Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စိတ္ဓာတ္ က် ေနသလား။ လူတုိင္းလိုလုိမွာ စိတ္ဓာတ္က်ျခင္း ျဖစ္ရတဲ့ အေျခခံ အေၾကာင္းရင္ေတြ ရိွတတ္ပါတယ္။ ဒါေပမယ့္ စိတ္ဓာတ္က် ေဝဒနာ အမ်ားစုဟာ ဘဝေနထိုင္မႈဟန္ပန္ ေျပာင္းလဲလိုက္႐ံုနဲ႔ သက္သာေလ်ာ့ပါး သြားတတ္ပါတယ္။ ဘဝမွာ တစ္ႀကိမ္တစ္ခါမွ စိတ္ဓာတ္ မက်ဖူးဘူး ဆိုတဲ့ လူအနည္းစု ေတာ့ရိွပါတယ္။ သူတို႔မွာ ခက္ခဲၾကမ္းတမ္းတဲ့ အခ်ိဳးအေကြ႕ မႀကံဳလာသမွ် ေလာကဓံ အေကာင္း၊ အဆိုးေတြကို ႀကံ႕ႀကံ႕ခံ ရင္ဆိုင္ႏိုင္တဲ့ နည္းလမ္းေတြ ရိွေနတာေၾကာင့္ပါ။

၁။ သင့္ကိုယ္သင္ အျပစ္မတင္ပါနဲ႔

စိတ္ဓာတ္က် ေဝဒနာကို အႏုိင္ယူႏိုင္တဲ့ အ႐ိုးရွင္းဆံုး၊ အေရးအပါဆံုးနဲ႔ ေစ်းအသက္သာဆံုး နည္းလမ္း တစ္ခုပါ။ စိတ္ဓာတ္က် ျခင္းမွာ ကိုယ့္ကုိယ္ကုိယ္ အျပစ္တင္လို စိတ္နဲ႔ မလံုၿခံဳတဲ့စိတ္ ေရာေႏွာ ပါဝင္ေန တတ္ပါတယ္။ စိတ္ဓာတ္က်ျခင္း ကင္းေဝး သူေတြမွာ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈနဲ႔ အားကိုးမႈ အျပည့္ရိွပါတယ္။ ကိစၥတစ္ခုခုမွာ အမွားလုပ္မိခဲ့တယ္ ဆိုရင္ေတာင္ ကိုယ့္ကိုယ္ကုိယ္ အျပစ္မတင္ဘဲ အမွားကေန သင္ခန္းစာ ယူႏိုင္ဖို႔သာ ႀကိဳးစားသင့္ပါတယ္။

၂။ ရင္ဖြင့္ေျပာဆိုပါ

စိတ္ဓာတ္က်ရတဲ့ အေၾကာင္းကို ပြင့္ပြင့္လင္းလင္း ေျပာႏိုင္ဖုိ႔ မလြယ္ပါဘူး။ ဒါေပမယ့္ စိတ္ဓာတ္က်ျခင္း အေၾကာင္း လူေတြကို ေျပာျပတာက လွ်ိဳ႕ဝွက္ၿပီး မ်ိဳသိပ္ ခံစားေနတာထက္ ပိုေကာင္းတာ ကေတာ့ အမွန္ပါပဲ။ ဒါေၾကာင့္ စိတ္ဓာတ္က် ေနခ်ိန္မွာ တစ္ေယာက္တည္း အထီးက်န္ မေနပါနဲ႔။ မိသားစုဝင္ေတြ၊ မိတ္ေဆြ သူငယ္ခ်င္းေတြနဲ႔ အဆင္မေျပရင္ေတာင္ စိတ္ပညာရွင္ တစ္ဦးနဲ႔ ေတြ႕ဆံုကာ ရင္ဖြင့္ ေျပာဆိုလုိက္ပါ။

၃။ ပံုမွန္ ကိုယ္လက္လႈပ္ရွားေပးပါ

စိတ္နဲ႔ ခႏၶာကိုယ္ က်န္းမာေရးဟာ ဆက္စပ္မႈ အမ်ားႀကီး ရိွပါတယ္။ စိတ္ဓာတ္ က်ခ်င္သလိုလို ျဖစ္လာရင္ ေျပးျခင္း၊ ဘတ္စကတ္ေဘာ ကစားျခင္းေတြလို ကိုယ္လက္ လႈပ္ရွား အားကစား လုပ္လိုက္ရင္ စိတ္ခံစားခ်က္ ေကာင္းမြန္ လာႏိုင္ပါတယ္။ မိနစ္ ၃၀ ေလာက္ အားကစား လုပ္လုိက္႐ံုနဲ႔ စိတ္ဓာတ္ က်ခ်င္တဲ့ လကၡဏေတြ ေလ်ာ့ပါးသြားၿပီး စိတ္ခြန္အားတက္ လာပါလိမ့္မယ္။ ေလ့လာမႈေတြအရ မိနစ္ ၃၀ၾကာ အားကစားျပဳလုပ္ၿပီးရင္ ၁၂ နာရီနဲ႔ အထက္အထိ စိတ္ခံစားမႈ ေကာင္းမြန္ ေနႏုိင္ေၾကာင္း သိရပါတယ္။

၄။ ဆံုးျဖတ္ခ်က္ခ်စရာ အေရးႀကီးကိစၥမ်ားကို ေရႊ႕ဆိုင္းပါ

စိတ္ဓာတ္က် ျခင္းဟာ အသိစိတ္ကုိ ေဝဝါးေစတဲ့ အတြက္ ဆံုးျဖတ္ခ်က္ ခ်ရာမွာ မွားယြင္းတာေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ စိတ္ခံစားမႈ ေကာင္းမြန္ လာေအာင္ ေစာင့္ၿပီးမွ အေရးႀကီး ကိစၥရပ္ေတြကို ဆံုးျဖတ္ခ်က္ ခ်မွတ္ပါ။ တကယ္လို႔ မျဖစ္မေန ဆံုးျဖတ္ခ်က္ခ် ရေတာ့မယ္ ဆိုရင္ မိသားစုဝင္ေတြ၊ သူငယ္ခ်င္းေတြ၊ လုပ္ေဖာ္ ကိုင္ဖက္ေတြ စတဲ့ ယံုၾကည္ အားကိုးရ သူေတြနဲ႔ တိုင္ပင္ၿပီးမွ ဆံုးျဖတ္ခ်က္ခ် သင့္ပါတယ္။

၅။ က်န္းမာေရးကို ဂ႐ုစိုက္ပါ

စိတ္ဓာတ္က် ေနရင္ က်န္းမာေရးကို ပိုဂ႐ုစိုက္ပါ။ စိတ္ဓာတ္က်ၿပီး ျဖစ္ခ်င္ရာျဖစ္ ဆိုကာ ေပေပေတေတ ေနလိုက္ရင္ က်န္းမာေရး ထိခိုက္ၿပီး ပိုမိုစိတ္ဓာတ္ က်ႏိုင္ပါတယ္။ စိတ္ဓာတ္က် ျခင္းနဲ႔ ဆီးခ်ိဳ ေသြးခ်ိဳေရာဂါ၊ ႏွလံုးေရာဂါစတဲ့ က်န္းမာေရး ျပႆနာေတြ အျပန္အလွန္ ဆက္စပ္မႈ ရိွေနပါတယ္။ ေလ့လာမႈအရ ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါရိွသူေတြ စိတ္ဓာတ္က် လြယ္ေၾကာင္း နဲ႔ ႏွလံုးေရာဂါ ရိွသူေတြ စိတ္ဓာတ္က်ရင္ ႏွလံုးေရာဂါထျခင္း အျဖစ္မ်ားေၾကာင္း သိရပါတယ္။

၆။ အရက္ႏွင့္ေဆးဝါး ေရွာင္ပါ

လူအမ်ားစုဟာ စိတ္ဓာတ္က်ေနရင္ ထြက္ေပါက္ အေနနဲ႔ အရက္ေသာက္ လိုက္တာမ်ိဳး၊ စိတ္က်ကုသေဆး ေသာက္လုိက္တာမ်ိဳး လုပ္တတ္ၾကပါတယ္။ အရက္ေသာက္တာနဲ႔ ကုိယ့္သေဘာနဲ႔ ကုိယ္ေဆးဝါး ေသာက္သံုး တာေတြဟာ စိတ္ဓာတ္က်ေဝဒနာကို ပိုမို ဆိုးရြားေစ ပါတယ္။ စိတ္ဓာတ္က် ေနခ်ိန္မွာ သာမန္ အခ်ိန္ေတြထက္ ကုိယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ ႏိုင္စြမ္းအား ေလ်ာ့နည္းတတ္တဲ့ အတြက္ အရက္စဲြတာနဲ႔ ေဆးစဲြတာေတြ ျဖစ္လြယ္ပါတယ္။

၇။ ေန႔စဥ္အလုပ္မ်ားကို ပံုမွန္ေဆာင္ရြက္ပါ

ေန႔စဥ္ လုပ္ရမယ့္ တာဝန္ ဝတၱရားေတြကို ပံုမွန္ လုပ္ေဆာင္တာဟာ စိတ္ဓာတ္ က်ျခင္းကို တြန္းလွန္ ေနသူေတြ အတြက္ အေရးႀကီးပါတယ္။ စိတ္ဓာတ္ က်ေနရင္ အိမ္ထဲမွာပဲ ေအာင္းမေနပါနဲ႔။ ေစ်းဝယ္ျခင္း၊ ဟင္းခ်က္ျခင္း၊ အိမ္သန္႔ရွင္းေရး လုပ္ျခင္း စတဲ့ အိမ္မႈ ကိစၥေတြကို လုပ္ေဆာင္ ေပးတာဟာ စိတ္သက္သာရာ ရေစၿပီး စိတ္ညစ္စရာေတြကို မေတြးေတာ မိေစေတာ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သုတကမၻာ
#Unicode Version#
စိတ်ဓာတ် ကျ နေသလား။ လူတိုင်းလိုလိုမှာ စိတ်ဓာတ်ကျခြင်း ဖြစ်ရတဲ့ အခြေခံ အကြောင်းရင်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျ ဝေဒနာ အများစုဟာ ဘဝနေထိုင်မှုဟန်ပန် ပြောင်းလဲလိုက်ရုံနဲ့ သက်သာလျော့ပါး သွားတတ်ပါတယ်။ ဘဝမှာ တစ်ကြိမ်တစ်ခါမှ စိတ်ဓာတ် မကျဖူးဘူး ဆိုတဲ့ လူအနည်းစု တော့ရှိပါတယ်။ သူတို့မှာ ခက်ခဲကြမ်းတမ်းတဲ့ အချိုးအကွေ့ မကြုံလာသမျှ လောကဓံ အကောင်း၊ အဆိုးတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တဲ့ နည်းလမ်းတွေ ရှိနေတာကြောင့်ပါ။

၁။ သင့်ကိုယ်သင် အပြစ်မတင်ပါနဲ့

စိတ်ဓာတ်ကျ ဝေဒနာကို အနိုင်ယူနိုင်တဲ့ အရိုးရှင်းဆုံး၊ အရေးအပါဆုံးနဲ့ ဈေးအသက်သာဆုံး နည်းလမ်း တစ်ခုပါ။ စိတ်ဓာတ်ကျ ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို စိတ်နဲ့ မလုံခြုံတဲ့စိတ် ရောနှော ပါဝင်နေ တတ်ပါတယ်။ စိတ်ဓာတ်ကျခြင်း ကင်းဝေး သူတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ အားကိုးမှု အပြည့်ရှိပါတယ်။ ကိစ္စတစ်ခုခုမှာ အမှားလုပ်မိခဲ့တယ် ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ အမှားကနေ သင်ခန်းစာ ယူနိုင်ဖို့သာ ကြိုးစားသင့်ပါတယ်။

၂။ ရင်ဖွင့်ပြောဆိုပါ

စိတ်ဓာတ်ကျရတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် စိတ်ဓာတ်ကျခြင်း အကြောင်း လူတွေကို ပြောပြတာက လျှို့ဝှက်ပြီး မျိုသိပ် ခံစားနေတာထက် ပိုကောင်းတာ ကတော့ အမှန်ပါပဲ။ ဒါကြောင့် စိတ်ဓာတ်ကျ နေချိန်မှာ တစ်ယောက်တည်း အထီးကျန် မနေပါနဲ့။ မိသားစုဝင်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အဆင်မပြေရင်တောင် စိတ်ပညာရှင် တစ်ဦးနဲ့ တွေ့ဆုံကာ ရင်ဖွင့် ပြောဆိုလိုက်ပါ။

၃။ ပုံမှန် ကိုယ်လက်လှုပ်ရှားပေးပါ

စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးဟာ ဆက်စပ်မှု အများကြီး ရှိပါတယ်။ စိတ်ဓာတ် ကျချင်သလိုလို ဖြစ်လာရင် ပြေးခြင်း၊ ဘတ်စကတ်ဘော ကစားခြင်းတွေလို ကိုယ်လက် လှုပ်ရှား အားကစား လုပ်လိုက်ရင် စိတ်ခံစားချက် ကောင်းမွန် လာနိုင်ပါတယ်။ မိနစ် ၃၀ လောက် အားကစား လုပ်လိုက်ရုံနဲ့ စိတ်ဓာတ် ကျချင်တဲ့ လက္ခဏတွေ လျော့ပါးသွားပြီး စိတ်ခွန်အားတက် လာပါလိမ့်မယ်။ လေ့လာမှုတွေအရ မိနစ် ၃၀ကြာ အားကစားပြုလုပ်ပြီးရင် ၁၂ နာရီနဲ့ အထက်အထိ စိတ်ခံစားမှု ကောင်းမွန် နေနိုင်ကြောင်း သိရပါတယ်။

၄။ ဆုံးဖြတ်ချက်ချစရာ အရေးကြီးကိစ္စများကို ရွှေ့ဆိုင်းပါ

စိတ်ဓာတ်ကျ ခြင်းဟာ အသိစိတ်ကို ဝေဝါးစေတဲ့ အတွက် ဆုံးဖြတ်ချက် ချရာမှာ မှားယွင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ခံစားမှု ကောင်းမွန် လာအောင် စောင့်ပြီးမှ အရေးကြီး ကိစ္စရပ်တွေကို ဆုံးဖြတ်ချက် ချမှတ်ပါ။ တကယ်လို့ မဖြစ်မနေ ဆုံးဖြတ်ချက်ချ ရတော့မယ် ဆိုရင် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ စတဲ့ ယုံကြည် အားကိုးရ သူတွေနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချ သင့်ပါတယ်။

၅။ ကျန်းမာရေးကို ဂရုစိုက်ပါ

စိတ်ဓာတ်ကျ နေရင် ကျန်းမာရေးကို ပိုဂရုစိုက်ပါ။ စိတ်ဓာတ်ကျပြီး ဖြစ်ချင်ရာဖြစ် ဆိုကာ ပေပေတေတေ နေလိုက်ရင် ကျန်းမာရေး ထိခိုက်ပြီး ပိုမိုစိတ်ဓာတ် ကျနိုင်ပါတယ်။ စိတ်ဓာတ်ကျ ခြင်းနဲ့ ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါစတဲ့ ကျန်းမာရေး ပြဿနာတွေ အပြန်အလှန် ဆက်စပ်မှု ရှိနေပါတယ်။ လေ့လာမှုအရ ဆီးချို သွေးချို ရောဂါရှိသူတွေ စိတ်ဓာတ်ကျ လွယ်ကြောင်း နဲ့ နှလုံးရောဂါ ရှိသူတွေ စိတ်ဓာတ်ကျရင် နှလုံးရောဂါထခြင်း အဖြစ်များကြောင်း သိရပါတယ်။

၆။ အရက်နှင့်ဆေးဝါး ရှောင်ပါ

လူအများစုဟာ စိတ်ဓာတ်ကျနေရင် ထွက်ပေါက် အနေနဲ့ အရက်သောက် လိုက်တာမျိုး၊ စိတ်ကျကုသဆေး သောက်လိုက်တာမျိုး လုပ်တတ်ကြပါတယ်။ အရက်သောက်တာနဲ့ ကိုယ့်သဘောနဲ့ ကိုယ်ဆေးဝါး သောက်သုံး တာတွေဟာ စိတ်ဓာတ်ကျဝေဒနာကို ပိုမို ဆိုးရွားစေ ပါတယ်။ စိတ်ဓာတ်ကျ နေချိန်မှာ သာမန် အချိန်တွေထက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် နိုင်စွမ်းအား လျော့နည်းတတ်တဲ့ အတွက် အရက်စွဲတာနဲ့ ဆေးစွဲတာတွေ ဖြစ်လွယ်ပါတယ်။

၇။ နေ့စဉ်အလုပ်များကို ပုံမှန်ဆောင်ရွက်ပါ

နေ့စဉ် လုပ်ရမယ့် တာဝန် ဝတ္တရားတွေကို ပုံမှန် လုပ်ဆောင်တာဟာ စိတ်ဓာတ် ကျခြင်းကို တွန်းလှန် နေသူတွေ အတွက် အရေးကြီးပါတယ်။ စိတ်ဓာတ် ကျနေရင် အိမ်ထဲမှာပဲ အောင်းမနေပါနဲ့။ ဈေးဝယ်ခြင်း၊ ဟင်းချက်ခြင်း၊ အိမ်သန့်ရှင်းရေး လုပ်ခြင်း စတဲ့ အိမ်မှု ကိစ္စတွေကို လုပ်ဆောင် ပေးတာဟာ စိတ်သက်သာရာ ရစေပြီး စိတ်ညစ်စရာတွေကို မတွေးတော မိစေတော့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: သုတကမ္ဘာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top