ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ျပင္ဦးလြင္ၿမိဳ႕ အမ်ဳိး သားကန္ေတာ္ႀကီးတြင္ ျပဳလုပ္မည့္ (၁၂)ႀကိမ္ေျမာက္ပန္းပြဲေတာ္ကို ဒီဇင္ဘာ ၁၆ ရက္၌ စတင္ က်င္းပမည္ျဖစ္ေၾကာင္း ကန္ ေတာ္ႀကီးဥယ်ာဥ္မန္ေနဂ်ာ ဦးေ၀ မ်ဳိးေအာင္က ေျပာသည္။

ဒီဇင္ဘာ ၁၆ ရက္ကစတင္ ကာ ၃၁ ရက္အထိ ႏွစ္ပတ္ၾကာ က်င္းပမည္ျဖစ္ၿပီး ဒီဇင္ဘာ ၂၄ ႏွင့္ ၂၅ ရက္တြင္ ေတးဂီတေဖ်ာ္ ေျဖပြဲမ်ား   ထည့္သြင္းက်င္းပ မည္ဟု ၎က ေျပာသည္။

‘‘ပြဲေတာ္ကာလကေတာ့ ႏွစ္ ပတ္ပဲက်င္းပမွာ။ ဒါေပမဲ့ ခါတိုင္း ႏွစ္ေတြလိုပဲ ပန္းေတြသက္တမ္း ရွိရင္ရွိသေလာက္ ဆက္ျပမွာေပါ့။ဂီတေဖ်ာ္ေျဖပြဲရွိမယ္။ အဆိုေတာ္ ေတြကိုေတာ့ မသိရေသးဘူး။ အခုခ်ိတ္ဆက္ေနတုန္းပါပဲ’’ဟု ဦးေ၀ မ်ဳိးေအာင္က ေျပာသည္။

ပြဲေတာ္က်င္းပႏိုင္ရန္ လက္ ရွိျပင္ဆင္မႈမ်ားေဆာင္ရြက္ေနၿပီး ျပပြဲတစ္ခုလံုးတြင္ ပန္းအတု ၃၀ ရာခိုင္ႏႈန္းႏွင့္ ပန္းအစစ္ ၇၀ ရာခိုင္ႏႈန္းခန္႔ထည့္သြင္းကာ ပန္းပြင့္ ေပါင္း တစ္သိန္းႏွစ္ေသာင္းေက်ာ္ ျဖင့္ ႐ုပ္လံုး၊ ႐ုပ္ႂကြမ်ားပံုေဖာ္ကာ ျပသမည္ ျဖစ္ေၾကာင္း အဆိုပါဥယ်ာဥ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္လင္းထူးက ေျပာၾကားထားသည္။

အမ်ဳိးသားကန္ေတာ္ႀကီး ဥယ်ာဥ္၀င္ေၾကးသည္ လူႀကီးတစ္ဦး က်ပ္ ၁,၀၀၀ ႏွင့္ ကေလးတစ္ဦး က်ပ္ ၅၀၀ သတ္မွတ္ထားၿပီး ပြဲေတာ္က်င္းပေနစဥ္ကာလတြင္လည္း ႏႈန္းထားမ်ားေျပာင္းလဲေကာက္ခံမည္မဟုတ္ေၾကာင္း ဦးေက်ာ္လင္းထူးက ေျပာသည္။

ကန္ေတာ္ႀကီးတြင္ မ်ဳိးစံုျပသထားေသာ ပန္းမ်ားအျပင္ လိပ္ျပာျပတိုက္၊ အင္ၾကင္းျပ တိုက္၊ ႐ုပ္ႂကြင္းျပတိုက္၊ သစ္ခြ ဥယ်ာဥ္စသည္တို႔လည္းရွိၿပီး ၂၀၁၆ ဒီဇင္ဘာပန္းပြဲေတာ္ကာ လတြင္ လူဦးေရ သံုးသိန္းေက်ာ္ လာေရာက္ခဲ့ေၾကာင္း ဆိုသည္။

အမ်ဳိးသားကန္ေတာ္ႀကီး ဥယ်ာဥ္ကို သစ္ေတာဦးစီးဌာနမွ Htoo Foundation Group သို႔ ၂၀၀၈ ခုႏွစ္က စတင္ကာ ၁၅ ႏွစ္ သက္တမ္းျဖင့္ ငွားရမ္းလုပ္ကိုင္ ေနျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ပြင်ဦးလွင်မြို့ အမျိုး သားကန်တော်ကြီးတွင် ပြုလုပ်မည့် (၁၂)ကြိမ်မြောက်ပန်းပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်၌ စတင် ကျင်းပမည်ဖြစ်ကြောင်း ကန် တော်ကြီးဥယျာဉ်မန်နေဂျာ ဦးေ၀ မျိုးအောင်က ပြောသည်။

ဒီဇင်ဘာ ၁၆ ရက်ကစတင် ကာ ၃၁ ရက်အထိ နှစ်ပတ်ကြာ ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၄ နှင့် ၂၅ ရက်တွင် တေးဂီတဖျော် ဖြေပွဲများ   ထည့်သွင်းကျင်းပ မည်ဟု ၎င်းက ပြောသည်။

‘‘ပွဲတော်ကာလကတော့ နှစ် ပတ်ပဲကျင်းပမှာ။ ဒါပေမဲ့ ခါတိုင်း နှစ်တွေလိုပဲ ပန်းတွေသက်တမ်း ရှိရင်ရှိသလောက် ဆက်ပြမှာပေါ့။ဂီတဖျော်ဖြေပွဲရှိမယ်။ အဆိုတော် တွေကိုတော့ မသိရသေးဘူး။ အခုချိတ်ဆက်နေတုန်းပါပဲ’’ဟု ဦးေ၀ မျိုးအောင်က ပြောသည်။

ပွဲတော်ကျင်းပနိုင်ရန် လက် ရှိပြင်ဆင်မှုများဆောင်ရွက်နေပြီး ပြပွဲတစ်ခုလုံးတွင် ပန်းအတု ၃၀ ရာခိုင်နှုန်းနှင့် ပန်းအစစ် ၇၀ ရာခိုင်နှုန်းခန့်ထည့်သွင်းကာ ပန်းပွင့် ပေါင်း တစ်သိန်းနှစ်သောင်းကျော် ဖြင့် ရုပ်လုံး၊ ရုပ်ကြွများပုံဖော်ကာ ပြသမည် ဖြစ်ကြောင်း အဆိုပါဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းထူးက ပြောကြားထားသည်။

အမျိုးသားကန်တော်ကြီး ဥယျာဉ်ဝင်ကြေးသည် လူကြီးတစ်ဦး ကျပ် ၁,၀၀၀ နှင့် ကလေးတစ်ဦး ကျပ် ၅၀၀ သတ်မှတ်ထားပြီး ပွဲတော်ကျင်းပနေစဉ်ကာလတွင်လည်း နှုန်းထားများပြောင်းလဲကောက်ခံမည်မဟုတ်ကြောင်း ဦးကျော်လင်းထူးက ပြောသည်။

ကန်တော်ကြီးတွင် မျိုးစုံပြသထားသော ပန်းများအပြင် လိပ်ပြာပြတိုက်၊ အင်ကြင်းပြ တိုက်၊ ရုပ်ကြွင်းပြတိုက်၊ သစ်ခွ ဥယျာဉ်စသည်တို့လည်းရှိပြီး ၂၀၁၆ ဒီဇင်ဘာပန်းပွဲတော်ကာ လတွင် လူဦးရေ သုံးသိန်းကျော် လာရောက်ခဲ့ကြောင်း ဆိုသည်။

အမျိုးသားကန်တော်ကြီး ဥယျာဉ်ကို သစ်တောဦးစီးဌာနမှ Htoo Foundation Group သို့ ၂၀၀၈ ခုနှစ်က စတင်ကာ ၁၅ နှစ် သက်တမ်းဖြင့် ငှားရမ်းလုပ်ကိုင် နေခြင်း ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top