ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရင္ေသြး ေလးရေပမယ့္ သားအိမ္မွာေရအိတ္တည္ေနတယ္။
အဆုိေတာ္ စုိးျပည့္ျပည့္စံကေတာ့ အခုလက္ရွိမွာ ရင္ေသြးေလးလြယ္ထားရၿပီလုိ႔သိရပါတယ္။ ရင္ေသြးေလး လြယ္ထားရေပမယ့္လည္း သားအိမ္မွာ ေရအိတ္တည္ေနတာျဖစ္တဲ့အတြက္ ခြဲစိတ္မႈေတြအရင္မလုပ္ပဲ ကေလးယူၿပီးမွ ကုသမယ္လုိ႔ Duwun Media ကုိေျပာျပခ့ဲပါတယ္။

” လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္တုန္းကလည္းျဖစ္ၿပီးၿပီ။ ခြဲလုိက္ရတယ္ ရုိက္ကြင္းမွာျဖစ္တာေပါ့။ ေနာက္တစ္ခါလည္း အဲဒီလုိ လကၡဏာေတြျဖစ္လာ တာ က ခါးေတြအရမ္းကုိက္တယ္။ ထုံတယ္ဆုိေတာ့ အထူးကုနဲ႔ျပလုိက္တဲ့အခ်ိန္မွာ ေရအိတ္ျပန္ျဖစ္ေနတယ္ဆုိေတာ့ ေဆးေသာက္ရတယ္။ အဲ့ဒီမွာ ေရအိတ္ေပါက္သြားတယ္ ၿပီးေတာ့ ျပန္ျဖစ္တယ္။ အမွန္အတုိင္းေျပာရရင္ မခြဲခ်င္ဘူး။ဆရာဝန္နဲ႔တုိင္ပင္ၿပီးေတာ့ ကေလးျမန္ျမန္ယူ ၿပီးေတာ့မွ ကေလးနဲ႔အတူတူ ေရအိတ္ေရာ၊ အသားစေတြေရာထုတ္မယ္ေပါ့ေနာ္။ အခုဆုိရင္ ကေလးလည္းရၿပီ ေရအိတ္နဲ႔ဆုိေတာ့ လ က အေသအခ်ာတြက္လုိ႔မရဘူး။ ဓာတ္မွန္ကေတာ့ ရုိက္ေနရတယ္” လုိ႔ သူကဆုိပါတယ္။

ရင္ေသြးေလးကေတာ့ အခုလက္ရွိမွာ ကိုယ္ဝန္လကလည္းႏုေသးတဲ့အတြက္ ေဆးေတြကုိ အရင္က ထက္ပုိေသာက္လာရတယ္လုိ႔ ဆုိပါတယ္။

”ေရအိတ္ေရာကလည္းရွိ၊ ကေလးက လကလည္းႏုေနေသးေတာ့ သတ္မွတ္လို႔ မရေသးဘူး ဆရာဝန္နဲ႔ ေဆးကုေနရတာေတာ့ ၇ လေလာက္ ရွိၿပီ။ ေဆးေတြကုိလည္း အရင္ကထက္ ပုိေသာက္လာရတယ္။ အစ္မတုိ႔ႀကိဳးစား ထားသလုိ၊ ဆရာဝန္လည္း ႀကိဳးစားထားသလုိ ကေလးက အေကာင္အထည္ေဖာ္လာၿပီ။ ေရအိတ္က ကေလးေပၚလာေတာ့မွ ေပါက္သြားတာ ဆုိရင္ေတာ့ အစ္မက ၂ ခါနာမွာဆုိေတာ့ ေပါက္သြားမွာစုိး လုိ႔ ဘာမွမလုပ္ပဲ နားေနရတယ္” လုိ႔ စုိးျပည့္ျပည့္စံက Duwun Media ကုိေျဖဆုိခဲ့ ပါတယ္။

ကေလးကုိေတာ့ ခြဲေမြးဖုိ႔ ဆုံးျဖတ္ထားတာတယ္လုိ႔ ဆုိပါတယ္။ သရုပ္ေဆာင္ အဆုိေတာ္ စုိးျပည့္ျပည့္စံနဲ႔ ခင္ပြန္း ကုိေအာင္သူပုိင္တုိ႔ကေတာ့ ေအာက္တုိဘာလ ၉ ရက္ေန႕က မဂၤလာပြဲက်င္းပခဲ့တာျဖစ္ပါတယ္။ စုိးျပည့္ျပည့္စံအေနနဲ႔ အႏုပညာအလုပ္နဲ႔ပတ္သက္ၿပီး ေမာ္ဒယ္လ္ တစ္ေယာက္ အျဖစ္ေရာ၊ အဆုိေတာ္ တစ္ေယာက္အျဖစ္နဲ႔ပါ ပရိသတ္အားေပးမႈရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ စုိးျပည့္ျပည့္စံအေနနဲ႔ Single Lady ဆုိတဲ့ တစ္ကုိယ္ေတာ္အေခြကုိ ၾသဂုတ္လ ၂၉ ရက္ေန႔က ထြက္ရွိထားတယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ရင်သွေး လေးရပေမယ့် သားအိမ်မှာရေအိတ်တည်နေတယ်။
အဆိုတော် စိုးပြည့်ပြည့်စံကတော့ အခုလက်ရှိမှာ ရင်သွေးလေးလွယ်ထားရပြီလို့သိရပါတယ်။ ရင်သွေးလေး လွယ်ထားရပေမယ့်လည်း သားအိမ်မှာ ရေအိတ်တည်နေတာဖြစ်တဲ့အတွက် ခွဲစိတ်မှုတွေအရင်မလုပ်ပဲ ကလေးယူပြီးမှ ကုသမယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

” လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းကလည်းဖြစ်ပြီးပြီ။ ခွဲလိုက်ရတယ် ရိုက်ကွင်းမှာဖြစ်တာပေါ့။ နောက်တစ်ခါလည်း အဲဒီလို လက္ခဏာတွေဖြစ်လာ တာ က ခါးတွေအရမ်းကိုက်တယ်။ ထုံတယ်ဆိုတော့ အထူးကုနဲ့ပြလိုက်တဲ့အချိန်မှာ ရေအိတ်ပြန်ဖြစ်နေတယ်ဆိုတော့ ဆေးသောက်ရတယ်။ အဲ့ဒီမှာ ရေအိတ်ပေါက်သွားတယ် ပြီးတော့ ပြန်ဖြစ်တယ်။ အမှန်အတိုင်းပြောရရင် မခွဲချင်ဘူး။ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ ကလေးမြန်မြန်ယူ ပြီးတော့မှ ကလေးနဲ့အတူတူ ရေအိတ်ရော၊ အသားစတွေရောထုတ်မယ်ပေါ့နော်။ အခုဆိုရင် ကလေးလည်းရပြီ ရေအိတ်နဲ့ဆိုတော့ လ က အသေအချာတွက်လို့မရဘူး။ ဓာတ်မှန်ကတော့ ရိုက်နေရတယ်” လို့ သူကဆိုပါတယ်။

ရင်သွေးလေးကတော့ အခုလက်ရှိမှာ ကိုယ်ဝန်လကလည်းနုသေးတဲ့အတွက် ဆေးတွေကို အရင်က ထက်ပိုသောက်လာရတယ်လို့ ဆိုပါတယ်။

”ရေအိတ်ရောကလည်းရှိ၊ ကလေးက လကလည်းနုနေသေးတော့ သတ်မှတ်လို့ မရသေးဘူး ဆရာဝန်နဲ့ ဆေးကုနေရတာတော့ ၇ လလောက် ရှိပြီ။ ဆေးတွေကိုလည်း အရင်ကထက် ပိုသောက်လာရတယ်။ အစ်မတို့ကြိုးစား ထားသလို၊ ဆရာဝန်လည်း ကြိုးစားထားသလို ကလေးက အကောင်အထည်ဖော်လာပြီ။ ရေအိတ်က ကလေးပေါ်လာတော့မှ ပေါက်သွားတာ ဆိုရင်တော့ အစ်မက ၂ ခါနာမှာဆိုတော့ ပေါက်သွားမှာစိုး လို့ ဘာမှမလုပ်ပဲ နားနေရတယ်” လို့ စိုးပြည့်ပြည့်စံက Duwun Media ကိုဖြေဆိုခဲ့ ပါတယ်။

ကလေးကိုတော့ ခွဲမွေးဖို့ ဆုံးဖြတ်ထားတာတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် အဆိုတော် စိုးပြည့်ပြည့်စံနဲ့ ခင်ပွန်း ကိုအောင်သူပိုင်တို့ကတော့ အောက်တိုဘာလ ၉ ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ စိုးပြည့်ပြည့်စံအနေနဲ့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး မော်ဒယ်လ် တစ်ယောက် အဖြစ်ရော၊ အဆိုတော် တစ်ယောက်အဖြစ်နဲ့ပါ ပရိသတ်အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ စိုးပြည့်ပြည့်စံအနေနဲ့ Single Lady ဆိုတဲ့ တစ်ကိုယ်တော်အခွေကို သြဂုတ်လ ၂၉ ရက်နေ့က ထွက်ရှိထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top