Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သစၥာတရားသည္ အမွန္အကန္ ႏွလံုးသြင္းရန္ ျဖစ္၍ – အဓိကမွာ ကိေလသာကို ေအာင္ႏိုင္ရန္ႏွင့္ (၃၁) ဘံုကို ေျခကန္၍ နိဗၺာန္စံဝင္ရန္ပင္ ျဖစ္ပါသည္။ သစၥာတရားကို စတန္႔ထြင္သကဲ့သို႔ သံုးႏႈန္းပုတ္ခတ္ လာသည္မွာ သင့္ေတာ္ေသာ အရာေတာ့ မဟုတ္ပါ။ ဗုဒၶဘာသာတို႔သည္ ဘုရား တရား ၾကည္ညိဳၾကသူမ်ား ျဖစ္ရာ တရားေတာ္ႏွင့္ ပတ္သက္၍ ေစာ္ကားသည္မ်ားကို မႏွစ္ၿမိဳ႕ၾက၊ ခါးသီးစြာ စက္ဆုပ္ၾကေလ့ ရွိသည္။

ယခုအခါ သစၥာတရားကို စတန္႔ထြင္သလိုလို ဘာလိုလို ႀကိဳးစားစမ္းသပ္ ေနၾကျခင္းသည္၊ သင့္ေတာ္ေသာ အလုပ္ေတာ့ မဟုတ္ပါ။ ဥပမာအားျဖင့္ —

“တရားရွာေထာင္မွာေတြ႕” စေသာ အယူအဆမ်ား —-

ကမာၻသည္ ဗုဒၶဘာသာကို နက္နက္နဲနဲ ႏွစ္ႏွစ္ကာကာ သိနားလည္စြမ္း မရွိပါဘဲႏွင့္ ဗုဒၶဘာသာကို ကၽြမ္းက်င္ႏိုင္နင္းသည့္ ပံုစံမ်ိဳး ဟိတ္ဟန္ျပေနျခင္းမ်ားသည္၊ မွန္ကန္မႈနွင့္ မကိုက္ညီပါ။

(ဥပမာတင္ျပျခင္း ျဖစ္ပါသည္) ဥပမာဆိုပါစို႔ —

— အမွန္တကယ္ တရားကို သိတယ္ဆိုလွ်င္ တရားဆိုသည္မွာ ဘာပါလဲ ?

n  တရားက်င့္ရန္ မည္သည့္အရာမ်ား လိုပါသလဲ?

တရားက်င့္ေသာအခါ မည္သို႔ျဖစ္ပါသလဲ?

ေအာင္ျမင္လွ်င္ မည္သို႔ျဖစ္ပါသလဲ?

— စေသာ ေမးခြန္းမ်ားကို ဦးေဆာင္သူမ်ား ေျဖဆိုႏိုင္စြမ္း ရွိသင့္သည္။

တရားကို စတန္႔ထြင္ေသာအသံမ်ား က်ယ္ေလာင္လာသျဖင့္ ဤသို႔ေမးခြန္းထုတ္ စိစစ္သည့္ သေဘာမ်ား တင္ျပရျခင္း ျဖစ္ပါသည္။ ဗုဒၶဘာသာသည္ လြန္စြာမွ ယဥ္ေက်း၍။ လြန္စြာမွ ေအးခ်မ္းေသာ တရားျဖစ္ပါသည္။ သို႔ေသာ္ စတန္႔ထြင္၍ အလြဲသံုးစား လုပ္ေနျခင္း အျမတ္ထုတ္ စီးပြားရွာေနျခင္း စသည္တို႔သည္ မူလဘူတ သဘာဝႏွင့္ လံုးဝဆန္႕က်င္သျဖင့္သာ ေဟာေျပာေနရျခင္း ျဖစ္ပါသည္။

တရား တကယ္ေလ့က်င့္လွ်င္ သာဓုေခၚစရာ လြန္စြာေကာင္းပါသည္။ သို႔ေသာ္ တရားကို အမွန္အကန္ မက်င့္ႏိုင္ဘဲ ေပၚျပဴလာ လုပ္စားရင္းႏွင့္ တရားဆိုသည္မွာ အေပၚယံ ရွပ္ရွပ္ေလးဟူ၍ သံုးႏႈန္းကာ ဗုဒၶဘာသာအား ေခ်ဖ်က္ရန္ ႀကိဳးစားျခင္းမ်ားသည္ သင့္ေတာ္ ေလ်ာ္ကန္ျခင္း မရွိဟု ျမင္မိပါသည္။ အဟုတ္တရားကိုသိပါ၊ အဟုတ္သာဓုေခၚဖို႔ပဲ ျဖစ္ပါသည္။

n  ႐ုပ္နာမ္ကို အနိစၥ သိပါသလား?

n  ကိေလသာဆိုတာ သတ္ရတယ္ဆိုတာ သိပါသလား?

n  ကိုေလသာကိုသတ္ေသာအရာ တည္ေဆာက္ၿပီးပါၿပီလား?

n  ကိုေလသာကိုသတ္ေသာအရာ တည္ေဆာက္ၿပီးေသာအခါ မည္သို႔ေသာ ေအာင္ျမင္ျခင္း ကို ဆြတ္ခူးႏိုင္ပါသနည္း?

စေသာေမးခြန္းမ်ားကို တရားဦးေဆာင္သူမ်ား၊ ဝိပႆနာ  တရားျပသူမ်ား သိနားလည္ထိုက္သည္။ အထူးသျဖင့္ ႏိုင္ငံျခားကေန၍ ျမန္မာဗုဒၶဘာသာအား ခပ္ေပါ့ေပါ့တန္တန္ ယူဆကာ၊ အထင္ေသးကာ ေပၚျပဴလာ လုပ္စားျခင္းမ်ိဳးသည္ လြန္စြာမွ စက္ဆုပ္ဖြယ္ရာ ေကာင္းေသာ စီးပြားရွာမႈ ျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိေနရၿပီ ထို႔ေၾကာင့္ အထူးသတိထား ဆင္ျခင္သင့္ပါသည္။

အဟုတ္တတ္ေအာင္လုပ္ပါ၊ သာဓုေခၚခ်င္လြန္းပါသည္၊ အဟုတ္မတတ္ဘဲ တတ္ေယာင္ကန္း လုပ္လွ်င္ တေန႔အရွက္ကြဲတတ္သည္။ ျမန္မာႏိုင္ငံမွာ လာ၍ တတ္ေယာင္ကန္းလုပ္ကာ ဗိုလ္က်လွ်င္ ဝမ္းနည္းဖြယ္ရာ ေကာင္းစြာ ျဖစ္ရပ္ဆိုးမ်ား ႀကံဳေတြ႕ႏိုင္သည္။ ထို႔ေၾကာင့္ သတိေပးပါသည္ — သစၥာတရားသည္ စတန္႔ထြင္ရန္ မဟုတ္ပါ၊ စီးပြားရွာရန္ မဟုတ္ပါ။ အမွန္တကယ္ ၿငိမ္းခ်မ္း၍ ကိေလသာကို ေအာင္ပြဲခံရန္၊ နိဗၺာန္စံရန္သာျဖစ္ေၾကာင္း ေလးေလးနက္နက္ သေဘာေပါက္အပ္ေၾကာင္း တင္ျပအပ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာခ်စ္ငယ္(ဒႆန)
#Unicode Version#
သစ္စာတရားသည် အမှန်အကန် နှလုံးသွင်းရန် ဖြစ်၍ – အဓိကမှာ ကိလေသာကို အောင်နိုင်ရန်နှင့် (၃၁) ဘုံကို ခြေကန်၍ နိဗ္ဗာန်စံဝင်ရန်ပင် ဖြစ်ပါသည်။ သစ္စာတရားကို စတန့်ထွင်သကဲ့သို့ သုံးနှုန်းပုတ်ခတ် လာသည်မှာ သင့်တော်သော အရာတော့ မဟုတ်ပါ။ ဗုဒ္ဓဘာသာတို့သည် ဘုရား တရား ကြည်ညိုကြသူများ ဖြစ်ရာ တရားတော်နှင့် ပတ်သက်၍ စော်ကားသည်များကို မနှစ်မြို့ကြ၊ ခါးသီးစွာ စက်ဆုပ်ကြလေ့ ရှိသည်။

ယခုအခါ သစ္စာတရားကို စတန့်ထွင်သလိုလို ဘာလိုလို ကြိုးစားစမ်းသပ် နေကြခြင်းသည်၊ သင့်တော်သော အလုပ်တော့ မဟုတ်ပါ။ ဥပမာအားဖြင့် —

“တရားရှာထောင်မှာတွေ့” စသော အယူအဆများ —-

ကမ္ဘာသည် ဗုဒ္ဓဘာသာကို နက်နက်နဲနဲ နှစ်နှစ်ကာကာ သိနားလည်စွမ်း မရှိပါဘဲနှင့် ဗုဒ္ဓဘာသာကို ကျွမ်းကျင်နိုင်နင်းသည့် ပုံစံမျိုး ဟိတ်ဟန်ပြနေခြင်းများသည်၊ မှန်ကန်မှုနှင့် မကိုက်ညီပါ။

(ဥပမာတင်ပြခြင်း ဖြစ်ပါသည်) ဥပမာဆိုပါစို့ —

— အမှန်တကယ် တရားကို သိတယ်ဆိုလျှင် တရားဆိုသည်မှာ ဘာပါလဲ ?

n  တရားကျင့်ရန် မည်သည့်အရာများ လိုပါသလဲ?

တရားကျင့်သောအခါ မည်သို့ဖြစ်ပါသလဲ?

အောင်မြင်လျှင် မည်သို့ဖြစ်ပါသလဲ?

— စသော မေးခွန်းများကို ဦးဆောင်သူများ ဖြေဆိုနိုင်စွမ်း ရှိသင့်သည်။

တရားကို စတန့်ထွင်သောအသံများ ကျယ်လောင်လာသဖြင့် ဤသို့မေးခွန်းထုတ် စိစစ်သည့် သဘောများ တင်ပြရခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာသည် လွန်စွာမှ ယဉ်ကျေး၍။ လွန်စွာမှ အေးချမ်းသော တရားဖြစ်ပါသည်။ သို့သော် စတန့်ထွင်၍ အလွဲသုံးစား လုပ်နေခြင်း အမြတ်ထုတ် စီးပွားရှာနေခြင်း စသည်တို့သည် မူလဘူတ သဘာဝနှင့် လုံးဝဆန့်ကျင်သဖြင့်သာ ဟောပြောနေရခြင်း ဖြစ်ပါသည်။

တရား တကယ်လေ့ကျင့်လျှင် သာဓုခေါ်စရာ လွန်စွာကောင်းပါသည်။ သို့သော် တရားကို အမှန်အကန် မကျင့်နိုင်ဘဲ ပေါ်ပြူလာ လုပ်စားရင်းနှင့် တရားဆိုသည်မှာ အပေါ်ယံ ရှပ်ရှပ်လေးဟူ၍ သုံးနှုန်းကာ ဗုဒ္ဓဘာသာအား ချေဖျက်ရန် ကြိုးစားခြင်းများသည် သင့်တော် လျော်ကန်ခြင်း မရှိဟု မြင်မိပါသည်။ အဟုတ်တရားကိုသိပါ၊ အဟုတ်သာဓုခေါ်ဖို့ပဲ ဖြစ်ပါသည်။

n  ရုပ်နာမ်ကို အနိစ္စ သိပါသလား?

n  ကိလေသာဆိုတာ သတ်ရတယ်ဆိုတာ သိပါသလား?

n  ကိုလေသာကိုသတ်သောအရာ တည်ဆောက်ပြီးပါပြီလား?

n  ကိုလေသာကိုသတ်သောအရာ တည်ဆောက်ပြီးသောအခါ မည်သို့သော အောင်မြင်ခြင်း ကို ဆွတ်ခူးနိုင်ပါသနည်း?

စသောမေးခွန်းများကို တရားဦးဆောင်သူများ၊ ဝိပဿနာ  တရားပြသူများ သိနားလည်ထိုက်သည်။ အထူးသဖြင့် နိုင်ငံခြားကနေ၍ မြန်မာဗုဒ္ဓဘာသာအား ခပ်ပေါ့ပေါ့တန်တန် ယူဆကာ၊ အထင်သေးကာ ပေါ်ပြူလာ လုပ်စားခြင်းမျိုးသည် လွန်စွာမှ စက်ဆုပ်ဖွယ်ရာ ကောင်းသော စီးပွားရှာမှု ဖြစ်ကြောင်း လေ့လာတွေ့ရှိနေရပြီ ထို့ကြောင့် အထူးသတိထား ဆင်ခြင်သင့်ပါသည်။

အဟုတ်တတ်အောင်လုပ်ပါ၊ သာဓုခေါ်ချင်လွန်းပါသည်၊ အဟုတ်မတတ်ဘဲ တတ်ယောင်ကန်း လုပ်လျှင် တနေ့အရှက်ကွဲတတ်သည်။ မြန်မာနိုင်ငံမှာ လာ၍ တတ်ယောင်ကန်းလုပ်ကာ ဗိုလ်ကျလျှင် ဝမ်းနည်းဖွယ်ရာ ကောင်းစွာ ဖြစ်ရပ်ဆိုးများ ကြုံတွေ့နိုင်သည်။ ထို့ကြောင့် သတိပေးပါသည် — သစ္စာတရားသည် စတန့်ထွင်ရန် မဟုတ်ပါ၊ စီးပွားရှာရန် မဟုတ်ပါ။ အမှန်တကယ် ငြိမ်းချမ်း၍ ကိလေသာကို အောင်ပွဲခံရန်၊ နိဗ္ဗာန်စံရန်သာဖြစ်ကြောင်း လေးလေးနက်နက် သဘောပေါက်အပ်ကြောင်း တင်ပြအပ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာချစ်ငယ်(ဒဿန)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top