Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဒီဝါသနာေတြဟာ ကိုယ့္ရဲ႕ IQ ကို တိုးလာေစမယ္လို႔ သိပၸံပညာ႐ွင္ေတြက ေျပာပါတယ္။

ရာစုႏွစ္ေပါင္းမ်ားစြာ ကုန္သြားတဲ့တုိင္ေအာင္ ေမြးရာပါ ပါရမီကသာ ဘုရားေပးတဲ့လက္ေဆာင္လို႔ လူသားေတြက ယံုၾကည္ေနခဲ့ၾကတယ္။ ေမြးရာပါ IQ ျမင့္တာမ်ိဳး၊ အသံေကာင္းတာ၊ ႐ုပ္ေခ်ာတာ စတာေတြေပါ့။ ဒီေန႔ေခတ္မွာဆုိရင္ တိရစၦာန္ေတြရဲ႕ IQ ကိုလည္း တြက္လို႔ရေနၿပီေလ။ သိပၸံနည္းက် တြက္ခ်က္ေလ့လာမႈအရဆုိရင္ ေမြးရာပါ အရည္အေသြးေတြတင္မဟုတ္ဘဲ ကိုယ့္ရဲ႕ဝါသနာေတြကလည္း ကိုယ့္ကိုထက္ျမက္ေစတယ္လို႔ ဆိုပါတယ္။ အထူးသျဖင့္ေတာ့ ဒီဝါသနာေတြဟာ ကိုယ့္ရဲ႕ IQ ကို တိုးလာေစမယ္လို႔ သိပၸံပညာ႐ွင္ေတြက ေျပာပါတယ္။

၁။ ဂီတတူရိယာတီးခတ္ျခင္း

ဂီတ တူရိယာတစ္ခုကို ပံုမွန္ တီးခတ္ျခင္းဟာ ဦးေႏွာက္ရဲ႕ ပံုစံနဲ႔ စြမ္းအားကို ေျပာင္းလဲေစတယ္လို႔ သုေတသနတစ္ခုက ဆုိဖူးပါတယ္။ ထိုးထြင္းသိျမင္ႏိုင္စြမ္းရည္ကို တုိးတက္ေအာင္ ကုသတဲ့နည္းမွာလည္း အသံုးဝင္ပါတယ္။ မွတ္သားႏိုင္စြမ္းရည္နဲ႔ ဦးေႏွာက္ရဲ႕လုပ္ေဆာင္ခ်က္ေတြအတြက္ ေကာင္းက်ိဳးျဖစ္ေစတဲ့ ဝါသနာ ျဖစ္ပါတယ္။

၂။ စာဖတ္ျခင္း

ေအာင္ျမင္သူေတြတုိင္းဟာ စာမ်ားမ်ားဖတ္ၾကသူေတြ ျဖစ္ေနတတ္ၾကတယ္။ ဘာစာကိုပဲဖတ္ဖတ္ စာဖတ္တဲ့ ဝါသနာ႐ွိေနတာ အရမ္းေကာင္းပါတယ္။ အာ႐ံုေၾကာေတြကို တည္ၿငိမ္ေစၿပီး စိတ္ကိုေအးခ်မ္းေစပါတယ္။

၃။ ေလ့က်င့္ခန္းလုပ္ျခင္း

ကာယေလ့က်င့္ခန္းေတြ လုပ္တာက ကိုယ္ခႏၶာကိုယ္ က်န္းမာၾကံ႕ခိုင္ေစတယ္။ ပိုလွလာေစတယ္။ ဒါတင္မကဘူး ဦးေႏွာက္ကိုပါ ေကာင္းက်ိဳးျဖစ္ေစပါတယ္။ တစ္ေန႔ကို ၁၅ မိနစ္ေလာက္ ပံုမွန္ ေလ့က်င့္ခန္းလုပ္ရံုနဲ႔တင္ အက်ိဳးထူးတယ္။

၄။ ဘာသာစကားအသစ္တစ္ခုကို သင္ယူျခင္း

ပေဟဠိေတြ စကားထာေတြနဲ႔ အခ်ိန္ကုန္မယ့္အစား ဘာသာစကားအသစ္တစ္ခုကို ကိုယ့္ဘာသာ ေလ့လာသင္ယူၾကည့္ပါလား။ ဘာသာစကားတစ္မ်ိဳးထက္ ပိုၿပီး ေျပာႏိုင္တဲ့သူဟာ ဘာသာစကားတစ္မ်ိဳးတည္းသာ ေျပာတတ္သူနဲ႔ယွဥ္ရင္ ပေဟဠိေတြကို ကိုင္တြယ္တဲ့အခါ ပိုၿပီးေတာ္တယ္လို႔ ေလ့လာမႈတစ္ခုက ဆုိပါတယ္။ အလုပ္ေလွ်ာက္လႊာေရးရင္လည္း အသံုးဝင္တယ္ေလ။

၅။ ဦးေႏွာက္ေလ့က်င့္ခန္း

ေခါင္းစားရတဲ့ အလုပ္ေလးေတြ လုပ္ရတာ ႀကိဳက္လား။ စစ္တုရင္ထိုးတာ၊ စကားထာ႐ွင္းတာေတြက ဦးေႏွာက္နဲ႔ အာ႐ံုေၾကာေတြကို ပိုမိုေကာင္းမြန္လာေစပါတယ္။

၆။ တရားထိုင္ျခင္း

Wall Street Journal မွာ ေဖာ္ျပဖူးတဲ့ “Proceedings of the National Academy of Sciences" ေဆာင္းပါးမွာ တရားထုိင္ျခင္းအေပၚ စမ္းသပ္ေတြ႕ရွိတဲ့ရလဒ္ေတြကို ေဖာ္ျပခဲ့ဖူးပါတယ္။ တရားထိုင္ေနစဥ္မွာ စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ကိုင္တြယ္ႏိုင္တာ ေတြ႔ခဲ့ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဒီဝါသနာတွေဟာ ကိုယ့်ရဲ့ IQ ကို တိုးလာစေမယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ရာစုနှစ်ပေါင်းများစွာ ကုန်သွားတဲ့တိုင်အောင် မွေးရာပါ ပါရမီကသာ ဘုရားပေးတဲ့လက်ဆောင်လို့ လူသားတွေက ယုံကြည်နေခဲ့ကြတယ်။ မွေးရာပါ IQ မြင့်တာမျိုး၊ အသံကောင်းတာ၊ ရုပ်ချောတာ စတာတွေပေါ့။ ဒီနေ့ခေတ်မှာဆိုရင် တိရစ္ဆာန်တွေရဲ့ IQ ကိုလည်း တွက်လို့ရနေပြီလေ။ သိပ္ပံနည်းကျ တွက်ချက်လေ့လာမှုအရဆိုရင် မွေးရာပါ အရည်အသွေးတွေတင်မဟုတ်ဘဲ ကိုယ့်ရဲ့ဝါသနာတွေကလည်း ကိုယ့်ကိုထက်မြက်စေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ဒီဝါသနာတွေဟာ ကိုယ့်ရဲ့ IQ ကို တိုးလာစေမယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

၁။ ဂီတတူရိယာတီးခတ်ခြင်း

ဂီတ တူရိယာတစ်ခုကို ပုံမှန် တီးခတ်ခြင်းဟာ ဦးနှောက်ရဲ့ ပုံစံနဲ့ စွမ်းအားကို ပြောင်းလဲစေတယ်လို့ သုတေသနတစ်ခုက ဆိုဖူးပါတယ်။ ထိုးထွင်းသိမြင်နိုင်စွမ်းရည်ကို တိုးတက်အောင် ကုသတဲ့နည်းမှာလည်း အသုံးဝင်ပါတယ်။ မှတ်သားနိုင်စွမ်းရည်နဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေအတွက် ကောင်းကျိုးဖြစ်စေတဲ့ ဝါသနာ ဖြစ်ပါတယ်။

၂။ စာဖတ်ခြင်း

အောင်မြင်သူတွေတိုင်းဟာ စာများများဖတ်ကြသူတွေ ဖြစ်နေတတ်ကြတယ်။ ဘာစာကိုပဲဖတ်ဖတ် စာဖတ်တဲ့ ဝါသနာရှိနေတာ အရမ်းကောင်းပါတယ်။ အာရုံကြောတွေကို တည်ငြိမ်စေပြီး စိတ်ကိုအေးချမ်းစေပါတယ်။

၃။ လေ့ကျင့်ခန်းလုပ်ခြင်း

ကာယလေ့ကျင့်ခန်းတွေ လုပ်တာက ကိုယ်ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေတယ်။ ပိုလှလာစေတယ်။ ဒါတင်မကဘူး ဦးနှောက်ကိုပါ ကောင်းကျိုးဖြစ်စေပါတယ်။ တစ်နေ့ကို ၁၅ မိနစ်လောက် ပုံမှန် လေ့ကျင့်ခန်းလုပ်ရုံနဲ့တင် အကျိုးထူးတယ်။

၄။ ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်း

ပဟေဠိတွေ စကားထာတွေနဲ့ အချိန်ကုန်မယ့်အစား ဘာသာစကားအသစ်တစ်ခုကို ကိုယ့်ဘာသာ လေ့လာသင်ယူကြည့်ပါလား။ ဘာသာစကားတစ်မျိုးထက် ပိုပြီး ပြောနိုင်တဲ့သူဟာ ဘာသာစကားတစ်မျိုးတည်းသာ ပြောတတ်သူနဲ့ယှဉ်ရင် ပဟေဠိတွေကို ကိုင်တွယ်တဲ့အခါ ပိုပြီးတော်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ အလုပ်လျှောက်လွှာရေးရင်လည်း အသုံးဝင်တယ်လေ။

၅။ ဦးနှောက်လေ့ကျင့်ခန်း

ခေါင်းစားရတဲ့ အလုပ်လေးတွေ လုပ်ရတာ ကြိုက်လား။ စစ်တုရင်ထိုးတာ၊ စကားထာရှင်းတာတွေက ဦးနှောက်နဲ့ အာရုံကြောတွေကို ပိုမိုကောင်းမွန်လာစေပါတယ်။

၆။ တရားထိုင်ခြင်း

Wall Street Journal မှာ ဖော်ပြဖူးတဲ့ “Proceedings of the National Academy of Sciences" ဆောင်းပါးမှာ တရားထိုင်ခြင်းအပေါ် စမ်းသပ်တွေ့ရှိတဲ့ရလဒ်တွေကို ဖော်ပြခဲ့ဖူးပါတယ်။ တရားထိုင်နေစဉ်မှာ စိတ်ခံစားချက်တွေကို ထိန်းချုပ်ကိုင်တွယ်နိုင်တာ တွေ့ခဲ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top