Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္ မင္းျပားျမိဳ႕နယ္ ပန္းဇင္းေမာ္ေက်းရြာအနီးရွိ မင္းမေခ်ာင္းတြင္ ၀ါးေဖာင္ျဖင့္ ညအိပ္ ရပ္နားေနသည့္ ၀ါးေဖာင္သမား ၃ ဦးကို အမည္မသိသူမ်ားက ဗမာစကားေျပာျပီး ဓါးျဖင့္ တက္ခုတ္မႈျဖစ္ပြားခဲ့သည္ဟု သိရသည္။

“ သူတို႕ သံုးဦးထဲက ႏွစ္ဦးက ဒဏ္ရာရသြားတဲ့ အတြက္ မင္းျပားေဆးရံုကို ေရာက္ေနတယ္။ ကၽြန္ေတာ္ သြားေမးေတာ့ သူတို႕ ညအိပ္ေနတုန္း ၀ါးေဖာင္ေပၚကို လူ ၃ ေယာက္က ဗမာစကား ေျပာၿပီးတက္လာကာ ၀ိုင္းခုတ္ၾကတယ္လို႔ သူတို႕က ေျပာတယ္။ သူတို႔ ကေတာ့ စကားမပီတဲ့ အတြက္ ဓါးနဲ႕ လာခုတ္သူေတြဟာ ဘဂၤလီလူမ်ိဳးေတြ ျဖစ္တယ္လို႕ ေျပာပါတယ္။ ႏွစ္ေယာက္ လံုးရဲ႕ ဦးေခါင္းမွာ ဒဏ္ရာရရွိၿပီးေတာ့ အခု မင္းျပားေဆးရံုမွာ ေဆးကုသမႈ ခံယူေနၾကပါတယ္” ဟု ဓါးခုတ္ခံရသူ ၂ ဦးကို မင္းျပားေဆးရံု၌ သြားေရာက္ၾကည့္ရႈခဲ့သူ ဦးသိန္းစံက နိရဥၥရာ သတင္းဌာနသို႔ ေျပာသည္။

အခင္းျဖစ္ပြားမႈမွာ ယမန္ေန႕ ႏို၀င္ဘာလ ၁၀ ရက္ေန႔၌ ညအိပ္ ရပ္နားစဥ္ ညဥ့္ ၁၂ နာရီခန္႔တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း၊ ဓါးခုတ္သူမ်ားမွာ ဗမာစကား မပီဘဲ ကုလား သံ၀ဲေနေၾကာင္း၊ ဘဂၤါလီမ်ား ဆိုသည္ကို သတိထားမိေၾကာင္း၊ လေရာင္ေအာက္ အရုပ္မ်ားကိုလည္း ေသေသခ်ာခ်ာ ျမင္လိုက္ရေၾကာင္း ဓားခုတ္ခံရသူမ်ားကို ေမးျမန္းျပီး ဦးသိန္းဇံက ေျပာဆိုသည္။

ဓါးခုတ္ခံရသည့္ေနရာမွာ မင္းျပားၿမိဳ႕နယ္ ပန္းဇင္ေမာ္ႏွင့္ ဆင္ႀကီးျပင္ ဘဂၤါလီရြာအနီးတြင္ ျဖစ္ျပီး ေလးၿမိဳ႕ျမစ္ဖ်ားမွ ၀ါးေဖာင္ခ်၍ ျပန္လာျပီး ညအိပ္ရပ္နားေနစဥ္ တိုက္ခိုက္ ဓါးခုတ္ခံရျခင္း ျဖစ္သည္။

ဓါးခုတ္ခံရသူႏွစ္ဦးမွာ ေျမာက္ဦးၿမိဳ႕နယ္ ေျပာင္းျပာေက်းရြာမွ ဦးစိန္ႏွင္းႀကိဳင္ (ဘ) ဦးထြန္းသိန္းေအာင္ႏွင့္ ဦးေစာ၀င္း (ဘ) ဦးျဖဴေမာင္တို႕ ျဖစ္ၾကျပီး အသက္ ၃၀ အရြယ္ ၀န္းက်င္ ရွိသူမ်ား ျဖစ္ေၾကာင္း သိရသည္။

ျပစ္မႈက်ဴးလြန္သူမ်ားသည္ ၀ါးေဖာင္ခ်လာသူမ်ားထံမွ ေငြ ၈ ေသာင္းက်ပ္ႏွင့္အတူ ပိုက္ဆံ အိတ္တစ္အိတ္၊ လက္ကိုင္ဖုန္းတစ္လံုး၊ ၀ါးေဖာင္ႏွင့္အတူပါလာသည့္ စက္ေလွငယ္ေပၚမွ ဟြန္ဒါစက္ႏွင့္ ထမင္းခ်က္ အိုးမ်ားကိုပါ ယူေဆာင္သြားၾကေၾကာင္း သိရသည္။

ဓါးခုတ္ခံရသူႏွစ္ဦးက ေအာ္ဟစ္ အကူအညီေတာင္းခံမႈေၾကာင့္ အနီးအနားရွိ စပါးရိတ္သိမ္း ေနသူမ်ား ေရာက္ရွိလာျပီး ကူညီ ပို႔ေဆာင္ေပးမႈေၾကာင့္ မင္းျပားေဆးရံုသို႔ ေရာက္ရွိလာျခင္း ျဖစ္သည္ဟု သိရသည္။

အဆိုပါ ျပစ္မႈႏွင့္ ပတ္သက္ျပီး မင္းျပားရဲစခန္းသို႕ ဆက္သြယ္ရာ တာ၀န္က် ရဲအရာရွိက “ဓါးခုတ္ခံရၿပီး ေဆးရံုတက္ေနတယ္ဆိုတာ မွန္ပါတယ္။ အခုအမႈဖြင့္ဖို႔ လုပ္ေနတုန္းပါ”ဟု အတည္ျပဳေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းဇင်းမော်ကျေးရွာအနီးရှိ မင်းမချောင်းတွင် ဝါးဖောင်ဖြင့် ညအိပ် ရပ်နားနေသည့် ဝါးဖောင်သမား ၃ ဦးကို အမည်မသိသူများက ဗမာစကားပြောပြီး ဓါးဖြင့် တက်ခုတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ သူတို့ သုံးဦးထဲက နှစ်ဦးက ဒဏ်ရာရသွားတဲ့ အတွက် မင်းပြားဆေးရုံကို ရောက်နေတယ်။ ကျွန်တော် သွားမေးတော့ သူတို့ ညအိပ်နေတုန်း ဝါးဖောင်ပေါ်ကို လူ ၃ ယောက်က ဗမာစကား ပြောပြီးတက်လာကာ ဝိုင်းခုတ်ကြတယ်လို့ သူတို့က ပြောတယ်။ သူတို့ ကတော့ စကားမပီတဲ့ အတွက် ဓါးနဲ့ လာခုတ်သူတွေဟာ ဘင်္ဂလီလူမျိုးတွေ ဖြစ်တယ်လို့ ပြောပါတယ်။ နှစ်ယောက် လုံးရဲ့ ဦးခေါင်းမှာ ဒဏ်ရာရရှိပြီးတော့ အခု မင်းပြားဆေးရုံမှာ ဆေးကုသမှု ခံယူနေကြပါတယ်” ဟု ဓါးခုတ်ခံရသူ ၂ ဦးကို မင်းပြားဆေးရုံ၌ သွားရောက်ကြည့်ရှုခဲ့သူ ဦးသိန်းစံက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

အခင်းဖြစ်ပွားမှုမှာ ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့၌ ညအိပ် ရပ်နားစဉ် ညဉ့် ၁၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဓါးခုတ်သူများမှာ ဗမာစကား မပီဘဲ ကုလား သံဝဲနေကြောင်း၊ ဘင်္ဂါလီများ ဆိုသည်ကို သတိထားမိကြောင်း၊ လရောင်အောက် အရုပ်များကိုလည်း သေသေချာချာ မြင်လိုက်ရကြောင်း ဓားခုတ်ခံရသူများကို မေးမြန်းပြီး ဦးသိန်းဇံက ပြောဆိုသည်။

ဓါးခုတ်ခံရသည့်နေရာမှာ မင်းပြားမြို့နယ် ပန်းဇင်မော်နှင့် ဆင်ကြီးပြင် ဘင်္ဂါလီရွာအနီးတွင် ဖြစ်ပြီး လေးမြို့မြစ်ဖျားမှ ဝါးဖောင်ချ၍ ပြန်လာပြီး ညအိပ်ရပ်နားနေစဉ် တိုက်ခိုက် ဓါးခုတ်ခံရခြင်း ဖြစ်သည်။

ဓါးခုတ်ခံရသူနှစ်ဦးမှာ မြောက်ဦးမြို့နယ် ပြောင်းပြာကျေးရွာမှ ဦးစိန်နှင်းကြိုင် (ဘ) ဦးထွန်းသိန်းအောင်နှင့် ဦးစောဝင်း (ဘ) ဦးဖြူမောင်တို့ ဖြစ်ကြပြီး အသက် ၃၀ အရွယ် ဝန်းကျင် ရှိသူများ ဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများသည် ဝါးဖောင်ချလာသူများထံမှ ငွေ ၈ သောင်းကျပ်နှင့်အတူ ပိုက်ဆံ အိတ်တစ်အိတ်၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဝါးဖောင်နှင့်အတူပါလာသည့် စက်လှေငယ်ပေါ်မှ ဟွန်ဒါစက်နှင့် ထမင်းချက် အိုးများကိုပါ ယူဆောင်သွားကြကြောင်း သိရသည်။

ဓါးခုတ်ခံရသူနှစ်ဦးက အော်ဟစ် အကူအညီတောင်းခံမှုကြောင့် အနီးအနားရှိ စပါးရိတ်သိမ်း နေသူများ ရောက်ရှိလာပြီး ကူညီ ပို့ဆောင်ပေးမှုကြောင့် မင်းပြားဆေးရုံသို့ ရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ပြစ်မှုနှင့် ပတ်သက်ပြီး မင်းပြားရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိက “ဓါးခုတ်ခံရပြီး ဆေးရုံတက်နေတယ်ဆိုတာ မှန်ပါတယ်။ အခုအမှုဖွင့်ဖို့ လုပ်နေတုန်းပါ”ဟု အတည်ပြုပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top