Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဒါေတြျဖစ္ေနရင္ ဆရာဝန္နဲ႔ ေတြ႕ဖုိ႔ လိုေနပါၿပီ။

ကၽြန္မတုိ႔ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ပိုၿပီးေတာ့ ျပႆနာေတြ ႐ွိေနတတ္ၾကတယ္။ အမ်ိဳးသမီးသဘာဝအရကိုက ခႏၶာကိုယ္ကလည္း ပုိၿပီး႐ႈပ္တယ္ေလ။ စိတ္ဖိစီးမႈ၊ ေဟာ္မုန္းအေျပာင္းအလဲ ဟန္ခ်က္မညီမႈေတြ ႐ွိေနတာကိုလည္း လစ္လ်ဳ႐ႈထားျဖစ္ၾကပါတယ္။ က်န္းမာေရးပံုမွန္မဟုတ္တဲ့ ျဖစ္စဥ္ေတြကို လစ္လ်ဴ႐ႈထားေနမိတာက ၾကာရင္ ပိုဆုိးရြားလာႏုိင္တာမုိ႔ သတိထားျပင္ဆင္ႏုိင္ေအာင္ ေဖာ္ျပလိုက္ပါတယ္။ ဒါေတြျဖစ္ေနရင္ ဆရာဝန္နဲ႔ ေတြ႕ဖုိ႔ လိုေနပါၿပီ။

၁။ အိပ္စက္မႈပံုမွန္မ႐ွိ

ရာသီမလာခင္မွာ progesterone ေဟာ္မုန္းေတြ ျမင့္တက္လာလို႔ အိပ္စက္ဖုိ႔ခက္ေလ့ရွိပါတယ္။ အိပ္ေပ်ာ္ဖုိ႔ခက္တာေတြ၊ ျပန္ႏိုးတာေတြနဲ႔ အိပ္စက္မႈပံုမွန္မဟုတ္တဲ့ျဖစ္စဥ္ေတြကို ၾကံဳရပါတယ္။ အိပ္စက္မႈ ပံုမွန္မဟုတ္ေတာ့ ေခါင္းကိုက္တာ၊ ေမာပန္းႏြမ္းနယ္တာေတြလည္း ဆက္ၾကံဳရတယ္။ အခ်စ္ေရးမွာပါ ထိခိုက္ႏိုင္ပါတယ္။

၂။ ပူပန္ေသာကနဲ႔ စိတ္ဖိစီးမႈ

စိတ္အေျပာင္းအလဲကလည္း ျမန္လာတယ္။ ေဒါသထြက္ေနရင္း မိနစ္အနည္းငယ္အတြင္းမွာတင္ ဝမ္းနည္းအားငယ္လာတာမ်ိဳး ႐ုတ္တရက္ စိတ္ေျပာင္းလဲတာ ျမန္သြားတယ္။ ဒီျဖစ္စဥ္ဟာ ရာသီလာခါနီးနဲ႔ ေသြးဆံုးခါနီးအခ်ိန္ေတြမွာ ေဟာ္မုန္းေျပာင္းလဲလို႔ ျဖစ္ရပါတယ္။

၃။ မေပ်ာက္ႏိုင္တဲ့ဝက္ျခံေတြ

ဝက္ျခံေတြ တစ္လံုးၿပီးတစ္လံုး ထြက္လာတယ္။ ဘာသံုးသံုး မေပ်ာက္ဘူး။ တစ္လံုးေပ်ာက္သြားရင္ ေနာက္ထပ္ ထပ္ထြက္လာတယ္ဆိုတာ ေဟာ္မုန္းေတြ မညီမမွ်ျဖစ္ေနတာနဲ႔ ဆက္စပ္ေနလို႔ပါ။

၄။ ကိုယ္အေလးခ်ိန္

ေဟာ္မုန္းေတြဟာ ကိုယ္အေလးခ်ိန္နဲ႔လည္း ဆက္စပ္ေနျပန္တယ္။ ေဟာ္မုန္းေတြ မညီမွ်ဘူးဆုိရင္ ဝိတ္က်ဖုိ႔ခက္တယ္။ တခ်ိဳ႕ဆုိရင္ ဗိုက္ေခါက္ပါထြက္လာေသးတာ။

၅။ ၾကြက္သားေတြေလ်ာ့ရဲမႈ

ခႏၶာကိုယ္ၾကီးထြားမႈျဖစ္ေစတဲ့ ေဟာ္မုန္းေတြဟာ ၾကြက္သားထုထည္ကို တည္ေဆာက္ပါတယ္။ အဲ့ဒီေဟာ္မုန္းေတြ ထြက္႐ွိမႈနည္းလာရင္လည္း ၾကြက္သားေတြေတာင့္တင္းဖုိ႔ ခက္လာတယ္။

၆။ ေခၽြးထြက္မ်ားတယ္

ပံုမွန္မဟုတ္ဘဲ ေခၽြးေတြအရမ္းထြက္လာတာဟာ ေဟာ္မုန္းမညီမွ်မႈရဲ႕ လကၡဏာတစ္ရပ္ပါပဲ။ ေဟာ္မုန္းေတြက ခႏၶာကိုယ္ရဲ႕အပူခ်ိန္ကို ထိန္းခ်ဳပ္ပါတယ္။ ေဟာ္မုန္းေတြ မညီမွ်တဲ့အခါ ခႏၶာကိုယ္က ပိုပူေလာင္ အိုက္စပ္လာၿပီး ေခၽြးထြက္ေတာ့တာပဲ။

၇။ ဓမၼတာမမွန္ဘူး

ရာသီလာခ်ိန္ေတြက ေစာတာ၊ ေနာက္က်တာေတြ ျဖစ္လာမယ္။ လာတဲ့ရက္ကလည္း နည္းသြားတာ မ်ားသြားတာေတြျဖစ္ေနတယ္။ ၃ ရက္ လာေနက်ကေန ၂ ရက္ပဲ လာၿပီး ေသြးဆင္းတာ နည္းသြားတာမ်ိဳးေတြ ၾကံဳရတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဒါတွေဖြစ်နေရင် ဆရာဝန်နဲ့ တွေ့ဖို့ လိုနေပါပြီ။

ကျွန်မတို့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီးတော့ ပြဿနာတွေ ရှိနေတတ်ကြတယ်။ အမျိုးသမီးသဘာဝအရကိုက ခန္ဓာကိုယ်ကလည်း ပိုပြီးရှုပ်တယ်လေ။ စိတ်ဖိစီးမှု၊ ဟော်မုန်းအပြောင်းအလဲ ဟန်ချက်မညီမှုတွေ ရှိနေတာကိုလည်း လစ်လျုရှုထားဖြစ်ကြပါတယ်။ ကျန်းမာရေးပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေကို လစ်လျူရှုထားနေမိတာက ကြာရင် ပိုဆိုးရွားလာနိုင်တာမို့ သတိထားပြင်ဆင်နိုင်အောင် ဖော်ပြလိုက်ပါတယ်။ ဒါတွေဖြစ်နေရင် ဆရာဝန်နဲ့ တွေ့ဖို့ လိုနေပါပြီ။

၁။ အိပ်စက်မှုပုံမှန်မရှိ

ရာသီမလာခင်မှာ progesterone ဟော်မုန်းတွေ မြင့်တက်လာလို့ အိပ်စက်ဖို့ခက်လေ့ရှိပါတယ်။ အိပ်ပျော်ဖို့ခက်တာတွေ၊ ပြန်နိုးတာတွေနဲ့ အိပ်စက်မှုပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေကို ကြုံရပါတယ်။ အိပ်စက်မှု ပုံမှန်မဟုတ်တော့ ခေါင်းကိုက်တာ၊ မောပန်းနွမ်းနယ်တာတွေလည်း ဆက်ကြုံရတယ်။ အချစ်ရေးမှာပါ ထိခိုက်နိုင်ပါတယ်။

၂။ ပူပန်သောကနဲ့ စိတ်ဖိစီးမှု

စိတ်အပြောင်းအလဲကလည်း မြန်လာတယ်။ ဒေါသထွက်နေရင်း မိနစ်အနည်းငယ်အတွင်းမှာတင် ဝမ်းနည်းအားငယ်လာတာမျိုး ရုတ်တရက် စိတ်ပြောင်းလဲတာ မြန်သွားတယ်။ ဒီဖြစ်စဉ်ဟာ ရာသီလာခါနီးနဲ့ သွေးဆုံးခါနီးအချိန်တွေမှာ ဟော်မုန်းပြောင်းလဲလို့ ဖြစ်ရပါတယ်။

၃။ မပျောက်နိုင်တဲ့ဝက်ခြံတွေ

ဝက်ခြံတွေ တစ်လုံးပြီးတစ်လုံး ထွက်လာတယ်။ ဘာသုံးသုံး မပျောက်ဘူး။ တစ်လုံးပျောက်သွားရင် နောက်ထပ် ထပ်ထွက်လာတယ်ဆိုတာ ဟော်မုန်းတွေ မညီမမျှဖြစ်နေတာနဲ့ ဆက်စပ်နေလို့ပါ။

၄။ ကိုယ်အလေးချိန်

ဟော်မုန်းတွေဟာ ကိုယ်အလေးချိန်နဲ့လည်း ဆက်စပ်နေပြန်တယ်။ ဟော်မုန်းတွေ မညီမျှဘူးဆိုရင် ဝိတ်ကျဖို့ခက်တယ်။ တချို့ဆိုရင် ဗိုက်ခေါက်ပါထွက်လာသေးတာ။

၅။ ကြွက်သားတွေလျော့ရဲမှု

ခန္ဓာကိုယ်ကြီးထွားမှုဖြစ်စေတဲ့ ဟော်မုန်းတွေဟာ ကြွက်သားထုထည်ကို တည်ဆောက်ပါတယ်။ အဲ့ဒီဟော်မုန်းတွေ ထွက်ရှိမှုနည်းလာရင်လည်း ကြွက်သားတွေတောင့်တင်းဖို့ ခက်လာတယ်။

၆။ ချွေးထွက်များတယ်

ပုံမှန်မဟုတ်ဘဲ ချွေးတွေအရမ်းထွက်လာတာဟာ ဟော်မုန်းမညီမျှမှုရဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့အပူချိန်ကို ထိန်းချုပ်ပါတယ်။ ဟော်မုန်းတွေ မညီမျှတဲ့အခါ ခန္ဓာကိုယ်က ပိုပူလောင် အိုက်စပ်လာပြီး ချွေးထွက်တော့တာပဲ။

၇။ ဓမ္မတာမမှန်ဘူး

ရာသီလာချိန်တွေက စောတာ၊ နောက်ကျတာတွေ ဖြစ်လာမယ်။ လာတဲ့ရက်ကလည်း နည်းသွားတာ များသွားတာတွေဖြစ်နေတယ်။ ၃ ရက် လာနေကျကနေ ၂ ရက်ပဲ လာပြီး သွေးဆင်းတာ နည်းသွားတာမျိုးတွေ ကြုံရတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top