းနဲ့ ကွာရှင်းပြီး အိမ်မွေးတိရစ္ဆာန် မိကျောင်းနဲ့ အတူနေခဲ့တယ်လို့ သိရသည်။

သူမ အိမ်ထောင်သက် ၁၃ နှစ်အတွင်းမှာ အိမ်မွေးတိရစ္ဆာန်တွေ မွေးမြူရတာ ရူးသွပ်ခဲ့ပြီး တစ်မီတာဝက်ရှိတဲ့ မိကျောင်းတစ်ကောင်ကိုမွေးမြူခဲ့ရာ ယင်းမိကျောင်းတစ်ကောင်နဲ့ အချိန်များစွာ ကုန်နေခဲ့တယ်လို့ သိရပါတယ်။

ထို့ကြောင့် ခင်ပွန်းဖြစ်သူက မိကျောင်းနဲ့ အမြဲအချိန်ကုန်ဆုံးနေတဲ့ ဇနီးသည်ကို မိသားစုအိမ်ထောင့် တာဝန်တွေလုပ်ဆောင်ဖို့အတွက် တိုက်တွန်းပြောကြားသော်လည်း ယင်းအမျိုးသမီးမှာ လက်မခံပဲ ငြင်းဆန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ယင်းအိမ်မွေးတိရစ္ဆာန်မိကျောင်းကြောင့် သူတို့နှစ်ဦးသား အိမ်ထောင်ရေးတော်တော်ပြဿနာဖြစ်ပွားလာကာ နောက်ဆုံးတော့ မိကျောင်းနဲ့ ခင်ပွန်းဖြစ်သူကို ရွေးချယ်ခိုင်းရာ ဇနီးသည်က မိကျောင်းကိုပိုပြီးတော့ သံယောဇဉ်တွယ်တာလို့ ခင်ပွန်းဖြစ်သူကိုပဲ ကွာရှင်းခဲ့တယ်လို့ သိရပါတယ်။

သူမအနေနဲ့ ခင်ပွန်းဖြစ်သူမှာ သူ့အတွက် အခြားအဖော်မွန်ကောင်း တစ်ဦးကို ရှာဖွေနိုင်ကာ သူမရဲ့ မိကျောင်းကလေးမှာတော့ ကိုယ်တိုင်အစာရှာရပ်တည်နိုင်ခြင်းမရှိလို့ မိကျောင်းကိုပဲ ဆက်လက်မွေးမြူ သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top