Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စက္မႈဝန္ႀကီးဌာန ေအာက္ရွိ ရပ္ဆိုင္းထားသည့္ စက္႐ံုမ်ားအနက္ အဝတ္အထည္ ႏွင့္ ေရာ္ဘာအေျခခံပစၥည္းထုတ္ လုပ္သည့္ စက္႐ံု အခ်ဳိ႕ကို အစိုးရက ဆက္လက္လုပ္ကိုင္ရန္ စီစဥ္ ေနသည္။

လက္ရွိတြင္ ယာယီရပ္ဆိုင္း ထားေသာ စက္႐ံုမ်ားအနက္ အဝတ္အထည္ရက္လုပ္သည့္ စက္႐ံု ၁၂ ႐ံု၊ ေရာ္ဘာ အေျခခံ ပစၥည္းထုတ္လုပ္သည့္ စက္႐ံု အခ်ဳိ႕ကို ဝန္ႀကီးဌာနက ျပန္လည္ လုပ္ကိုင္ရန္ စီစဥ္ေနေၾကာင္း စက္မႈဝန္ႀကီးဌာန ျပည္ေထာင္ စုဝန္ႀကီး ဦးခင္ေမာင္ခ်ဳိက ေျပာ ၾကားသည္။

ျပည္တြင္း၌ အဝတ္အထည္ ဝယ္လိုအား ေကာင္းျခင္းေၾကာင့္ စက္မႈဝန္ႀကီးဌာန အေနျဖင့္ အထည္ရက္လုပ္သည့္ စက္႐ံု မ်ားကို ဦးစားေပး ျပန္လည္လုပ္ ကိုင္လိုေၾကာင္း စက္မႈဝန္ႀကီး ဌာန အၿမဲတမ္းအတြင္းဝန္ ဦးကို ကိုလြင္က ေျပာသည္။

ယာယီရပ္ဆိုင္းထားေသာ ႏိုင္ငံပိုင္စက္႐ံု ၂၈ ႐ံုအနက္ ၂၄ ႐ံုကို ျပန္လည္လုပ္ကိုင္ရန္ စက္မႈ ဝန္ႀကီးဌာနက စီစဥ္ေနျခင္းျဖစ္ သည္။ အဆိုပါစက္႐ံုမ်ားကုိ ပုဂၢလိကလုပ္ငန္းရွင္မ်ားႏွင့္ ပူး ေပါင္းၿပီး ဆက္လက္လုပ္ကိုင္ရန္ ျပည္ေထာင္စုဝန္ႀကီးက ဆႏၵရွိ သည္။ ‘‘ပုဂၢလိကရဲ႕ ဆန္းသစ္တဲ့ စီမံခန္႔ခြဲမႈနဲ႔ဆိုရင္ ဒီစက္႐ံုေတြက ပိုေအာင္ျမင္ႏိုင္မယ္’’ဟု ျပည္ ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ဳိက ေျပာသည္။

ျပန္လည္ လည္ပတ္လုပ္ ကိုင္မည့္ စက္႐ံု ၂၄ ႐ံုအနက္ ၁၂ ႐ံုကို စက္မႈဝန္ႀကီးဌာနက တိုက္ ႐ိုက္ စီမံခန္႔ခြဲေဆာင္ရြက္ရန္ စီ စဥ္ထားၿပီး က်န္ ၁၂ ႐ံုကို ပုဂၢလိ ကႏွင့္ ပူးေပါင္းေဆာင္ရြက္ရန္ စီစဥ္ေနေၾကာင္း  ဦးကိုကိုလြင္က ေျပာသည္။

စက္မႈဝန္ႀကီးဌာနေအာက္ရွိ စက္႐ံု၊ အလုပ္႐ံုမ်ားသည္ ႏွစ္စဥ္ က်ပ္ေငြဘီလီယံ ေထာင္ခ်ီ၍ အ႐ံႈးေပၚေနျခင္းေၾကာင့္ ပုဂၢလိ ကကို လုပ္ပိုင္ခြင့္ လႊဲေျပာင္းေပး ရန္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္ဝင္းက ဒုတိယသမၼတႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား ေတြ႕ ဆံုပြဲမ်ားတြင္ မၾကာခဏ ထုတ္ ေဖာ္ေျပာၾကားသည္။

ကုန္ထုတ္လုပ္ငန္း လုပ္ကိုင္ မည့္ စက္႐ံု၊အလုပ္႐ံုမ်ားကို အစိုး ရက တိုက္႐ိုက္ကိုင္တြယ္ၿပီး စီမံ ခန္႔ခြဲမႈ မျပဳလုပ္သင့္ဟု အႀကံျပဳ ခဲ့ေၾကာင္း အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေစာမိုးျမင့္က ေျပာၾကားသည္။

ယခုႏွစ္ မတ္လအတြင္းကျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ ေတာ္  အစည္းအေဝးတြင္ ႏိုင္ငံ ပိုင္ စက္႐ံုေလး႐ံုကို ရပ္ဆိုင္းသင့္ ေၾကာင္း  ျပည္ေထာင္စုလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီက တင္ျပ ခဲ့သည္။ ထုိ႔ေနာက္ လႊတ္ေတာ္ က စက္မႈဝန္ႀကီးဌာနေအာက္ရွိ စက္႐ံုမ်ားအပါအဝင္ စက္႐ံု  ၃၃ ႐ံုကို ရပ္ဆိုင္းရန္ ဆံုးျဖတ္ခဲ့ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


စက်မှုဝန်ကြီးဌာန အောက်ရှိ ရပ်ဆိုင်းထားသည့် စက်ရုံများအနက် အဝတ်အထည် နှင့် ရော်ဘာအခြေခံပစ္စည်းထုတ် လုပ်သည့် စက်ရုံ အချို့ကို အစိုးရက ဆက်လက်လုပ်ကိုင်ရန် စီစဉ် နေသည်။

လက်ရှိတွင် ယာယီရပ်ဆိုင်း ထားသော စက်ရုံများအနက် အဝတ်အထည်ရက်လုပ်သည့် စက်ရုံ ၁၂ ရုံ၊ ရော်ဘာ အခြေခံ ပစ္စည်းထုတ်လုပ်သည့် စက်ရုံ အချို့ကို ဝန်ကြီးဌာနက ပြန်လည် လုပ်ကိုင်ရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးခင်မောင်ချိုက ပြော ကြားသည်။

ပြည်တွင်း၌ အဝတ်အထည် ဝယ်လိုအား ကောင်းခြင်းကြောင့် စက်မှုဝန်ကြီးဌာန အနေဖြင့် အထည်ရက်လုပ်သည့် စက်ရုံ များကို ဦးစားပေး ပြန်လည်လုပ် ကိုင်လိုကြောင်း စက်မှုဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးကို ကိုလွင်က ပြောသည်။

ယာယီရပ်ဆိုင်းထားသော နိုင်ငံပိုင်စက်ရုံ ၂၈ ရုံအနက် ၂၄ ရုံကို ပြန်လည်လုပ်ကိုင်ရန် စက်မှု ဝန်ကြီးဌာနက စီစဉ်နေခြင်းဖြစ် သည်။ အဆိုပါစက်ရုံများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူး ပေါင်းပြီး ဆက်လက်လုပ်ကိုင်ရန် ပြည်ထောင်စုဝန်ကြီးက ဆန္ဒရှိ သည်။ ‘‘ပုဂ္ဂလိကရဲ့ ဆန်းသစ်တဲ့ စီမံခန့်ခွဲမှုနဲ့ဆိုရင် ဒီစက်ရုံတွေက ပိုအောင်မြင်နိုင်မယ်’’ဟု ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောသည်။

ပြန်လည် လည်ပတ်လုပ် ကိုင်မည့် စက်ရုံ ၂၄ ရုံအနက် ၁၂ ရုံကို စက်မှုဝန်ကြီးဌာနက တိုက် ရိုက် စီမံခန့်ခွဲဆောင်ရွက်ရန် စီ စဉ်ထားပြီး ကျန် ၁၂ ရုံကို ပုဂ္ဂလိ ကနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း  ဦးကိုကိုလွင်က ပြောသည်။

စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ၊ အလုပ်ရုံများသည် နှစ်စဉ် ကျပ်ငွေဘီလီယံ ထောင်ချီ၍ အရှုံးပေါ်နေခြင်းကြောင့် ပုဂ္ဂလိ ကကို လုပ်ပိုင်ခွင့် လွှဲပြောင်းပေး ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ ဆုံပွဲများတွင် မကြာခဏ ထုတ် ဖော်ပြောကြားသည်။

ကုန်ထုတ်လုပ်ငန်း လုပ်ကိုင် မည့် စက်ရုံ၊အလုပ်ရုံများကို အစိုး ရက တိုက်ရိုက်ကိုင်တွယ်ပြီး စီမံ ခန့်ခွဲမှု မပြုလုပ်သင့်ဟု အကြံပြု ခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောမိုးမြင့်က ပြောကြားသည်။

ယခုနှစ် မတ်လအတွင်းကပြုလုပ်သည့် ပြည်ထောင်စုလွှတ် တော်  အစည်းအဝေးတွင် နိုင်ငံ ပိုင် စက်ရုံလေးရုံကို ရပ်ဆိုင်းသင့် ကြောင်း  ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက တင်ပြ ခဲ့သည်။ ထို့နောက် လွှတ်တော် က စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံများအပါအဝင် စက်ရုံ  ၃၃ ရုံကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top