Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

လူ႔ဘဝမွာ လူေတြနဲ႕ေပါင္းသင္းဆက္ဆံေရးက အေရးၾကီးတဲ့အပိုင္းမွာ ပါဝင္ပါတယ္။ လူဆိုတာလည္း အမ်ိဳးမ်ိဳးရွိပါတယ္။ ဆက္ဆံေရးေကာင္းမြန္တဲ့သူကိုေတြ႕ႏုိင္သလို၊ စကားနားေထာင္ေကာင္းေသာသူ၊ စကားေၿပာေကာင္းေသာသူ စသည္ၿဖင့္ အမ်ိဳးမ်ိဳးပါပဲ။

တဖက္မွာလည္း ကိုယ့္ကို ဒုကၡေပးမယ့္သူကလည္းရွိတယ္ဆိုတာကို မေမ့ထားပါနဲ႕။ ကိုယ့္ရဲ႕ဘဝကို သာသာယာယာ ေလွ်ာက္လွမ္းခ်င္တယ္ဆိုရင္ေတာ့ ေအာက္မွာေရးထားတဲ့ လူ ၃ မ်ိဳးကို ေရွာင္သင့္ပါတယ္။ သူတို႔ကို သတိထားၿပီးေရွာင္ရင္ ၿဖစ္လာမယ့္ ၿပသာနာေတြကို ၾကိဳတင္ၿပီး တားဆီးႏုိင္မွာပါ။

၁. သူတပါးကို အၿမဲအသံုးခ်ရန္ ၾကိဳးစားေနေသာသူ

လူေတြကို ေကာင္းေကာင္း လိမ္တတ္ေသာသူၿဖစ္ပါတယ္။ သူတပါးကို လိမ္ညာေနတယ္လို႔ မထင္ရေပမယ့္လည္း အသံုးခ်ရန္ ၾကိဳးစားေနသူပါ။ သူတပါးကို စိတ္ဆင္းရဲေအာင္၊ ေကာင္းမြန္ေသာ ဆံုးၿဖတ္ခ်က္ကို မခ်ႏုိင္ေအာင္ အၿမဲၾကိဳးစာေနသူပါ။

သူတို႔ရဲ႕ အဓိက ရည္ရြယ္ခ်က္ကေတာ့ သင့္ထံမွ ယံုၾကည္မႈကို ရရွိဖို႔ရန္သာ ၿဖစ္ပါတယ္။ ပိုက္ဆံ၊ အေပါင္းအသင္း ကိုရယူရန္ ၾကိဳးစားေနတာလဲ ၿဖစ္ႏုိင္ပါတယ္။ ဒါမွမဟုတ္ သင့္ကို အႏုိင္က်င့္ၿပီး ေပ်ာ္ရႊင္ေနတာလည္း ၿဖစ္ႏုိင္ပါတယ္။ ဒီလိုလူမ်ိဳးကို ကိုယ္တိုင္သာ စဥ္းစားဆံုးၿဖတ္ပါ။

၂. အႏုိင္က်င့္ေသာသူ

ဒီလုိလူမ်ိဳးကေတာ့ သူတပါးက စိတ္ဆင္းရဲေနတာကို ၾကည့္ၿပီး အားရ ဝမ္းသာၿဖစ္ေနေသာသူပါ။ သူတပါးကို ႏွိပ္စက္ အၿပစ္တင္ႏုိင္မွာသာ ကိုယ့္အတြက္ ယံုၾကည္ခ်က္ေတြ ၿပည့္ဝလာတယ္လို႔ ခံယူထားပါတယ္။

သူတပါးကို အႏုိင္က်င့္ေနခ်ိန္မွာ ဒီသူက ကိုယ့္ထက္ကို ညံ့တယ္၊ ငါကသာလွ်င္ မင္းထက္ေတာ္တယ္လို႔ ခံယူထားသူပါ။ သူတို႔နဲ႔ ၿပိဳင္ၿပီး ရန္ၿဖစ္ရင္လည္း အခ်ိန္ကုန္ပါတယ္။ သူတို႔ရဲ႕ တကယ္ရန္သူကေတာ့ ကိုယ္တိုင္သာလွ်င္ ၿဖစ္ပါတယ္။

၃. တကိုယ္ေကာင္းဆန္သူ

သူကေတာ့ သင့္ကို ေပါင္းသင္းဆက္ဆံတယ္ဆိုတာ သူ႔အတြက္ လိုအပ္လို႔သာ ၿဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္ သင့္အနားကေန မခြာခ်င္ပါ။ ၿဖစ္ႏုိင္ရန္ သင့္အနားမွာ အၿမဲတမ္းေနၿပီး အသံုးခ်ေနမွာပါ။ ဒါေၾကာင့္ သူငယ္ခ်င္းမိတ္ေဆြၿဖစ္တာေၾကာင့္ သူ႔အတြက္ စဥ္းစားေပးရမယ္လို႔လည္း မစဥ္းစားႏုိင္ပါ။

ကိုယ့္အတြက္သာလွ်င္ အၿမဲစဥ္းစာေနသူပါ။ သင္အနားမွာ ဒီလိုလူေတြရွိေနၿပီဆိုရင္ ၿပတ္ၿပတ္သားသား ၿငင္းၿပီး အဆက္ၿဖတ္ႏုိင္ပါေစ။ မကုန္သင့္ေသာ အခ်ိန္ေတြကို သူ႔အတြက္ မေပးလိုက္ပါနဲ႕။ ကိုယ့္ရဲ႕အခ်ိန္ဆိုတာ အလြန္တန္ဖိုးရွိတယ္ဆိုတာကို မေမ့ပါနဲ႕။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Chelmo Tips

# Unicode Version ျဖင့္ ဖတ္ပါ #

လူ့ဘဝမှာ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးက အရေးကြီးတဲ့အပိုင်းမှာ ပါဝင်ပါတယ်။ လူဆိုတာလည်း အမျိုးမျိုးရှိပါတယ်။ ဆက်ဆံရေးကောင်းမွန်တဲ့သူကိုတွေ့နိုင်သလို၊ စကားနားထောင်ကောင်းသောသူ၊ စကားပြောကောင်းသောသူ စသည်ဖြင့် အမျိုးမျိုးပါပဲ။

တဖက်မှာလည်း ကိုယ့်ကို ဒုက္ခပေးမယ့်သူကလည်းရှိတယ်ဆိုတာကို မမေ့ထားပါနဲ့။ ကိုယ့်ရဲ့ဘဝကို သာသာယာယာ လျှောက်လှမ်းချင်တယ်ဆိုရင်တော့ အောက်မှာရေးထားတဲ့ လူ ၃ မျိုးကို ရှောင်သင့်ပါတယ်။ သူတို့ကို သတိထားပြီးရှောင်ရင် ဖြစ်လာမယ့် ပြသာနာတွေကို ကြိုတင်ပြီး တားဆီးနိုင်မှာပါ။

၁. သူတပါးကို အမြဲအသုံးချရန် ကြိုးစားနေသောသူ

လူတွေကို ကောင်းကောင်း လိမ်တတ်သောသူဖြစ်ပါတယ်။ သူတပါးကို လိမ်ညာနေတယ်လို့ မထင်ရပေမယ့်လည်း အသုံးချရန် ကြိုးစားနေသူပါ။ သူတပါးကို စိတ်ဆင်းရဲအောင်၊ ကောင်းမွန်သော ဆုံးဖြတ်ချက်ကို မချနိုင်အောင် အမြဲကြိုးစာနေသူပါ။

သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သင့်ထံမှ ယုံကြည်မှုကို ရရှိဖို့ရန်သာ ဖြစ်ပါတယ်။ ပိုက်ဆံ၊ အပေါင်းအသင်း ကိုရယူရန် ကြိုးစားနေတာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်ကို အနိုင်ကျင့်ပြီး ပျော်ရွှင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုလူမျိုးကို ကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်ပါ။

၂. အနိုင်ကျင့်သောသူ

ဒီလိုလူမျိုးကတော့ သူတပါးက စိတ်ဆင်းရဲနေတာကို ကြည့်ပြီး အားရ ဝမ်းသာဖြစ်နေသောသူပါ။ သူတပါးကို နှိပ်စက် အပြစ်တင်နိုင်မှာသာ ကိုယ့်အတွက် ယုံကြည်ချက်တွေ ပြည့်ဝလာတယ်လို့ ခံယူထားပါတယ်။

သူတပါးကို အနိုင်ကျင့်နေချိန်မှာ ဒီသူက ကိုယ့်ထက်ကို ညံ့တယ်၊ ငါကသာလျှင် မင်းထက်တော်တယ်လို့ ခံယူထားသူပါ။ သူတို့နဲ့ ပြိုင်ပြီး ရန်ဖြစ်ရင်လည်း အချိန်ကုန်ပါတယ်။ သူတို့ရဲ့ တကယ်ရန်သူကတော့ ကိုယ်တိုင်သာလျှင် ဖြစ်ပါတယ်။

၃. တကိုယ်ကောင်းဆန်သူ

သူကတော့ သင့်ကို ပေါင်းသင်းဆက်ဆံတယ်ဆိုတာ သူ့အတွက် လိုအပ်လို့သာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သင့်အနားကနေ မခွာချင်ပါ။ ဖြစ်နိုင်ရန် သင့်အနားမှာ အမြဲတမ်းနေပြီး အသုံးချနေမှာပါ။ ဒါကြောင့် သူငယ်ချင်းမိတ်ဆွေဖြစ်တာကြောင့် သူ့အတွက် စဉ်းစားပေးရမယ်လို့လည်း မစဉ်းစားနိုင်ပါ။

ကိုယ့်အတွက်သာလျှင် အမြဲစဉ်းစာနေသူပါ။ သင်အနားမှာ ဒီလိုလူတွေရှိနေပြီဆိုရင် ပြတ်ပြတ်သားသား ငြင်းပြီး အဆက်ဖြတ်နိုင်ပါစေ။ မကုန်သင့်သော အချိန်တွေကို သူ့အတွက် မပေးလိုက်ပါနဲ့။ ကိုယ့်ရဲ့အချိန်ဆိုတာ အလွန်တန်ဖိုးရှိတယ်ဆိုတာကို မမေ့ပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Chelmo Tips
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top