ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လုံၿခံဳေရးစုိးရိမ္ေန ရမႈႏွင့္ ရိတ္သိမ္းခ်ိန္တန္ေနၿပီျဖစ္ ေသာ စပါးမ်ားရိတ္သိမ္းေနရမႈ ေၾကာင့္ ေမာင္ေတာခ႐ုိင္အတြင္း ေဆာင္းသီးႏွံစုိက္ပ်ိဳးေရးလုပ္ငန္း မ်ား မစတင္ႏုိင္ေသးေၾကာင္း ေတာင္သူမ်ားက ေျပာသည္။

ေမာင္ေတာ ေဒသတြင္ ေဆာင္းသီးႏွံအျဖစ္ ဖရဲ၊ မုန္လာ၊ အာလူး၊ ခရမ္းသီး၊ ေဂၚဖီထုပ္ စသည့္ သီးႏွံမ်ား အမ်ားဆုံး စုိက္ပ်ိဳးၿပီး ေဆာင္းသီးႏွံႏွင့္အတူ ပန္းမ်ားလည္း စုိက္ပ်ိဳးသည္။

‘‘အဓိကကေတာ့ ေတာထဲ ေတာင္ထဲသြားဖုိ႔အတြက္ လုံၿခံဳ ေရးစိတ္မခ်ရတာ တစ္ခုရယ္၊ ေနာက္တစ္ခုက ရင့္မွည့္ေနၿပီျဖစ္ တဲ့ စပါးေတြကုိ ရိတ္သိမ္းေနတဲ့ အတြက္ျဖစ္ပါတယ္’’ ဟု ေငြ ေတာင္ေက်းရြာမွ ေတာင္သူဦးေရႊ ေမာင္က ေျပာသည္။

ယင္းသုိ႔ ေဆာင္းသီးႏွံစုိက္ ပ်ိဳးေရးလုပ္ငန္းမ်ား မစတင္ႏုိင္ ေသးသျဖင့္ ေမာင္ေတာေဒသ တြင္ ဟင္းသီးဟင္းရြက္ရွားပါးမႈ ႀကံဳေတြ႕ေနရၿပီး ဘူးသီးတစ္လုံး က်ပ္ေလးေထာင္အထိ ေပး၀ယ္ ေနရေၾကာင္း ေဒသခံမ်ားကေျပာ သည္။ ‘‘လစာေတာ့ ႏွစ္ဆရပါ တယ္။ စားေသာက္ကုန္ေစ်းေတြ က အဆမတန္ျမင့္ေနတယ္။ ဒါ ကုိ အစုိးရကေျဖရွင္းမယ့္နည္း လမ္းတစ္ခုခုနဲ႔ ေဆာင္ရြက္ေပး ေစခ်င္ပါတယ္’’ ဟုေမာင္ေတာ ၿမိဳ႕တြင္ တာ၀န္ထမ္းေဆာင္ေန သည့္ တရားေရး၀န္ထမ္းတစ္ဦး က ေျပာသည္။

ေမာင္ေတာေဒသရွိ ေဆာင္း သီးႏွံစုိက္ပ်ိဳးမည့္ေတာင္သူမ်ားက သီးႏွံမ်ိဳးေစ့၊ စုိက္ပ်ိဳးေရရရွိ ေရးႏွင့္ ဓာတ္ေျမဩဇာအကူအ ညီမ်ား လုိအပ္ေနေၾကာင္းေတာင္ သူမ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
လုံခြုံရေးစိုးရိမ်နေ ရမှုနှင့် ရိတ်သိမ်းချိန်တန်နေပြီဖြစ် သော စပါးများရိတ်သိမ်းနေရမှု ကြောင့် မောင်တောခရိုင်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်း များ မစတင်နိုင်သေးကြောင်း တောင်သူများက ပြောသည်။

မောင်တော ဒေသတွင် ဆောင်းသီးနှံအဖြစ် ဖရဲ၊ မုန်လာ၊ အာလူး၊ ခရမ်းသီး၊ ဂေါ်ဖီထုပ် စသည့် သီးနှံများ အများဆုံး စိုက်ပျိုးပြီး ဆောင်းသီးနှံနှင့်အတူ ပန်းများလည်း စိုက်ပျိုးသည်။

‘‘အဓိကကတော့ တောထဲ တောင်ထဲသွားဖို့အတွက် လုံခြုံ ရေးစိတ်မချရတာ တစ်ခုရယ်၊ နောက်တစ်ခုက ရင့်မှည့်နေပြီဖြစ် တဲ့ စပါးတွေကို ရိတ်သိမ်းနေတဲ့ အတွက်ဖြစ်ပါတယ်’’ ဟု ငွေ တောင်ကျေးရွာမှ တောင်သူဦးရွှေ မောင်က ပြောသည်။

ယင်းသို့ ဆောင်းသီးနှံစိုက် ပျိုးရေးလုပ်ငန်းများ မစတင်နိုင် သေးသဖြင့် မောင်တောဒေသ တွင် ဟင်းသီးဟင်းရွက်ရှားပါးမှု ကြုံတွေ့နေရပြီး ဘူးသီးတစ်လုံး ကျပ်လေးထောင်အထိ ပေးဝယ် နေရကြောင်း ဒေသခံများကပြော သည်။ ‘‘လစာတော့ နှစ်ဆရပါ တယ်။ စားသောက်ကုန်ဈေးတွေ က အဆမတန်မြင့်နေတယ်။ ဒါ ကို အစိုးရကဖြေရှင်းမယ့်နည်း လမ်းတစ်ခုခုနဲ့ ဆောင်ရွက်ပေး စေချင်ပါတယ်’’ ဟုမောင်တော မြို့တွင် တာဝန်ထမ်းဆောင်နေ သည့် တရားရေးဝန်ထမ်းတစ်ဦး က ပြောသည်။

မောင်တောဒေသရှိ ဆောင်း သီးနှံစိုက်ပျိုးမည့်တောင်သူများက သီးနှံမျိုးစေ့၊ စိုက်ပျိုးရေရရှိ ရေးနှင့် ဓာတ်မြေဩဇာအကူအ ညီများ လိုအပ်နေကြောင်းတောင် သူများက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top