Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကခ်င္ျပည္နယ္ ဝိုင္ေမာ္ၿမိဳ႕နယ္တြင္ ေကအိုင္အိုမွ လုပ္ငန္းရွင္းမ်ားအား ေကအိုင္အိုအစိုးရထံသို႔ ဝင္ေငြခြန္လာေရာက္ အခြန္ေဆာင္ႏိုင္ရန္ အေၾကာင္းၾကားစာ ေပးပို႔ထားေၾကာင္း လုပ္ငန္းရွင္မ်ားထံမွ သိရသည္။

အဆိုပါစာအား ဇံုနယ္အုပ္ခ်ဳပ္ေရးရံုး၊ ဆဒံုးဇံုနယ္စာအမွတ္ ၂၂၃/Ca-36/SDNT-DIST/2017 ၂၀၁၇ခုႏွစ္ေအာက္တိုဘာ(၄)ရက္စြဲျဖင့္ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းရွိ လုပ္ငန္းရွင္မ်ားထံ စာေပးပို႔ထားျခင္း ျဖစ္သည္။

"သူတို႔အခြန္ေဆာင္ဖို႔ အေၾကာင္းၾကားစာ ပို႔ထားတာဟုတ္တယ္။ သူတို႔ေနရာ ဆက္သြယ္လို႔ရမဲ႔ ဖုန္းနံပတ္မပါေတာ့ အခုစာလာပို႔တဲ႔သူနဲ႔ ဘယ္လိုဆက္သြယ္အခြန္ေဆာင္ရမွာလဲ။ ဒါကို နိုင္ငံေတာ္ အစိုးရ ကသူတို႔နဲ႔ဆက္သြယ္တာ သိျပန္ရင္လဲ ၁၇/၁ နဲ႔ အေရးယူခံရအုံးမယ္ ခက္တယ္ဗ်ာ"ဟု အေၾကာင္းၾကားစာေပးပို႔ခံရေသာ အမည္မေဖာ္လိုသူ လုပ္ငန္းရွင္တစ္ဦးမွ ေျပာသည္။

အဆိုပါစာတြင္ မိမိဆဒံုးဇံုနယ္အတြင္း၌ စီးပြားျဖစ္ ငွက္ေပ်ာစိုက္ျခင္း ကုမၸဏီ ေလာပန္းမ်ားကို ဆဒံုးဇံုနယ္ အုပ္ခ်ဳပ္ေရးရံုးမွ အခြန္ဘ႑ာဌာနသို႔ ႏုိင္ငံေတာ္အစိုးရ ဝင္ေငြအခြန္ လာေရာက္ထည့္သြင္းရန္ အတြက္(၃၁-၁၀-၂၀၁၇)ေန႔ အေရာက္ လာေရာက္ႏိုင္ရန္အတြက္ အေၾကာင္းၾကားလိုက္ပါသည္ ဟု ေဖာ္ျပပါရွိသည္။

၄င္းစာအား ဆဒံုးဇံုနယ္ အုပ္ခ်ဳပ္ေရးရံုး၊ဆဒံုးဇံုနယ္ဟု လက္မွတ္ေရးထိုး စာေပးပို႔ထား ျခင္းျဖစ္ၿပီးCh.B/Ht.M,မိတၱဴကို ဆဒံုးဇံုနယ္ေကာ္မတီရံုး၊(မ်က္ျမင္သိရွိႏိုင္ရန္) သို႔ ေပးပို႔ထား ေၾကာင္းေဖာ္ျပပါရွိသည္။

ဝိုင္းေမာ္ၿမိဳ႕နယ္သည္ ေကအိုင္အို/ ေကအိုင္ေအမွ လူသစ္စုေဆာင္ျခင္း၊ ဆက္ေၾကး ေကာက္ခံျခင္း၊မၾကာခဏဆိုသလို လူ႔အခြင့္အေရးအမ်ားဆံုးခ်ိဳးေဖာက္ခံေနရေသာ ၿမိဳ႕ နယ္္ျဖစ္ေၾကာင္း ဝိုင္းေမာ္ၿမိဳ႕နယ္မွ ေဒသခံမ်ားထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ကချင်ပြည်နယ် ဝိုင်မော်မြို့နယ်တွင် ကေအိုင်အိုမှ လုပ်ငန်းရှင်းများအား ကေအိုင်အိုအစိုးရထံသို့ ဝင်ငွေခွန်လာရောက် အခွန်ဆောင်နိုင်ရန် အကြောင်းကြားစာ ပေးပို့ထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

အဆိုပါစာအား ဇုံနယ်အုပ်ချုပ်ရေးရုံး၊ ဆဒုံးဇုံနယ်စာအမှတ် ၂၂၃/Ca-36/SDNT-DIST/2017 ၂၀၁၇ခုနှစ်အောက်တိုဘာ(၄)ရက်စွဲဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များထံ စာပေးပို့ထားခြင်း ဖြစ်သည်။

"သူတို့အခွန်ဆောင်ဖို့ အကြောင်းကြားစာ ပို့ထားတာဟုတ်တယ်။ သူတို့နေရာ ဆက်သွယ်လို့ရမဲ့ ဖုန်းနံပတ်မပါတော့ အခုစာလာပို့တဲ့သူနဲ့ ဘယ်လိုဆက်သွယ်အခွန်ဆောင်ရမှာလဲ။ ဒါကို နိုင်ငံတော် အစိုးရ ကသူတို့နဲ့ဆက်သွယ်တာ သိပြန်ရင်လဲ ၁၇/၁ နဲ့ အရေးယူခံရအုံးမယ် ခက်တယ်ဗျာ"ဟု အကြောင်းကြားစာပေးပို့ခံရသော အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးမှ ပြောသည်။

အဆိုပါစာတွင် မိမိဆဒုံးဇုံနယ်အတွင်း၌ စီးပွားဖြစ် ငှက်ပျောစိုက်ခြင်း ကုမ္ပဏီ လောပန်းများကို ဆဒုံးဇုံနယ် အုပ်ချုပ်ရေးရုံးမှ အခွန်ဘဏ္ဍာဌာနသို့ နိုင်ငံတော်အစိုးရ ဝင်ငွေအခွန် လာရောက်ထည့်သွင်းရန် အတွက်(၃၁-၁၀-၂၀၁၇)နေ့ အရောက် လာရောက်နိုင်ရန်အတွက် အကြောင်းကြားလိုက်ပါသည် ဟု ဖော်ပြပါရှိသည်။

၎င်းစာအား ဆဒုံးဇုံနယ် အုပ်ချုပ်ရေးရုံး၊ဆဒုံးဇုံနယ်ဟု လက်မှတ်ရေးထိုး စာပေးပို့ထား ခြင်းဖြစ်ပြီးCh.B/Ht.M,မိတ္တူကို ဆဒုံးဇုံနယ်ကော်မတီရုံး၊(မျက်မြင်သိရှိနိုင်ရန်) သို့ ပေးပို့ထား ကြောင်းဖော်ပြပါရှိသည်။

ဝိုင်းမော်မြို့နယ်သည် ကေအိုင်အို/ ကေအိုင်အေမှ လူသစ်စုဆောင်ခြင်း၊ ဆက်ကြေး ကောက်ခံခြင်း၊မကြာခဏဆိုသလို လူ့အခွင့်အရေးအများဆုံးချိုးဖောက်ခံနေရသော မြို့ နယ်ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ်မှ ဒေသခံများထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top