ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ေဆးေပါင္းခတဲ့ညေဖ်ာ္ ေျဖပြဲတြင္ ပါဝင္သည့္ အဆိုေတာ္ သံုးဦးက ၎တို႔အဖြဲ႕လိုက္သီဆို ထားသည့္ သီခ်င္းသစ္တစ္ပုဒ္ကို ေဖ်ာ္ေျဖေရးအစီအစဥ္ေနာက္ဆံုး ပိုင္းတြင္ သီဆိုေပးခဲ့သည္။

အဆိုပါေဖ်ာ္ေျဖပြဲတြင္ ေဇာ္ ဝင္းထြဋ္၊ R ဇာနည္ႏွင့္ ေဝလတို႔ ပါဝင္ၿပီး ႏိုဝင္ဘာ ၂ ရက္ညက ျပည္သူ႔ရင္ျပင္၌ ျပဳလုပ္ခဲ့သည္။

တီးဝိုင္းအဖြဲ႕အေနျဖင့္ အင္ ပါယာ၊ The Trees ႏွင့္ Runner တီးဝိုင္းအဖြဲ႕မ်ားပါဝင္ၿပီး   အဆုိ ေတာ္တစ္ဦးခ်င္းက တီးဝိုင္းတစ္ ဖြဲ႕စီျဖင့္ ေဖ်ာ္ေျဖေပးခဲ့သည္။

ေဖ်ာ္ေျဖေရးအစီအစဥ္၏ ေနာက္ဆံုးပိုင္းအစီအစဥ္တြင္ တီး ဝိုင္းအဖြဲ႕သံုးဖြဲ႕အတူတီးခတ္၍ Choir အဖြဲ႕ႏွင့္အတူ ေဆာင္းဦး လိႈင္ ေရးစပ္ေပးထားသည့္ ေကာင္းေသာ သတင္း ေကာင္း ေသာသီခ်င္းဆိုသည့္ သီခ်င္းသစ္ တစ္ပုဒ္ကို သီဆိုေပးခဲ့သည္။

‘‘ေဆာင္းဦးလိႈင္က ဒီသီခ်င္း ကို ဟိုးအေဝးႀကီးကေန မေလး ရွားက ကြၽန္းတစ္ကြၽန္းကေန ေရး ေပးတီးေပးၿပီး ပို႔ထားေပးတဲ့သီ ခ်င္းကို ၿပီးခဲ့တဲ့တစ္ပတ္က စတူ ဒီယုိထဲမွာ ပူပူေႏြးေႏြးဆိုထားခဲ့ပါ တယ္။ မၾကာခင္လည္း Single အျဖစ္နဲ႔ ၾကားရမွာပါ’’ဟု ေကာင္း ေသာသတင္း ေကာင္းေသာသီ ခ်င္းႏွင့္ပတ္သက္၍ ေဇာ္ဝင္းထြဋ္ က ေဖ်ာ္ေျဖပြဲတြင္ ေျပာၾကားခဲ့ သည္။

ထုိ႔ေနာက္ ေဆးေပါင္းခတဲ့ ည သီခ်င္းျဖင့္ ပြဲကို ႏႈတ္ဆက္ ရာ   ပြဲၿပီးခ်ိန္ေစာေသာေၾကာင့္ အခ်ိဳ႕ပရိသတ္မ်ားက အားမလို အားမရျဖစ္ခဲ့ၾကသည္။

ေဆးေပါင္းခတဲ့ညဟု အ မည္ေပးထားသည့္အတိုင္း ေဇာ္ ဝင္းထြဋ္၏ပရိသတ္အမ်ားစုလာ ေရာက္အားေပးခဲ့ၿပီး ယခင္ပြဲမ်ား၏ထံုးစံအတုိင္း ဝတ္စံုျပည့္ဝတ္၍ လာ ေရာက္အားေပးသည္။

ေဇာ္ဝင္းထြဋ္၏ေဖ်ာ္ေျဖမႈ အစီအစဥ္တြင္ အမာခံပရိသတ္ တစ္ဦးက စင္ေပၚသို႔တက္ခဲ့ေသာ ေၾကာင့္ အခ်င္းမ်ားမႈအနည္းငယ္ ရွိေသာ္လည္း ပြဲကို ထိန္းႏုိင္ခဲ့ သည္။

အဆိုပါ ေဖ်ာ္ေျဖပြဲတြင္ R ဇာနည္သီဆိုေနသည့္ အခ်ိန္က တည္းက ေဇာ္ဝင္းထြဋ္၏အမာခံ ပရိသတ္မ်ားက ေဇာ္ဝင္းထြဋ္၏ နာမည္ကို ရြတ္ဆို၍ အားေပးခဲ့ ၾကသည္။

ထို႔ျပင္ ေဇာ္ဝင္းထြဋ္က လည္း ေရာ့ခ္ကာဆိုသည္မွာ က တတ္ရန္မလိုဘဲ ေခါင္းလႈပ္တတ္ လွ်င္ အဆင္ေျပေၾကာင္း ေျပာ ၾကားသလို  ၎ကို ေပါင္ ၁၂၀ အခ်ိန္ကတည္းက ယခု ေပါင္ ၂၀၀ အထိ အားေပးေနသည့္ ပရိ သတ္မ်ားကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 ဆေးပေါင်းခတဲ့ညဖျော် ဖြေပွဲတွင် ပါဝင်သည့် အဆိုတော် သုံးဦးက ၎င်းတို့အဖွဲ့လိုက်သီဆို ထားသည့် သီချင်းသစ်တစ်ပုဒ်ကို ဖျော်ဖြေရေးအစီအစဉ်နောက်ဆုံး ပိုင်းတွင် သီဆိုပေးခဲ့သည်။


အဆိုပါဖျော်ဖြေပွဲတွင် ဇော် ဝင်းထွဋ်၊ R ဇာနည်နှင့် ဝေလတို့ ပါဝင်ပြီး နိုဝင်ဘာ ၂ ရက်ညက ပြည်သူ့ရင်ပြင်၌ ပြုလုပ်ခဲ့သည်။


တီးဝိုင်းအဖွဲ့အနေဖြင့် အင် ပါယာ၊ The Trees နှင့် Runner တီးဝိုင်းအဖွဲ့များပါဝင်ပြီး   အဆို တော်တစ်ဦးချင်းက တီးဝိုင်းတစ် ဖွဲ့စီဖြင့် ဖျော်ဖြေပေးခဲ့သည်။


ဖျော်ဖြေရေးအစီအစဉ်၏ နောက်ဆုံးပိုင်းအစီအစဉ်တွင် တီး ဝိုင်းအဖွဲ့သုံးဖွဲ့အတူတီးခတ်၍ Choir အဖွဲ့နှင့်အတူ ဆောင်းဦး လှိုင် ရေးစပ်ပေးထားသည့် ကောင်းသော သတင်း ကောင်း သောသီချင်းဆိုသည့် သီချင်းသစ် တစ်ပုဒ်ကို သီဆိုပေးခဲ့သည်။


‘‘ဆောင်းဦးလှိုင်က ဒီသီချင်း ကို ဟိုးအဝေးကြီးကနေ မလေး ရှားက ကျွန်းတစ်ကျွန်းကနေ ရေး ပေးတီးပေးပြီး ပို့ထားပေးတဲ့သီ ချင်းကို ပြီးခဲ့တဲ့တစ်ပတ်က စတူ ဒီယိုထဲမှာ ပူပူနွေးနွေးဆိုထားခဲ့ပါ တယ်။ မကြာခင်လည်း Single အဖြစ်နဲ့ ကြားရမှာပါ’’ဟု ကောင်း သောသတင်း ကောင်းသောသီ ချင်းနှင့်ပတ်သက်၍ ဇော်ဝင်းထွဋ် က ဖျော်ဖြေပွဲတွင် ပြောကြားခဲ့ သည်။


ထို့နောက် ဆေးပေါင်းခတဲ့ ည သီချင်းဖြင့် ပွဲကို နှုတ်ဆက် ရာ   ပွဲပြီးချိန်စောသောကြောင့် အချို့ပရိသတ်များက အားမလို အားမရဖြစ်ခဲ့ကြသည်။


ဆေးပေါင်းခတဲ့ညဟု အ မည်ပေးထားသည့်အတိုင်း ဇော် ဝင်းထွဋ်၏ပရိသတ်အများစုလာ ရောက်အားပေးခဲ့ပြီး ယခင်ပွဲများ၏ထုံးစံအတိုင်း ဝတ်စုံပြည့်ဝတ်၍ လာ ရောက်အားပေးသည်။


ဇော်ဝင်းထွဋ်၏ဖျော်ဖြေမှု အစီအစဉ်တွင် အမာခံပရိသတ် တစ်ဦးက စင်ပေါ်သို့တက်ခဲ့သော ကြောင့် အချင်းများမှုအနည်းငယ် ရှိသော်လည်း ပွဲကို ထိန်းနိုင်ခဲ့ သည်။


အဆိုပါ ဖျော်ဖြေပွဲတွင် R ဇာနည်သီဆိုနေသည့် အချိန်က တည်းက ဇော်ဝင်းထွဋ်၏အမာခံ ပရိသတ်များက ဇော်ဝင်းထွဋ်၏ နာမည်ကို ရွတ်ဆို၍ အားပေးခဲ့ ကြသည်။


ထို့ပြင် ဇော်ဝင်းထွဋ်က လည်း ရော့ခ်ကာဆိုသည်မှာ က တတ်ရန်မလိုဘဲ ခေါင်းလှုပ်တတ် လျှင် အဆင်ပြေကြောင်း ပြော ကြားသလို  ၎င်းကို ပေါင် ၁၂၀ အချိန်ကတည်းက ယခု ပေါင် ၂၀၀ အထိ အားပေးနေသည့် ပရိ သတ်များကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)

Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top