ဆရာ ကြၽန္ေတာ္မွာျဖစ္ေနတာက လိင္ ဆက္ဆံျပးီအၿကိမ္အေရ အတြက္မ်ားရင္ လိင္တံထိပ္ကေန အဖုေသးေသးေလးေတြ အမ်ားႀကီးေပါက္တတ္တာခင္ဗ် ဘာ့ေၾကာင့္ျဖစ္တာရယ္ ဘာေဆးေသာက္ရမယ္ဆိုတာကိုသိခ်င္လို႔ပါခင္ဗ် အမွားပါ င္ ခြင့္လြတ္ပါခင္ဗ်

လိင္လမ္းေၾကာင္းေရာဂါေတြက အမ်ားၾကီးရိ္ွတယ္။ အဖုေခါင္းစဥ္ေအာက္မွာပဲ ေရာဂါေတြ မနည္းဘူး။

ဘာေတြျဖစ္နိုင္လဲ
(၁)Pearly penile papules
ေခါင္းထိပ္ပတ္လည္မွာ အျဖဴဖုေသးေသးေလးေတြ ျဖစ္တယ္။ အတန္းလိုက္ရွိတယ္။ တခ်ိဳ့မွာ ပုံမွန္အားျဖင့္ကို ရွိတယ္။ေရာဂါမဟုတ္၊သူမ်ားကို မကူးဘူး။ ကုသဖို႕လည္း မလိုဘူး။

(၂)Fordyce spots
လိင္တံတေလ်ာက္ျဖဴဝါဖုေလးေတြျဖစ္တယ္။ တကယ္ေတာ့ အဆီဂလင္းေၾကာင့္ပါ။ ပါးေစာင္မွာလည္း ေတြ့တတ္တယ္။ဒုကၡမေပး၊ကုဖို႕မလိုဘူး။

(၃)Lymphocele
လိင္ဆက္ဆံျပီးရင္ လိင္တံတေလ်ာက္ ခပ္မာမာဖုေလးေတြ႕မယ္။ ျပန္ရည္ေၾကာ ယာယီ ပိတိလို့ ျဖစ္တယ္။ ျပန္ရည္ေၾကာက ခုခံအားစနစ္ပဲ။ ေပၚျပီး ျပန္ေပ်ာက္သြားလို႕ ကုသဖို႕ေတာင္ မလိုဘူး။ သူ႕ဘာသာေပ်ာက္ရင္ Lymphocele ျဖစ္နိုင္တယ္။ စိတ္ေသာက မေရာက္ပါနဲ႕။ ဒုကၡမေပးဘူး။

(၄)Lichen planus
ယားတဲ့အဖုေလးေတြေတြ႕ရင္ ဒီဟာျဖစ္နိုင္တယ္။ ျဖစ္တာ ၾကာတယ္။ ကူးစက္ေရာဂါေတာ့ မဟုတ္ဘူး။ တျခားမွာလည္း ျဖစ္နို္ငတယ္။

(၅)Genital warts
လိင္လမ္းၾကြက္နို႕ဆိုတာ ေသးတဲ့ ခပ္ညိုညိုအရည္ျကည္ဖုျဖစ္တယ္။ ကူးစက္ေရာဂါျဖစ္ပါတယ္။လိင္အျပင္၊အတြင္း ေနရာစံုေတြ့နိုင္တယ္။ HPV ဗိုင္းရပ္စ္ေၾကာင့္ျဖစ္နိုင္တယ္။ ခြဲစိတ္တာ၊လိမ္းေဆးေပးတာလိုတယ္။

၆)Sores or ulcers
လိင္လမ္းမွာ ေရယုန္၊တျခားဗိုင္းရပ္၊ဗကိတီးရီးယားေတြက အနာျဖစ္တတ္တယ္။ ဆစ္ဖလစ္ေၾကာင့္ဆိုရင္ အနာေတာ့ရွိမယ္၊နာမွာေတာ့ မဟုတ္ဘူး။ ဆရာဝန္ျပျပီးလိုအပ္တဲ့ ပိုးသတ္ေဆးေပးရင္ေပ်ာက္ပါတယ္။

(၇)Peyronie’s disease
လိင္တံအေျခမွာ ခပ္မာမာအေရျပားက စြဲထားသလိုျဖစ္လို႕ ေကာက္သလိုျဖစ္ေနမယ္။ တကယ္ကအေရျပားအေျခက fibrosis ေၾကာင့္ရံႈ႕သြားတယ္။ သိပ္ဆိုးရငိ ကုရမယ္။

(၈)Molluscum contagiosum
ဗိုင္းရပ္စ္ပိုတမ်ိဳး ေၾကာင့္ျဖစ္တယ္။ ခပ္ေသးေသး အဖုေသးေတြ အစုလိုက္ေတြ႕ရင္ ဒီေရာဂါျဖစ္နိုင္တယ္။ ေပါင္ျခံနဲ႕ လိင္မွာ ေတြ႕တယ္။

Cancer of the penis
ဒီကင္ဆာက အျဖစ္နည္းတယ္။ အနာ(သို့)အဖုအခဲက ေခါ္င္းေနရာက ျဖစ္တယ္။ အထူးကုနဲ႕ စနစ္တက်ကုဖို႕ လိုတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာေအးမင္းထူး
#Unicode Version#


ဆရာ ကျွန်တော်မှာဖြစ်နေတာက လိင် ဆက်ဆံပြးီအကြိမ်အရေ အတွက်များရင် လိင်တံထိပ်ကနေ အဖုသေးသေးလေးတွေ အများကြီးပေါက်တတ်တာခင်ဗျ ဘာ့ကြောင့်ဖြစ်တာရယ် ဘာဆေးသောက်ရမယ်ဆိုတာကိုသိချင်လို့ပါခင်ဗျ အမှားပါ င် ခွင့်လွတ်ပါခင်ဗျ

လိင်လမ်းကြောင်းရောဂါတွေက အများကြီးရိှတယ်။ အဖုခေါင်းစဉ်အောက်မှာပဲ ရောဂါတွေ မနည်းဘူး။

ဘာတွေဖြစ်နိုင်လဲ
(၁)Pearly penile papules
ခေါင်းထိပ်ပတ်လည်မှာ အဖြူဖုသေးသေးလေးတွေ ဖြစ်တယ်။ အတန်းလိုက်ရှိတယ်။ တချို့မှာ ပုံမှန်အားဖြင့်ကို ရှိတယ်။ရောဂါမဟုတ်၊သူများကို မကူးဘူး။ ကုသဖို့လည်း မလိုဘူး။

(၂)Fordyce spots
လိင်တံတလျောက်ဖြူဝါဖုလေးတွေဖြစ်တယ်။ တကယ်တော့ အဆီဂလင်းကြောင့်ပါ။ ပါးစောင်မှာလည်း တွေ့တတ်တယ်။ဒုက္ခမပေး၊ကုဖို့မလိုဘူး။

(၃)Lymphocele
လိင်ဆက်ဆံပြီးရင် လိင်တံတလျောက် ခပ်မာမာဖုလေးတွေ့မယ်။ ပြန်ရည်ကြော ယာယီ ပိတိလို့ ဖြစ်တယ်။ ပြန်ရည်ကြောက ခုခံအားစနစ်ပဲ။ ပေါ်ပြီး ပြန်ပျောက်သွားလို့ ကုသဖို့တောင် မလိုဘူး။ သူ့ဘာသာပျောက်ရင် Lymphocele ဖြစ်နိုင်တယ်။ စိတ်သောက မရောက်ပါနဲ့။ ဒုက္ခမပေးဘူး။

(၄)Lichen planus
ယားတဲ့အဖုလေးတွေတွေ့ရင် ဒီဟာဖြစ်နိုင်တယ်။ ဖြစ်တာ ကြာတယ်။ ကူးစက်ရောဂါတော့ မဟုတ်ဘူး။ တခြားမှာလည်း ဖြစ်နိုငတယ်။

(၅)Genital warts
လိင်လမ်းကြွက်နို့ဆိုတာ သေးတဲ့ ခပ်ညိုညိုအရည်ကြည်ဖုဖြစ်တယ်။ ကူးစက်ရောဂါဖြစ်ပါတယ်။လိင်အပြင်၊အတွင်း နေရာစုံတွေ့နိုင်တယ်။ HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်နိုင်တယ်။ ခွဲစိတ်တာ၊လိမ်းဆေးပေးတာလိုတယ်။

၆)Sores or ulcers
လိင်လမ်းမှာ ရေယုန်၊တခြားဗိုင်းရပ်၊ဗကိတီးရီးယားတွေက အနာဖြစ်တတ်တယ်။ ဆစ်ဖလစ်ကြောင့်ဆိုရင် အနာတော့ရှိမယ်၊နာမှာတော့ မဟုတ်ဘူး။ ဆရာဝန်ပြပြီးလိုအပ်တဲ့ ပိုးသတ်ဆေးပေးရင်ပျောက်ပါတယ်။

(၇)Peyronie’s disease
လိင်တံအခြေမှာ ခပ်မာမာအရေပြားက စွဲထားသလိုဖြစ်လို့ ကောက်သလိုဖြစ်နေမယ်။ တကယ်ကအရေပြားအခြေက fibrosis ကြောင့်ရှုံ့သွားတယ်။ သိပ်ဆိုးရငိ ကုရမယ်။

(၈)Molluscum contagiosum
ဗိုင်းရပ်စ်ပိုတမျိုး ကြောင့်ဖြစ်တယ်။ ခပ်သေးသေး အဖုသေးတွေ အစုလိုက်တွေ့ရင် ဒီရောဂါဖြစ်နိုင်တယ်။ ပေါင်ခြံနဲ့ လိင်မှာ တွေ့တယ်။

Cancer of the penis
ဒီကင်ဆာက အဖြစ်နည်းတယ်။ အနာ(သို့)အဖုအခဲက ခေါ်င်းနေရာက ဖြစ်တယ်။ အထူးကုနဲ့ စနစ်တကျကုဖို့ လိုတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာအေးမင်းထူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top