Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ေထာက္ပံ့ေငြ က်ပ္ ၉၅ သိန္းျဖင့္ မေကြးျမိဳ႕တြင္ ဆိုင္ကယ္စီးဦးထုပ္အလံုး တစ္ေထာင္ အခမ့ဲေပးသြားမည္ျဖစ္ေႀကာင္း မေကြးျမိဳ႕ အမွတ္(၄)ယာဥ္ထိန္းရဲဒုတပ္ဖြဲ႕ခြဲမွဴးရံုး ရဲမွဴးသာေဌး က ေျပာသည္။

အဆိုပါ အစီအစဥ္ကုိ ႏိုဝင္ဘာလ ၆ ရက္ေန႔က စတင္ခဲ့ျခင္းျဖစ္ျပီး စည္းကမ္းမညီေသာ ဆိုင္ကယ္မ်ား ဒဏ္ေၾကးေပးေဆာင္စဥ္ အခမဲ့ေပးသြားမည္ ျဖစ္သည္။

မေကြးတြင္ စည္းကမ္းႏွင့္မညီသည့္ ဆိုင္ကယ္မ်ားအား ဖမ္းဆီးျပီး တရားရံုး၌ ဒဏ္ေငြေပးေခ်ျပီးသူမ်ားက ဒဏ္ေငြေပးေခ်ျပီးသည့္ ခ်လန္စာရြက္ႏွင္ ့ ယာဥ္ထိန္း ရဲတပ္ဖြဲ႕ထံတြင္ ဆိုင္ကယ္မ်ား လာေရာက္ထုတ္ယူစဥ္ ဆို္င္ကယ္စီးဦးထုပ္မ်ားအား အခမ့ဲ ျပန္လည္ေပးသြားမည္ျဖစ္ေၾကာင္း နိုဝင္ဘာလ ၆  ရက္ေန႔က မေကြးျမိဳ႕အမွတ္(၄)ယာဥ္ထိန္း ရဲဒုတပ္ဖြဲ႕ခြဲ႕မွဴးရံုးတြင္ ရဲမွဴးသာေဌးႏွင့္ မီဒီယာမ်ားေတြ႕စံုစဥ္ ရဲမွဴးသာေဌး ကမီဒီယာမ်ားကိုေျပာသည္။

“စည္းကမ္းနဲ႕မညီ စီႏွင္းလုိ႔ ဆို္င္ကယ္အဖမ္းခံရသူေတြ တရားရံုးမွာ ဒဏ္ေငြေဆာင္ျပီး ခ်လန္စာရြက္နဲ႕ ဆိုင္ကယ္လာထုတ္တဲ႔အခါ ဆိုင္ကယ္စီးဦးထုပ္ေတြ အခမ့ဲ ေပးေဝသြားမယ္” ဟု ရဲမွဴးသာေဌးက မဇိၩမသုိ႔ ေျပာသည္။

မေကြးတိုင္းေဒသႀကီးအစိုးရအေနနွင့္ ဆိုင္ကယ္ အက္စီဒင့္ျဖစ္လွွ်င္ ထိခိုက္နာက်င္မႈ နည္းႏိုင္ရန္အတြက္ ရည္ရြယ္ျပီး ထိုင္းႏိုင္ငံထုတ္ ဆိုနစ္ ဆိုင္ကယ္စီးဦးထုပ္ တစ္လံုး ၉၅၀၀ က်ပ္ျဖင့္ စုစုေပါင္းဆိုင္ကယ္စီး ဦးထုပ္ေပါင္း ၁၀၀၀ အတြက္ ေငြက်ပ္ ၉၅ သိန္း ေထာက္ပံ့သည္ဟု သိရသည္။

ႏိုဝင္ဘာလ ၆ ရက္ေန႔က မေကြးျမိဳ႕ဗိုလ္ခ်ဳပ္လမ္းတြင္ စည္ကမ္းႏွင့္မညီသည့္ ဆိုင္ကယ္မ်ားဖမ္းဆီးခ့ဲရာ (၅၂)စီး ဖမ္းဆီးရမိခ့ဲသည္ဟု ရဲမွဴးသာေဌးက ေျပာသည္။

“ ယာဥ္ထိန္းရဲတပ္ဖြဲ႕က ဆိုင္ကယ္စီးဦးထုပ္ကို အဓိကဖမ္းတာပါ၊ ဆို္င္ကယ္စီးဦးထုပ္မပါလို႕ အဖမ္းခံရျပီ ဆိုရင္ေတာ့ ယာဥ္ေမာင္းလိုင္စင္ ဆိုင္ကယ္လိုင္စင္ေတြကိုပါ စစ္ေဆး ဖမ္းဆီးရပါတယ္ ၊မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ ေထာက္ပ့ံေငြ(၉၅)သိန္းက်ပ္နဲ႕ ဆိုင္ကယ္စီးဦးထုပ္ အလံုးတစ္ေထာင္ အခမ့ဲေပးေဝျပီး ကုန္သြားလွ်င္ ေနာက္ထပ္ျပီး တိုင္းေဒသႀကီးအစိုးရအဖြဲ႕ကို တင္ျပသြားမည္ျဖစ္ပါတယ္”ဟု  ရဲမွဴးသာေဌးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ထောက်ပံ့ငွေ ကျပ် ၉၅ သိန်းဖြင့် မကွေးမြို့တွင် ဆိုင်ကယ်စီးဦးထုပ်အလုံး တစ်ထောင် အခမဲ့ပေးသွားမည်ဖြစ်ကြောင်း မကွေးမြို့ အမှတ်(၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး ရဲမှူးသာဌေး က ပြောသည်။

အဆိုပါ အစီအစဉ်ကို နိုဝင်ဘာလ ၆ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး စည်းကမ်းမညီသော ဆိုင်ကယ်များ ဒဏ်ကြေးပေးဆောင်စဉ် အခမဲ့ပေးသွားမည် ဖြစ်သည်။

မကွေးတွင် စည်းကမ်းနှင့်မညီသည့် ဆိုင်ကယ်များအား ဖမ်းဆီးပြီး တရားရုံး၌ ဒဏ်ငွေပေးချေပြီးသူများက ဒဏ်ငွေပေးချေပြီးသည့် ချလန်စာရွက်နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံတွင် ဆိုင်ကယ်များ လာရောက်ထုတ်ယူစဉ် ဆိုင်ကယ်စီးဦးထုပ်များအား အခမဲ့ ပြန်လည်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၆  ရက်နေ့က မကွေးမြို့အမှတ်(၄)ယာဉ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲ့မှူးရုံးတွင် ရဲမှူးသာဌေးနှင့် မီဒီယာများတွေ့စုံစဉ် ရဲမှူးသာဌေး ကမီဒီယာများကိုပြောသည်။

“စည်းကမ်းနဲ့မညီ စီနှင်းလို့ ဆိုင်ကယ်အဖမ်းခံရသူတွေ တရားရုံးမှာ ဒဏ်ငွေဆောင်ပြီး ချလန်စာရွက်နဲ့ ဆိုင်ကယ်လာထုတ်တဲ့အခါ ဆိုင်ကယ်စီးဦးထုပ်တွေ အခမဲ့ ပေးဝေသွားမယ်” ဟု ရဲမှူးသာဌေးက မဇ္ဈိမသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအနေနှင့် ဆိုင်ကယ် အက်စီဒင့်ဖြစ်လှျှင် ထိခိုက်နာကျင်မှု နည်းနိုင်ရန်အတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံထုတ် ဆိုနစ် ဆိုင်ကယ်စီးဦးထုပ် တစ်လုံး ၉၅၀၀ ကျပ်ဖြင့် စုစုပေါင်းဆိုင်ကယ်စီး ဦးထုပ်ပေါင်း ၁၀၀၀ အတွက် ငွေကျပ် ၉၅ သိန်း ထောက်ပံ့သည်ဟု သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့က မကွေးမြို့ဗိုလ်ချုပ်လမ်းတွင် စည်ကမ်းနှင့်မညီသည့် ဆိုင်ကယ်များဖမ်းဆီးခဲ့ရာ (၅၂)စီး ဖမ်းဆီးရမိခဲ့သည်ဟု ရဲမှူးသာဌေးက ပြောသည်။

“ ယာဉ်ထိန်းရဲတပ်ဖွဲ့က ဆိုင်ကယ်စီးဦးထုပ်ကို အဓိကဖမ်းတာပါ၊ ဆိုင်ကယ်စီးဦးထုပ်မပါလို့ အဖမ်းခံရပြီ ဆိုရင်တော့ ယာဉ်မောင်းလိုင်စင် ဆိုင်ကယ်လိုင်စင်တွေကိုပါ စစ်ဆေး ဖမ်းဆီးရပါတယ် ၊မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ထောက်ပံ့ငွေ(၉၅)သိန်းကျပ်နဲ့ ဆိုင်ကယ်စီးဦးထုပ် အလုံးတစ်ထောင် အခမဲ့ပေးဝေပြီး ကုန်သွားလျှင် နောက်ထပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမည်ဖြစ်ပါတယ်”ဟု  ရဲမှူးသာဌေးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top