ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အသဲကြဲတိုင္းငိုေနစရာလား ငိုမ္ိရင္ခဏေပါ့ ။မ်က္နွာ ထသစ္ သနပ္ခါးလိမ္းျပီးရင္ စိတ္လက္ၾကည္သာနိုင္တဲ့ ေနရာကို ထသြားလိုက္မယ္ ။

နဂိုအတိုင္း အခ်စ္ ဆိုတာ ျပန္မရနိဳင္မွေတာ့
ဘာလို ့မ်ားေမွ်ာ္လင့္ေတာင့္တ ငိုေၾကြးေနရမွာလည္း ။

ေလာကမွာ သနားစရာအေကာင္းဆံုး လူ ဟာ
ကိုယ္ျဖစ္သင့္သလို ကိုယ့္ကိုကိုယ္ ေလာက္ဘယ္သူမွမခ်စ္နိုင္ပါဘူး ။

လမ္းခြဲ သြားလို ့ ဝမ္းနည္း ေၾကကြဲေနစရာလား စိတ္ထိခိုက္ခံစားရရင္ ခဏဆို လံုေလာက္ျပီေလ ။

ကိုယ္လုပ္စရာရွိတာေတြကို ဆက္လုပ္ဖို ့
အားအင္အသစ္ေတြကို အျမန္ဆံုးေမြးယူျပီး လုပ္ငန္းခြင္ နဲ ့သူငယ္ခ်င္း ေတြၾကားထဲ ေပ်ာ္ေပ်ာ္ဘဲေနလိုက္မယ္ ။

ခ်န္ထားခဲ့သူထက္ တစ္ေန ့သာရမယ္ ဆိုတဲ့ စိတ္နဲ ့အလုပ္ ေတြကိုပိုေတာင္ျကိုးစားလိုက္ရံုဘဲ။

ကိုယ့္ ဘဝ အတြက္ ေနာက္ထပ္ေရွ ့ဆက္ရမဲ့ခရီးရဲ့ပဲ့ကိုင္ရွင္ဟာ ကိုယ္သာျဖစ္ေနတာမို ့ ကိုယ့္ကိုယ္ေဖးကူသူမဟုတ္တဲ့လူ အတြက္ အခ်ိန္ေပးျပီးစိတ္ကိုညဥ္းဆဲေနစရာမွမဟုတ္တာ။

သစၥာ မရွိလို ့ ခံပ်င္းစိတ္ျဖစ္ေနလား ခဏ ေဒါသ ထြက္ေပါက္ကြဲပစ္လိုက္မယ္ ဒါဆို အဆင္ေျပျပီေလ ။

သြားစမ္းပါေစ တန္ဖိုး မသိတဲ့သူအတြက္ ကိုယ့္ တန္ဖိုး ေတြပါက်ဆင္းေစေလာက္ေအာင္ ရုပ္ပ်က္ေနစရာမွ မလိုတာ ။

သူ ့ထက္သာတဲ့ သစၥာရွိတဲ့ ခ်စ္သူ အခ်ိန္တန္ရလာလိမ့္မယ္။

အခ်စ္ ဟာ ဘဝ ရဲ့ တစ္စိပ္တစ္ေဒသအခန္းက႑မွာပါဝင္ေနတာမို ့ စာရိတၱ မေကာင္းသူနဲ ့ေစာေစာလမ္းခြဲရတဲ့ကိုယ္ဟာ ကံေကာင္းတဲ့သူအျဖစ္ဝမ္းသာဖို ့ေတာင္ေကာင္းေသးတယ္။

ေပ်ာ္ရႊင္ေနတဲ့ သူအျဖစ္ လူေတြၾကားထဲ ဂုဏ္ယူစြာသာသာယာယာေနလိုက္မယ္ ။

ခ်စ္ရက္နဲ ့ လမ္းခြဲ ရလို ့ အားငယ္ေနလား ခဏေတာ့ငိုမယ္ ။

ကိုယ္ခ်စ္တဲ့သူရဲ့ ေလွ်ာက္ရမဲ့ လမ္း ေနွာင့္ေနွးျခင္း ၊အေနွာက္ယွက္ ျဖစ္ေစတာမ်ိဳး မျဖစ္ေအာင္ ေနာက္ထပ္မ်က္ရည္ မက်ေတာ့ဘူး ။

သူျမင္ေစခ်င္တဲ့ အဆင္ေျပတဲ့ ဘဝ ကို ယူျပမယ္ ။

သူမျမင္ရက္တဲ့ မ်က္ရည္ ေနာက္ထပ္မက်ေစျခင္းနဲ ့နွစ္သိမ့္ေပးလိုက္ပါ့မယ္ ။

ခ်စ္တိုင္းညားက်ေၾကးဆိုရင္ အခ်စ္ နဲ ့ပတ္သက္တဲ့ ရာဇဝင္ေတာင္ရွိလာမွာ မဟုတ္ဖူးဆိုျပီးစိတ္ကို ေျဖေဖ်ာက္လိုက္မယ္ ။

ကိုယ္ေပ်ာ္ေနတာဘဲ သူျမင္ခ်င္ သလို သူေပ်ာ္ေနတာဘဲ ကိုယ္ျမင္ခ်င္တာမို ့အခ်ိန္ၾကာၾကာ ဝမ္းနည္းေၾကကြဲေနျခင္းနဲ ့ စိတ္ဓါတ္ကို
မျပိဳလဲေစရဘူး ။

ေတြ ့ဆံုျခင္းရွိရင္ ဘယ္လို အေၾကာင္းနဲ ့ ျဖစ္ျဖစ္ခြဲခြာျခင္းဆိုတာ တစ္ေန ့ရွိလာတာလည္း
ေလာကရဲ့ ဓမၼတာတရားပါ။

ဘယ္လိုအေၾကာင္းေၾကာင္းနဲ ့ ခြဲရပါေစ ကိုယ့္ကိုယ္ကိုယ္ခ်စ္တဲ့သူေတြဟာ ခဏပဲငိုၾကတယ္။

ဒါေၾကာင့္ အသဲကြဲ လို ့ ငိုလည္း ခဏေပါ့ ။
သစၥာမရွိလို ့ ထားခဲ့လည္းလို ့ ငိုလည္း ခဏေပါ့ ။

မျဖစ္နိုင္လို ့ လမ္းခြဲရလို ့ငိုလည္း ခဏေပါ့ ။

ကိုယ့္မနက္ျဖန္ ဟာ ကိုယ္ဘဲ ပိုင္တယ္ကိုယ္ဟာ ကိုယ့္ ဘဝ ရဲ့ ပဲ့ကိုင္ရွင္မို ့ဘဝ ကို ထိခိုက္ေအာင္ထိ အရူးအမူးျဖစ္ေနစရာ မလိုအပ္ပါဘူး ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: May Noe
#Unicode Version#
အသဲကွဲတိုင်းငိုနေစရာလား ငိုမိရင်ခဏပေါ့ ။မျက်နှာ ထသစ် သနပ်ခါးလိမ်းပြီးရင် စိတ်လက်ကြည်သာနိုင်တဲ့ နေရာကို ထသွားလိုက်မယ် ။

နဂိုအတိုင်း အချစ် ဆိုတာ ပြန်မရနိုင်မှတော့
ဘာလို့များမျှော်လင့်တောင့်တ ငိုကြွေးနေရမှာလည်း ။

လောကမှာ သနားစရာအကောင်းဆုံး လူ ဟာ
ကိုယ်ဖြစ်သင့်သလို ကိုယ့်ကိုကိုယ် လောက်ဘယ်သူမှမချစ်နိုင်ပါဘူး ။

လမ်းခွဲ သွားလို့ ဝမ်းနည်း ကြေကွဲနေစရာလား စိတ်ထိခိုက်ခံစားရရင် ခဏဆို လုံလောက်ပြီလေ ။

ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်ဖို့
အားအင်အသစ်တွေကို အမြန်ဆုံးမွေးယူပြီး လုပ်ငန်းခွင် နဲ့သူငယ်ချင်း တွေကြားထဲ ပျော်ပျော်ဘဲနေလိုက်မယ် ။

ချန်ထားခဲ့သူထက် တစ်နေ့သာရမယ် ဆိုတဲ့ စိတ်နဲ့အလုပ် တွေကိုပိုတောင်ကြိုးစားလိုက်ရုံဘဲ။

ကိုယ့် ဘဝ အတွက် နောက်ထပ်ရှေ့ဆက်ရမဲ့ခရီးရဲ့ပဲ့ကိုင်ရှင်ဟာ ကိုယ်သာဖြစ်နေတာမို့ ကိုယ့်ကိုယ်ဖေးကူသူမဟုတ်တဲ့လူ အတွက် အချိန်ပေးပြီးစိတ်ကိုညဉ်းဆဲနေစရာမှမဟုတ်တာ။

သစ္စာ မရှိလို့ ခံပျင်းစိတ်ဖြစ်နေလား ခဏ ဒေါသ ထွက်ပေါက်ကွဲပစ်လိုက်မယ် ဒါဆို အဆင်ပြေပြီလေ ။

သွားစမ်းပါစေ တန်ဖိုး မသိတဲ့သူအတွက် ကိုယ့် တန်ဖိုး တွေပါကျဆင်းစေလောက်အောင် ရုပ်ပျက်နေစရာမှ မလိုတာ ။

သူ့ထက်သာတဲ့ သစ္စာရှိတဲ့ ချစ်သူ အချိန်တန်ရလာလိမ့်မယ်။

အချစ် ဟာ ဘဝ ရဲ့ တစ်စိပ်တစ်ဒေသအခန်းကဏ္ဍမှာပါဝင်နေတာမို့ စာရိတ္တ မကောင်းသူနဲ့စောစောလမ်းခွဲရတဲ့ကိုယ်ဟာ ကံကောင်းတဲ့သူအဖြစ်ဝမ်းသာဖို့တောင်ကောင်းသေးတယ်။

ပျော်ရွှင်နေတဲ့ သူအဖြစ် လူတွေကြားထဲ ဂုဏ်ယူစွာသာသာယာယာနေလိုက်မယ် ။

ချစ်ရက်နဲ့ လမ်းခွဲ ရလို့ အားငယ်နေလား ခဏတော့ငိုမယ် ။

ကိုယ်ချစ်တဲ့သူရဲ့ လျှောက်ရမဲ့ လမ်း နှောင့်နှေးခြင်း ၊အနှောက်ယှက် ဖြစ်စေတာမျိုး မဖြစ်အောင် နောက်ထပ်မျက်ရည် မကျတော့ဘူး ။

သူမြင်စေချင်တဲ့ အဆင်ပြေတဲ့ ဘဝ ကို ယူပြမယ် ။

သူမမြင်ရက်တဲ့ မျက်ရည် နောက်ထပ်မကျစေခြင်းနဲ့နှစ်သိမ့်ပေးလိုက်ပါ့မယ် ။

ချစ်တိုင်းညားကျကြေးဆိုရင် အချစ် နဲ့ပတ်သက်တဲ့ ရာဇဝင်တောင်ရှိလာမှာ မဟုတ်ဖူးဆိုပြီးစိတ်ကို ဖြေဖျောက်လိုက်မယ် ။

ကိုယ်ပျော်နေတာဘဲ သူမြင်ချင် သလို သူပျော်နေတာဘဲ ကိုယ်မြင်ချင်တာမို့အချိန်ကြာကြာ ဝမ်းနည်းကြေကွဲနေခြင်းနဲ့ စိတ်ဓါတ်ကို
မပြိုလဲစေရဘူး ။

တွေ့ဆုံခြင်းရှိရင် ဘယ်လို အကြောင်းနဲ့ ဖြစ်ဖြစ်ခွဲခွာခြင်းဆိုတာ တစ်နေ့ရှိလာတာလည်း
လောကရဲ့ ဓမ္မတာတရားပါ။

ဘယ်လိုအကြောင်းကြောင်းနဲ့ ခွဲရပါစေ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့သူတွေဟာ ခဏပဲငိုကြတယ်။

ဒါကြောင့် အသဲကွဲ လို့ ငိုလည်း ခဏပေါ့ ။
သစ္စာမရှိလို့ ထားခဲ့လည်းလို့ ငိုလည်း ခဏပေါ့ ။

မဖြစ်နိုင်လို့ လမ်းခွဲရလို့ငိုလည်း ခဏပေါ့ ။

ကိုယ့်မနက်ဖြန် ဟာ ကိုယ်ဘဲ ပိုင်တယ်ကိုယ်ဟာ ကိုယ့် ဘဝ ရဲ့ ပဲ့ကိုင်ရှင်မို့ဘဝ ကို ထိခိုက်အောင်ထိ အရူးအမူးဖြစ်နေစရာ မလိုအပ်ပါဘူး ။

ဖိုးသူတော် (www.phothutaw.com)
Credit: May Noe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top