ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ကၽြန္ေတာ္တို႔ ငယ္ငယ္တုန္းက ေက်ာင္းသုံးဖတ္စာအုပ္ေတြမွာ
ျပဌာန္းျခင္းခံရတဲ့ အမ်ားဆုံး လူသားေတြကေတာ့ ေရွးေခတ္က စစ္သူရဲေကာင္းေတြ၊ ပညာရွိေတြ၊ စြန္႔စားရွာေဖြသူေတြ၊ ႏိုင္ငံေရးသုခမိန္ေတြ၊ တိုင္းျပည္ တည္ေဆာက္သူေတြ အေၾကာင္းကိုသာ အေလးထား ျပဌာန္းထားတာကို ေတြ႔ခဲ့ရပါတယ္။

ဂ်ပန္ႏိုင္ငံရဲ့ ေက်ာင္းသုံးစာအုပ္ထဲမွာေတာ့ ဂ်ပန္ႏိုင္ငံနဲ႔ ဂ်ပန္ လူမ်ိဳးေတြအတြက္ ဂုဏ္သိကၡာ ညိႇဳးႏြမ္းေစတဲ့ လူတဦးအေၾကာင္း ျပဌာန္းခဲ့ပါတယ္။ သူကေတာ့ ဂ်ပန္ ပို႔ေဆာင္ေရး ၀န္ႀကီးဌာနက အရာရွိေလး ဟိုဆိုႏို ျဖစ္ပါတယ္။

ဂ်ပန္ အစိုးရဟာ ႐ုရွားႏိုင္ငံက ရထားလမ္းေတြကို ေလ့လာသင္ယူဖို႔ ပို႔ေဆာင္ဆက္သြယ္ေရး ၀န္ႀကီးဌာနက မာဆဘူမိ ဟိုဆိုႏို ကို ( ၁၉၁၀) ခုႏွစ္မွာ ေစလႊတ္ခဲ့ပါတယ္။ ဟိုဆိုႏိုဟာ သူရဲ႕ေလ့လာသင္ၾကားမႈေတြ ၿပီးဆုံးတဲ့ ၁၉၁၂ ခုႏွစ္မွာ အဂၤလန္ကေန တဆင့္ အတၱလႏၱိတ္ သမုဒၵရာကို ျဖတ္ၿပီး ျပန္လာဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ကမၻာ့သေဘၤာပ်က္တဲ့ သမိုင္းမွာ အထင္ရွားဆုံး ျဖစ္တဲ့ တိုင္တင္းနစ္ သေဘၤာနဲ႔ ျပန္လာခဲ့တာပါ။ ဟိုဆိုႏိုဟာ တိုင္းတင္းနစ္ သေဘၤာရဲ့ ဒုတိယတန္းကေန ခရီးသည္တဦးအေနနဲ႔ လိုက္ပါလာခဲ့သူ ျဖစ္ပါတယ္။ အဂၤလန္ကေန ထြက္ခြာလာၿပီး ၄ ရက္အၾကာ ဧၿပီလ ၁၄ ရက္ ညဘက္ ၁၁ နာရီ ၄၀ မိနစ္အခ်ိန္မွာ ေရခဲေတာင္နဲ႔ တိုက္မိခဲ့ပါတယ္။

ဟိုဆိုႏိုဟာ သေဘၤာ ေရခဲေတာင္နဲ႔ တိုက္မိၿပီး နာရီ၀က္ အၾကာမွာ တံခါးေခါက္သံေၾကာင့္ ႏိုးလာခဲ့ပါတယ္။ သေဘၤာအရာရွိက သူ႔ကို အသက္ကယ္ အက်ၤ ီ၀တ္ထားဖို႔ သတိေပး ေျပာဆိုလာခဲ့ပါတယ္။

သေဘၤာေပၚကို တက္ၾကည့္ေတာ့ လူေတြရဲ့ ေယာက္ယက္ခတ္ လႈပ္ရွားေနတာကို ေတြ႔ရၿပီး အသက္ကယ္ ေလွေတြမွာလည္း ကေလးေတြနဲ႔ အမ်ိဳးသမီးေတြ ျပည့္ေနပါေတာ့တယ္။ ဟိုဆိုႏိုဟာ အသက္ကယ္ေလွကို ခ်ဥ္းကပ္ဖို႔ ႀကိဳးစားတဲအခါ သေဘၤာအရာရွိေတြရဲ့ ေမာင္းထုတ္ျခင္းကို ခံခဲ့ရပါတယ္။ တတိယတန္း အဆင့္က စီးလာတဲ့ ခရီးသည္ အျဖစ္ထင္ေယာင္ ထင္မွား ျဖစ္ေစလို႔ပါ။ ဒါေပမယ့္ ဟိုဆိုႏိုဟာ အသက္ကယ္ေလွေပၚကို ေရာက္ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ အစဥ္အလာအရ သေဘၤာေတြမွာ အမ်ိဳးသမီးေတြ၊ ကေလးေတြနဲ႔ ပထမ တန္းက စီတဲ့ ခရီးသည္ေတြသာ အသက္ကယ္ေလွကို ပထမ ဦးစားေပး စီးခြင့္ရတာပါ။

ဟိုဆိုႏိုနဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြမွာ ဟိုဆိုႏိုဟာ အမ်ိဳးသမီးလို ဟန္ေဆာင္ၿပီး အသက္ကယ္ေလွကို စီးခဲ့ရတာလို႔ ေဖၚျပခဲ့ၾကပါတယ္။
တိုင္တင္းနစ္ နစ္ျမဳတ္မႈကေန အသက္မေသဘဲ လြတ္ေျမာက္လာတဲ့ ဟိုဆိုနိုကို ပထမေတာ့ ဂ်ပန္ သတင္းစာေတြက ခ်ီးက်ဴး ေထာပနာျပဳ ေရးသားခဲ့ၾကပါတယ္။ ဒါေပမယ့္ တိုင္တင္းနစ္ သေဘၤာ ကေန လြတ္ေျမာက္လာတဲ့ ေနာက္တဦးကေတာ့ ဟိုဆိုႏို အေၾကာင္းကို သိေနခဲ့ပါတယ္။ ဟိုဆိုႏိုဟာ အသက္ကယ္ ေလွေပၚကို တက္ေရာက္ခြင့္ရေရးအတြက္ အမ်ိဳးသမီး တစ္ဦးလို ၀တ္စားဆင္ယင္ၿပီး၊ အမ်ိဳးသမီးလို အသံျပဳက ေအာ္ဟစ္ အကူအညီ ေတာင္းခဲ့တယ္လို႔ ေျပာဆိုတာေတြ ရွိခဲ့ပါတယ္။

အသက္ကယ္ ေလွေပၚကို ေရာက္ေအာင္မတက္ခဲ့ေပမယ့္ အသက္မေသဘဲ လြတ္ေျမာက္လာတဲ့ လူတဦးကေတာ့ အေမရိကန္ လူမ်ိဳး Archibald Gracie IV ျဖစ္ပါတယ္။ သူေရးတဲ့ တိုင္းတင္းနစ္ သေဘာၤ နစ္ျမဳတ္မႈအေၾကာင္း စာအုပ္ထုတ္ေ၀ေတာ့ ဂ်ပန္အမ်ိဳးသား ဟိုဆိုႏို အေၾကာင္းပါလာခဲ့ပါတယ္။ ဂ်ပန္ လူ႔အဖြဲ႔အစည္းက ဟိုဆိုႏိုဟာ သိကၡာရွိရွိ လြတ္ေျမာက္လာတယ္လို႔ ထင္ထားခဲ့ေပမယ့္ Archibald Gracie IV ရဲ့စာအုပ္ ထြက္လာေတာ့ ဂ်ပန္ အစိုးရက သူ႔ကို အလုပ္ကေန ထုတ္ပယ္လိုက္ပါတယ္။

အမ်ိဳးသမီးနဲ႔ ကေလးေတြကို မညွာတာဘဲ ကိုယ္လြတ္ ရုန္းထြက္လာတဲ့ ဟိုဆိုႏိုကိုဂ်ပန္ အစိုးရနဲ႔ ဂ်ပန္ လူ႔အဖြဲ႔အစည္းက လက္ခံႏိုင္ျခင္း မရွိတဲ့အျပင္ ဂ်ပန္ႏိုင္ငံနဲ႔ ဂ်ပန္လူမ်ိဳးကို အရွက္ရေစတဲ့ လုပ္ရပ္ အျဖစ္ သတ္မွတ္ၿပီး မိမိကိုယ္ကို သတ္ေသဖို႔ သတင္းစာကေန ေတာင္းဆိုတာေတြ ရွိခဲ့ပါတယ္။
ဗမာစကားပုံနဲ႔ ေျပာရမယ္ဆိုရင္ အသက္ထက္ အရွက္က အေရးႀကီးတယ္ဆိုတာ ဂ်ပန္ လူ႔အဖြဲ႔အစည္းတြက္ အခ်ိန္ကာလေတြ ဘယ္ေလာက္ဘဲေရြ႕ေရြ႕ မွန္ကန္ေနဆဲ မွန္ေနဆဲ ျဖစ္ပါတယ္။ ဂ်ပန္ အစဥ္အလာကို မလိုက္နာတဲ့ သူေတြဟာ ႏိုင္ငံကို ဂုဏ္သိကၡာ ညႇိဳးႏြမ္းေစတယ္ဆိုတဲ့ အယူအဆက ဒီေန႔ထိ ယူဆေနဆဲ ျဖစ္ပါတယ္။ ႏိုင္ငံဆိုတာ လူတစ္ဦးခ်င္း၊ မိသားစုတစ္စုခ်င္း၊ ရပ္ရြာတစ္ခုခ်င္း၊ ၿမိဳ႕နယ္တစ္ခုခ်င္း၊ ျပည္နယ္တစ္ခုခ်င္း၊ လူမ်ိဳးစုတစ္စုခ်င္းစီ စုေပါင္းၿပီး တည္ေဆာက္ထားေတာ့ လူတဦးရဲ့ အျပဳအမူဟာ ႏိုင္ငံအတြက္ ဂုဏ္သိကၡာက်ဆင္း ဆိုတာ ျဖစ္ေကာင္းတဲ့ အရာပါ။

ကၽြန္ေတာ္တို႔ လူ႔အဖြဲ႔အစည္းဘက္ကို ျပန္ၾကည့္လိုက္ရေအာင္။ ကၽြန္ေတာ္တို႔ လူ႔အဖြဲ႔အစည္းကို ဂ်ပန္နဲ႔ မႏႈိင္းပါႏွင့္ဗ်ာလို႔ ေျပာေကာင္း ေျပာႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ ဒီမိုကေရစီေခတ္ကို စလွမ္းေနတဲ့အခ်ိန္မွာ လူတစ္ဦးခ်င္းအျပဳအမူေတြ၊ လူမ်ိဳးစုတစုခ်င္းရဲ့ အျပဳအမူေတြဟာ အင္မတန္မွ အေရးပါပါတယ္။

ဂ်ပန္အစိုးရကေတာ့ လူတဦးခ်င္းရဲ့ အျပဳအမူ အမွားကို ေနာင္လာေနာက္သား
တိုင္းျပည္ရဲ့ ဖန္တီးရွင္ေတြ အတူယူ မမွားရေလေအာင္ ေက်ာင္းစာ သင္႐ိုးညြန္းတမ္းမွာ ျပဌာန္းထားခဲ့ တာကိုက ကၽြန္ေတာ္တို႔ ႏိုင္ငံအတြက္ အေလးထားစရာပါ။

ေနာင္မ်ိဳးဆက္ေတြ လူ႔အဖြဲ႔အစည္းက လက္မခံႏိုင္တဲ့ အျပဳအမူေတြ မလုပ္မိေအာင္ ႏိုင္ငံအတြက္ ဂုဏ္သိကၡာ ညႇိဳးႏြမ္းေစခဲ့တဲ့ Hosono လုိလူေတြရဲ့လုပ္ရပ္ကို ေက်ာင္းစာေတြမွာ သင္ၾကားေပးတာမ်ိဳးကို ျမန္မာႏိုင္ငံမွာလည္း ျပဌာန္း ေပးသင့္တယ္လို႔ ယူဆမိပါတယ္။

တေလာက ျမန္မာႏိုင္ငံက အတင္းတစ္ပုဒ္ ဖတ္လိုက္ရတယ္။ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန တတိယ အတြင္း၀န္ ရာထူးေတြ ေျဖေတာ့ ၀န္ႀကီးအဆင့္ ၊ ညြန္ၾကားေရးမွဴးခ်ဳပ္၊ ဗိုလ္မွဴးႀကီး၊ ဗိုလ္မွဴးခ်ဳပ္၊ ဗိုလ္ခ်ဳပ္ေတြရဲ့ သားသမီးေတြ တန္းစီေအာင္တာကို ေတြ႔လိုက္ရေတာ့ ကၽြန္ေတာ္တို႔ရဲ့ ႏိုင္ငံ့ေခါင္းေဆာင္ေတြမွာ ကိုယ္က်င့္တရားဆုိတာ မရွိေတာ့ဘူး ဆိုတာကို နားလည္ လိုက္တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ရဲ့ ပညာေရး သင္႐ုိးညြန္းတမ္း ေရးဆြဲတဲ့အခါ လူသားေတြရဲ့ စံျပပုဂၢဳိလ္ေတြအပါ အ၀င္ ႏိုင္ငံကို ဖ်က္ဆီးခဲ့တဲ့၊ ႏိုင္ငံ့ဂုဏ္ကို ညိဳးႏြမ္းေစခဲ့တဲ့ လူသားေတြကို ပါ ျပဌာန္း ေပးသင့္တယ္လို႔ ျမင္မိတယ္။

လူငယ္ေတြအေနနဲ႔ ၊ The Calm ( တည္ၿငိမ္မႈ) ၊ The Dignity ( ဂုဏ္သိကၡာရွိမႈ)၊ The ability (စြမ္းရည္ ျပည့္၀မႈ)၊ The Grace ( တင့္တယ္မႈ) ၊ The Order (အစီအစဥ္တက် ရွိမႈ)၊ The Sacrifices ( စြန္ကလြႊတ္ အနစ္နာခံမႈ) ၊ The Kindness (သနားၾကင္နာတတ္မႈ) ၊ The Conscience
( ကိုယ္က်င့္တရား ေကာင္းမႈ)၊ စတာေတြဟာ ဂုဏ္သိကၡာရွိတဲ့ လူသားတဦး ျဖစ္လာေရး အင္မတန္မွ အေရးပါေၾကာင္းေတြးမိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mauhka Education Magazine

# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းသုံးဖတ်စာအုပ်တွေမှာ
ပြဌာန်းခြင်းခံရတဲ့ အများဆုံး လူသားတွေကတော့ ရှေးခေတ်က စစ်သူရဲကောင်းတွေ၊ ပညာရှိတွေ၊ စွန့်စားရှာဖွေသူတွေ၊ နိုင်ငံရေးသုခမိန်တွေ၊ တိုင်းပြည် တည်ဆောက်သူတွေ အကြောင်းကိုသာ အလေးထား ပြဌာန်းထားတာကို တွေ့ခဲ့ရပါတယ်။

ဂျပန်နိုင်ငံရဲ့ ကျောင်းသုံးစာအုပ်ထဲမှာတော့ ဂျပန်နိုင်ငံနဲ့ ဂျပန် လူမျိုးတွေအတွက် ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ လူတဦးအကြောင်း ပြဌာန်းခဲ့ပါတယ်။ သူကတော့ ဂျပန် ပို့ဆောင်ရေး ဝန်ကြီးဌာနက အရာရှိလေး ဟိုဆိုနို ဖြစ်ပါတယ်။

ဂျပန် အစိုးရဟာ ရုရှားနိုင်ငံက ရထားလမ်းတွေကို လေ့လာသင်ယူဖို့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက မာဆဘူမိ ဟိုဆိုနို ကို ( ၁၉၁၀) ခုနှစ်မှာ စေလွှတ်ခဲ့ပါတယ်။ ဟိုဆိုနိုဟာ သူရဲ့လေ့လာသင်ကြားမှုတွေ ပြီးဆုံးတဲ့ ၁၉၁၂ ခုနှစ်မှာ အင်္ဂလန်ကနေ တဆင့် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကမ္ဘာ့သင်္ဘောပျက်တဲ့ သမိုင်းမှာ အထင်ရှားဆုံး ဖြစ်တဲ့ တိုင်တင်းနစ် သင်္ဘောနဲ့ ပြန်လာခဲ့တာပါ။ ဟိုဆိုနိုဟာ တိုင်းတင်းနစ် သင်္ဘောရဲ့ ဒုတိယတန်းကနေ ခရီးသည်တဦးအနေနဲ့ လိုက်ပါလာခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်ကနေ ထွက်ခွာလာပြီး ၄ ရက်အကြာ ဧပြီလ ၁၄ ရက် ညဘက် ၁၁ နာရီ ၄၀ မိနစ်အချိန်မှာ ရေခဲတောင်နဲ့ တိုက်မိခဲ့ပါတယ်။

ဟိုဆိုနိုဟာ သင်္ဘော ရေခဲတောင်နဲ့ တိုက်မိပြီး နာရီဝက် အကြာမှာ တံခါးခေါက်သံကြောင့် နိုးလာခဲ့ပါတယ်။ သင်္ဘောအရာရှိက သူ့ကို အသက်ကယ် အင်္ကျ ီဝတ်ထားဖို့ သတိပေး ပြောဆိုလာခဲ့ပါတယ်။

သင်္ဘောပေါ်ကို တက်ကြည့်တော့ လူတွေရဲ့ ယောက်ယက်ခတ် လှုပ်ရှားနေတာကို တွေ့ရပြီး အသက်ကယ် လှေတွေမှာလည်း ကလေးတွေနဲ့ အမျိုးသမီးတွေ ပြည့်နေပါတော့တယ်။ ဟိုဆိုနိုဟာ အသက်ကယ်လှေကို ချဉ်းကပ်ဖို့ ကြိုးစားတဲအခါ သင်္ဘောအရာရှိတွေရဲ့ မောင်းထုတ်ခြင်းကို ခံခဲ့ရပါတယ်။ တတိယတန်း အဆင့်က စီးလာတဲ့ ခရီးသည် အဖြစ်ထင်ယောင် ထင်မှား ဖြစ်စေလို့ပါ။ ဒါပေမယ့် ဟိုဆိုနိုဟာ အသက်ကယ်လှေပေါ်ကို ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အစဉ်အလာအရ သင်္ဘောတွေမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ပထမ တန်းက စီတဲ့ ခရီးသည်တွေသာ အသက်ကယ်လှေကို ပထမ ဦးစားပေး စီးခွင့်ရတာပါ။

ဟိုဆိုနိုနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေမှာ ဟိုဆိုနိုဟာ အမျိုးသမီးလို ဟန်ဆောင်ပြီး အသက်ကယ်လှေကို စီးခဲ့ရတာလို့ ဖေါ်ပြခဲ့ကြပါတယ်။
တိုင်တင်းနစ် နစ်မြုတ်မှုကနေ အသက်မသေဘဲ လွတ်မြောက်လာတဲ့ ဟိုဆိုနိုကို ပထမတော့ ဂျပန် သတင်းစာတွေက ချီးကျူး ထောပနာပြု ရေးသားခဲ့ကြပါတယ်။ ဒါပေမယ့် တိုင်တင်းနစ် သင်္ဘော ကနေ လွတ်မြောက်လာတဲ့ နောက်တဦးကတော့ ဟိုဆိုနို အကြောင်းကို သိနေခဲ့ပါတယ်။ ဟိုဆိုနိုဟာ အသက်ကယ် လှေပေါ်ကို တက်ရောက်ခွင့်ရရေးအတွက် အမျိုးသမီး တစ်ဦးလို ဝတ်စားဆင်ယင်ပြီး၊ အမျိုးသမီးလို အသံပြုက အော်ဟစ် အကူအညီ တောင်းခဲ့တယ်လို့ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။

အသက်ကယ် လှေပေါ်ကို ရောက်အောင်မတက်ခဲ့ပေမယ့် အသက်မသေဘဲ လွတ်မြောက်လာတဲ့ လူတဦးကတော့ အမေရိကန် လူမျိုး Archibald Gracie IV ဖြစ်ပါတယ်။ သူရေးတဲ့ တိုင်းတင်းနစ် သဘောၤ နစ်မြုတ်မှုအကြောင်း စာအုပ်ထုတ်ဝေတော့ ဂျပန်အမျိုးသား ဟိုဆိုနို အကြောင်းပါလာခဲ့ပါတယ်။ ဂျပန် လူ့အဖွဲ့အစည်းက ဟိုဆိုနိုဟာ သိက္ခာရှိရှိ လွတ်မြောက်လာတယ်လို့ ထင်ထားခဲ့ပေမယ့် Archibald Gracie IV ရဲ့စာအုပ် ထွက်လာတော့ ဂျပန် အစိုးရက သူ့ကို အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

အမျိုးသမီးနဲ့ ကလေးတွေကို မညှာတာဘဲ ကိုယ်လွတ် ရုန်းထွက်လာတဲ့ ဟိုဆိုနိုကိုဂျပန် အစိုးရနဲ့ ဂျပန် လူ့အဖွဲ့အစည်းက လက်ခံနိုင်ခြင်း မရှိတဲ့အပြင် ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးကို အရှက်ရစေတဲ့ လုပ်ရပ် အဖြစ် သတ်မှတ်ပြီး မိမိကိုယ်ကို သတ်သေဖို့ သတင်းစာကနေ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။
ဗမာစကားပုံနဲ့ ပြောရမယ်ဆိုရင် အသက်ထက် အရှက်က အရေးကြီးတယ်ဆိုတာ ဂျပန် လူ့အဖွဲ့အစည်းတွက် အချိန်ကာလတွေ ဘယ်လောက်ဘဲရွေ့ရွေ့ မှန်ကန်နေဆဲ မှန်နေဆဲ ဖြစ်ပါတယ်။ ဂျပန် အစဉ်အလာကို မလိုက်နာတဲ့ သူတွေဟာ နိုင်ငံကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆိုတဲ့ အယူအဆက ဒီနေ့ထိ ယူဆနေဆဲ ဖြစ်ပါတယ်။ နိုင်ငံဆိုတာ လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ ရပ်ရွာတစ်ခုချင်း၊ မြို့နယ်တစ်ခုချင်း၊ ပြည်နယ်တစ်ခုချင်း၊ လူမျိုးစုတစ်စုချင်းစီ စုပေါင်းပြီး တည်ဆောက်ထားတော့ လူတဦးရဲ့ အပြုအမူဟာ နိုင်ငံအတွက် ဂုဏ်သိက္ခာကျဆင်း ဆိုတာ ဖြစ်ကောင်းတဲ့ အရာပါ။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းဘက်ကို ပြန်ကြည့်လိုက်ရအောင်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဂျပန်နဲ့ မနှိုင်းပါနှင့်ဗျာလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီခေတ်ကို စလှမ်းနေတဲ့အချိန်မှာ လူတစ်ဦးချင်းအပြုအမူတွေ၊ လူမျိုးစုတစုချင်းရဲ့ အပြုအမူတွေဟာ အင်မတန်မှ အရေးပါပါတယ်။

ဂျပန်အစိုးရကတော့ လူတဦးချင်းရဲ့ အပြုအမူ အမှားကို နောင်လာနောက်သား
တိုင်းပြည်ရဲ့ ဖန်တီးရှင်တွေ အတူယူ မမှားရလေအောင် ကျောင်းစာ သင်ရိုးညွန်းတမ်းမှာ ပြဌာန်းထားခဲ့ တာကိုက ကျွန်တော်တို့ နိုင်ငံအတွက် အလေးထားစရာပါ။

နောင်မျိုးဆက်တွေ လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ အပြုအမူတွေ မလုပ်မိအောင် နိုင်ငံအတွက် ဂုဏ်သိက္ခာ ညှိုးနွမ်းစေခဲ့တဲ့ Hosono လိုလူတွေရဲ့လုပ်ရပ်ကို ကျောင်းစာတွေမှာ သင်ကြားပေးတာမျိုးကို မြန်မာနိုင်ငံမှာလည်း ပြဌာန်း ပေးသင့်တယ်လို့ ယူဆမိပါတယ်။

တလောက မြန်မာနိုင်ငံက အတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာန တတိယ အတွင်းဝန် ရာထူးတွေ ဖြေတော့ ဝန်ကြီးအဆင့် ၊ ညွန်ကြားရေးမှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ တန်းစီအောင်တာကို တွေ့လိုက်ရတော့ ကျွန်တော်တို့ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေမှာ ကိုယ်ကျင့်တရားဆိုတာ မရှိတော့ဘူး ဆိုတာကို နားလည် လိုက်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပညာရေး သင်ရိုးညွန်းတမ်း ရေးဆွဲတဲ့အခါ လူသားတွေရဲ့ စံပြပုဂ္ဂိုလ်တွေအပါ အဝင် နိုင်ငံကို ဖျက်ဆီးခဲ့တဲ့၊ နိုင်ငံ့ဂုဏ်ကို ညိုးနွမ်းစေခဲ့တဲ့ လူသားတွေကို ပါ ပြဌာန်း ပေးသင့်တယ်လို့ မြင်မိတယ်။

လူငယ်တွေအနေနဲ့ ၊ The Calm ( တည်ငြိမ်မှု) ၊ The Dignity ( ဂုဏ်သိက္ခာရှိမှု)၊ The ability (စွမ်းရည် ပြည့်ဝမှု)၊ The Grace ( တင့်တယ်မှု) ၊ The Order (အစီအစဉ်တကျ ရှိမှု)၊ The Sacrifices ( စွန်ကလွှတ် အနစ်နာခံမှု) ၊ The Kindness (သနားကြင်နာတတ်မှု) ၊ The Conscience
( ကိုယ်ကျင့်တရား ကောင်းမှု)၊ စတာတွေဟာ ဂုဏ်သိက္ခာရှိတဲ့ လူသားတဦး ဖြစ်လာရေး အင်မတန်မှ အရေးပါကြောင်းတွေးမိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mauhka Education Magazine
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top