Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယခုေခတ္မွာ အမ်ဳိးသမီး အမ်ိဳးသား ပ်ိဳပ်ိဳ အိုအို လူသားတိုင္း လွခ်င္ပခ်င္ နုပ်ိဳခ်င္ၾကတ့ဲ သူေတြျဖစ္ ခ်င္ၾကပါတယ္ ။ အသက္အရြယ္ၾကီးလာလို႔ လွပဖို႔ နုပ်ိဳဖို႔ဆိုရင္ေတာ့ မိမိရဲ႕အေရျပားကို ထိန္းသိမ္းဖို႔ ျပဳျပင္ဖို႔က်န္းမာေရးနဲ႔ ညီညြတ္ ဖို႔ေတာ့ မလႊဲမေသြလိုအပ္မွာ ျဖစ္ပါတယ္ ။ လူဆိုတာ သူ႔အသက္ အရြယ္အလိုက္ အိုမင္းရင့္ေရာ္သြား တာကေတာ့ ဇာတိ ဇရာဆိုတဲ့ သဘာ၀ျဖစ္ေပမယ့္လို႔ သဘာ၀ အတိုင္းမဟုတ္ဘဲ အိုမင္းရင့္ေရာ္ေန မယ္ဆိုရင္ သို႔မဟုတ္ က်န္းမာေရးေၾကာင့္ျဖစ္ေစ ၊ ရာသီဒဏ္ ေတြေၾကာင့္ျဖစ္ေစ အိုမင္းရင့္ေရာ္ေနမယ္ဆိုရင္ ေခတ္မီေဆး၀ါးေတြကို အသံုးျပဳတာနဲ႔ အစားအေသာက္ ေနထိုင္မႈပံုစံကို စနစ္တက် ေျပာင္းလဲေနထိုင္လိုက္ ရင္ အရြယ္တင္္နုပ်ိဳ လွပလာမွာပဲျဖစ္ပါတယ္ ။

အဓိကဆိုရရင္ အိုမင္းရင့္ေရာ္မႈမွာ ႏွစ္မ်ိဳးရွိပါတယ္ ၊ အတြင္းကအိုမင္းျခင္း intrinsic aging ဆိုတာနဲ႔ ၊ အျပင္ကေန အိုမင္းျခင္း extrinsic aging ဆိုတာရွိပါတယ္ ။အတြင္းအိုမင္းမႈကေတာ့   ေျပာင္းလဲလို႔မရဘူး ။ အသက္အရြယ္ၾကီိိိးျပင္းလာတာနဲ႔အမွ် တေျဖးေျဖးခ်င္းအိုမင္းလာမွပဲျဖစ္ပါတယ္ ၊ သဘာ၀အေလ်ာက္ အိုမင္း တာလို႔ေခၚပါတယ္ ။အဓိကကေတာ့ ဂ်င္း (Gene) မ်ိဳးရိုးဗီဇ အေပၚမွာမူတည္ပါတယ္ ၊ မ်ိဳးရိုးဗီဇေကာင္းရင္ ေကာင္းသလို ၊ ကိုယ့္မွာရွိတ့ဲ အေရျပားပံုသ႑န္ skin type ေကာင္းရင္ေကာင္းသလို ၊ အသားျဖဴတ့ဲသူလား ၊ အေရွ႕တိုင္းလို အသား၀ါတ့ဲသူလား ၊ အသားညိဳတ့ဲသူလား ဆိုတာနဲ႔လည္း အိုမင္းရင့္ေရာ္မႈဟာ ပတ္သက္ေနပါ တယ္ ။ အသားျဖဴတ့ဲသူက အိုမင္းရင့္ေရာ္ဖို႔ပိုျပီး လြယ္ပါတယ္ ။ အသားညိဳတဲ့သူက အသားညိဳေလေလ အိုမင္း ရင့္ေရာ္မႈနည္းေလေလပဲဆိုတာဟာ ေနေရာင္ျခည္ကိုကာကြယ္နိုင္စြမ္းရွိလို႔ပဲျဖစ္ပါတယ္ ။

ေနာက္တစ္ခုက အသားအေရပံုစံေပၚမွာမူတည္ေနတာပဲျဖစ္ပါတယ္ ၊ အဆီ ျပန္တ့ဲမ်က္ႏွာလား ၊ေျခာက္ေသြ႕ တ့ဲ အသားအေရပိုင္ရွင္လား ၊ အဲဒါေတြကလည္း မ်ိဳးရိုးဗီဇနဲ႔ဆိုင္ပါတယ္ ။ မ်က္ႏွာအဆီျပန္တ့ဲသူဆိုရင္ အသား အေရေျခာက္တ့ဲသူနဲ႔စာရင္ အိုမင္းရင့္ေရာ္မႈ ပိုေနွးပါတယ္ ။ ျပဳျပင္ေျပာင္းလဲဖို႔ ခဲယဥ္းတဲ့ အတြင္းကအိုမင္းမႈ intrinsic aging ဆိုတာပဲျဖစ္ျပီး ေဆးပညာနဲ႔ သိတ္ျပီး တားဆီးလို႔မရဟု ဆိုရမွာပဲ ျဖစ္ပါတယ္ ။ အျပင္ကေန အိုမင္းျခင္း extrinsic aging ဆိုတာကေတာ့ ပတ္၀န္းက်င္နဲ႔ Life Style ေပၚမွာမူတည္ျပီး ငယ္ငယ္ရြယ္ရြယ္နဲ႔ အခ်ိန္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို ျဖစ္ေစတ့ဲ အေၾကာင္းအရာမ်ိဳးပဲျဖစ္ပါတယ္ ။ ေနေရာင္ျခည္ ထိပါမ်ားရင္ အေရျပားထဲမွာရွိတ့ဲ နုပ်ိဳမႈကို အားေပးတဲ့ အရာေတြကို ပ်က္စီးေစပါတယ္ ၊သူဟာ လြယ္လြယ္ကူကူပဲ ပ်က္စီး တာျဖစ္လို႔ ျမန္ျမန္အိုမင္းရင့္ေရာ္မႈကို ျဖစ္ေစပါတယ္ ။

ျမိဳ႕မွာေနတ့ဲသူနဲ႔ ေတာရြာမွာေနတဲ့သူ ေတြကို ယွဥ္ၾကည့္လိုက္ရင္ ညစ္ညမ္းတ့ဲေလထုကို ရွဴရွိဳက္ရတဲ့သူနဲ႔ သဘာ၀ေလကိုရွဴရတဲ့သူ မတူသလို ညစ္ညမ္းတ့ဲေလကို ရွဴရတ့ဲသူဟာ ပိုျပီး အိုမင္းေစပါတယ္ ။ ေဆးလိပ္ ေသာက္တာကလည္း အခ်ိန္မတိုင္ခင္ အိုမင္းရင့္ေရာ္ေစတာပါပဲ ။ ေနာက္တစ္ခုကေတာ့  အစားအေသာက္ပံုစံ နဲ႔လည္း သက္ဆိုင္ေနတာ ေတြ႕ရပါတယ္ ၊ သၾကား ၊ ကစီဓာတ္၊ ဆန္၊ ဂ်ံဳ၊ ေျပာင္း ၊ အာလူးေတြကို ေလ်ာ့စား သင့္ပါတယ္။ ဒီဟာေတြ စားပါမ်ားရင္ အေရျပားတင္မက ကိုယ္ခႏၶာ တစ္ခုလံုးက ျမန္ျမန္အိုမင္းေစပါတယ္ ။ အဲဒါေတြကို အစားအေသာက္ေတြနဲ႔ ျပန္ျပီးတားဆီးလို႔ ရပါတယ္ ။ ဗီတာမင္ ေအ နဲ႔ ဗီတာမင္ စီ ပါတ့ဲအစား အစာေတြစားေပးရပါမယ္ ။ေနာက္တစ္ခါ Life Style ေပၚမွာလည္း အမ်ားၾကီးမူတည္ျပန္ပါေသးတယ္ ၊စိတ္ဖိစီး မႈမ်ားရင္ ၊ေဒါသခဏခဏျဖစ္ရင္ ၊ေသာကခဏခဏေရာက္ေနရင္လည္း အရြယ္မတိုင္ခင္ အိုမင္းမႈကိုျဖစ္ေစပါ တယ္။

အခုလို အိုမင္းရင့္ေရာ္မႈေတြ အခ်ိန္မတိုင္ခင္ျဖစ္တာေတြကို ထိန္းသိမ္းလို႔ရပါတယ္ ။Collagen ဆိုတဲ့ပရိုတိန္း တစ္မ်ိဳး ရွိပါတယ္ ၊ ဒီပရိုတိန္းက အေရျပားမွာ( ၇၅ ) ရာခိုင္ႏံႈးနဲ႔ ဖြဲ႕စည္းထားတာျဖစ္ပါတယ္ ။ အိမ္ေဆာက္ တယ္ဆိုရင္ တိုင္ေတြ ေထာက္ၾကရသလို အေရျပားတင္းတင္းေလးျဖစ္ခ်င္တယ္ဆိုရင္ အေရျပားေအာက္က ေထာက္ေပးတ့ဲ ပစၥည္း ဆိုတာ Collagen ေတြကလုပ္ေပးရတာပဲျဖစ္ပါတယ္ ။အသက္ ၂၅ ႏွစ္ေက်ာ္လာရင္ အေရျပားမွာရွိတ့ဲ Collagen လုိ႔ေခၚတ့ဲ ပရိုတိန္းဟာ ( ၇၅ ) ရာခိုင္ႏံႈးရွိရာကေန တစ္နွစ္ တစ္နွစ္ကို တစ္ရာခိုင္ နံႈး ေလ်ာ့ေနေတာ့ ပ်က္စီးေနေတာ့ ၊ ၾကာေလေလ အေရျပားကို မေထာက္ပံ့နိုင္ေတာ့လို႔ အေရျပားတြဲက်လာျပီး အေရးေၾကာင္းေတြ ေပၚလာပါေတာ့တယ္ ။

ဒါေတြကိုကာကြယ္တားဆီးလို႔လည္းရပါတယ္ ၊ Collagenပ်က္စီးတာကိုေလ်ာ့နည္းေအာင္ တားလို႔ရတဲ့ အစား အစာကိုလည္းစားလို႔ ရတယ္။ Collagenထြက္ေကာင္းေအာင္ အားေပးတဲ့ အစားစာလည္းစားလို႔ ရပါတယ္။ Collagen ထြက္တာကိုအားေပးတဲ့ အစားစာေတြကေတာ့ ဗိုက္တာမင္စီပါတဲ့ အစားေသာက္မ်ိဳးျဖစ္တဲ့့ အဆီ ရြမ္းတဲ့ဟာေတြ ၊ အရည္ရြမ္းတဲ့ အသီးေတြအျပင္ င႐ုပ္ပြသီး ၊ မာလကာသီးစသည္တို႔ျဖစ္ပါတယ္ ။ Collagen ပ်က္စီးတာကိုနည္းေစတဲ့ အစားေသာက္ေတြကေတာ့  antioxidants ပါတဲ့ အစားေသာက္ေတြ ျဖစ္တ့ဲ ဗီတာမင္ A,B,C ပါတဲ့ အစားေသာက္ေတြကိုစားေပးမယ္ဆိုရင္ သူက ကာကြယ္ေပးပါတယ္ ။ Collagen ကို ဘယ္က ရမလဲဆိုရင္ အသားေတြျဖစ္တ့ဲ အမဲသား၊ ၾကက္သား၊ ငါးေတြက ရပါတယ္။

အဲဒီေတာ့ အခ်ိန္မတိုင္ခင္ အိုမင္းရင့္ေရာ္လာတာပဲျဖစ္ျဖစ္ ၊ သူ႕အသက္အရြယ္နဲ႔သူ ဇရာမေထာင္းေစဖို႔ ပ်ိဳျမစ္ ႏုပ်ိဳသူမ်ားျဖစ္ေအာင္ အေနအထိုင္ အစားအေသာက္ေတြကို သင့္တင့္မွ်တ ျဖည့္စြက္စားနိုင္ေအာင္ ေနထိုင္မႈ ပံုစံသစ္မ်ားနဲ႔ က်န္းမာလွပသူမ်ားျဖစ္ေစရန္ ရည္ရြယ္ျပီး ေရးသားလိုက္ရပါတယ္ ။    ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ယခုခေတ်မှာ အမျိုးသမီး အမျိုးသား ပျိုပျို အိုအို လူသားတိုင်း လှချင်ပချင် နုပျိုချင်ကြတဲ့ သူတွေဖြစ် ချင်ကြပါတယ် ။ အသက်အရွယ်ကြီးလာလို့ လှပဖို့ နုပျိုဖို့ဆိုရင်တော့ မိမိရဲ့အရေပြားကို ထိန်းသိမ်းဖို့ ပြုပြင်ဖို့ကျန်းမာရေးနဲ့ ညီညွတ် ဖို့တော့ မလွှဲမသွေလိုအပ်မှာ ဖြစ်ပါတယ် ။ လူဆိုတာ သူ့အသက် အရွယ်အလိုက် အိုမင်းရင့်ရော်သွား တာကတော့ ဇာတိ ဇရာဆိုတဲ့ သဘာဝဖြစ်ပေမယ့်လို့ သဘာ၀ အတိုင်းမဟုတ်ဘဲ အိုမင်းရင့်ရော်နေ မယ်ဆိုရင် သို့မဟုတ် ကျန်းမာရေးကြောင့်ဖြစ်စေ ၊ ရာသီဒဏ် တွေကြောင့်ဖြစ်စေ အိုမင်းရင့်ရော်နေမယ်ဆိုရင် ခေတ်မီဆေးဝါးတွေကို အသုံးပြုတာနဲ့ အစားအသောက် နေထိုင်မှုပုံစံကို စနစ်တကျ ပြောင်းလဲနေထိုင်လိုက် ရင် အရွယ်တင်နုပျို လှပလာမှာပဲဖြစ်ပါတယ် ။

အဓိကဆိုရရင် အိုမင်းရင့်ရော်မှုမှာ နှစ်မျိုးရှိပါတယ် ၊ အတွင်းကအိုမင်းခြင်း intrinsic aging ဆိုတာနဲ့ ၊ အပြင်ကနေ အိုမင်းခြင်း extrinsic aging ဆိုတာရှိပါတယ် ။အတွင်းအိုမင်းမှုကတော့   ပြောင်းလဲလို့မရဘူး ။ အသက်အရွယ်ကြီးပြင်းလာတာနဲ့အမျှ တဖြေးဖြေးချင်းအိုမင်းလာမှပဲဖြစ်ပါတယ် ၊ သဘာဝအလျောက် အိုမင်း တာလို့ခေါ်ပါတယ် ။အဓိကကတော့ ဂျင်း (Gene) မျိုးရိုးဗီဇ အပေါ်မှာမူတည်ပါတယ် ၊ မျိုးရိုးဗီဇကောင်းရင် ကောင်းသလို ၊ ကိုယ့်မှာရှိတဲ့ အရေပြားပုံသဏ္ဍန် skin type ကောင်းရင်ကောင်းသလို ၊ အသားဖြူတဲ့သူလား ၊ အရှေ့တိုင်းလို အသားဝါတဲ့သူလား ၊ အသားညိုတဲ့သူလား ဆိုတာနဲ့လည်း အိုမင်းရင့်ရော်မှုဟာ ပတ်သက်နေပါ တယ် ။ အသားဖြူတဲ့သူက အိုမင်းရင့်ရော်ဖို့ပိုပြီး လွယ်ပါတယ် ။ အသားညိုတဲ့သူက အသားညိုလေလေ အိုမင်း ရင့်ရော်မှုနည်းလေလေပဲဆိုတာဟာ နေရောင်ခြည်ကိုကာကွယ်နိုင်စွမ်းရှိလို့ပဲဖြစ်ပါတယ် ။

နောက်တစ်ခုက အသားအရေပုံစံပေါ်မှာမူတည်နေတာပဲဖြစ်ပါတယ် ၊ အဆီ ပြန်တဲ့မျက်နှာလား ၊ခြောက်သွေ့ တဲ့ အသားအရေပိုင်ရှင်လား ၊ အဲဒါတွေကလည်း မျိုးရိုးဗီဇနဲ့ဆိုင်ပါတယ် ။ မျက်နှာအဆီပြန်တဲ့သူဆိုရင် အသား အရေခြောက်တဲ့သူနဲ့စာရင် အိုမင်းရင့်ရော်မှု ပိုနှေးပါတယ် ။ ပြုပြင်ပြောင်းလဲဖို့ ခဲယဉ်းတဲ့ အတွင်းကအိုမင်းမှု intrinsic aging ဆိုတာပဲဖြစ်ပြီး ဆေးပညာနဲ့ သိတ်ပြီး တားဆီးလို့မရဟု ဆိုရမှာပဲ ဖြစ်ပါတယ် ။ အပြင်ကနေ အိုမင်းခြင်း extrinsic aging ဆိုတာကတော့ ပတ်ဝန်းကျင်နဲ့ Life Style ပေါ်မှာမူတည်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အချိန်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့ အကြောင်းအရာမျိုးပဲဖြစ်ပါတယ် ။ နေရောင်ခြည် ထိပါများရင် အရေပြားထဲမှာရှိတဲ့ နုပျိုမှုကို အားပေးတဲ့ အရာတွေကို ပျက်စီးစေပါတယ် ၊သူဟာ လွယ်လွယ်ကူကူပဲ ပျက်စီး တာဖြစ်လို့ မြန်မြန်အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ် ။

မြို့မှာနေတဲ့သူနဲ့ တောရွာမှာနေတဲ့သူ တွေကို ယှဉ်ကြည့်လိုက်ရင် ညစ်ညမ်းတဲ့လေထုကို ရှူရှိုက်ရတဲ့သူနဲ့ သဘာဝလေကိုရှူရတဲ့သူ မတူသလို ညစ်ညမ်းတဲ့လေကို ရှူရတဲ့သူဟာ ပိုပြီး အိုမင်းစေပါတယ် ။ ဆေးလိပ် သောက်တာကလည်း အချိန်မတိုင်ခင် အိုမင်းရင့်ရော်စေတာပါပဲ ။ နောက်တစ်ခုကတော့  အစားအသောက်ပုံစံ နဲ့လည်း သက်ဆိုင်နေတာ တွေ့ရပါတယ် ၊ သကြား ၊ ကစီဓာတ်၊ ဆန်၊ ဂျုံ၊ ပြောင်း ၊ အာလူးတွေကို လျော့စား သင့်ပါတယ်။ ဒီဟာတွေ စားပါများရင် အရေပြားတင်မက ကိုယ်ခန္ဓာ တစ်ခုလုံးက မြန်မြန်အိုမင်းစေပါတယ် ။ အဲဒါတွေကို အစားအသောက်တွေနဲ့ ပြန်ပြီးတားဆီးလို့ ရပါတယ် ။ ဗီတာမင် အေ နဲ့ ဗီတာမင် စီ ပါတဲ့အစား အစာတွေစားပေးရပါမယ် ။နောက်တစ်ခါ Life Style ပေါ်မှာလည်း အများကြီးမူတည်ပြန်ပါသေးတယ် ၊စိတ်ဖိစီး မှုများရင် ၊ဒေါသခဏခဏဖြစ်ရင် ၊သောကခဏခဏရောက်နေရင်လည်း အရွယ်မတိုင်ခင် အိုမင်းမှုကိုဖြစ်စေပါ တယ်။

အခုလို အိုမင်းရင့်ရော်မှုတွေ အချိန်မတိုင်ခင်ဖြစ်တာတွေကို ထိန်းသိမ်းလို့ရပါတယ် ။Collagen ဆိုတဲ့ပရိုတိန်း တစ်မျိုး ရှိပါတယ် ၊ ဒီပရိုတိန်းက အရေပြားမှာ( ၇၅ ) ရာခိုင်နှုံးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ် ။ အိမ်ဆောက် တယ်ဆိုရင် တိုင်တွေ ထောက်ကြရသလို အရေပြားတင်းတင်းလေးဖြစ်ချင်တယ်ဆိုရင် အရေပြားအောက်က ထောက်ပေးတဲ့ ပစ္စည်း ဆိုတာ Collagen တွေကလုပ်ပေးရတာပဲဖြစ်ပါတယ် ။အသက် ၂၅ နှစ်ကျော်လာရင် အရေပြားမှာရှိတဲ့ Collagen လို့ခေါ်တဲ့ ပရိုတိန်းဟာ ( ၇၅ ) ရာခိုင်နှုံးရှိရာကနေ တစ်နှစ် တစ်နှစ်ကို တစ်ရာခိုင် နှုံး လျော့နေတော့ ပျက်စီးနေတော့ ၊ ကြာလေလေ အရေပြားကို မထောက်ပံ့နိုင်တော့လို့ အရေပြားတွဲကျလာပြီး အရေးကြောင်းတွေ ပေါ်လာပါတော့တယ် ။

ဒါတွေကိုကာကွယ်တားဆီးလို့လည်းရပါတယ် ၊ Collagenပျက်စီးတာကိုလျော့နည်းအောင် တားလို့ရတဲ့ အစား အစာကိုလည်းစားလို့ ရတယ်။ Collagenထွက်ကောင်းအောင် အားပေးတဲ့ အစားစာလည်းစားလို့ ရပါတယ်။ Collagen ထွက်တာကိုအားပေးတဲ့ အစားစာတွေကတော့ ဗိုက်တာမင်စီပါတဲ့ အစားသောက်မျိုးဖြစ်တဲ့ အဆီ ရွမ်းတဲ့ဟာတွေ ၊ အရည်ရွမ်းတဲ့ အသီးတွေအပြင် ငရုပ်ပွသီး ၊ မာလကာသီးစသည်တို့ဖြစ်ပါတယ် ။ Collagen ပျက်စီးတာကိုနည်းစေတဲ့ အစားသောက်တွေကတော့  antioxidants ပါတဲ့ အစားသောက်တွေ ဖြစ်တဲ့ ဗီတာမင် A,B,C ပါတဲ့ အစားသောက်တွေကိုစားပေးမယ်ဆိုရင် သူက ကာကွယ်ပေးပါတယ် ။ Collagen ကို ဘယ်က ရမလဲဆိုရင် အသားတွေဖြစ်တဲ့ အမဲသား၊ ကြက်သား၊ ငါးတွေက ရပါတယ်။

အဲဒီတော့ အချိန်မတိုင်ခင် အိုမင်းရင့်ရော်လာတာပဲဖြစ်ဖြစ် ၊ သူ့အသက်အရွယ်နဲ့သူ ဇရာမထောင်းစေဖို့ ပျိုမြစ် နုပျိုသူများဖြစ်အောင် အနေအထိုင် အစားအသောက်တွေကို သင့်တင့်မျှတ ဖြည့်စွက်စားနိုင်အောင် နေထိုင်မှု ပုံစံသစ်များနဲ့ ကျန်းမာလှပသူများဖြစ်စေရန် ရည်ရွယ်ပြီး ရေးသားလိုက်ရပါတယ် ။    ။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top