ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရုပ္ရွင္ၾကည္႔တယ္ဆိုတာ သရုပ္ေဆာင္ေတြရဲ႕ သရုပ္ေဆာင္ပညာ၊ ဒါရိုက္တာရဲ႕ ရိုက္ကူးေရးပညာ၊ ဇာတ္ညႊန္းေရးဆရာရဲ႕ ဇာတ္လမ္းအခ်ိတ္အဆက္နဲ႔ ဇာတ္ေကာင္ပံုေဆာင္မႈ အႏုပညာ၊ အသံဖမ္းအင္ဂ်င္နီယာေတြရဲ႕ အသံပိုင္းဆိုင္ရာ ပညာတို႔ရဲ႕ ႏူးညံ႕စြာေပါင္းစပ္မႈကို ေလ႔လာတာျဖစ္ပါတယ္။

ရုပ္ရွင္ၾကည္႔တယ္ဆိုတာ သရုပ္ေဆာင္ေတြရဲ႕ သရုပ္ေဆာင္ပညာ၊ ဒါရိုက္တာရဲ႕ ရိုက္ကူးေရးပညာ၊ ဇာတ္ညႊန္းေရးဆရာရဲ႕ ဇာတ္လမ္းအခ်ိတ္အဆက္နဲ႔ ဇာတ္ေကာင္ပံုေဆာင္မႈ အႏုပညာ၊ အသံဖမ္းအင္ဂ်င္နီယာေတြရဲ႕ အသံပိုင္းဆိုင္ရာ ပညာတို႔ရဲ႕ ႏူးညံ႕စြာေပါင္းစပ္မႈကို ေလ႔လာတာျဖစ္ပါတယ္။

တိုတိုနဲ႔လိုရင္း ေျပာရရင္ေတာ႔ ရုပ္ရွင္ရဲ႕ရသကို ခံစားတယ္ေပါ႔ဗ်ာ။ ကိုယ္အရမ္းၾကည္႔ခ်င္ေနတဲ႔ ရုပ္ရွင္ကားတစ္ကားကို အျပည္႔အဝ ခံစားခ်င္လို႔ ေအးေအးလူလူ အပန္းလာေျဖပါတယ္ဆိုမွ တခ်ိဳ႕လူေတြရဲ႕ ေအာက္ေဖာ္ျပပါ အျပဳအမူေတြေၾကာင္႔ စိတ္အေႏွာင္႔အယွက္ ျဖစ္ရပါတယ္။

၁။ ဇာတ္လမ္းအေၾကာင္းေတြကို အသံအက်ယ္ႀကီး ေလွ်ာက္ေျပာေနတာ

ၾကည္႔ၿပီးသားကို ျပန္လာၾကည္႔တာပဲျဖစ္ျဖစ္၊ အင္တာနက္ေပၚက ႀကိဳဖတ္ထားလို႔ပဲျဖစ္ျဖစ္ ဇာတ္ေၾကာင္းႀကိဳသိေနတဲ႔သူက ဘာၿပီးရင္ဘာျဖစ္မယ္ဆိုတာကို ရုပ္ရွင္ရံုထဲမွာ အက်ယ္ႀကီး ထထစပြိဳင္းေနရင္ ထရိုက္ခ်င္စိတ္ေတာင္ ေပါက္မိမွာပါ။ ရုပ္ရွင္ၾကည္႔တယ္ဆိုတာ ေအးေအးလူလူနဲ႔ ရုပ္ရွင္ရသကို ခံစားဖို႔လာတာေလ။ ရံုထဲမွာ ဘာၿပီးရင္ ဘာျဖစ္မယ္ေျပာေနတဲ႔သူေတြကို အႀကီးအက်ယ္ ေဒါကန္မိၾကမွာပါပဲ။

၂။ ေဘာ္ဒါေတြနဲ႔ ဇာတ္ကားကို ေအာ္ဟစ္ေဝဖန္ေနတာ

ဂိ (geek) = ရုပ္ရွင္ေဝဖန္ေရးဆရာေတြ ေပါတဲ႔ေခတ္မွာ အေဝဖန္မခံရတဲ႔ ရုပ္ရွင္ဆိုတာ ေတာ္ေတာ္ရွားမွာပါ။ လူဆုိတာလည္း ကိုယ္႔ရႈေထာင္႔က ျမင္တဲ႔အျမင္ကိုမွ အမွန္လို႔ ယူဆၾကေတာ႔ ေဝဖန္မႈဆိုတာေတြက သိပ္မထူးဆန္းလွပါဘူး။ ဒါေပမယ္႔ ရုပ္ရွင္ၾကည္႔ေနရင္း တန္းလန္းႀကီး အာျပဲႀကီးနဲ႔ ထေဝဖန္ေနရင္ေတာ႔ ေတာ္ေတာ္စိတ္အေႏွာင္႔အယွက္ ျဖစ္ရပါတယ္။ အရည္အေသြးျမင္႔တဲ႔ ဂိတခ်ိဳ႕ေၾကာင္႔ စိတ္အေႏွာင္႔အယွက္ ျဖစ္ရတယ္ေပါ႔ေလ။

၃။ အသံျမည္တဲ႔ အစားအစာေတြကို အဆက္မျပတ္ ဝါးေနတာ

တခ်ိဳ႕ကေတာ႔ ရုပ္ရွင္ရံုနဲ႔ အိမ္ မသဲကြဲပါဘူး။ အာလူးေၾကာ္ တဂြ်တ္ဂြ်တ္စားလိုက္၊ ငါးမုန္႔ေၾကာ္ တဂြ်မ္းဂြ်မ္းစားလိုက္နဲ႔ တစ္ေယာက္တည္းကို သံစံုတီးဝိုင္းတီးေနပါတယ္။ အဲဒီလိုလူမ်ိဳးနဲ႔ ေဘးခ်င္းကပ္က်ၿပီဆိုရင္ေတာ႔ ရုပ္ရွင္ကို အျပည္႔အဝခံစားဖို႔ဆိုတာ စိတ္ေတာင္မကူးပါနဲ႔ေတာ႔။ အသံေပါင္းစံု ထိုင္နားေထာင္ၿပီး စိတ္အေႏွာင္႔အယွက္ ျဖစ္ရတာပဲ အဖတ္တင္ပါလိမ္႔မယ္။

၄။ ဖုန္းကို ေအာ္ဟစ္ေျပာဆိုေနတာ

ရုပ္ရွင္မျပခင္ ဖုန္းကိုပိတ္ထားဖို႔၊ vibrate လုပ္ထားဖို႔ ဘယ္ေလာက္ပဲ ႀကိဳေျပာထား... ေျပာထား။ ဖုန္းေျပာတဲ႔သူေတြကေတာ႔ ေျပာေနၾကတာပါပဲ။ တိုးတိုးသက္သာေျပာတာက ေတာ္ေသးတယ္။ တခ်ိဳ႕က်ေတာ႔ (၇) အိမ္ၾကား (၈) အိမ္ၾကား ေအာ္ေျပာေနၾကတာပါ။ ဒီလိုလူေတြကလည္း စိတ္အေႏွာင္႔အယွက္ ျဖစ္ေစပါတယ္။

၅။ ရည္းစားနဲ႔ ေဘးဘီကို ဂရုုမစိုက္ဘဲ ပလူးေနတာ

ရည္းစားနဲ႔ ခ်ိန္းေတြ႕ခ်င္ရင္ ရုပ္ရွင္ၾကည္႔တာက အေကာင္းဆံုး option တစ္ခု ျဖစ္ေနဆဲပါ။ ေမွာင္ရိပ္ကလည္းက်၊ အဲလ္ကြန္းကလည္း ေအးတယ္မလား။ ဒါေပမယ္႔ ကိုယ္က ရုပ္ရွင္ထဲမွာ စ်ာန္ဝင္ေနတုံး ေဘးနားက တျပြတ္ျပြတ္၊ တျပတ္ျပတ္အသံေတြ ထြက္လာရင္ေတာ႔ ၾကည္႔ရတာ ဖီးလ္က်ဲပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ရုပ်ရှင်ကြည့်တယ်ဆိုတာ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပညာ၊ ဒါရိုက်တာရဲ့ ရိုက်ကူးရေးပညာ၊ ဇာတ်ညွှန်းရေးဆရာရဲ့ ဇာတ်လမ်းအချိတ်အဆက်နဲ့ ဇာတ်ကောင်ပုံဆောင်မှု အနုပညာ၊ အသံဖမ်းအင်ဂျင်နီယာတွေရဲ့ အသံပိုင်းဆိုင်ရာ ပညာတို့ရဲ့ နူးညံ့စွာပေါင်းစပ်မှုကို လေ့လာတာဖြစ်ပါတယ်။

ရုပ်ရှင်ကြည့်တယ်ဆိုတာ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပညာ၊ ဒါရိုက်တာရဲ့ ရိုက်ကူးရေးပညာ၊ ဇာတ်ညွှန်းရေးဆရာရဲ့ ဇာတ်လမ်းအချိတ်အဆက်နဲ့ ဇာတ်ကောင်ပုံဆောင်မှု အနုပညာ၊ အသံဖမ်းအင်ဂျင်နီယာတွေရဲ့ အသံပိုင်းဆိုင်ရာ ပညာတို့ရဲ့ နူးညံ့စွာပေါင်းစပ်မှုကို လေ့လာတာဖြစ်ပါတယ်။

တိုတိုနဲ့လိုရင်း ပြောရရင်တော့ ရုပ်ရှင်ရဲ့ရသကို ခံစားတယ်ပေါ့ဗျာ။ ကိုယ်အရမ်းကြည့်ချင်နေတဲ့ ရုပ်ရှင်ကားတစ်ကားကို အပြည့်အဝ ခံစားချင်လို့ အေးအေးလူလူ အပန်းလာဖြေပါတယ်ဆိုမှ တချို့လူတွေရဲ့ အောက်ဖော်ပြပါ အပြုအမူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။

၁။ ဇာတ်လမ်းအကြောင်းတွေကို အသံအကျယ်ကြီး လျှောက်ပြောနေတာ

ကြည့်ပြီးသားကို ပြန်လာကြည့်တာပဲဖြစ်ဖြစ်၊ အင်တာနက်ပေါ်က ကြိုဖတ်ထားလို့ပဲဖြစ်ဖြစ် ဇာတ်ကြောင်းကြိုသိနေတဲ့သူက ဘာပြီးရင်ဘာဖြစ်မယ်ဆိုတာကို ရုပ်ရှင်ရုံထဲမှာ အကျယ်ကြီး ထထစပွိုင်းနေရင် ထရိုက်ချင်စိတ်တောင် ပေါက်မိမှာပါ။ ရုပ်ရှင်ကြည့်တယ်ဆိုတာ အေးအေးလူလူနဲ့ ရုပ်ရှင်ရသကို ခံစားဖို့လာတာလေ။ ရုံထဲမှာ ဘာပြီးရင် ဘာဖြစ်မယ်ပြောနေတဲ့သူတွေကို အကြီးအကျယ် ဒေါကန်မိကြမှာပါပဲ။

၂။ ဘော်ဒါတွေနဲ့ ဇာတ်ကားကို အော်ဟစ်ဝေဖန်နေတာ

ဂိ (geek) = ရုပ်ရှင်ဝေဖန်ရေးဆရာတွေ ပေါတဲ့ခေတ်မှာ အဝေဖန်မခံရတဲ့ ရုပ်ရှင်ဆိုတာ တော်တော်ရှားမှာပါ။ လူဆိုတာလည်း ကိုယ့်ရှုထောင့်က မြင်တဲ့အမြင်ကိုမှ အမှန်လို့ ယူဆကြတော့ ဝေဖန်မှုဆိုတာတွေက သိပ်မထူးဆန်းလှပါဘူး။ ဒါပေမယ့် ရုပ်ရှင်ကြည့်နေရင်း တန်းလန်းကြီး အာပြဲကြီးနဲ့ ထဝေဖန်နေရင်တော့ တော်တော်စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အရည်အသွေးမြင့်တဲ့ ဂိတချို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ပေါ့လေ။

၃။ အသံမြည်တဲ့ အစားအစာတွေကို အဆက်မပြတ် ဝါးနေတာ

တချို့ကတော့ ရုပ်ရှင်ရုံနဲ့ အိမ် မသဲကွဲပါဘူး။ အာလူးကြော် တဂျွတ်ဂျွတ်စားလိုက်၊ ငါးမုန့်ကြော် တဂျွမ်းဂျွမ်းစားလိုက်နဲ့ တစ်ယောက်တည်းကို သံစုံတီးဝိုင်းတီးနေပါတယ်။ အဲဒီလိုလူမျိုးနဲ့ ဘေးချင်းကပ်ကျပြီဆိုရင်တော့ ရုပ်ရှင်ကို အပြည့်အဝခံစားဖို့ဆိုတာ စိတ်တောင်မကူးပါနဲ့တော့။ အသံပေါင်းစုံ ထိုင်နားထောင်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရတာပဲ အဖတ်တင်ပါလိမ့်မယ်။

၄။ ဖုန်းကို အော်ဟစ်ပြောဆိုနေတာ

ရုပ်ရှင်မပြခင် ဖုန်းကိုပိတ်ထားဖို့၊ vibrate လုပ်ထားဖို့ ဘယ်လောက်ပဲ ကြိုပြောထား... ပြောထား။ ဖုန်းပြောတဲ့သူတွေကတော့ ပြောနေကြတာပါပဲ။ တိုးတိုးသက်သာပြောတာက တော်သေးတယ်။ တချို့ကျတော့ (၇) အိမ်ကြား (၈) အိမ်ကြား အော်ပြောနေကြတာပါ။ ဒီလိုလူတွေကလည်း စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။

၅။ ရည်းစားနဲ့ ဘေးဘီကို ဂရုုမစိုက်ဘဲ ပလူးနေတာ

ရည်းစားနဲ့ ချိန်းတွေ့ချင်ရင် ရုပ်ရှင်ကြည့်တာက အကောင်းဆုံး option တစ်ခု ဖြစ်နေဆဲပါ။ မှောင်ရိပ်ကလည်းကျ၊ အဲလ်ကွန်းကလည်း အေးတယ်မလား။ ဒါပေမယ့် ကိုယ်က ရုပ်ရှင်ထဲမှာ ဈာန်ဝင်နေတုံး ဘေးနားက တပြွတ်ပြွတ်၊ တပြတ်ပြတ်အသံတွေ ထွက်လာရင်တော့ ကြည့်ရတာ ဖီးလ်ကျဲပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top