မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
ဘးမှာလဲကားဂိုဒေါင်နဲ့ပတ်ဝန်းကျင်ကလဲတိတ်ဆိတ်တော့နေလို့ကောင်းမယ့်ပုံပါ။
#Unicode Version#
ကျတော်တို့အခုနေတဲ့တိုက်လေးကတစ်ထပ်တိုက်လေး။ဒါကိုပြန်ပီးနှစ်ထပ်တတ်ဖို့သေချာအပ်ပီးလောလောဆယ်နေဖို့အတွက်မြို့သစ်ဖက်ကိုအငှားရှာမိတောပေ40၊60မြေကွက်ပေါ်ကနှစ်ထပ်တိုက်လေးတစ်လုံးခနငှားနေမိတယ်။ေ
ဘးမှာလဲကားဂိုုဒေါင်နဲ့ပတ်ဝန်းကျင်ကလဲတိတ်ဆိတ်တော့နေလို့ကောင်းမယ့်ပုံပါ။
ဒါနဲ့မပြောင်းခင်အိမ်မှာနေတဲ့အလုပ်သမားလင်မယားသူတို့ကလဲပြောရရင်အမျေိုးတော့မကင်းဘူးရွာဆွေရွာမျိုးပေါ့သူတို့လင်မယားကိုအရင်သန့်ရှင်းရေးလုပ်ဖို့မနက်ဆိုလိုက်ပို့ပေးရပါတယ်။ဒီလိုနဲ့ပြောင်းလာဖို့ရက်ရောက်တော့ရွေ့သင့်တာရွေ့နဲ့ပင်ပန်းလိုက်တာတစ်နေကုန်ရော။ကျတော်တို့ကမိသားစု4ယောက်ရှိတာသားနှစ်ယောက်နဲ့ကျတော်တို့လင်မယားနှစ်ယောက်ပေါ့။ဒါနဲ့ကျတော်တို့မိသားစုအပေါ်ထပ်မှာသားနှစ်ယောက်အောက်ထပ်မှာကျတော်တို့လင်မယားနှစ်ယောက်ပေါ့အလုပ်သမားလင်မယားဖြစ်တဲ့ကိုကျော်နဲ့မအိတို့လင်မယားကတော့ဘေးကကားဂိုဒေါင်ကလဲကျယ်ပီးအပေါ်ထပ်ခိုးလဲပါတော့အဲဒီမှာအိပ်ခိုင်းရတာပေါ့။
ဒီမှာကျတော်တစ်ခုသတိထားလိုက်မိတာကိုကျော်တို့လင်မယားနှစ်ယောက်ကရောက်စကထဲကမျက်နှာပျက်နေကျတာကျတော်လဲမမေးမိဘူး။ဒီလိုနဲ့နေလာရင်းတစ်ရက်ညကျတော်အိမ်သာသွားရင်းကျတော့နောက်ကလူလိုက်လာသလိုခံစားမိတာအစပိုင်းကသတိမထားတော့နောက်တော့နေ့စင်လိုလိုစိတ်ထဲကနောက်ဖေးသွားတိုင်းတစ်ယောက်ယောက်လိုက်ကြည့်နေသလိုခံစားမိတာ။
မကြာပါဘူးတစ်ညအပေါ်ထပ်သားအငယ်ကောင်ရဲ့စူးစူးဝါးဝါးအော်သံကြောင့်ကျတော်တို့လင်မယားနှစ်ယောက်အပြေးတတ်ကြည့်တော့သားငယ်ကတစ်ခုခုကိုမြင်နေရသလိုသူ့အခန်းပေါက်ကိုကြည့်ပီးထိတ်လန့်တဲ့မျက်လုံးတွေနဲ့အော်နေတာကျတော်တို့လဲသားငယ်စိတ်ပြေအောင်အမျိုးမျိုးဖြောင့်ဖျပီးမေးကြည့်တော့သားငယ်ပြောတာသူနဲ့ရွယ်တူလောက်ကောင်လေးတဲ့သူ့အခန်းပေါက်ကနေရပ်ပီးကြည့်နေတာတဲ့ဒါသူအော်လိုက်လို့အဖေတို့ရောက်လာမှပျောက်သွားတာတဲ့သားငယ်ခမျာကြောက်နေတာများတုန်လို့ပါဒါနဲ့အဲဒီညကသားနှစ်ယောက်လုံးအပေါ်ကိုတတ်မအိပ်ရဲတော့ဘူး။
တစ်ရက်ကျတော်အလုပ်သွားဖို့ပြင်နေတုန်းကိုကျော်တို့လင်မယားကျတော့နားလာပီး"ဆရာကျတော်တို့ရွာကိုပြန်ပါရစေ"လို့ပြောလာတော့ကျတော်ဘာကြောင့်လဲလို့မေးတော့သရဲခြောက်လို့တဲ့ကျတော်လဲဟိုနေ့ကမှသားငယ်ကဖြစ်ထားတော့စိတ်တိုတိုနဲ့အော်ငေါက်လွှတ်တာနှစ်ယောက်သားမျက်နှာငယ်လေးတွေနဲ့။ဒါနဲ့ညအလုပ်ကပြန်လာမှသူတို့လင်မယားခေါ်ပီးသေချာမေးကြည့်တော့မှသူတို့ပြောပြတာက။
သူတို့လင်မယားဒီတိုက်ကိုလာရှင်းတဲ့နေ့ထဲကအရင်ဆုံးမအိပေါ့သူကအပေါ်ထပ်တတ်ရှင်းတာကိုးသူဘူရားခန်းဖက်ကိုတံမြက်စည်းလှည်းနေတုန်းတဲ့လမ်းလျှောက်နေသံဒီအပေါ်ထပ်မှာခနနေတော့သူရှင်းနေတဲ့ဘူရားခန်းတံခါးကိုဝုန်းခနဲလာပိတ်တာသူလဲလန့်သွားတာပေါ့ကိုကျော်စနေတာထင်ပီးတံခါးပြန်ဖွင့်လို့အောက်ထပ်ဆင်းပီးရန်လုပ်မယ်သွားတော့ကိုကျော်ကခြံထဲမှာမြက်တွေရှင်းနေတာသူသွားပီးဘာမပြောညာမပြောကျောကုန်းထုတော့ဟိုကစိတ်တိုပီးတံမြက်စည်းရိုးနဲ့ရိုက်မယ်လုပ်တော့မအိက"နင်ဘာဖြစ်နေတာလဲကို့အလုပ်ပီးအောင်မလုပ်ဖူး"ပြောလိုက်တော့ကိုကျော်က"ဟကောင်မရရောက်ထဲကနင့်တိုက်ပေါ်မတတ်သေးဘူးဘာတွေလာပြောနေတာလဲ"ကိုကျော်ဒီလိုပြောတော့မအိကခုနကသူတွေ့တာကိုပြောလိုက်တော့သူတို့လင်မယားလဲနောက်ရက်ခြံလာရှင်းတိုင်းခွဲမလုပ်တော့ဘူးတဲ့အစကပြောလိုက်ရင်သူတို့လင်မယားအဆူခံရမှာကြောက်လို့တဲ့ခုတော့ကျတော့သားလဲတွေ့လိုက်တော့မထူးဘူးဆိုပီးအရဲစွန့်ပြောရတာပါတဲ့။
ဒီလိုနဲ့တစ်ရက်ကျတော်အလုပ်နဲ့မူဆယ်ဘက်ရောက်နေတာ2ညအိပ်ပါပြန်ခါနီးနောက်နေ့မနက်အစောပိုင်းကားလက်မှတ်ဖြတ်ပီးမိန်းမစီကဖုန်းဝင်လာပါရော"အကိုအမြန်ပြန်ခဲ့တော့သားနှစ်ယောက်လဲကြောက်နေပီညဆိုကိုကျော်တို့လင်မယားခေါ်ပီးတစ်ညလုံးငုတ်တုတ်ထိုင်နေရတာအကိုသွားထဲကခုဆိုညကိုမအိပ်ရဲတော့ဘူးဖြစ်နိုင်ရင်အကိုပြန်လာရင်အိမ်ပြောင်းရအောင်နော်"ဒါနဲ့ကျတော်လဲပြန်ရောက်တော့ညနေစောင်းနေပါပီလူကလဲခရီးပန်းလာဆိုတော့နောက်နေ့မှပြောင်းဖို့ပြောတာကိုမရဘူးသားနှစ်ယောက်ကလဲဇွတ်ပူစာနေတော့ကျတော့အစ်မကိုဖုန်းဆက်ပီးအကူညီတောင်းရတာပေါ့အစ်မတို့တိုက်ကကျယ်တယ်သူတို့မှာသားတစ်ယောက်နဲ့ပဲရှိတာအစ်မကလဲခုချက်ချင်းသူ့ဆိုင်ကကောင်လေးတွေလွှတ်လိုက်မယ့်အကြောင်းပြောပီးဖုန်းချသွားရောကျတော်လဲဘယ်လိုဖြစ်တာလဲသိချင်တော့မေးကြည့်တော့ညနေနေဝင်တာနဲ့အိမ်အပေါ်ထပ်ကတဒုန်းဒုန်းပြေးနေသံတွေတဲ့ကျတော်ခရီးထွက်တဲ့ညကစပိုပိုဆိုးလတာတဲ့။
ဒီလိုနဲ့ကျတော်တို့လဲအစ်မလွှတ်လိုက်မယ့်လူတွေကိုထိုင်စောင့်နေတုန်းအပေါ်ထပ်ကစပါပီပြေးလွှားနေသံတွေကျတော်တောင်ကြောက်လာမိတာဒါနဲ့သိမ်းစရာလေးတွေသိမ်းဆည်းရင်အစ်မဆိုင်ကကောင်လေးတွေရောက်လာတော့ည8နာရီခွဲသူတို့လဲကူညီသိမ်းပေးနေရင်းကိုကျောကလဲသူတို့လင်မယားအထုပ်အပိုးလေးတွေသွားသိမ်းမယ်ဆိုပီးထွက်သွားတာကျတော်တို့သာသိမ်းဆည်းလို့ကားပေါ်အကုန်ရောက်နေပီကိုကျော်တစ်ယောက်ပေါ်မလာသေးတာနဲ့ကောင်လေးတွေခေါ်ပီးသွားကြည့်တော့ကိုကျော်ခမျာမေ့နေတာသူ့သတိရအောင်မနည်းလုပ်ပီးတော့မှသူပြောတာသူအထုပ်တွေယူပီလှေခါးပေါ်အဆင်းတဲ့အနောက်ကတစ်ယောက်ယောက်တွန်းလိုက်သလိုပဲတဲ့ဒါနဲ့သူလဲဘာမှမသိတော့ဘူးတဲ့ကံကောင်းလို့ပါလူဘာမှဖြစ်မသွားတာ။
ဒါနဲ့ကားပေါ်အကုန်တင်ပီးလို့ကားထွက်တော့မှကျတော်လဲတိုက်ကိုပြန်ကြည့်တော့ဝရမ်တာပေါ်မှာကောင်လေးတစ်ယောက်မတပ်ရပ်နေတာကျတော်နောက်ဆုံးမြင်လိုက်ရတာပါ############ ဒါကျတော်လွန်ခဲ့2000ခုနှစ်တုန်းအဖြစ်လေးပါမြို့သစ်ဖက်ကိုရောက်တိုင်းသတိရတိုင်းသွားကြည့်မိတာတော့ခုထိလူနေတာမတွေ့သေးပါဘူးနဲနဲစုံစမ်းကြည့်တော့ဒီအိမ်မှာအရင်တုန်းခိုင်းဖို့ခေါ်ထားတဲ့ကောင်လေးတစ်ယောက်ကိုသူအိမ်ရှင်လင်မယားကကောင်လေးနေထိုင်မကောင်းလဲဆေးကုမပေးတဲ့အပြင်အလုပ်ကလဲပင်ပန်းတော့ကောင်လေးနောက်တော့ဒီအိမ်မှာသေသွားတာတဲ့ဒီလင်မယားလဲထောင်ကျသွားထဲကပြန်ရောက်မလာတော့တဲ့သူတို့ကလဲအငှားနေတာပါကောင်လေးသေတော့နောက်ပိုင်းညဆိုဒီအိမ်ကအမြဲလိုလိုအသံတွေကြားရတတ်တယ်လို့ကျတော့မိတ်ဆွေဒီရပ်ကွက်မှာယခုထိနေနေတဲ့တစ်ယောက်ကပြောပြတာပါမန်ဘာတို့လဲအိမ်ငှားရင်စုံစမ်းကျနော်
ဖိုးသူတော် (www.phothutaw.com)
Credit: သရဲကြောင်းများ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top