Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကေလးဘဝတည္းက ဒီၿပိဳင္ပြဲဝင္ဖုိ႔ အိပ္မက္ေတြမက္ခဲ့ရတာ။

အလွမယ္ၿပိဳင္ပြဲေတြကေတာ့ အမ်ားႀကီး႐ွိတာပဲ။ ဒီအလွမယ္ၿပိဳင္ပြဲကေတာ့ တျခားဘယ္ၿပိဳင္ပြဲနဲ႔မွကို မတူတာ။ ဘရာဇီးႏိုင္ငံမွာ ႏွစ္စဥ္က်င္းပတဲ့ တင္ပါးအလွမယ္ၿပိဳင္ပြဲ (Miss Bumbum) ဟာ တင္ပါးလွတဲ့အမ်ိဳးသမီးေတြပဲ ဝင္ၿပိဳင္ရျဖစ္ၿပီး အလွဆံုးတင္ပါးပိုင္႐ွင္ကိုမွ ဆုေပးတဲ့ပြဲျဖစ္ပါတယ္။

ဒီႏွစ္အတြက္ Miss Bumbum ၿပိဳင္ပြဲကို ဘရာဇီးလ္ႏိုင္ငံ၊ ဆာေပၚလိုၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။ Miss Bumbum  သ႐ဖူကို ဆြြတ္ခူးသြားသူက အသက္ ၂၈ ႏွစ္အ႐ြယ္ ႐ိုစီ အိုလီဗိုင္ရာပါ။ သူမအေနနဲ႔ Miss Bumbum ၿပိဳင္ပြဲကို ဝင္ခ်င္လြန္းလို႔ ခင္ပြန္းကိုေတာင္ ေက်ာခိုင္းစြန္႔ခြာၿပီး ၿပိဳင္ခဲ့ရတယ္လို႔ ဆုိပါတယ္။

" သူက ကၽြန္မကိုေျပာတယ္။ ၿပိဳင္ပြဲနဲ႔သူနဲ႔ တစ္ခုကိုေရြးပါတဲ့။ ဒါေပမဲ့ ကၽြန္မက သူမသိဘဲ ၿပိဳင္ပြဲကိုဝင္ၿပီးႏွင့္ေနၿပီေလ" လို႔ ႐ိုစီက မ်က္ရည္ေတြက်ရင္း သူမရဲ႕ဆံုးျဖတ္ခ်က္ခ်ခဲ့ရပံုကို ေျပာျပတယ္။ ဒီဆံုးျဖတ္ခ်က္က သူမအတြက္ အလြယ္ဆံုး ဆံုးျဖတ္ခ်က္ပဲလို႔  အသည္းမာသူႀကီးက ေျပာေသးတယ္။

ဘဝတစ္ေလွ်ာက္လံုး မက္ခဲ့ရတဲ့အိပ္မက္ရဲ႕ေနာက္ လိုက္ဖုိ႔ရာ လက္႐ွိေပါင္းသင္းေနတဲ့ေယာက္်ားကို စြန္႔ခြာလိုက္ရေပမဲ့ ႐ိုစီကေတာ့ ေနာင္တမရပါဘူး။ ခုဆုိ သူမက ဘရာဇီးရဲ႕ ေအာက္ပိုင္းအလွဆံုးမိန္းကေလးဆုိတဲ့ဂုဏ္ပုဒ္ကို ရခဲ့ၿပီေလ။ 

ဘရာဇီးႏိုင္ငံသားေတြဟာ Miss Bumbum ေတြဆီကေန အမ်ားႀကီး ေမွ်ာ္လင့္ၾကတာကို သိတာမို႔ သူတုိ႔ကို စိတ္မပ်က္ေစရပါဘူးလို႔ ႐ိုစီကေျပာတယ္။ ဘရာဇီးကို ပိုေကာင္းလာေစခ်င္တဲ့ဆႏၵလည္း ရွိသူပါ။ "ကၽြန္မကို ပေလးဘြိဳင္းမဂၢဇင္းအတြက္ ႐ိုက္ဖို႔ လာကမ္းလွမ္းေသးတယ္။ ဒါေပမဲ့ ေသေသခ်ာခ်ာေတာ့မဆံုးျဖတ္ရေသးဘူး"လို႔ ႐ိုစီက သူမရဲ႕ေက်ာ္ၾကားမႈ ေျခလွမ္းအစကို ဖြင့္ဟတယ္။ ႐ိုစီ့ထက္အရင္ Miss Bumbum ဆုရခဲ့သူေတြကေတာ့ ေမာ္ဒယ္အျဖစ္လုပ္ကိုင္ရင္း ဝင္ေငြေတြ သန္းခ်ီရကာ ေအာင္ျမင္ေနၾကပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကလေးဘဝတည်းက ဒီပြိုင်ပွဲဝင်ဖို့ အိပ်မက်တွေမက်ခဲ့ရတာ။

အလှမယ်ပြိုင်ပွဲတွေကတော့ အများကြီးရှိတာပဲ။ ဒီအလှမယ်ပြိုင်ပွဲကတော့ တခြားဘယ်ပြိုင်ပွဲနဲ့မှကို မတူတာ။ ဘရာဇီးနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ တင်ပါးအလှမယ်ပြိုင်ပွဲ (Miss Bumbum) ဟာ တင်ပါးလှတဲ့အမျိုးသမီးတွေပဲ ဝင်ပြိုင်ရဖြစ်ပြီး အလှဆုံးတင်ပါးပိုင်ရှင်ကိုမှ ဆုပေးတဲ့ပွဲဖြစ်ပါတယ်။

ဒီနှစ်အတွက် Miss Bumbum ပြိုင်ပွဲကို ဘရာဇီးလ်နိုင်ငံ၊ ဆာပေါ်လိုမြို့မှာ ကျင်းပခဲ့ပါတယ်။ Miss Bumbum  သရဖူကို ဆွတ်ခူးသွားသူက အသက် ၂၈ နှစ်အရွယ် ရိုစီ အိုလီဗိုင်ရာပါ။ သူမအနေနဲ့ Miss Bumbum ပြိုင်ပွဲကို ဝင်ချင်လွန်းလို့ ခင်ပွန်းကိုတောင် ကျောခိုင်းစွန့်ခွာပြီး ပြိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

" သူက ကျွန်မကိုပြောတယ်။ ပြိုင်ပွဲနဲ့သူနဲ့ တစ်ခုကိုရွေးပါတဲ့။ ဒါပေမဲ့ ကျွန်မက သူမသိဘဲ ပြိုင်ပွဲကိုဝင်ပြီးနှင့်နေပြီလေ" လို့ ရိုစီက မျက်ရည်တွေကျရင်း သူမရဲ့ဆုံးဖြတ်ချက်ချခဲ့ရပုံကို ပြောပြတယ်။ ဒီဆုံးဖြတ်ချက်က သူမအတွက် အလွယ်ဆုံး ဆုံးဖြတ်ချက်ပဲလို့  အသည်းမာသူကြီးက ပြောသေးတယ်။

ဘဝတစ်လျှောက်လုံး မက်ခဲ့ရတဲ့အိပ်မက်ရဲ့နောက် လိုက်ဖို့ရာ လက်ရှိပေါင်းသင်းနေတဲ့ယောက်ျားကို စွန့်ခွာလိုက်ရပေမဲ့ ရိုစီကတော့ နောင်တမရပါဘူး။ ခုဆို သူမက ဘရာဇီးရဲ့ အောက်ပိုင်းအလှဆုံးမိန်းကလေးဆိုတဲ့ဂုဏ်ပုဒ်ကို ရခဲ့ပြီလေ။

ဘရာဇီးနိုင်ငံသားတွေဟာ Miss Bumbum တွေဆီကနေ အများကြီး မျှော်လင့်ကြတာကို သိတာမို့ သူတို့ကို စိတ်မပျက်စေရပါဘူးလို့ ရိုစီကပြောတယ်။ ဘရာဇီးကို ပိုကောင်းလာစေချင်တဲ့ဆန္ဒလည်း ရှိသူပါ။ "ကျွန်မကို ပလေးဘွိုင်းမဂ္ဂဇင်းအတွက် ရိုက်ဖို့ လာကမ်းလှမ်းသေးတယ်။ ဒါပေမဲ့ သေသေချာချာတော့မဆုံးဖြတ်ရသေးဘူး"လို့ ရိုစီက သူမရဲ့ကျော်ကြားမှု ခြေလှမ်းအစကို ဖွင့်ဟတယ်။ ရိုစီ့ထက်အရင် Miss Bumbum ဆုရခဲ့သူတွေကတော့ မော်ဒယ်အဖြစ်လုပ်ကိုင်ရင်း ဝင်ငွေတွေ သန်းချီရကာ အောင်မြင်နေကြပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top