ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဇက္ေၾကာတက္ျခင္းဟာ ပံုမွန္ပါပဲ။ အထူးသျဖင့္ေတာ့ အသက္ ၅၀အထက္ လူႀကီးေတြမွာေပါ့။ ဇက္ေၾကာတက္ျခင္း (လည္ပင္းနာျခင္း) ဟာ လည္ပင္းဧရိယာဘယ္ေနရာမွာ မဆိုျဖစ္ႏိုင္ပါတယ္။   ေခါင္းရဲ႕ေအာက္ေျခကေနၿပီး ပုခံုးစြန္းေတြထိေပါ့။

ဒါေတြက သင့္ရဲ႕ ေနာက္ေက်ာအေပၚပိုင္းေတြ ဒါမွမဟုတ္ လက္ေမာင္းေတြထိေတာင္ ျပန္႔ႏွံ႕ႏိုင္ပါေသးတယ္။ ဒါက သင့္ရဲ႕ ေခါင္းနဲ႔ လည္ပင္းလႈပ္ရွားမႈေတြကို ကန္႔သတ္ထားႏုိင္ပါတယ္။

ကၽြန္ေတာ္တို႔ရဲ႕လည္ပင္း (ဇက္)ဟာ ေခါင္းခြံရိုးကေန ကိုယ္အထိ ရွည္တဲ့ အရိုးေတြနဲ႔ ျပဳလုပ္ထားတာပါ။ Cervical discs ေတြကေတာ့ အရိုးေတြၾကားထဲက ထိခိုက္မႈေတြ ေရွာ့ခ္ေတြကို စုပ္ယူႏိုင္ဖို႔ လုပ္ေဆာင္ေပးပါတယ္။

ဇက္ရဲ႕ အရိုးေတြ၊ ၾကြက္သားေၾကာေတြ နဲ႔ ၾကြက္သားေတြက ေခါင္းကိုေထာက္ပံ့ေပးၿပီး လႈပ္ရွားလို႔ရေအာင္ ကူညီေပးပါတယ။္ ပံုမွန္မဟုတ္တဲ့ ထူးျခားမႈေတြ၊ ေရာင္ရမ္းမႈေတြ ဒါမွမဟုတ္ ဒဏ္ရာအနာတရျဖစ္မႈေတြ က ဇက္ေၾကာတက္ျခင္း၊ ဇက္နာျခင္းေတြကို ျဖစ္ေပၚေစပါတယ္။

အဓိက အေၾကာင္းရင္းေတြက ဘာေတြလဲ။

    ၾကြက္သားတင္းေနျခင္းနဲ႔ ေတာင့္တင္းျခင္း

ဒါက ကိုယ္လက္လႈပ္ရွားမႈေတြနဲ႔ အျပဳအမူေတြေၾကာင့္ျဖစ္ရတာပါ။

ဥပမာ-

ကိုယ္ေနဟန္ထား

လည္ပင္း အေနအထားမမွန္ကန္ဘဲ အိပ္စက္ျခင္း

အေနအထားမေျပာင္းဘဲ စားပြဲေပၚကမထတမ္း အလုပ္လုပ္ျခင္း

ေလ့က်င့္ခန္းလုပ္ေနစဥ္အတြင္း ဇက္ကို လႈပ္ရွားမိျခင္း

ထိခိုက္အနာတရမ်ား

ေလွကားေပၚက ျပဳတ္က်ျခင္း သို႔မဟုတ္ ကားမေတာ္တဆမႈေၾကာင့္ ထိခိုက္ျခင္းေတြက ဇက္နာျခင္းကိုျဖစ္ေပၚေစပါတယ္။

ဦးေႏွာက္ အေျမွးေရာင္ျခင္း

ဦးေႏွာက္အေျမွးေရာင္ျခင္းဟာ ဦးေႏွာက္နဲ႔ ေက်ာရိုးကို ဝန္းရံထားတဲ့ ပါးလႊာတဲ့ တစ္သွ်ဴးေလးေတြ ေရာင္ရမ္းျခင္းပါ။ ဥိးေႏွာက္အေျမွးေရာင္တဲ့သူေတြမွာ အဖ်ားသို႔မဟုတ္ ေခါင္းကိုက္ျခင္းေတြျဖစ္ႏိုင္ၿပိး တစ္ခါတေလမွာေတာ့ ဇက္ခိုင္ေနတတ္ပါတယ္။

ဦးေႏွာက္အေျမွးေရာင္ျခင္းဟာ အေရးေပၚအေျခအေနျဖစ္ၿပီး အသက္အႏၱရာယ္ကိုပါ ထိခိုက္ႏိုင္ပါတယ္။ တကယ္လို႔မ်ားဦးေႏွာက္အေျမွးေရာင္တဲ့ လကၡဏာေတြ သင့္မွာေတြ႕ရၿပီဆိုရင္ေတာ့ ဆရာဝန္ကို ရွာဖို႔ မေမ့ပါနဲ႔။

ႏွလံုးေဖာက္ျပန္ျခင္း (Heart attack)

ဇက္နာျခင္းဟာ ႏွလံုးေဖာက္ျပန္ျခင္းရဲ႕ လကၡဏာလည္းျဖစ္ႏုိင္ပါေသးတယ္။ ဒါေပမဲ့ ႏွလံုးေဖာက္ျပန္မယ္ဆိုရင္ေတာ့ အျခားေသာ လကၡဏာေတြရွိေနပါေသးတယ္။

အသက္ရွဴမဝျခင္း

ပ်ိဳ႕အန္ျခင္း

ေခၽြးထြက္ျခင္း

လက္ေမာင္း သို႔မဟုတ္ ေမးရိုးနာျခင္း

တကယ္လို႔မ်ား ဇက္လည္းနာၿပီး ဒီလကၡဏာေတြလည္း ေတြ႕ေနရမယ္ဆိုရင္ေတာ့ ေဆးရံုကားေခၚပါ။ ဒါမွမဟုတ္ အေရးေပၚေဆးခန္းကို ခ်က္ခ်င္းသြားပါ။

အျခားေသာ အေၾကာင္းရင္းမ်ား

သင့္အသက္အရြယ္အလိုက္ cervical discs ေတြက အသစ္ျပန္လည္ဖြဲ႕စည္းႏႈန္းေႏွးႏုိင္ပါတယ္။ ဒါကိုေတာ့ ဇက္ရဲ႕ spondylosis သို႔မဟုတ္ osteoarthritis လို႔ေခၚပါတယ္။ ဒါက အရိုးတစ္ခုနဲ႔တစ္ခုၾကားကေနရာလြတ္ေတြကို က်ဥ္းေစႏိုင္ၿပီး အဆစ္ေတြေပၚ ဖိအားေပးႏုိင္ပါတယ္။

Rheumatoid arthritis ကလည္း အဆစ္ေတြကို နာက်င္မႈေတြ ေရာင္ရမ္းမႈေတြ ျဖစ္ေစနုိင္ၿပီး အရိုးေတြကိုလည္း ထိခိုက္ေစနိုင္ပါတယ္။ တကယ္လို႔မ်ား ဒါေတြ ဇက္မွာျဖစ္ခဲ့ၿပိဆုိရင္ ဇက္ေတြနာတာမ်ိဳး ျဖစ္ေစတတ္ပါတယ္။

တကယ္လို႔မ်ား ဒဏ္ရာအနာတရျဖစ္တာတစ္ခုခုေၾကာင့္၊ ထိခိုက္မိတာတစ္ခုခုေၾကာင့္ အရိုးေငါထါက္လာၿပီဆိုရင္ ဒါက ေက်ာရိုး ဒါမွမဟုတ္ အာရံုေၾကာအျမစ္ေတြေပၚ ဖိအားေတြ သက္ေရာက္ေစပါတယ္။ ဒါကိုေတာ့ herniated cervical disc လို႔ေခၚၿပီး ေပါက္ေနတဲ့ ဒါမွမဟုတ္ ေခ်ာ္ထြက္ေနတဲ့ disc လို႔ေခၚပါတယ္။

Fibromyalgia ကေတာ့ ခႏၶာကိုယ္တစ္ခုလံုးမွာရွိတဲ့ ၾကြက္သားေတြကို နာက်င္ေစနိုင္တဲ့ အေျခအေနတစ္ခုပါ။ အထူးသျဖင့္ေတာ့ ဇက္နဲ႔ ပုခံုးပတ္ဝန္းက်င္ေတြေပါ့။

Spinal stenosis ကေတာ့ ေက်ာရိုးေကာ္လမ္က က်ဥ္းလာၿပီး ေက်ာရိုးမႀကီး ဒါမွမဟုတ္ ေက်ာရိုးမွာရွိတဲ့ အာရံုေၾကာအျမစ္ေတြေပၚ ဖိအားေတြျဖစ္ေစတဲ့အခ်ိန္မွာ ျဖစ္ေပၚပါတယ္။ ဒီအေျခအေနဟာ arthritis ေၾကာင့္ေသာ္လည္းေကာင္း အျခားအေၾကာင္းရင္း တစ္ခုခုေၾကာင့္ေသာ္လည္းေကာင္း ကာလၾကာရွည္ေရာင္ရမ္းမႈေၾကာင့္ ျဖစ္လာတာပါ။

လူအမ်ားစုဟာ ကိုယ္ေနဟန္ထားမမွန္မႈေတြနဲ႔ ၾကြက္သားတင္းမႈေတြေၾကာင့္ ဇက္နာမႈကို ခံစားၾကရပါတယ္။ ဒီလိုအေျခအေနမ်ိဳးမွာ သင့္ရဲ႕ ဇက္နာက်င္မႈဟာ နာေနဆဲအခ်ိန္မွာ သင္က ေကာင္းေကာင္းလႈပ္ရွားၿပီး ဇက္ၾကြက္သားေတြကို အနားေပးလိုက္ရင္ ေကာင္းသြားနိုင္ပါတယ္။ တကယ္လို႔ အိမ္တြင္းကုသမႈေတြလုပ္ေနတာေတာင္မွ ဇက္နာတဲ့ အေျခအေနက မတိုးတက္လာဘူးဆိုရင္ ဆရာဝန္သြားျပပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ဇက်ကြောတက်ခြင်းဟာ ပုံမှန်ပါပဲ။ အထူးသဖြင့်တော့ အသက် ၅၀အထက် လူကြီးတွေမှာပေါ့။ ဇက်ကြောတက်ခြင်း (လည်ပင်းနာခြင်း) ဟာ လည်ပင်းဧရိယာဘယ်နေရာမှာ မဆိုဖြစ်နိုင်ပါတယ်။   ခေါင်းရဲ့အောက်ခြေကနေပြီး ပုခုံးစွန်းတွေထိပေါ့။

ဒါတွေက သင့်ရဲ့ နောက်ကျောအပေါ်ပိုင်းတွေ ဒါမှမဟုတ် လက်မောင်းတွေထိတောင် ပြန့်နှံ့နိုင်ပါသေးတယ်။ ဒါက သင့်ရဲ့ ခေါင်းနဲ့ လည်ပင်းလှုပ်ရှားမှုတွေကို ကန့်သတ်ထားနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့လည်ပင်း (ဇက်)ဟာ ခေါင်းခွံရိုးကနေ ကိုယ်အထိ ရှည်တဲ့ အရိုးတွေနဲ့ ပြုလုပ်ထားတာပါ။ Cervical discs တွေကတော့ အရိုးတွေကြားထဲက ထိခိုက်မှုတွေ ရှော့ခ်တွေကို စုပ်ယူနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။

ဇက်ရဲ့ အရိုးတွေ၊ ကြွက်သားကြောတွေ နဲ့ ကြွက်သားတွေက ခေါင်းကိုထောက်ပံ့ပေးပြီး လှုပ်ရှားလို့ရအောင် ကူညီပေးပါတယ။် ပုံမှန်မဟုတ်တဲ့ ထူးခြားမှုတွေ၊ ရောင်ရမ်းမှုတွေ ဒါမှမဟုတ် ဒဏ်ရာအနာတရဖြစ်မှုတွေ က ဇက်ကြောတက်ခြင်း၊ ဇက်နာခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

အဓိက အကြောင်းရင်းတွေက ဘာတွေလဲ။

    ကြွက်သားတင်းနေခြင်းနဲ့ တောင့်တင်းခြင်း

ဒါက ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အပြုအမူတွေကြောင့်ဖြစ်ရတာပါ။

ဥပမာ-

ကိုယ်နေဟန်ထား

လည်ပင်း အနေအထားမမှန်ကန်ဘဲ အိပ်စက်ခြင်း

အနေအထားမပြောင်းဘဲ စားပွဲပေါ်ကမထတမ်း အလုပ်လုပ်ခြင်း

လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ဇက်ကို လှုပ်ရှားမိခြင်း

ထိခိုက်အနာတရများ

လှေကားပေါ်က ပြုတ်ကျခြင်း သို့မဟုတ် ကားမတော်တဆမှုကြောင့် ထိခိုက်ခြင်းတွေက ဇက်နာခြင်းကိုဖြစ်ပေါ်စေပါတယ်။

ဦးနှောက် အမြှေးရောင်ခြင်း

ဦးနှောက်အမြှေးရောင်ခြင်းဟာ ဦးနှောက်နဲ့ ကျောရိုးကို ဝန်းရံထားတဲ့ ပါးလွှာတဲ့ တစ်သျှူးလေးတွေ ရောင်ရမ်းခြင်းပါ။ ဥိးနှောက်အမြှေးရောင်တဲ့သူတွေမှာ အဖျားသို့မဟုတ် ခေါင်းကိုက်ခြင်းတွေဖြစ်နိုင်ပြိး တစ်ခါတလေမှာတော့ ဇက်ခိုင်နေတတ်ပါတယ်။

ဦးနှောက်အမြှေးရောင်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ တကယ်လို့များဦးနှောက်အမြှေးရောင်တဲ့ လက္ခဏာတွေ သင့်မှာတွေ့ရပြီဆိုရင်တော့ ဆရာဝန်ကို ရှာဖို့ မမေ့ပါနဲ့။

နှလုံးဖောက်ပြန်ခြင်း (Heart attack)

ဇက်နာခြင်းဟာ နှလုံးဖောက်ပြန်ခြင်းရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့ နှလုံးဖောက်ပြန်မယ်ဆိုရင်တော့ အခြားသော လက္ခဏာတွေရှိနေပါသေးတယ်။

အသက်ရှူမဝခြင်း

ပျို့အန်ခြင်း

ချွေးထွက်ခြင်း

လက်မောင်း သို့မဟုတ် မေးရိုးနာခြင်း

တကယ်လို့များ ဇက်လည်းနာပြီး ဒီလက္ခဏာတွေလည်း တွေ့နေရမယ်ဆိုရင်တော့ ဆေးရုံကားခေါ်ပါ။ ဒါမှမဟုတ် အရေးပေါ်ဆေးခန်းကို ချက်ချင်းသွားပါ။

အခြားသော အကြောင်းရင်းများ

သင့်အသက်အရွယ်အလိုက် cervical discs တွေက အသစ်ပြန်လည်ဖွဲ့စည်းနှုန်းနှေးနိုင်ပါတယ်။ ဒါကိုတော့ ဇက်ရဲ့ spondylosis သို့မဟုတ် osteoarthritis လို့ခေါ်ပါတယ်။ ဒါက အရိုးတစ်ခုနဲ့တစ်ခုကြားကနေရာလွတ်တွေကို ကျဉ်းစေနိုင်ပြီး အဆစ်တွေပေါ် ဖိအားပေးနိုင်ပါတယ်။

Rheumatoid arthritis ကလည်း အဆစ်တွေကို နာကျင်မှုတွေ ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပြီး အရိုးတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ တကယ်လို့များ ဒါတွေ ဇက်မှာဖြစ်ခဲ့ပြိဆိုရင် ဇက်တွေနာတာမျိုး ဖြစ်စေတတ်ပါတယ်။

တကယ်လို့များ ဒဏ်ရာအနာတရဖြစ်တာတစ်ခုခုကြောင့်၊ ထိခိုက်မိတာတစ်ခုခုကြောင့် အရိုးငေါထါက်လာပြီဆိုရင် ဒါက ကျောရိုး ဒါမှမဟုတ် အာရုံကြောအမြစ်တွေပေါ် ဖိအားတွေ သက်ရောက်စေပါတယ်။ ဒါကိုတော့ herniated cervical disc လို့ခေါ်ပြီး ပေါက်နေတဲ့ ဒါမှမဟုတ် ချော်ထွက်နေတဲ့ disc လို့ခေါ်ပါတယ်။

Fibromyalgia ကတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေကို နာကျင်စေနိုင်တဲ့ အခြေအနေတစ်ခုပါ။ အထူးသဖြင့်တော့ ဇက်နဲ့ ပုခုံးပတ်ဝန်းကျင်တွေပေါ့။

Spinal stenosis ကတော့ ကျောရိုးကော်လမ်က ကျဉ်းလာပြီး ကျောရိုးမကြီး ဒါမှမဟုတ် ကျောရိုးမှာရှိတဲ့ အာရုံကြောအမြစ်တွေပေါ် ဖိအားတွေဖြစ်စေတဲ့အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ဒီအခြေအနေဟာ arthritis ကြောင့်သော်လည်းကောင်း အခြားအကြောင်းရင်း တစ်ခုခုကြောင့်သော်လည်းကောင်း ကာလကြာရှည်ရောင်ရမ်းမှုကြောင့် ဖြစ်လာတာပါ။

လူအများစုဟာ ကိုယ်နေဟန်ထားမမှန်မှုတွေနဲ့ ကြွက်သားတင်းမှုတွေကြောင့် ဇက်နာမှုကို ခံစားကြရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင့်ရဲ့ ဇက်နာကျင်မှုဟာ နာနေဆဲအချိန်မှာ သင်က ကောင်းကောင်းလှုပ်ရှားပြီး ဇက်ကြွက်သားတွေကို အနားပေးလိုက်ရင် ကောင်းသွားနိုင်ပါတယ်။ တကယ်လို့ အိမ်တွင်းကုသမှုတွေလုပ်နေတာတောင်မှ ဇက်နာတဲ့ အခြေအနေက မတိုးတက်လာဘူးဆိုရင် ဆရာဝန်သွားပြပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top