ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လက္သည္း အက္ကြဲတာဟာ ေသးငယ္တဲ့ ျပသနာေပမယ့္ အမ်ိဳးသမီးတိုင္းအာ႐ုံထား ဂ႐ုစိုက္တတ္ၾကပါတယ္။ သာမန္ခိုင္ခံတဲ့ လက္သည္းမ်ိဳးဆို ကိစၥမ႐ွိေပမယ့္ ႂကြပ္ဆတ္လြယ္တဲ့ လက္သည္းမ်ိဳးက်ျပန္ေတာ့ အနည္းငယ္ထိမိ႐ုံနဲ႔ က်ိဳးသြားတတ္ပါတယ္။ အထူးသျဖင့္ ေသြးဆံုးခါနီး အမ်ိဳးသမီးေတြဟာ ေဟာ္မုန္းမညီမ်ွမႈေၾကာင့္ ယင္းျပသနာကို ၾကံဳေတြ႔ရတတ္ပါတယ္။ ဒီျပသနာကို ေျဖ႐ွင္းဖို႔အတြက္ ဗီတာမင္ဓာတ္ ႏွစ္မ်ိဴးနဲ႔ သတၱဳဓာတ္ႏွစ္မ်ိဳးကို အရင္ဆံုး ေလ့လာသိ႐ွိရမွာျဖစ္ပါတယ္။ ယင္းအာဟာရဓာတ္ ၄မ်ိဳးကို ေန႔စဥ္အစားအေသာက္ထဲမွာ ထည့္စားေပးျခင္းျဖင့္လည္း ႂကြပ္ဆတ္ကြဲအက္လြယ္ေသာ လက္သည္းမ်ားကို ကုသလို႔ရပါတယ္။

သြပ္ဓာတ္ (Zinc)

သြပ္ဓာတ္ဟာ ကိုယ္ခႏၶာက်န္းမာေရးအတြက္ အေရးပါတဲ့ သတၱဳဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။ ထို႔အျပင္ သြပ္ဓာတ္ဟာ အမာရြတ္ေပ်ာက္ေစျခင္း၊ ေရာဂါခုခံေပးျခင္း၊ လက္သည္းေျခသည္းႏွင့္ ဆံပင္႐ွည္သန္ျခ င္းတို႔အတြက္လည္း အင္မတန္အေထာက္အကူျပဳပါတယ္။ သြပ္ဓာတ္ပါတဲ့ အစားအစာေတြျဖစ္တဲ့ ပင္လယ္စာ၊ အဆီနည္းတဲ့အသား၊ အျခားသြပ္ဓာတ္ႂကြယ္ဝတဲ့ အစားအစာေတြစားေပးျခင္းျဖင့္ ႂကြပ္ဆတ္အက္ကြဲလြယ္တဲ့ လက္သည္းေတြအတြက္ တိုးတက္မႈတစ္ခုျဖစ္ေပၚလာပါလိမ့္မယ္။

သံဓာတ္

သံဓာတ္ဟာ ေသြးနီဆဲလ္ထုတ္လုပ္ရာမွာ မ႐ွိမျဖစ္လိုအပ္ပါတယ္။ သံဓာတ္ခ်ိဳ႕တဲ့ရင္ေတာ့ ခႏၶာကိုယ္က်န္းမာေရးျပသနာ အမ်ားႀကီးျဖစ္ရႏိုင္ကိန္း႐ွိတဲ့အတြက္ သံဓာတ္ခ်ိဳ႕တဲ့သူအေနနဲ႔ သံဓာတ္ႂကြယ္ဝစြာ ပါဝင္တဲ့ အသီးေျခာက္၊ ပဲမ်ား၊ အစိမ္းရင့္ေရာင္အရြက္မ်ား၊ အနီေရာင္သန္းေသာအသား၊ ၾကက္ဆင္သားႏွင့္ ဥေတြစားသံုးေပးသင့္ပါတယ္။

ဗီတာမင္ C

ဗီတာမင္ C ဟာခႏၶာကိုယ္က မထုတ္လုပ္ေပးႏိုင္တဲ့အတြက္ အစားအေသာက္ကတစ္ဆင့္ရယူရတဲ့ အာဟာရဓာတ္တစ္မ်ိဴးပါ။ ဗီတာမင္ C ေလ်ာ့နည္းရင္ လက္သည္းအက္ကြဲျခင္းသာမကပဲ ဆံပင္႐ွင္သန္ျခင္းကို ေႏွးေကြးလာေစႏိုင္ပါတယ္။ ဗီတာမင္ C ဟာ အေရးပါတဲ့ ပ႐ုိတင္းဓာတ္တစ္်မိုးျဖစ္တဲ့ collagen ျဖစ္ေပၚရာမွာ အေရးပါပါတယ္။ ယင္း Collagen ပ႐ုိတင္းဓာတ္ဟာ ဆံပင္၊ လက္သည္း ႏွင့္ဆံပင္ ႐ွင္သန္ျခင္းအတြက္ အဓိကအရင္းအျမစ္ျဖစ္ပါတယ္။ ခႏၶာကိုယ္က ကိုယ္တိုင္ ဗီတာမင္ C ကိုမထုတ္လုပ္ႏိုင္တဲ့အတြက္ ဗီတာမင္ C ပါဝင္တဲ့ ဘယ္ရီသီးမ်ား၊ အခ်ဥ္ဓာတ္ပါတဲံ အသီးႏွင့္ ေဖ်ာ္ရည္မ်ား၊ အစိမ္းေရာင္ဟင္းရြက္မ်ားကို စားသံုးေပးပါ။

ဗီတာမင္ B

အုပ္စု ဗီတာမင္ B အုပ္စုထဲပါဝင္တဲ့ Biotin ဟာ လက္သည္းက်န္းမာေရးအတြက္ အေရးပါပါတယ္။ Biotin ဟာအျခား ဗီတာမင္ B အုပ္စုတစ္ခုလံုးကို သန္မာေတာက္ေျပာင္တဲ့ လက္သည္းမ်ားျဖစ္ထြန္းဖို႔ စုေပါင္းလုပ္ေဆာင္ေစပါတယ္။ Biotin ဓာတ္ရ႐ွိဖို႔အတြက္ အသည္း၊ ေဂၚဖီပန္း၊ မုန္လာဥနီ ႏွင့္ ဆာလမြန္ငါးတို႔ကိုစားသံုးေပးပါ။

ဒီအာဟာရဓာတ္ေတြအားလံုးဟာ ခႏၶာကိုယ္ႏွင့္ လက္သည္းေတြကို က်န္းမာေစေပမယ့္ ေသြးဆံုးျခင္းမွျဖစ္ေပၚလာတဲ့ အျခားေသာျပသနာမ်ားကို ကုမသေပးႏိုင္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
လက်သည်း အက်ကွဲတာဟာ သေးငယ်တဲ့ ပြသနာပေမယ့် အမျိုးသမီးတိုင်းအာရုံထား ဂရုစိုက်တတ်ကြပါတယ်။ သာမန်ခိုင်ခံတဲ့ လက်သည်းမျိုးဆို ကိစ္စမရှိပေမယ့် ကြွပ်ဆတ်လွယ်တဲ့ လက်သည်းမျိုးကျပြန်တော့ အနည်းငယ်ထိမိရုံနဲ့ ကျိုးသွားတတ်ပါတယ်။ အထူးသဖြင့် သွေးဆုံးခါနီး အမျိုးသမီးတွေဟာ ဟော်မုန်းမညီမျှမှုကြောင့် ယင်းပြသနာကို ကြုံတွေ့ရတတ်ပါတယ်။ ဒီပြသနာကို ဖြေရှင်းဖို့အတွက် ဗီတာမင်ဓာတ် နှစ်မျိူးနဲ့ သတ္တုဓာတ်နှစ်မျိုးကို အရင်ဆုံး လေ့လာသိရှိရမှာဖြစ်ပါတယ်။ ယင်းအာဟာရဓာတ် ၄မျိုးကို နေ့စဉ်အစားအသောက်ထဲမှာ ထည့်စားပေးခြင်းဖြင့်လည်း ကြွပ်ဆတ်ကွဲအက်လွယ်သော လက်သည်းများကို ကုသလို့ရပါတယ်။

သွပ်ဓာတ် (Zinc)

သွပ်ဓာတ်ဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ထို့အပြင် သွပ်ဓာတ်ဟာ အမာရွတ်ပျောက်စေခြင်း၊ ရောဂါခုခံပေးခြင်း၊ လက်သည်းခြေသည်းနှင့် ဆံပင်ရှည်သန်ခြ င်းတို့အတွက်လည်း အင်မတန်အထောက်အကူပြုပါတယ်။ သွပ်ဓာတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ ပင်လယ်စာ၊ အဆီနည်းတဲ့အသား၊ အခြားသွပ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပေးခြင်းဖြင့် ကြွပ်ဆတ်အက်ကွဲလွယ်တဲ့ လက်သည်းတွေအတွက် တိုးတက်မှုတစ်ခုဖြစ်ပေါ်လာပါလိမ့်မယ်။

သံဓာတ်

သံဓာတ်ဟာ သွေးနီဆဲလ်ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။ သံဓာတ်ချို့တဲ့ရင်တော့ ခန္ဓာကိုယ်ကျန်းမာရေးပြသနာ အများကြီးဖြစ်ရနိုင်ကိန်းရှိတဲ့အတွက် သံဓာတ်ချို့တဲ့သူအနေနဲ့ သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အသီးခြောက်၊ ပဲများ၊ အစိမ်းရင့်ရောင်အရွက်များ၊ အနီရောင်သန်းသောအသား၊ ကြက်ဆင်သားနှင့် ဥတွေစားသုံးပေးသင့်ပါတယ်။

ဗီတာမင် C

ဗီတာမင် C ဟာခန္ဓာကိုယ်က မထုတ်လုပ်ပေးနိုင်တဲ့အတွက် အစားအသောက်ကတစ်ဆင့်ရယူရတဲ့ အာဟာရဓာတ်တစ်မျိူးပါ။ ဗီတာမင် C လျော့နည်းရင် လက်သည်းအက်ကွဲခြင်းသာမကပဲ ဆံပင်ရှင်သန်ခြင်းကို နှေးကွေးလာစေနိုင်ပါတယ်။ ဗီတာမင် C ဟာ အရေးပါတဲ့ ပရိုတင်းဓာတ်တစ်ျမိုးဖြစ်တဲ့ collagen ဖြစ်ပေါ်ရာမှာ အရေးပါပါတယ်။ ယင်း Collagen ပရိုတင်းဓာတ်ဟာ ဆံပင်၊ လက်သည်း နှင့်ဆံပင် ရှင်သန်ခြင်းအတွက် အဓိကအရင်းအမြစ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကိုယ်တိုင် ဗီတာမင် C ကိုမထုတ်လုပ်နိုင်တဲ့အတွက် ဗီတာမင် C ပါဝင်တဲ့ ဘယ်ရီသီးများ၊ အချဉ်ဓာတ်ပါတဲံ အသီးနှင့် ဖျော်ရည်များ၊ အစိမ်းရောင်ဟင်းရွက်များကို စားသုံးပေးပါ။

ဗီတာမင် B

အုပ်စု ဗီတာမင် B အုပ်စုထဲပါဝင်တဲ့ Biotin ဟာ လက်သည်းကျန်းမာရေးအတွက် အရေးပါပါတယ်။ Biotin ဟာအခြား ဗီတာမင် B အုပ်စုတစ်ခုလုံးကို သန်မာတောက်ပြောင်တဲ့ လက်သည်းများဖြစ်ထွန်းဖို့ စုပေါင်းလုပ်ဆောင်စေပါတယ်။ Biotin ဓာတ်ရရှိဖို့အတွက် အသည်း၊ ဂေါ်ဖီပန်း၊ မုန်လာဥနီ နှင့် ဆာလမွန်ငါးတို့ကိုစားသုံးပေးပါ။

ဒီအာဟာရဓာတ်တွေအားလုံးဟာ ခန္ဓာကိုယ်နှင့် လက်သည်းတွေကို ကျန်းမာစေပေမယ့် သွေးဆုံးခြင်းမှဖြစ်ပေါ်လာတဲ့ အခြားသောပြသနာများကို ကုမသပေးနိုင်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top