ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အသီးအႏွံမ်ားကို ခ်ိဳေစေသာ ဖရူးတိုးစ္ သၾကားဓါတ္ေၾကာင့္ အစာစားခ်င္ စိတ္ကိုပိုေစျပီး လူကိုလည္း ပို၍ ဆာေလာင္ ေစကာ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်လိုသူမ်ား၊ က်န္းမာေရး အရ အစားေရွာင္လို သူမ်ားအဖို ့ ကယ္လိုရီ မ်ားစြာပါ၀င္ ေသာ အစားအစာမ်ားကို ထပ္မံစား မိလ်က္သား ျဖစ္ေနတတ္ေၾကာင္း သုေတသီမ်ားက ဆိုသည္။

သုေတသီမ်ားက ဖရူးတိုးစ္ ပါ၀င္ေသာ သစ္သီးေဖ်ာ္ရည္နွင့္ ဖရူးတိုးစ္ျပိဳကြဲရာမွ ထြက္ေပၚလာေသာ ဂလူးကို ့စ္ပါ၀င္ ေသာ သစ္သီးေဖ်ာ္ရည္တို ့ကို ပံုမွန္ေသာက္သံုး သူမ်ားအား ဆန္းစစ္ေလ့လာခဲ့ရာ ဂလူးကုိ ့စ္ထက္ ဖရူးတိုးစ္က လူကို အခ်ိဳစားခ်င္စိတ္ ပိုေစေၾကာင္း ေတြ ့ရွိခဲ့သည္။

ဂလူးကို ့စ္ကို ေပါင္မုန္ ့ကဲ့သို ့ ကာဗိုဟိုက္ဒရိတ္ျမင့္ မားေသာ အစားအစာမ်ားတြင္ ေတြ ့ရေလ့ရွိျပီး ခႏၶာကိုယ္၏ ဇီ၀ ကမၼျဖစ္စဥ္တိုင္းအတြက္ အသံုး၀င္ရာ၀ယ္ ဖရူးတိုးစ္သည္ အစာစားျပီးေနာက္ ၀လင္ျခင္းကိုခံစားရေစသည့္ အင္ဆူ လင္ ေဟာ္မုန္းကို လွံဳ ့ေဆာ္ေပးျခင္းမျပဳသည့္အတြက္ ဖရူးတိုးစ္ပါ၀င္ေသာ အသီးအနွံနွင့္ေဖ်ာ္ရည္မ်ားကို စားေသာက္ျပီးေသာ္လည္း ၀သည္ကဲ့သို ့ မခံစားရဘဲ ထပ္မံ၍ စားေသာက္မိတတ္ေၾကာင္း ေတြ ့ရွိခဲ့သည္။

သၾကားဓါတ္တစ္ခုနဲ ့တစ္ခု မတူသလို သူတို ့ေၾကာင့္ျဖစ္တဲ့ စားခ်င္စိတ္လည္း မတူပါဘူး။ ဒီေတာ့ လူေတြကို ဂလူးကုိ ့စ္ စားမယ့္အုပ္စုနဲ ့ ဖရူးတုိးစ္စားမယ့္အုပ္စု ၂-စု ခြဲလိုက္တယ္။ အစားစားျပီးတာနဲ ့ အခ်ိဳထပ္စားမလား ဒါမွမဟုတ္ ၁-လျပည့္တဲ့အခါ ရမယ့္ ဆုေတာ္ေငြကုိ ယူမလားလို ့ ေရြးစရာေပးလိုက္တယ္။ ဂလူးကို ့စ္စားသူေတြ က ၁-လျပည့္တဲ့အထိေစာင့္ျပီး ဆုေငြကိုထုတ္ယူဖုိ ့ ေရြးခ်ယ္ၾကျပီး ဖရူူးတိုးစ္စားသူေတြကေတာ့ အခ်ိဳမုန္ ့ေလး တစ္ခုေလာက္ကို စားလိုက္ရဖို ့ပဲ ေတာင္းဆိုခဲ့ၾကတာကို ေတြ ့ရတယ္ဟု ေတာင္ပိုင္းကယ္လီဖိုးနီးယားတကၠသိုလ္ မွ သုေတသီတစ္ဦးက ေျပာျပသည္။

ထို ့ေၾကာင့္ အသီးအနွံမ်ားကို စားေသာက္ရာ၀ယ္ ဖရူးတိုးစ္သၾကားဓါတ္ ပါ၀င္ျပီးျဖစ္သည့္အတြက္ သၾကား ထပ္ထည့္ကာ စားေသာက္ျခင္း၊ အသီးအႏွံစားျပီးသည့္ေနာက္ အခ်ိဳပြဲထပ္တည္ျခင္း၊ အျခားအစားအစာမ်ား သီးျခား ထပ္စားျခင္းတို ့ကို ေရွာင္ၾကဥ္သင့္ေၾကာင္း သုေတသီမ်ားက အၾကံျပဳထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lashio News Diary

# Unicode Version ျဖင့္ ဖတ္ပါ #

အသီးအနှံများကို ချိုစေသော ဖရူးတိုးစ် သကြားဓါတ်ကြောင့် အစာစားချင် စိတ်ကိုပိုစေပြီး လူကိုလည်း ပို၍ ဆာလောင် စေကာ ကိုယ်အလေးချိန် လျော့ချလိုသူများ၊ ကျန်းမာရေး အရ အစားရှောင်လို သူများအဖို့ ကယ်လိုရီ များစွာပါဝင် သော အစားအစာများကို ထပ်မံစား မိလျက်သား ဖြစ်နေတတ်ကြောင်း သုတေသီများက ဆိုသည်။

သုတေသီများက ဖရူးတိုးစ် ပါဝင်သော သစ်သီးဖျော်ရည်နှင့် ဖရူးတိုးစ်ပြိုကွဲရာမှ ထွက်ပေါ်လာသော ဂလူးကို့စ်ပါဝင် သော သစ်သီးဖျော်ရည်တို့ကို ပုံမှန်သောက်သုံး သူများအား ဆန်းစစ်လေ့လာခဲ့ရာ ဂလူးကို့စ်ထက် ဖရူးတိုးစ်က လူကို အချိုစားချင်စိတ် ပိုစေကြောင်း တွေ့ရှိခဲ့သည်။

ဂလူးကို့စ်ကို ပေါင်မုန့်ကဲ့သို့ ကာဗိုဟိုက်ဒရိတ်မြင့် မားသော အစားအစာများတွင် တွေ့ရလေ့ရှိပြီး ခန္ဓာကိုယ်၏ ဇီ၀ ကမ္မဖြစ်စဉ်တိုင်းအတွက် အသုံးဝင်ရာဝယ် ဖရူးတိုးစ်သည် အစာစားပြီးနောက် ဝလင်ခြင်းကိုခံစားရစေသည့် အင်ဆူ လင် ဟော်မုန်းကို လှုံ့ဆော်ပေးခြင်းမပြုသည့်အတွက် ဖရူးတိုးစ်ပါဝင်သော အသီးအနှံနှင့်ဖျော်ရည်များကို စားသောက်ပြီးသော်လည်း ဝသည်ကဲ့သို့ မခံစားရဘဲ ထပ်မံ၍ စားသောက်မိတတ်ကြောင်း တွေ့ရှိခဲ့သည်။

သကြားဓါတ်တစ်ခုနဲ့တစ်ခု မတူသလို သူတို့ကြောင့်ဖြစ်တဲ့ စားချင်စိတ်လည်း မတူပါဘူး။ ဒီတော့ လူတွေကို ဂလူးကို့စ် စားမယ့်အုပ်စုနဲ့ ဖရူးတိုးစ်စားမယ့်အုပ်စု ၂-စု ခွဲလိုက်တယ်။ အစားစားပြီးတာနဲ့ အချိုထပ်စားမလား ဒါမှမဟုတ် ၁-လပြည့်တဲ့အခါ ရမယ့် ဆုတော်ငွေကို ယူမလားလို့ ရွေးစရာပေးလိုက်တယ်။ ဂလူးကို့စ်စားသူတွေ က ၁-လပြည့်တဲ့အထိစောင့်ပြီး ဆုငွေကိုထုတ်ယူဖို့ ရွေးချယ်ကြပြီး ဖရူူးတိုးစ်စားသူတွေကတော့ အချိုမုန့်လေး တစ်ခုလောက်ကို စားလိုက်ရဖို့ပဲ တောင်းဆိုခဲ့ကြတာကို တွေ့ရတယ်ဟု တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ် မှ သုတေသီတစ်ဦးက ပြောပြသည်။

ထို့ကြောင့် အသီးအနှံများကို စားသောက်ရာဝယ် ဖရူးတိုးစ်သကြားဓါတ် ပါဝင်ပြီးဖြစ်သည့်အတွက် သကြား ထပ်ထည့်ကာ စားသောက်ခြင်း၊ အသီးအနှံစားပြီးသည့်နောက် အချိုပွဲထပ်တည်ခြင်း၊ အခြားအစားအစာများ သီးခြား ထပ်စားခြင်းတို့ကို ရှောင်ကြဉ်သင့်ကြောင်း သုတေသီများက အကြံပြုထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Lashio News Diary
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top