Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၀မ္းေျမာက္ဖြယ္သတင္းတစ္ပုဒ္အေနနဲ႔ ဖန္ခြက္ထဲေရထည့္ေသာက္ရံုနဲ႔ ၀ုိင္ အရက္အျဖစ္ အလိုအေလ်ာက္ေျပာင္းလဲေစေသာ နည္းပညာကုိ သိပၸံပညာရွင္မ်ားက ပုိင္ဆုိင္ခဲ့ၾကၿပီလို႔ သိရပါတယ္။
Vocktail လို႔ အမည္ေပးထားတဲ့ အဆိုပါခြက္တြင္းမွာ အရက္ဟာ ေကာ့ေတး+အတု (Virtual + Cocktail) ေကာ့ေတးတု လို႔ အဓိပၸာယ္ရပါတယ္။ဒီဖန္ခြက္ထဲ ေရထည့္ေသာက္သံုးျခင္းျဖင့္ ဒီဂ်စ္တယ္နည္းအရ အာရံုခံစားမႈမ်ားကုိ လႈံ႕ေဆာ္ေပးၿပီး အရသာ၊ အနံ႔နဲ႔ အေရာင္အဆင္းကုိ ေျပာင္းလဲေစကာ၊ သင့္ကုိ အရသာတုမ်ား ဖန္တီးေပးစြမ္းပါလိမ့္မယ္။အျခား အေဖ်ာ္ယမကာအရသာမ်ား ထည့္သြင္းေသာက္သံုးလွ်င္လည္း အရသာေျပာင္းလဲမႈကုိ ထူးကဲခံစားေစမွာျဖစ္လို႔ အခ်ိဳစားသံုးရန္ ေရွာင္ၾကဥ္ရသူမ်ားအတြက္ အထူးသင့္ေလွ်ာ္လွပါတယ္။

ဒီဖန္ခြက္စနစ္မွာ ဖန္သားအတြင္း 3D ပံုရိပ္ေဖာ္ျပတဲ့စနစ္ကုိ ျမွဳပ္ထည့္ထားၿပီး၊ အီလက္ထေရာနစ္ ထိန္းခ်ဳပ္ေရးေမာ္ဂ်ဴး တစ္လံုး၊ အနံ႔ေလွာင္ကန္ငယ္သံုးခု၊ အလြန္ေသးငယ္ေသာ ေလမႈတ္စက္သံုးလံုးကုိ တပ္ဆင္ထားပါတယ္။
ဒီစနစ္ဟာ မုိဘုိင္းဖုန္းနဲ႔ ခ်ိတ္ဆက္ၿပီး သံုးစြဲသူေတြကုိ ဘလူးတုသ္မွတစ္ဆင့္ ဘယ္လိုအရသာမ်ိဳးကုိ ဖန္တီးေစလိုသလည္း ဆိုတာကုိ ဆံုးျဖတ္ႏုိင္ေစေအာင္ ဖန္တီးထားပါတယ္။

ေသာက္သံုးသူက ဒီဖန္ခြက္ထဲ ေရထည့္လုိက္ခ်ိန္မွာ ဖန္သားျပင္ေပၚမွာ အရက္ရဲ႕ အေရာင္အဆင္းကုိ ပံုေဖာ္ေပးမွာျဖစ္ၿပီး၊ အီလက္ထေရာနစ္ လံႈ႕ေဆာ္မႈစနစ္က လွ်ာဖ်ားကုိ အရသာဖန္တီးေပးကာ၊ အနံ႔ေလွာင္ကန္ငယ္ေလးမ်ားမွ အနံ႔ကုိ ေသးငယ္တဲ့ ေလမႈတ္စက္ေလးေတြကေန မႈတ္ထုတ္ေပးမွာျဖစ္ၿပီး အရက္အရသာကုိ ရရွိခံစားေစမွာ ျဖစ္ပါတယ္။

ဒီစနစ္ရဲ႕ အားနည္းခ်က္ကေတာ့ ေရမွာပါ၀င္တဲ့ ပါ၀င္ပစၥည္းေတြကုိ အရက္သုိ႔ ေျပာင္းလဲလုိက္တာ မဟုတ္တာေၾကာင့္ ဘယ္ေလာက္ေသာက္ေသာက္ ေရမ်ားသာေသာက္မိမွာျဖစ္ကာ၊ ဘယ္ေသာအခါမွ မူးမွာမဟုတ္ဘူး ဆိုတာပါပဲ။

ဒီထုတ္ကုန္ကုိ အရက္ေသာက္ရန္ မျဖစ္ႏုိင္သူမ်ားအတြက္ အာသာေျပ အရက္အရသာကုိ ခံစားႏုိင္ေစရန္ ရည္ရြယ္ထုတ္လုပ္ထားၿပီး၊ နည္းပညာပုိင္းဆုိင္ရာ ဆက္လက္တုိးတက္မႈမ်ားရရွိေစရန္ ေဆာင္ရြက္ေနတယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: pthonlinemedia
#Unicode Version#


ဝမ်းမြောက်ဖွယ်သတင်းတစ်ပုဒ်အနေနဲ့ ဖန်ခွက်ထဲရေထည့်သောက်ရုံနဲ့ ဝိုင် အရက်အဖြစ် အလိုအလျောက်ပြောင်းလဲစေသော နည်းပညာကို သိပ္ပံပညာရှင်များက ပိုင်ဆိုင်ခဲ့ကြပြီလို့ သိရပါတယ်။
Vocktail လို့ အမည်ပေးထားတဲ့ အဆိုပါခွက်တွင်းမှာ အရက်ဟာ ကော့တေး+အတု (Virtual + Cocktail) ကော့တေးတု လို့ အဓိပ္ပာယ်ရပါတယ်။ဒီဖန်ခွက်ထဲ ရေထည့်သောက်သုံးခြင်းဖြင့် ဒီဂျစ်တယ်နည်းအရ အာရုံခံစားမှုများကို လှုံ့ဆော်ပေးပြီး အရသာ၊ အနံ့နဲ့ အရောင်အဆင်းကို ပြောင်းလဲစေကာ၊ သင့်ကို အရသာတုများ ဖန်တီးပေးစွမ်းပါလိမ့်မယ်။အခြား အဖျော်ယမကာအရသာများ ထည့်သွင်းသောက်သုံးလျှင်လည်း အရသာပြောင်းလဲမှုကို ထူးကဲခံစားစေမှာဖြစ်လို့ အချိုစားသုံးရန် ရှောင်ကြဉ်ရသူများအတွက် အထူးသင့်လျှော်လှပါတယ်။

ဒီဖန်ခွက်စနစ်မှာ ဖန်သားအတွင်း 3D ပုံရိပ်ဖော်ပြတဲ့စနစ်ကို မြှုပ်ထည့်ထားပြီး၊ အီလက်ထရောနစ် ထိန်းချုပ်ရေးမော်ဂျူး တစ်လုံး၊ အနံ့လှောင်ကန်ငယ်သုံးခု၊ အလွန်သေးငယ်သော လေမှုတ်စက်သုံးလုံးကို တပ်ဆင်ထားပါတယ်။
ဒီစနစ်ဟာ မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက်ပြီး သုံးစွဲသူတွေကို ဘလူးတုသ်မှတစ်ဆင့် ဘယ်လိုအရသာမျိုးကို ဖန်တီးစေလိုသလည်း ဆိုတာကို ဆုံးဖြတ်နိုင်စေအောင် ဖန်တီးထားပါတယ်။

သောက်သုံးသူက ဒီဖန်ခွက်ထဲ ရေထည့်လိုက်ချိန်မှာ ဖန်သားပြင်ပေါ်မှာ အရက်ရဲ့ အရောင်အဆင်းကို ပုံဖော်ပေးမှာဖြစ်ပြီး၊ အီလက်ထရောနစ် လှုံ့ဆော်မှုစနစ်က လျှာဖျားကို အရသာဖန်တီးပေးကာ၊ အနံ့လှောင်ကန်ငယ်လေးများမှ အနံ့ကို သေးငယ်တဲ့ လေမှုတ်စက်လေးတွေကနေ မှုတ်ထုတ်ပေးမှာဖြစ်ပြီး အရက်အရသာကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။

ဒီစနစ်ရဲ့ အားနည်းချက်ကတော့ ရေမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို အရက်သို့ ပြောင်းလဲလိုက်တာ မဟုတ်တာကြောင့် ဘယ်လောက်သောက်သောက် ရေများသာသောက်မိမှာဖြစ်ကာ၊ ဘယ်သောအခါမှ မူးမှာမဟုတ်ဘူး ဆိုတာပါပဲ။

ဒီထုတ်ကုန်ကို အရက်သောက်ရန် မဖြစ်နိုင်သူများအတွက် အာသာပြေ အရက်အရသာကို ခံစားနိုင်စေရန် ရည်ရွယ်ထုတ်လုပ်ထားပြီး၊ နည်းပညာပိုင်းဆိုင်ရာ ဆက်လက်တိုးတက်မှုများရရှိစေရန် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: pthonlinemedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top