မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×











Credit: Mg Mandalay
#Unicode Version#

"အဝလွန်ခြင်းကို လျှော့ချစေသော နည်းလမ်းများ"

ကိုယ်အလေးချိန် ချက်ခြင်းကျစေနိုင်သော နည်းလမ်းများအစား ဖြည်းဖြည်းချင်း လျှော့ချစေသည့် နည်းလမ်းများကိုသာ အသုံးပြုခြင်း။

လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်အလေးချိန် လျှော့ချရာတွင် အသုံးဝင်သည့်အပြင် ခန္ဓာကိုယ်ဖွဲ့စည်းမှု ပြေပြစ်စေရန် ထိန်းသိမ်းပေးနိုင်ခြင်း။

လက်ဖက်ရည်နှင့် ကော်ဖီများကို လျှော့၍ သောက်သုံးပေးခြင်း။

အချိုဓာတ်များသော အစားအစာများ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း။

သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ များများ စားသုံးပေးခြင်း။

ရေများများသောက်ခြင်းသည်လည်း ကယ်လိုရီလျော့ကျစေနိုင်ခြင်း။

မလိုအပ်သော စားသုံးမှုများကို ထိန်းသိမ်း ရှောင်ကြဉ်ခြင်း။

အဆီများသော အစားအစာများနှင့် အသားဟင်းများကို စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း။

သင်သည် အဝလွန်ခြင်းနှင့် ဝလာလို့ အလှပျက်မှာကို ကြောက်လန့်မိခြင်း မဖြစ်ပေါ်စေရန် မဝသေးခင် လိုက်နာပေးလိုက်ပါ။ ကျန်းမာရေးအတွက် သိရှိလိုက်နာပြီး အသက်ရာကျော် ရှည်ပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Mg Mandalay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top