Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဆယ္ေက်ာ္သက္လူငယ္ဘ၀တုန္းက လူတစ္ေယာက္ကို ဓားနဲ႔ အေသထုိးသတ္ခဲ့ဖူးတယ္ဆိုၿပီး ဖိလစ္ပိုင္သမၼတ ရိုဒရီဂို ဒူတာေတးက ေျပာဆိုလိုက္ပါတယ္။ မနီလာၿမိဳ႕မွာ က်င္းပမယ့္ ကမၻာ့ေခါင္းေဆာင္ေတြရဲ႕ ထိပ္သီးအစည္းအေ၀းတစ္ရပ္မတိုင္ခင္ ၎ရဲ႕ မူးယစ္ႏွိမ္နင္းေရး စစ္ပြဲအေပၚ ပုိၿပီး အားေပးအားေျမွာက္ေျပာဆိုလိုက္ျခင္း လည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ႏို၀င္ဘာ ၉ ရက္က ဗီယက္နမ္ႏိုင္ငံ ဒါနန္းၿမိဳ႕က ဖိလစ္ပိုင္အသိုင္းအ၀ိုင္းနဲ႔ ေတြ႕ဆံုစဥ္ ဒူတာေတးက ေျပာၾကားရာမွာေတာ့ သူ႔အေနနဲ႔ ကုလ လူ႔အခြင့္အေရး အစီရင္ခံစာတင္သြင္းသူနဲ႔ မ်က္ႏွာခ်င္းဆုိင္ေတြ႕ခဲ့မယ္ဆိုရင္ ပါးရိုက္ပစ္လိုက္မွာျဖစ္တယ္ဆိုၿပီး ၿခိမ္းေျခာက္သြားခဲ့ပါေသးတယ္။

” က်ဳပ္ လူငယ္ဘ၀တုန္းကေပါ့ဗ်ာ၊ အဲဒီတုန္းကေတာ့ ေထာင္ဆုိတာ ၀င္လိုက္ထြက္လိုက္ပါပဲ၊ အသက္ ၁၆ ႏွစ္တုန္းကဆိုရင္ လူေတာင္ သတ္ခဲ့တယ္ဗ်၊ တကယ္ေျပာတာ၊ ဓားနဲ႔ကို ထုိးခဲ့တာ၊ အဲဒီတုန္းကေတာ့ ၁၆ ႏွစ္ေပါ့ဗ်၊ ခု အဲဒီအခ်ိန္ကို ျပန္ၾကည့္စမ္း၊ ခုဆိုရင္ သမၼတေတာင္ ျဖစ္ေနၿပီဗ်ာ” ဆိုၿပီး ေအပက္ထိပ္သီးအစည္းအေ၀းတက္ဖို႔ ဒါနန္းၿမိဳ႕မွာ ေရာက္ရွိေနတဲ့ ဒူတာေတးက ေျပာၾကားသြားပါတယ္။

ႏိုင္ငံမွာ တရားမ၀င္ မူးယစ္ေဆး၀ါးေတြကို ပေပ်ာက္ေအာင္ ႏွိမ္နင္းမယ္ဆိုၿပီး ယမန္ႏွစ္ေရြးေကာက္ပြဲအႏိုင္ရလာခဲ့တဲ့ ဒူတာေတး အေနနဲ႔ ၎ရဲ႕ ကတိအတုိင္း လုပ္ေဆာင္ေနတဲ့ မူးယစ္ႏွိမ္နင္းေရးစစ္ပြဲေတြအတြင္း လူေသဆံုးမႈ မ်ားျပားေနတာေၾကာင့္ ႏိုင္ငံတကာ ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရလ်က္ရွိပါတယ္။

၎ အာဏာရလာတဲ့ ၁၆ လတာအတြင္း မူးယစ္ႏွိမ္နင္းေရးစစ္ပြဲအတြင္းလူေပါင္း ၃,၉၆၇ ဦး သတ္ျဖတ္ထားခဲ့တယ္လို႔ ဖိလစ္ပိုင္ရဲတပ္ဖြဲ႕က ေျပာၾကားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#


ဆယ်ကျော်သက်လူငယ်ဘဝတုန်းက လူတစ်ယောက်ကို ဓားနဲ့ အသေထိုးသတ်ခဲ့ဖူးတယ်ဆိုပြီး ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောဆိုလိုက်ပါတယ်။ မနီလာမြို့မှာ ကျင်းပမယ့် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးတစ်ရပ်မတိုင်ခင် ၎င်းရဲ့ မူးယစ်နှိမ်နင်းရေး စစ်ပွဲအပေါ် ပိုပြီး အားပေးအားမြှောက်ပြောဆိုလိုက်ခြင်း လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်က ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့က ဖိလစ်ပိုင်အသိုင်းအဝိုင်းနဲ့ တွေ့ဆုံစဉ် ဒူတာတေးက ပြောကြားရာမှာတော့ သူ့အနေနဲ့ ကုလ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူနဲ့ မျက်နှာချင်းဆိုင်တွေ့ခဲ့မယ်ဆိုရင် ပါးရိုက်ပစ်လိုက်မှာဖြစ်တယ်ဆိုပြီး ခြိမ်းခြောက်သွားခဲ့ပါသေးတယ်။

” ကျုပ် လူငယ်ဘဝတုန်းကပေါ့ဗျာ၊ အဲဒီတုန်းကတော့ ထောင်ဆိုတာ ဝင်လိုက်ထွက်လိုက်ပါပဲ၊ အသက် ၁၆ နှစ်တုန်းကဆိုရင် လူတောင် သတ်ခဲ့တယ်ဗျ၊ တကယ်ပြောတာ၊ ဓားနဲ့ကို ထိုးခဲ့တာ၊ အဲဒီတုန်းကတော့ ၁၆ နှစ်ပေါ့ဗျ၊ ခု အဲဒီအချိန်ကို ပြန်ကြည့်စမ်း၊ ခုဆိုရင် သမ္မတတောင် ဖြစ်နေပြီဗျာ” ဆိုပြီး အေပက်ထိပ်သီးအစည်းအဝေးတက်ဖို့ ဒါနန်းမြို့မှာ ရောက်ရှိနေတဲ့ ဒူတာတေးက ပြောကြားသွားပါတယ်။

နိုင်ငံမှာ တရားမဝင် မူးယစ်ဆေးဝါးတွေကို ပပျောက်အောင် နှိမ်နင်းမယ်ဆိုပြီး ယမန်နှစ်ရွေးကောက်ပွဲအနိုင်ရလာခဲ့တဲ့ ဒူတာတေး အနေနဲ့ ၎င်းရဲ့ ကတိအတိုင်း လုပ်ဆောင်နေတဲ့ မူးယစ်နှိမ်နင်းရေးစစ်ပွဲတွေအတွင်း လူသေဆုံးမှု များပြားနေတာကြောင့် နိုင်ငံတကာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရလျက်ရှိပါတယ်။

၎င်း အာဏာရလာတဲ့ ၁၆ လတာအတွင်း မူးယစ်နှိမ်နင်းရေးစစ်ပွဲအတွင်းလူပေါင်း ၃,၉၆၇ ဦး သတ်ဖြတ်ထားခဲ့တယ်လို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top