မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

# Zawgyi Version ဖြင့် ဖတ်ပါ #








Credit: Chelmo Team

# Unicode Version ဖြင့် ဖတ်ပါ #

လက်လေးကိုကြည့်ပြီး ကိုယ့်က ဘယ်လိုလူဖြစ်မလဲ ဆိုတာကို ကြည့်ကြရအောင်။ မိသားစု၊ သူငယ်ချင်းတွေနဲ့လည်း စမ်းကြည့်လိုက်ကြ ရအောင်လား။

လက်သည်းကြွယ်က လက်ညှိုးထက် ရှည်လျှင်၊ သင်ဟာ ပျော်ပျော်နေတတ်ပြီး လူချစ်လူခင် ပေါများသောသူ (A)

 အမြဲတမ်း သင့်ရဲ့ပတ်ဝန်းကျင်မှာ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများ ရှိပြီး လူချစ်လူခင်ပေါများ ပါလိမ့်မယ်။
ဒါပင်မဲ့ တခါတလေ အရိပ်အခြေကို မကြည့်တတ်လို့ အဆူခံရတတ်ပင်မဲ့လည်း သင်ကတော့ ရည်ရွယ်ပြီးလုပ်တဲ့ ကိစ္စတော့ မဟုတ်ပါ။
ပြသာနာကို ဖြေရှင်းရာတွင် ကျွမ်းကျင်ပြီး အင်ဂျင်နီယာ၊ ပညာရှင်တွေ ဖြစ်ပါလိမ့်မယ်။

လက်ခလယ်ပြီးလျှင် ဒုတိယအရှည်ဆုံးက လက်ညှိုးဖြစ်သောသူဟာ ၊ အမြဲတမ်း ယုံကြည်မှုအပြည့်ရှိပြီး လူအများ၏ အားကိုးလေးစားခြင်းကို ခံရသူ (B)

အမြဲတမ်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဘာအလုပ်မဆို နောက်လှည့်ကြည့်စရာမလို အားလုံးကို ပြီးမြောက်အောင်မြင်အောင် လုပ်ပေးသူ။
အများနဲ့ ပူးပေါင်းဆောင်ရွက် တာထက် တစ်ယောက်တည်း လုပ်ရတာကို သဘောကျသူ။
အလုပ်တွင် အာရုံစိုက်နေချိန်မှာ အနှောက်အယှက်ပေးလျှင် အလွန် စိတ်ဆိုးတတ်သူ။
သူရဲ့လုပ်ကိုင်ပုံအတိုင်း ခွင့်ပြုပေးထားလျှင် အားလုံး အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။
လက်ရှိအခြေအနေအပေါ်မှာ ကျေနပ်ခြင်းမရှိပဲ ဒီထက်ကောင်းအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ရှိသူ။

လက်သည်းကြွယ်နဲ့ လက်ညှိုးက အရွယ်တူနေလျှင်၊ ပြသာနာကိုမေ့ထားပြီး ငြိမ်းချမ်ရေးကို အလေးထားသူ (C)

လူအများကို တည့်အောင်ပေါင်းနိုင်ပြီး ရန်ဖြစ်ခြင်းကို မုန်းသောသူ။
တတ်နိုင်ရင် အေးအေးဆေးဆေးပဲ နေချင်တယ်။
ဒါပင်မဲ့ သူစိတ်တိုရင်တော့ ကြောက်စရာကောင်းတာကြောင့် သတိထားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Chelmo Team
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top