Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ႏိုဝင္ဘာလ ၅ ရက္ မနက္ ၁ နာရီခြဲေလာက္က ျဖစ္ပြားခဲ့တာပါ။

သာေကတၿမိဳ႕နယ္၊ ဧရာဝဏ္လမ္းရွိ ထူပါ႐ံုမွတ္တိုင္နားမွာ ႏိုဝင္ဘာလ ၅ ရက္ မနက္ ၁ နာရီခြဲေလာက္က လမ္းေဘးက အမ်ိဳးသား ခုနစ္ဦးကို လိုက္ထရပ္ယာဥ္တစ္စီးက အရွိန္လြန္ ဝင္တိုက္မိခဲ့လို႔ ယာဥ္တိုက္ခံရေတြထဲက အမ်ိဳးသားသံုးဦးမွာ အခင္းျဖစ္ေနရာတြင္ ေပါက္ၿပဲပြန္းပဲ့ ဒဏ္ရာေတြနဲ႔ ေသဆံုးခဲ့တယ္လို႔ ျမန္မာႏိုင္ငံယာဥ္ထိန္းတပ္ဖြဲ႕ကေန သိရပါတယ္။

ေဒါပံုၿမိဳ႕နယ္၊ ႏြယ္ေအးရပ္ကြက္မွာ ေနထိုင္တဲ့ အသက္ ၅၂ ႏွစ္ ယာဥ္ေမာင္း ဦးစိုးႏိုင္ (ခ)သန္းဝင္းမွာ လိုက္ထရပ္ယာဥ္ကို ဧရာဝဏ္လမ္း အတိုင္း ေမာင္းလာတုန္းမွာ ထူပါ႐ံုမွတ္တိုင္ အလြန္ ၏အရွိန္မထိန္းႏိုင္ျဖစ္ၿပီး ညာဘက္လမ္းေဘးမွာ လမ္းေလွ်ာက္ေနတဲ့ အမ်ိဳးသား ခုနစ္ဦးကို ဝင္တိုက္မိခဲ့တာပါ။

“လိုက္ထရပ္ကားက အရွိန္နဲ႔ ေမာင္းလာရာက လူေတြကို ဝင္တိုက္မိတာ။ ေသသြားတဲ့ သံုးေယာက္ထဲက ႏွစ္ေယာက္ဆို ဗိုက္ေတြ ေခါင္းေတြပါ ပြင့္ထြက္သြားတာ”လို႔ အခင္းျဖစ္ပြားတဲ့ေနရာကို သြားေရာက္ စစ္ေဆးခဲ့တဲ့ ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

ယာဥ္တိုက္ခံရတဲ့ အမ်ိဳးသားခုနစ္ဦးမွာ အသက္ ၃၀ ႏွစ္ဝန္းက်င္ရွိ အမည္မသိ အမ်ိဳးသားတစ္ဦး၊ အသက္ ၂၅ ႏွစ္ ကိုငယ္ေလးနဲ႔ အသက္ ၄၅ ႏွစ္ ဦးမိုးေအာင္ (ခ) မိုးေလးတို႔က အခင္းျဖစ္ပြားတဲ့ေနရာမွာ ေသဆံုးခဲ့ၿပီး က်န္ေလးဦးက ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးမွာ အတြင္းလူနာ (စိုးရိမ္ရ)အျဖစ္ တင္ပို႔ထားရတယ္လို႔ သိရပါတယ္။

ယာဥ္မဆင္မျခင္ ေမာင္းႏွင္သူ ယာဥ္ေမာင္း ဦးစိုးႏိုင္ (ခ) သန္းဝင္းကို သာေကတၿမိဳ႕မ ရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က (ေပါ့ေလ်ာ့ျခင္းျဖင့္ ေသေစမႈ) အပါအဝင္ ပုဒ္မ ၄ ခုနဲ႔ အမႈဖြင့္ၿပီး ဖမ္းဆီး အေရးယူထားတယ္လုိ႔ ရဲတပ္ဖြဲ႔ထံမွ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
နိုဝင်ဘာလ ၅ ရက် မနက် ၁ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာပါ။

သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းရှိ ထူပါရုံမှတ်တိုင်နားမှာ နိုဝင်ဘာလ ၅ ရက် မနက် ၁ နာရီခွဲလောက်က လမ်းဘေးက အမျိုးသား ခုနစ်ဦးကို လိုက်ထရပ်ယာဉ်တစ်စီးက အရှိန်လွန် ဝင်တိုက်မိခဲ့လို့ ယာဉ်တိုက်ခံရတွေထဲက အမျိုးသားသုံးဦးမှာ အခင်းဖြစ်နေရာတွင် ပေါက်ပြဲပွန်းပဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံယာဉ်ထိန်းတပ်ဖွဲ့ကနေ သိရပါတယ်။

ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၂ နှစ် ယာဉ်မောင်း ဦးစိုးနိုင် (ခ)သန်းဝင်းမှာ လိုက်ထရပ်ယာဉ်ကို ဧရာဝဏ်လမ်း အတိုင်း မောင်းလာတုန်းမှာ ထူပါရုံမှတ်တိုင် အလွန် ၏အရှိန်မထိန်းနိုင်ဖြစ်ပြီး ညာဘက်လမ်းဘေးမှာ လမ်းလျှောက်နေတဲ့ အမျိုးသား ခုနစ်ဦးကို ဝင်တိုက်မိခဲ့တာပါ။

“လိုက်ထရပ်ကားက အရှိန်နဲ့ မောင်းလာရာက လူတွေကို ဝင်တိုက်မိတာ။ သေသွားတဲ့ သုံးယောက်ထဲက နှစ်ယောက်ဆို ဗိုက်တွေ ခေါင်းတွေပါ ပွင့်ထွက်သွားတာ”လို့ အခင်းဖြစ်ပွားတဲ့နေရာကို သွားရောက် စစ်ဆေးခဲ့တဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ယာဉ်တိုက်ခံရတဲ့ အမျိုးသားခုနစ်ဦးမှာ အသက် ၃၀ နှစ်ဝန်းကျင်ရှိ အမည်မသိ အမျိုးသားတစ်ဦး၊ အသက် ၂၅ နှစ် ကိုငယ်လေးနဲ့ အသက် ၄၅ နှစ် ဦးမိုးအောင် (ခ) မိုးလေးတို့က အခင်းဖြစ်ပွားတဲ့နေရာမှာ သေဆုံးခဲ့ပြီး ကျန်လေးဦးက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် တင်ပို့ထားရတယ်လို့ သိရပါတယ်။

ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ဦးစိုးနိုင် (ခ) သန်းဝင်းကို သာကေတမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က (ပေါ့လျော့ခြင်းဖြင့် သေစေမှု) အပါအဝင် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ပြီး ဖမ်းဆီး အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top