Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဒီကေန႔ဟာဆိုရင္ ၁၉၂၀ ျပည့္ႏွစ္ ၿဗိတိသွ်ကိုလိုနီပညာေရးစနစ္ကို တကၠသိုလ္ေက်ာင္းသားေတြ ဦးေဆာင္ၿပီး သပိတ္ေမွာက္ ဆန္႔က်င္ခဲ့ၾကတဲ့အထိမ္းအမွတ္ အမ်ိဳးသားေအာင္ပဲြေန႔ ျဖစ္ပါတယ္။ အမ်ိဳးသားေအာင္ပဲြေန႔ကို အရင္တုန္းက ႏိုင္ငံအ၀ွမ္း ျခိမ့္ျခိမ့္သဲ က်င္းပခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အခမ္းအနားေတြ လႈပ္ရွားမႈေတြ က်င္းပျပဳလုပ္တာ အားနည္းလာပါတယ္။ ဒါဟာ ေက်ာင္းသားလူငယ္ေတြရဲ႕ အခန္းက႑ အားနည္းလာလို႔ျဖစ္တယ္လို႔ သံုးသပ္ေ၀ဖန္မႈေတြရိွပါတယ္။ ဗီြအိုေအ သတင္းေထာက္ ကိုထက္ေအာင္ခန္႔ သတင္းေပးပို႔ထားပါတယ္။

၁၉၂၀ ခုႏွစ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၀ရက္ေန႔မွာ ကိုလိုနီပညာေရးစနစ္ရဲ႕ တကၠသိုလ္အက္ဥပေဒကို တကၠသိုလ္ေက်ာင္းသားေတြ ဦးေဆာင္ၿပီး သပိတ္ေမွာက္ဆန္႔က်င္ခဲ့ၾကသလို၊ ျမန္မာစာ ျမန္မာစကားကို အေလးေပးတဲ့ အမ်ိဳးသားေက်ာင္းသားေတြ ေပၚေပါက္လာခဲ့တာေၾကာင့္ အဲဒီေန႔ကို ႏွစ္စဥ္လိုပဲ အမ်ိဳးသားေအာင္ပဲြေန႔အျဖစ္ ကိုလိုနီေခတ္ကတည္းက စတင္သတ္မွတ္က်င္းပလာတာျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ အမ်ိဳးသားေန႔အျဖစ္ ပိုၿပီး လူသိမ်ားပါတယ္။

ဒီႏွစ္ပတ္လည္ေရာက္တိုင္း အမ်ိဳးသားေန႔အခမ္းအနားေတြ လႈပ္ရွားမႈေတြကို ျမန္မာႏိုင္ငံ အ၀ွမ္း ျပဳလုပ္ခဲ့ၾကေပ မယ့္၊ ေနာက္ပိုင္းမွာေတာ့ ရံုးပိတ္ရက္အျဖစ္သာ အသိမ်ားၿပီး အခမ္းအနားလႈပ္ရွားမႈေတြ အားနည္းလာပါတယ္။ ဒီအေျခအေနကိုၾကည့္ရင္ ေက်ာင္းသား လူငယ္ေတြရဲ႕ အခန္းက႑ကို ျမင့္တင္ဖို႔ လိုအပ္ေနတာကို ျပတယ္လို႔႔ ႏိုင္ငံေရးေလ့လာသံုးသပ္္သူ ေဒါက္တာရန္မ်ိဳးသိမ္းကသံုးသပ္ပါတယ္။

“အရင္အစိုးရ အဆက္ဆက္ လက္ထက္ေရာ အခုလက္ရွိအစိုးရလက္ထက္မွာေရာ ဒီအမ်ိဳးသားေန႔နဲ႔ ပတ္သက္ၿပီးေတာ့ ျပည္သူလူထုၾကားမွာေပါ့ေလ ႏိုးႏိုးၾကားၾကားတက္တက္ၾကြၾကြ ေဆာင္ရြက္ႏိုင္ဖို႔အတြက္ အပိုင္းအားနည္းတာဟာ က်ေနာ့္အျမင္အားျဖင့္ေတာ့ ဒါဟာ ႏိုင္ငံေရးအရေပါ့ေလ လိုအပ္ခ်က္တခုလို႔ က်ေနာ္ကေတာ့ ျမင္ပါတယ္။ တကယ္တမ္းေျပာမယ္ဆိုရင္ တိုင္းျပည္တည္ေဆာက္ေရးနဲ႔ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးမွာ ေက်ာင္းသားေတြ လူငယ္ေတြရဲ႕ အခန္းက႑ကို ဒီထက္ပိုၿပီးေတာ့ ျမင့္တင္ႏိုင္ဖို႔ လိုအပ္တယ္ဆိုတာ ေျပာျပေနသလိုျဖစ္တယ္လို႔ ျမင္ပါတယ္။”

အမ်ိဳးသားေရးလႈပ္ရွားေဆာင္ရြက္မႈအားနည္းေနေပမယ့္ အမ်ိဳးသားေရးစိတ္ဓာတ္ဟာ တိုင္းျပည္ျပဳျပင္ေျပာင္းလဲတည္ေဆာက္ေရးမွာ အေရးႀကီးၿပီး အမ်ိဳးသားေရးစိတ္ဓာတ္ အစြန္းေရာက္မႈေတြဟာတိုင္းျပည္တည္ေဆာက္ေရးကို အေထာက္အကူမျပဳႏိုင္ဘူးလို႔သူက ဆက္ေျပာပါတယ္။

“က်ေနာ့္အျမင္ကေတာ့ ဥပမာ အမ်ိဳးသားေရးစိတ္ဓါတ္၊ အမ်ိဳးသားေရးအက်ိဳးစီးပြားေပါ့ေလ၊ ဒါက ႏိုင္ငံတိုင္းမွာ အေရးႀကီးတယ္လို႔ ျမင္တယ္။ အေမရိကန္အပါအ၀င္ အေနာက္ႏိုင္ငံေတြမွာေရာ က်ေနာ္တုိ႔ဒီဘက္ အေရွ႕ႏိုင္ငံေတြမွာေပါ့ေလ၊ တရုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယား အပါအ၀င္ က်ေနာ္တို႔ အာရွႏိုင္ငံေတြမွာ အမ်ိဳးသားေရးစိတ္ဓါတ္ဆိုတာကေတာ့ တိုင္းျပည္ကို ျပဳျပင္ေျပာင္းလဲတဲ့ ေနရာမွာ ၊ တိုင္းျပည္ကို တည္ေဆာက္တဲ့ေနရာမွာ အင္မတန္မွ အေရးႀကီးတယ္လို႔ ျမင္တယ္။ ဒါေပမယ့္ တခ်ိန္တည္း တျပိဳင္တည္းမွာပဲ ၊ ဒီအမ်ိဳးသားေရးအရ အစြန္းေရာက္မႈေတြ အလြန္အကၽြံျဖစ္မႈေတြဟာ ဒီမိုကေရစီေျပာင္းလဲမယ့္ တိုင္းျပည္တည္ေဆာက္ေရးကုိ အေထာက္အကူ မျပဳႏိုင္ဘူးဆိုတာကို အမ်ားျပည္သူအေနနဲ႔ အေလးအနက္ထားဖို႔ တိုက္တြန္းတဲ့သေဘာလုိ႔ က်ေနာ္ကေတာ့ သံုးသပ္ပါတယ္။"

၁၉၂၀ ျပည့္ႏွစ္က ေက်ာင္းသားေတြ အမ်ိဳးသားေရးစိတ္ဓာတ္နဲ႔သပိတ္ေမွာက္ကေန ေနာက္ပိုင္းမွာ လြတ္လပ္ေရးလႈပ္ရွားမႈႀကီးျဖစ္လာတဲ့အထိ တႏိုင္ငံလံုးပူးေပါင္းပါ၀င္ခဲ့ၾကတဲ့ သမိုငး္၀င္အမ်ိဳးသားေန႔ကို ဒီေနာက္ပိုင္းလူငယ္ေတြ သိရွိမႈအားနည္းလာတာဟာ ေက်ာင္းသားလႈပ္ရွားမႈေတြကို ကန္႔သတ္ခံရတာ အဓိကအေၾကာင္းအရင္းျဖစ္တယ္လို႔ ဗကသ ေက်ာင္းသားေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ ကိုမင္းေသြးသစ္ကေျပာပါတယ္။

“ ဒီေနာက္ပိုင္းကာလမွာကေတာ့ က်ေနာ္တို႔ ေက်ာင္းသားေတြ ၾကားထဲမွာ ေန႔ထူးေန႔ျမတ္ေတြရဲ႕ သမိုင္းေက်ာင္းကို သိတဲ့လူ ရွားသြားပါတယ္။ ဒါေၾကာင့္မို႔လို႔ လႈပ္ရွားမႈက ပိတ္ရက္၁ ရက္အေနနဲ႔ေလာက္ပဲ လူငယ္ေတြအျမင္မွာ ရွိၿပီးေတာ့ ဒီအေပၚမွာ အေလးအနက္ထားမႈ ေလွ်ာ့နည္းလာတာေတြ႔ရတယ္။ ေက်ာင္းသားသမဂၢနဲ႔ ပတ္သက္တာ ေနာက္ေက်ာင္းသားေတြလႈပ္ရွားမႈနဲ႔ ပတ္သက္တာ လူငယ္ေတြရဲ႕ အခန္းက႑ေတြက ဒီႏိုင္ငံမွာ ေပ်ာက္ဆံုးေနတယ္။ ေနာက္သူတို႔လႈပ္ရွားမႈနဲ႔ ပတ္သက္တဲ့ ဟာေတြက အႏၱရာယ္ရွိတယ္လို႔ အျမင္ခံရေအာင္လို႔ ကန္သတ္ခံရတာေတြရွိတယ္။ တေလ်ာက္လံုးလည္း ဖိႏွိပ္တာေတြျဖစ္လာတဲ့အတြက္ ဒီအေပၚမွာ လူထုပူးေပါင္းပါ၀င္မႈ ေလွ်ာ့နည္းတာက အေျခခံအေၾကာင္းအရင္းေပါ့ ဒါက ေက်ာင္းသားေတြ လူငယ္ေတြရဲ႕ လုပ္ပိုင္ခြင့္ အခန္းက႑ကို မျမင့္တင္ေပးတာ ၊ အခန္းက႑မေပးပဲ တားျမစ္ပိတ္ပင္တာ ေတြက အေျခခံအေၾကာင္းအရင္းပါပဲ။”

ၿဗိတိသွ်ပညာေရးစနစ္ရဲ႕ ယူနီဗာစတီအက္ဥပေဒကို ရန္ကုန္ေကာလိပ္ေက်ာင္းသား ၁၁ ဦးက စတင္သပိတ္ေမွာက္ဆႏၵျပခဲ့ၾကရာကေန ျမန္မာစာ ျမန္မာစကားဆိုတဲ့ စာေပနဲ႕ ပညာေရးမွသည္ အမ်ိဳးသားေရးစိတ္ဓါတ္ကို ေမြးဖြားေပးႏိုင္ခဲ့တယ္လို႔ ယူဆတာေၾကာင့္၊ ၁၉၂၂ ခုႏွစ္ ရန္ကုန္မွာက်င္းပတဲ့ ျမန္မာႏိုင္ငံလံုးဆိုင္ရာျမန္မာအသင္းခ်ဳပ္ႀကီး (ဂ်ီစီဘီေအ) အစည္းအေ၀းကေန ဒီေန႔ကို ျမန္မာႏိုင္ငံအမ်ိဳးသားေန႔လို႔ သတ္မွတ္ဖို႔ ဆံုးျဖတ္လိုက္တာလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ဒီကနေ့ဟာဆိုရင် ၁၉၂၀ ပြည့်နှစ် ဗြိတိသျှကိုလိုနီပညာရေးစနစ်ကို တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး သပိတ်မှောက် ဆန့်ကျင်ခဲ့ကြတဲ့အထိမ်းအမှတ် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပါတယ်။ အမျိုးသားအောင်ပွဲနေ့ကို အရင်တုန်းက နိုင်ငံအဝှမ်း ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခမ်းအနားတွေ လှုပ်ရှားမှုတွေ ကျင်းပပြုလုပ်တာ အားနည်းလာပါတယ်။ ဒါဟာ ကျောင်းသားလူငယ်တွေရဲ့ အခန်းကဏ္ဍ အားနည်းလာလို့ဖြစ်တယ်လို့ သုံးသပ်ဝေဖန်မှုတွေရှိပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့် သတင်းပေးပို့ထားပါတယ်။

၁၉၂၀ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့မှာ ကိုလိုနီပညာရေးစနစ်ရဲ့ တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး သပိတ်မှောက်ဆန့်ကျင်ခဲ့ကြသလို၊ မြန်မာစာ မြန်မာစကားကို အလေးပေးတဲ့ အမျိုးသားကျောင်းသားတွေ ပေါ်ပေါက်လာခဲ့တာကြောင့် အဲဒီနေ့ကို နှစ်စဉ်လိုပဲ အမျိုးသားအောင်ပွဲနေ့အဖြစ် ကိုလိုနီခေတ်ကတည်းက စတင်သတ်မှတ်ကျင်းပလာတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အမျိုးသားနေ့အဖြစ် ပိုပြီး လူသိများပါတယ်။

ဒီနှစ်ပတ်လည်ရောက်တိုင်း အမျိုးသားနေ့အခမ်းအနားတွေ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံ အဝှမ်း ပြုလုပ်ခဲ့ကြပေ မယ့်၊ နောက်ပိုင်းမှာတော့ ရုံးပိတ်ရက်အဖြစ်သာ အသိများပြီး အခမ်းအနားလှုပ်ရှားမှုတွေ အားနည်းလာပါတယ်။ ဒီအခြေအနေကိုကြည့်ရင် ကျောင်းသား လူငယ်တွေရဲ့ အခန်းကဏ္ဍကို မြင့်တင်ဖို့ လိုအပ်နေတာကို ပြတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကသုံးသပ်ပါတယ်။

“အရင်အစိုးရ အဆက်ဆက် လက်ထက်ရော အခုလက်ရှိအစိုးရလက်ထက်မှာရော ဒီအမျိုးသားနေ့နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကြားမှာပေါ့လေ နိုးနိုးကြားကြားတက်တက်ကြွကြွ ဆောင်ရွက်နိုင်ဖို့အတွက် အပိုင်းအားနည်းတာဟာ ကျနော့်အမြင်အားဖြင့်တော့ ဒါဟာ နိုင်ငံရေးအရပေါ့လေ လိုအပ်ချက်တခုလို့ ကျနော်ကတော့ မြင်ပါတယ်။ တကယ်တမ်းပြောမယ်ဆိုရင် တိုင်းပြည်တည်ဆောက်ရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ကျောင်းသားတွေ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဒီထက်ပိုပြီးတော့ မြင့်တင်နိုင်ဖို့ လိုအပ်တယ်ဆိုတာ ပြောပြနေသလိုဖြစ်တယ်လို့ မြင်ပါတယ်။”

အမျိုးသားရေးလှုပ်ရှားဆောင်ရွက်မှုအားနည်းနေပေမယ့် အမျိုးသားရေးစိတ်ဓာတ်ဟာ တိုင်းပြည်ပြုပြင်ပြောင်းလဲတည်ဆောက်ရေးမှာ အရေးကြီးပြီး အမျိုးသားရေးစိတ်ဓာတ် အစွန်းရောက်မှုတွေဟာတိုင်းပြည်တည်ဆောက်ရေးကို အထောက်အကူမပြုနိုင်ဘူးလို့သူက ဆက်ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ဥပမာ အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားရေးအကျိုးစီးပွားပေါ့လေ၊ ဒါက နိုင်ငံတိုင်းမှာ အရေးကြီးတယ်လို့ မြင်တယ်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေမှာရော ကျနော်တို့ဒီဘက် အရှေ့နိုင်ငံတွေမှာပေါ့လေ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား အပါအဝင် ကျနော်တို့ အာရှနိုင်ငံတွေမှာ အမျိုးသားရေးစိတ်ဓါတ်ဆိုတာကတော့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ ၊ တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ အင်မတန်မှ အရေးကြီးတယ်လို့ မြင်တယ်။ ဒါပေမယ့် တချိန်တည်း တပြိုင်တည်းမှာပဲ ၊ ဒီအမျိုးသားရေးအရ အစွန်းရောက်မှုတွေ အလွန်အကျွံဖြစ်မှုတွေဟာ ဒီမိုကရေစီပြောင်းလဲမယ့် တိုင်းပြည်တည်ဆောက်ရေးကို အထောက်အကူ မပြုနိုင်ဘူးဆိုတာကို အများပြည်သူအနေနဲ့ အလေးအနက်ထားဖို့ တိုက်တွန်းတဲ့သဘောလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။"

၁၉၂၀ ပြည့်နှစ်က ကျောင်းသားတွေ အမျိုးသားရေးစိတ်ဓာတ်နဲ့သပိတ်မှောက်ကနေ နောက်ပိုင်းမှာ လွတ်လပ်ရေးလှုပ်ရှားမှုကြီးဖြစ်လာတဲ့အထိ တနိုင်ငံလုံးပူးပေါင်းပါဝင်ခဲ့ကြတဲ့ သမိုင်းဝင်အမျိုးသားနေ့ကို ဒီနောက်ပိုင်းလူငယ်တွေ သိရှိမှုအားနည်းလာတာဟာ ကျောင်းသားလှုပ်ရှားမှုတွေကို ကန့်သတ်ခံရတာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်ကပြောပါတယ်။

“ ဒီနောက်ပိုင်းကာလမှာကတော့ ကျနော်တို့ ကျောင်းသားတွေ ကြားထဲမှာ နေ့ထူးနေ့မြတ်တွေရဲ့ သမိုင်းကျောင်းကို သိတဲ့လူ ရှားသွားပါတယ်။ ဒါကြောင့်မို့လို့ လှုပ်ရှားမှုက ပိတ်ရက်၁ ရက်အနေနဲ့လောက်ပဲ လူငယ်တွေအမြင်မှာ ရှိပြီးတော့ ဒီအပေါ်မှာ အလေးအနက်ထားမှု လျှော့နည်းလာတာတွေ့ရတယ်။ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်တာ နောက်ကျောင်းသားတွေလှုပ်ရှားမှုနဲ့ ပတ်သက်တာ လူငယ်တွေရဲ့ အခန်းကဏ္ဍတွေက ဒီနိုင်ငံမှာ ပျောက်ဆုံးနေတယ်။ နောက်သူတို့လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဟာတွေက အန္တရာယ်ရှိတယ်လို့ အမြင်ခံရအောင်လို့ ကန်သတ်ခံရတာတွေရှိတယ်။ တလျောက်လုံးလည်း ဖိနှိပ်တာတွေဖြစ်လာတဲ့အတွက် ဒီအပေါ်မှာ လူထုပူးပေါင်းပါဝင်မှု လျှော့နည်းတာက အခြေခံအကြောင်းအရင်းပေါ့ ဒါက ကျောင်းသားတွေ လူငယ်တွေရဲ့ လုပ်ပိုင်ခွင့် အခန်းကဏ္ဍကို မမြင့်တင်ပေးတာ ၊ အခန်းကဏ္ဍမပေးပဲ တားမြစ်ပိတ်ပင်တာ တွေက အခြေခံအကြောင်းအရင်းပါပဲ။”

ဗြိတိသျှပညာရေးစနစ်ရဲ့ ယူနီဗာစတီအက်ဥပဒေကို ရန်ကုန်ကောလိပ်ကျောင်းသား ၁၁ ဦးက စတင်သပိတ်မှောက်ဆန္ဒပြခဲ့ကြရာကနေ မြန်မာစာ မြန်မာစကားဆိုတဲ့ စာပေနဲ့ ပညာရေးမှသည် အမျိုးသားရေးစိတ်ဓါတ်ကို မွေးဖွားပေးနိုင်ခဲ့တယ်လို့ ယူဆတာကြောင့်၊ ၁၉၂၂ ခုနှစ် ရန်ကုန်မှာကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ) အစည်းအဝေးကနေ ဒီနေ့ကို မြန်မာနိုင်ငံအမျိုးသားနေ့လို့ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top