UK မှာ
Credit: lwinpyin
#Unicode Version#
မြန်မာပြည် မှာဆိုရင် ဘာ training မှ မလိုဘဲ guide သင်တာ ရပ်ကွက် ထဲ ကလေး ကျူရှင် ပြတာတွေ စလုပ်လိုက်တာကနေ ကိုယ့်ကို ဆရာ လို့ ခေါ်ဝေါ်ပြီး အများစုက ဆရာဖြစ်လာကြတယ်ဆိုတော့ ဆရာ ဖြစ်ရလွယ်ပါတယ်။
ဒါဖြင့် တခြားနိင်ငံတွေမှာကော ဘယ်လိုလဲ။
-Singapore မှာဆိုရင် ကလေး သေးသေးလေးတွေက အစ သူတို့ကို စာပြဖို့ဆိုရင် DPL/ CIT/ DMT စတဲ့ training ယူပြီးသားဖြစ်ကြောင်း သက်သေပါတဲ့ ဘွဲ့လက်မှတ် ရပြီးမှ အလုပ်လျှောက်လို့ရပါတယ်။
UK မှာ
ကလေး တွေ သင်မယ်ဆိုရင် Early Chilhoodအသက် ၁၅ အောက် သင်မယ်ဆို PECG / PGDCEတက္ကသိုလ် အဆင့် ဆိုရင် သက်ဆိုင်ရာ specialty မှာ ကျွမ်းကျင်ကြောင်းပြတဲ့ဘွဲ့အင်္ဂလိပ် ပြသီးသန့် ပုဂ္ဂလိက ကျောင်း မှာလုပ်ရင် CEYLTA,ဒီလို လက်မှတ် တွေပါရုံနဲ့ အလုပ် ရပြီလား။-No! အဲ လက်မှတ် တွေပါရင် လူတွေ့ အင်တာဗျူး ခေါ်တယ်။ ကြိုက်ရင် job trail လုပ်ခိုင်းတယ်။ one session သင်ပြတာကို panelist က checklist နဲ့ အကဲခတ်ပြီး သင့်တော်တဲ့သူကို ခန့်တယ်။
ဒါဆို အလုပ် ရပြီးရင် certified teacher ဆိုတော့ရွှေလက်သီး ကျူရှင် သင်စားလို့ရပြီလား။-No! လစာ ခလွဲရင် ဘာမှ မရသလို အပြင်ငွေ other incomes ရှိရင် အစိုးရ ကို tax ဆောင်ဖို့ အသိပေးရတယ်။UKက တနေ့လုပ်ချိန် ဘယ်လောက်လဲ။-ဒါကတော့ ကျောင်း ပေါ်မူတည်တယ်။ uni တွေမှာဆိုရင်တော့ contract အပေါ်မူတည်တယ်။ ယေဘူယျပြောရရင် full-time contract က တပတ် ၃၅ နာရီ ပါ။ ကျောင်းရ ယ်လို့ register လုပ်ပြီး လုပ်ငန်းဖွင့်သူတိုင်းက full-time staff တွေကို တပတ် ၂ရက် day off ပေးရပါတယ်။ အပိုဆင်းခိုင်းရင် OT ကြေးပေးရပါတယ်။ ဒါမှမဟုတ် lieu day( တရက် နားဖို့ အစားပြန်ရပါတယ်) ပေးရပါတယ်။
ရန်ကုန် မှာလို ဆရာ ဖြစ်ပြီးရော မူကြို ဆရာ တက္ကသိုလ်ဆရာ ရောနေလား။-UK မှာက သီးသန့်အလွှာနဲ့ အကန့်လေးတွေရှိကြတယ်။( မိတ်ဆွေလို ခင်လို့ရောတာကလွဲရင် အလုပ်ကိစ္စတွေမှာမရောဘူး။ တက္ကသိုလ် ဆရာ က မူကြိုကလေး ကျူရှင် မပြသလို ၅ တန်းဆရာမက ၉ တန်းကိုလည်း စာမသင်ဘူး။ )
မှတ်ချက်။ ။ နိင်ငံတွေရဲ့ စာသင်နှုန်းဂကွာခြားပုံကို နှိုင်းယှဉ်ရေးပြခြင်းသက်သက်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top