Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရန္ကုန္ဘူတာႀကီး အဆင့္ျမႇင္တင္ရန္ တင္ဒါေခၚကာ ေရြးခ်ယ္စိစစ္ေနၿပီး ေရြးခ်ယ္ခံရ သည့္ ကုမၸဏီမ်ားကို ဒီဇင္ဘာ တြင္ တရားဝင္ေၾကညာမည္ျဖစ္ ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္ သြယ္ေရးဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ဦးေက်ာ္မ်ဳိးက ေျပာ သည္။

ယခင္အစိုးရလက္ထက္က ရန္ကုန္ဘူတာႀကီး အဆင့္ျမႇင့္ တင္ရန္ ျပည္တြင္း၊ ျပည္ပကုမၸဏီ မ်ားကို တင္ဒါေခၚယူရာ စည္း မ်ဥ္းစည္းကမ္း ကိုက္ညီမႈမရွိ၍ တင္ဒါေခၚယူမႈ ရပ္တန္႔ခဲ့သည္။

ၿပီးခဲ့သည့္အစိုးရလက္ထက္ က ရန္ကုန္ဘူတာႀကီးပိုင္ ေျမ ၆၂ ဧကေပၚတြင္ အဆင့္ျမင့္စီးပြား ေရးဆုိင္ရာ အေဆာက္အအံုမ်ား၊ အပန္းေျဖေနရာမ်ား၊ ဟိုတယ္ မ်ားေဆာက္လုပ္ရန္ ျမန္မာ့မီး ရထားက ဖိတ္ေခၚခဲ့ရာ ျပည္တြင္း ကုမၸဏီမ်ားအပါအဝင္ မေလး ရွား၊ အီတလီ၊ ကိုရီးယား၊ ကာ တာ၊ ျပင္သစ္၊ ဂ်ပန္၊ စင္ကာပူ၊ ကေနဒါႏွင့္ ဗီယက္နမ္တို႔က ကနဦး ကမ္းလွမ္းခဲ့သည္။

သို႔ေသာ္ တင္ဒါတင္သြင္း သည့္ ကုမၸဏီမ်ား၏ အဆုိျပဳ လႊာမ်ားကို စိစစ္ခဲ့ရာ စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္ ကိုက္ညီမႈမရွိ၍ တင္ဒါေအာင္ျမင္ေသာ ကုမၸဏီ မရွိဟု ယခင္အစိုးရက သတ္မွတ္ ခဲ့သည္။

‘‘အရင္အစိုးရလက္ထက္က လုပ္ခဲ့တဲ့ တင္ဒါက ေခၚၿပီးၿပီ။ ေရြးဖို႔အတြက္ စိစစ္ေနတယ္။ အဲဒါၿပီးရင္ေတာ့ ေနာက္လ ေလာက္ကို တရားဝင္ေၾကညာ ေပးမွာပါ။ အရင္အစိုးရလက္ ထက္က လုပ္ခဲ့တဲ့ ေစ်းဝယ္စင္တာ ေတြ၊ ကားပါကင္ေတြအားလံုး ပါ ပါတယ္။ တင္ဒါကို ဒီအစိုးရ လက္ထက္မွာ ထပ္ေခၚတာပါ’’ဟု ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ဳိးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ရန်ကုန်ဘူတာကြီး အဆင့်မြှင်တင်ရန် တင်ဒါခေါ်ကာ ရွေးချယ်စိစစ်နေပြီး ရွေးချယ်ခံရ သည့် ကုမ္ပဏီများကို ဒီဇင်ဘာ တွင် တရားဝင်ကြေညာမည်ဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ပြော သည်။


ယခင်အစိုးရလက်ထက်က ရန်ကုန်ဘူတာကြီး အဆင့်မြှင့် တင်ရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ များကို တင်ဒါခေါ်ယူရာ စည်း မျဉ်းစည်းကမ်း ကိုက်ညီမှုမရှိ၍ တင်ဒါခေါ်ယူမှု ရပ်တန့်ခဲ့သည်။

ပြီးခဲ့သည့်အစိုးရလက်ထက် က ရန်ကုန်ဘူတာကြီးပိုင် မြေ ၆၂ ဧကပေါ်တွင် အဆင့်မြင့်စီးပွား ရေးဆိုင်ရာ အဆောက်အအုံများ၊ အပန်းဖြေနေရာများ၊ ဟိုတယ် များဆောက်လုပ်ရန် မြန်မာ့မီး ရထားက ဖိတ်ခေါ်ခဲ့ရာ ပြည်တွင်း ကုမ္ပဏီများအပါအဝင် မလေး ရှား၊ အီတလီ၊ ကိုရီးယား၊ ကာ တာ၊ ပြင်သစ်၊ ဂျပန်၊ စင်ကာပူ၊ ကနေဒါနှင့် ဗီယက်နမ်တို့က ကနဦး ကမ်းလှမ်းခဲ့သည်။

သို့သော် တင်ဒါတင်သွင်း သည့် ကုမ္ပဏီများ၏ အဆိုပြု လွှာများကို စိစစ်ခဲ့ရာ စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှုမရှိ၍ တင်ဒါအောင်မြင်သော ကုမ္ပဏီ မရှိဟု ယခင်အစိုးရက သတ်မှတ် ခဲ့သည်။

‘‘အရင်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ တင်ဒါက ခေါ်ပြီးပြီ။ ရွေးဖို့အတွက် စိစစ်နေတယ်။ အဲဒါပြီးရင်တော့ နောက်လ လောက်ကို တရားဝင်ကြေညာ ပေးမှာပါ။ အရင်အစိုးရလက် ထက်က လုပ်ခဲ့တဲ့ ဈေးဝယ်စင်တာ တွေ၊ ကားပါကင်တွေအားလုံး ပါ ပါတယ်။ တင်ဒါကို ဒီအစိုးရ လက်ထက်မှာ ထပ်ခေါ်တာပါ’’ဟု ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top