×

ပဲခူးၿမိဳ႕၊ ဥသာၿမိဳ႕သစ္ (၆)ရပ္ကြက္မွာ ႏိုဝင္ဘာ ၁၄ ရက္ေန႔မနက္ ပိုင္း က အသက္ ၄ ႏွစ္ ၄ လ အ႐ြယ္ ကေလးမတဦးကို ဓမၼတာနဲ႔ဆန႔္က်င္တဲ့ လိင္ေစာ္ကားမႈ က်ဴးလြန္သူ အသက္ ၅၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတဦးကို ဖမ္းဆီး အေရးယူထားတယ္လို႔ အမွတ္(၃) နယ္ေျမရဲစခန္းက နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေအာင္ႏိုင္ဝင္းက ေျပာပါတယ္။

ျဖစ္စဥ္မွာ ပဲခူးၿမိဳ႕ ဥသာၿမိဳ႕သစ္ (၆) ရပ္ကြက္၊ မင္းရဲေက်ာ္စြာလမ္းေန ေဒၚျမင့္ျမင့္သန္း(ခ) မပြင့္ ဟာ က်န္းမာေရးမေကာင္းတဲ့ ခင္ပြန္းျဖစ္သူနဲ႔ ၄ ႏွစ္ ၄လ အ႐ြယ္သမီးငယ္ တို႔ကို ေနအိမ္မွာ ထားခဲ့ၿပီး ရပ္ကြက္အတြင္း အဝတ္ေလွ်ာ္တဲ့ အလုပ္ဖို႔ ထြက္သြားခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္ ေန႔လယ္ ၁၂ နာရီမွာ အိမ္ျပန္လာခ်ိန္ သမီးျဖစ္သူကို မေတြ႕လို႔ လိုက္ရွာရာ တလမ္းတည္းေန ကိုေဇာ္လြင္ရဲ႕ ေနအိမ္ေရွ႕မွာ ေဆာ့ကစားေနတာကိုေတြတဲ့အတြက္ အိမ္ျပန္ေခၚလာခဲ့ၿပီး အိမ္ေရာက္ေတာ့ သမီးျဖစ္သူက မိန္းမကိုယ္က နာတယ္ေျပာလို႔ ေခ်ာ့ေမးရာ

လမ္းေပၚမွာေဆာ့ကစားေနခ်ိန္ တလမ္းတည္းေန အသက္ ၅၄ ႏွစ္အ႐ြယ္ ဦးဝင္းတင့္ ဆိုသူက မုန႔္ေကြၽးမယ္ေျပာၿပီး သူ႔အိမ္ကို ေခၚကာ ျခင္ေထာင္ထဲဆြဲေခၚ ေဘာင္းဘီခြၽတ္ၿပီး မိန္းမအဂၤါထဲကို လက္ညႇိဳးနဲ႔ထိုးသြင္းျပဳလုပ္တာေၾကာင့္ နာတာလို႔ ကေလးမေလးက ေျပာေၾကာင္း ရဲမွတ္တမ္းေတြ အရ သိရပါတယ္။

ပဲခူးၿမိဳ႕ အမွတ္(၃) နယ္ေျမရဲစခန္းက ဦးဝင္းတင္းကို ရာဇသက္ႀကီး ဥပေဒပုဒ္မ-၃၇၇ နဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
#Unicode Version#
ပဲခူးမြို့၊ ဥသာမြို့သစ် (၆)ရပ်ကွက်မှာ နိုဝင်ဘာ ၁၄ ရက်နေ့မနက် ပိုင်း က အသက် ၄ နှစ် ၄ လ အရွယ် ကလေးမတဦးကို ဓမ္မတာနဲ့ဆန့်ကျင်တဲ့ လိင်စော်ကားမှု ကျူးလွန်သူ အသက် ၅၄ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီး အရေးယူထားတယ်လို့ အမှတ်(၃) နယ်မြေရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်နိုင်ဝင်းက ပြောပါတယ်။

ဖြစ်စဉ်မှာ ပဲခူးမြို့ ဥသာမြို့သစ် (၆) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနေ ဒေါ်မြင့်မြင့်သန်း(ခ) မပွင့် ဟာ ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းဖြစ်သူနဲ့ ၄ နှစ် ၄လ အရွယ်သမီးငယ် တို့ကို နေအိမ်မှာ ထားခဲ့ပြီး ရပ်ကွက်အတွင်း အဝတ်လျှော်တဲ့ အလုပ်ဖို့ ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် နေ့လယ် ၁၂ နာရီမှာ အိမ်ပြန်လာချိန် သမီးဖြစ်သူကို မတွေ့လို့ လိုက်ရှာရာ တလမ်းတည်းနေ ကိုဇော်လွင်ရဲ့ နေအိမ်ရှေ့မှာ ဆော့ကစားနေတာကိုတွေတဲ့အတွက် အိမ်ပြန်ခေါ်လာခဲ့ပြီး အိမ်ရောက်တော့ သမီးဖြစ်သူက မိန်းမကိုယ်က နာတယ်ပြောလို့ ချော့မေးရာ

လမ်းပေါ်မှာဆော့ကစားနေချိန် တလမ်းတည်းနေ အသက် ၅၄ နှစ်အရွယ် ဦးဝင်းတင့် ဆိုသူက မုန့်ကျွေးမယ်ပြောပြီး သူ့အိမ်ကို ခေါ်ကာ ခြင်ထောင်ထဲဆွဲခေါ် ဘောင်းဘီချွတ်ပြီး မိန်းမအင်္ဂါထဲကို လက်ညှိုးနဲ့ထိုးသွင်းပြုလုပ်တာကြောင့် နာတာလို့ ကလေးမလေးက ပြောကြောင်း ရဲမှတ်တမ်းတွေ အရ သိရပါတယ်။

ပဲခူးမြို့ အမှတ်(၃) နယ်မြေရဲစခန်းက ဦးဝင်းတင်းကို ရာဇသက်ကြီး ဥပဒေပုဒ်မ-၃၇၇ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top