Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×


  ေျမပံုၿမိဳ႕နယ္ ငမန္း ရဲကြၽန္းရွိ ဒီေရေတာတစ္ေနရာ တြင္ အေရာင္မ်ဳိးစံုေသာ ရွားပါး စာရင္းဝင္ လိပ္ၾကက္တူေရြးတစ္ ေကာင္ကို ေရလုပ္သားတစ္ဦးက ဖမ္းဆီးရမိခဲ့သည္။

အဆိုပါလိပ္ၾကက္တူေရြး ကို ႏိုဝင္ဘာလဆန္းက ဖမ္းဆီး ရမိခဲ့ၿပီး ေရာင္းခ်ရန္ ေၾကညာ ထားသည္ကို သတင္းရရွိသျဖင့္ ႐ိုးမစြမ္းအင္ ကုန္စည္ပို႔ေဆာင္ ေရးဂိတ္ပိုင္ရွင္က ေငြက်ပ္တစ္ သိန္းခြဲျဖင့္ ဝယ္ယူခဲ့သည္။ ထုိ႔ ေနာက္  ေက်ာက္ေတာ္ၿမိဳ႕နယ္ မဟာမုနိဘုရား ေရကန္တြင္ေဘး မဲ့လႊတ္ေပးခဲ့ေၾကာင္း  အဆုိပါကုန္စည္ပို႔ေဆာင္ေရး ဂိတ္ပိုင္ရွင္ ဦးသိန္းေက်ာ္က ေျပာၾကားသည္။

‘‘ရွားပါးေနၿပီျဖစ္တဲ့အတြက္ လိပ္ဖမ္းလို႔ရတဲ့သူကို အက်ဳိး အေၾကာင္း ေျပာျပၿပီးေတာ့ ဝယ္ ယူၿပီး ဘုရားမွာ လႊတ္ေပးခဲ့တာ ပါ’’ဟု ဦးသိန္းေက်ာ္က ဆိုသည္။

ရခိုင္ျပည္နယ္တြင္ ေတာင္ လိပ္၊ ျပင္သာလိပ္(ပင္လယ္လိပ္)၊ လိပ္ရွားေစာင္း၊ လိပ္ညံ့ (သေဘာက္စာလိပ္)၊ လိပ္ၾကက္တူေရြးတို႔ကိုေတြ႕ရွိရသည္။

အဆိုပါလိပ္မ်ဳိးမ်ား ရွားပါးေနသည္မွာ ဆယ္စုႏွစ္ႏွစ္ခုေက်ာ္ရွိၿပီျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မြေပုံမြို့နယ် ငမန်း ရဲကျွန်းရှိ ဒီရေတောတစ်နေရာ တွင် အရောင်မျိုးစုံသော ရှားပါး စာရင်းဝင် လိပ်ကြက်တူရွေးတစ် ကောင်ကို ရေလုပ်သားတစ်ဦးက ဖမ်းဆီးရမိခဲ့သည်။

အဆိုပါလိပ်ကြက်တူရွေး ကို နိုဝင်ဘာလဆန်းက ဖမ်းဆီး ရမိခဲ့ပြီး ရောင်းချရန် ကြေညာ ထားသည်ကို သတင်းရရှိသဖြင့် ရိုးမစွမ်းအင် ကုန်စည်ပို့ဆောင် ရေးဂိတ်ပိုင်ရှင်က ငွေကျပ်တစ် သိန်းခွဲဖြင့် ဝယ်ယူခဲ့သည်။ ထို့ နောက်  ကျောက်တော်မြို့နယ် မဟာမုနိဘုရား ရေကန်တွင်ဘေး မဲ့လွှတ်ပေးခဲ့ကြောင်း  အဆိုပါကုန်စည်ပို့ဆောင်ရေး ဂိတ်ပိုင်ရှင် ဦးသိန်းကျော်က ပြောကြားသည်။

‘‘ရှားပါးနေပြီဖြစ်တဲ့အတွက် လိပ်ဖမ်းလို့ရတဲ့သူကို အကျိုး အကြောင်း ပြောပြပြီးတော့ ဝယ် ယူပြီး ဘုရားမှာ လွှတ်ပေးခဲ့တာ ပါ’’ဟု ဦးသိန်းကျော်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် တောင် လိပ်၊ ပြင်သာလိပ်(ပင်လယ်လိပ်)၊ လိပ်ရှားစောင်း၊ လိပ်ညံ့ (သဘောက်စာလိပ်)၊ လိပ်ကြက်တူရွေးတို့ကိုတွေ့ရှိရသည်။

အဆိုပါလိပ်မျိုးများ ရှားပါးနေသည်မှာ ဆယ်စုနှစ်နှစ်ခုကျော်ရှိပြီဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top