Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယခု ပညာသင္ႏွစ္ အတြက္ ပညာေရး ေကာလိပ္ မ်ားကို ေလွ်ာက္ထားခဲ့ေသာ တကၠသိုလ္ ဝင္တန္းေအာင္ ေက်ာင္းသား၊ ေက်ာင္းသူ အေရအတြက္ မွာ ခုႏွစ္ေသာင္းေက်ာ္အထိရွိၿပီး လက္ခံမည့္ အေရအတြက္ မွာ ေျခာက္ေထာင္သာ ျဖစ္ေၾကာင္း သိရသည္။

၂၀၁၇ ခုႏွစ္ တကၠသိုလ္ ဝင္တန္းေအာင္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားကို ေလွ်ာက္ထားခြင့္ေပးအပ္ခဲ့ေသာ ပညာေရးေကာလိပ္ မ်ားတြင္ လာေလွ်ာက္ထားမႈမွာ ေလွ်ာက္လႊာ ေပါင္း ခုႏွစ္ေသာင္းေက်ာ္ရွိၿပီး ယင္းပမာဏအားလုံးကို ေ႐ြးခ်ယ္မည္မဟုတ္ဘဲ ပညာေရး ေကာလိပ္ မ်ား၏ ဝင္ဆံ့အင္အားအရ ေက်ာင္းသား၊ ေက်ာင္းသူ ေျခာက္ေထာင္ နီးပါးကိုသာ ေ႐ြးခ်ယ္မည္ျဖစ္သည္။

ယခုႏွစ္တြင္ ပညာေရး ေကာလိပ္ မ်ား၌ ေလွ်ာက္ထားသူမ်ား ဝင္ခြင့္ေ႐ြးခ်ယ္ရာတြင္ မူလတန္း ေက်ာင္းသား၊ ေက်ာင္းသူ ဦးေရမ်ားျပားေသာ ၿမိဳ႕နယ္ အလိုက္ ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း အဆင့့္ျမင့္ပညာဦးစီးဌာနမွ သိရသည္။

ပညာေရးဝန္ႀကီး ဌာန လက္ေအာက္ ရွိ ပညာေရး ေကာလိပ္ မ်ားတြင္ တက္ေရာက္ခြင့္ရရွိပါက တစ္လလွ်င္ ေထာက္ပံ့ေၾကး အျဖစ္ က်ပ္သုံးေသာင္းရရွိမည္ျဖစ္ၿပီး သင္တန္း ၿပီးဆုံးပါက ဒီပလိုမာ လက္မွတ္ကို ရရွိၿပီး အလုပ္ခြင္သို႔ တိုက္႐ိုက္ဝင္ခြင့္ ရရွိမည္ျဖစ္ေၾကာင္း သိရသည္။

“ဝင္ခြင့္ မ်ားကို ဒီႏွစ္ပတ္အတြင္းမ်ာ အၿပီးေ႐ြးခ်ယ္သြားမွာပါ။ ဝင္ခြင့္ ရတဲ့သူေတြကို ႏိုဝင္ဘာလထဲမွာပဲ ထုတ္ျပန္ေပးသြားမွာပါ။ ဒီႏွစ္ကေတာ့ ဝန္ႀကီးက ၿမိဳ႕နယ္အလိုက္ ဝင္ခြင့္ေပးဖို႔ လမ္းၫႊန္ထားတယ္။ ဥပမာ ကခ်င္ျပည္နယ္မွာ ျမစ္ႀကီးနားေကာလိပ္ရွိတယ္။ ကခ်င္ျပည္နယ္က မူလတန္း ေက်ာင္းသား၊ ေက်ာင္းသူဦးေရ အမ်ားဆုံးဆိုရင္ ျမစ္ႀကီးနား ေကာလိပ္က ဝင္ခြင့္ေပးရမယ့္ခြဲတမ္းက အမ်ားဆုံး ရရွိမယ္” ဟု ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ယခု ပညာသင်နှစ် အတွက် ပညာရေး ကောလိပ် များကို လျှောက်ထားခဲ့သော တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ အရေအတွက် မှာ ခုနှစ်သောင်းကျော်အထိရှိပြီး လက်ခံမည့် အရေအတွက် မှာ ခြောက်ထောင်သာ ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် တက္ကသိုလ် ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူ များကို လျှောက်ထားခွင့်ပေးအပ်ခဲ့သော ပညာရေးကောလိပ် များတွင် လာလျှောက်ထားမှုမှာ လျှောက်လွှာ ပေါင်း ခုနှစ်သောင်းကျော်ရှိပြီး ယင်းပမာဏအားလုံးကို ရွေးချယ်မည်မဟုတ်ဘဲ ပညာရေး ကောလိပ် များ၏ ဝင်ဆံ့အင်အားအရ ကျောင်းသား၊ ကျောင်းသူ ခြောက်ထောင် နီးပါးကိုသာ ရွေးချယ်မည်ဖြစ်သည်။

ယခုနှစ်တွင် ပညာရေး ကောလိပ် များ၌ လျှောက်ထားသူများ ဝင်ခွင့်ရွေးချယ်ရာတွင် မူလတန်း ကျောင်းသား၊ ကျောင်းသူ ဦးရေများပြားသော မြို့နယ် အလိုက် ရွေးချယ်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ပညာရေးဝန်ကြီး ဌာန လက်အောက် ရှိ ပညာရေး ကောလိပ် များတွင် တက်ရောက်ခွင့်ရရှိပါက တစ်လလျှင် ထောက်ပံ့ကြေး အဖြစ် ကျပ်သုံးသောင်းရရှိမည်ဖြစ်ပြီး သင်တန်း ပြီးဆုံးပါက ဒီပလိုမာ လက်မှတ်ကို ရရှိပြီး အလုပ်ခွင်သို့ တိုက်ရိုက်ဝင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

“ဝင်ခွင့် များကို ဒီနှစ်ပတ်အတွင်းမျာ အပြီးရွေးချယ်သွားမှာပါ။ ဝင်ခွင့် ရတဲ့သူတွေကို နိုဝင်ဘာလထဲမှာပဲ ထုတ်ပြန်ပေးသွားမှာပါ။ ဒီနှစ်ကတော့ ဝန်ကြီးက မြို့နယ်အလိုက် ဝင်ခွင့်ပေးဖို့ လမ်းညွှန်ထားတယ်။ ဥပမာ ကချင်ပြည်နယ်မှာ မြစ်ကြီးနားကောလိပ်ရှိတယ်။ ကချင်ပြည်နယ်က မူလတန်း ကျောင်းသား၊ ကျောင်းသူဦးရေ အများဆုံးဆိုရင် မြစ်ကြီးနား ကောလိပ်က ဝင်ခွင့်ပေးရမယ့်ခွဲတမ်းက အများဆုံး ရရှိမယ်” ဟု ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top