Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ပုံမွန္ဆိုရင္ေတာ့ ဝက္ ေတြကို ဘာပဲေကြၽးေကြၽး ဇီဝ သေဘာအရ ဝ ကို ဝ ပါတယ္။ ဒါေၾကာင့္လည္း လူေတြက ဝက္သားစားရင္ စားတဲ့ သူပါ လိုက္ ဝ တယ္လို႔ ဆိုတတ္ၾကပါတယ္။ ဒီေတာ့ အစကတည္းက ဝက္သားထဲမွာ အဆီဓါတ္နည္းေအာင္ ဖန္တီးႏိုင္ရင္ ကြၽန္ေတာ္တို႔ စားသုံးသူေတြလည္း ၀ ႏိုင္မယ့္ ျဖစ္ႏိုင္ေျခကိုေလ်ာ့ခ်လို႔ မရႏိုင္ဘူးလားဗ်ာ။ တ႐ုတ္ႏိုင္ငံ၊ ေဘက်င္းက ပညာရွင္ေတြက ဝက္ေတြကို ပုံမွန္ထက္ ပိန္ေအာင္ ေမြးႏိုင္မယ့္ နည္းလမ္းကို ေတြ႕လာပါၿပီ။ အစမ္းေမြးျမဴထားခဲ့သမွ်ေတာ့ ေမြးၿပီး ၆ လ အၾကာမွာပုံမွန္ထက္ အဆီပါႏႈန္း ၂၄ ရာခိုင္ႏႈန္းထိေအာင္ နည္းတဲ့ ဝက္ေတြကို ေအာင္ျမင္ေအာင္ ေမြးလာႏိုင္တာ ျဖစ္တယ္လို႔ သိရပါတယ္။ ေလ့လာေရးအဖြဲ႕ကေတာ့ အခုလို အဆီပါဝင္မႈနည္းေအာင္ ေမြးႏိုင္ျခင္းက မ်ိဳးဗီဇကို ျပင္ဆင္လိုက္ျခင္းျဖစ္ၿပီး ေမြးျမဴေကြၽးေမြးရမႈအပိုင္းမွာ အစာဖိုးသက္သာေစမယ္၊ အဆီပါႏႈန္းနည္းသြားလို႔ စားသုံးသူကိုလည္း က်န္းမာေရးနဲ႔ ပိုမိုကိုက္ညီေစမယ္၊ ဝက္သား ထုတ္လုပ္မႈလည္း တိုးတက္လာေစႏိုင္တယ္လို႔ ဆိုတာ ေတြ႕ရပါတယ္။

အခု စမ္းသပ္ ေမြးျမဴေအာင္ျမင္လာတဲ့ ဝက္သားေတြက ပုံမွန္ ဝက္သားေတြထက္ ပိုမို ေႏြးေထြးတဲ့ ၿခံေနရာမွာေမြးျမဴထားျခင္းျဖစ္ၿပီး အသားပိုက်စ္လာသလိုအဆီစုဖြဲ႕မႈ ၂၄ ရာခိုင္ႏႈန္းထိေအာင္ ေလ်ာ့နည္းသြားတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ သိပၸံအကယ္ဒမီကို အခုေလ့လာေရးအဖြဲ႕က တင္ျပခ်က္မွာ ဝက္ေတြရဲ႕ မ်ိဳးဗီဇအတြင္းအသားဓါတ္ အနည္းငယ္ တိုးထည့္ေပးလိုက္ျခင္းနဲ႔အတူ ပိုမိုက်စ္လစ္တဲ့ အသားစုဖြဲ႕မႈ ရွိလာသလိုပုံမွန္ ဝက္ေတြလို အဆီစုဖြဲ႕မႈ အားနည္းသြားၿပီး ႀကီးထြားႏႈန္းမွာလည္း ပုံမွန္အတိုင္း ႀကီးထြားမႈရွိတယ္လို႔ လက္ေတြ႕ေမြးျမဴၿပီးရလဒ္ေတြကို မွတ္တမ္းနဲ႔အတူ တင္ျပထားတာ ေတြ႕ရပါတယ္။

ေလ့လာသူေတြက ဝက္ေတြရဲ႕ အဆီစနစ္မွာ အညိဳေရာင္အဆီနဲ႔ အျဖဴေရာင္အဆီစုဖြဲ႕မႈ ႏွစ္ခုရွိတဲ့ အထဲက အညိဳေရာင္ အဆီစုဖြဲ႕မႈအေနနဲ႔က ဝက္ေတြကို သူတို႔ရဲ ခႏၶာကိုယ္ အေႏြးဓါတ္ ပိုမိုရရွိေစတယ္၊ ဒီေတာ့ အဆီစုဖြဲ႕မႈကို ေခ်ဖ်က္မႈ ပိုမိုအားေကာင္းေစတယ္၊ ဒီအတြက္ ဝက္သားေပါက္ေလး ဘဝကတည္းက အဆိုပါ အညိဳေရာင္ အဆီစုဖြဲ႕မႈကို အားေပးၿပီးအျဖဴေရာင္ အဆီစုဖြဲ႕မႈကိုအားနည္းေအာင္ လုပ္ေဆာင္ေပးထားျခင္းက အ႐ြယ္ေရာက္ၿပီး ႀကီးလာတဲ့ အ႐ြယ္ထိေအာင္ ဝက္ေတြရဲ႕ ကိုယ္တြင္းအဆီစုဖြဲ႕မႈကို ဟန႔္တားေပးႏိုင္ၿပီး သဘာဝအတိုင္းအဆီ ၂၄ ရာခိုင္ႏႈန္းေလာက္ထိေအာင္ ေလ်ာ့ခ်ပစ္လိုက္ႏိုင္တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အသားဓါတ္ အေျချပဳဓါတ္တခု ျဖစ္တဲ့ CRISPR/Cas9 ကို ဝက္ေတြရဲ႕ သေႏၶသား ဘဝမွာကတည္းက ထိုးသြင္းေပးထားလိုက္မယ္ဆိုရင္ ေမြးလာတဲ့ ဝက္ေတြအေနနဲ႔ အထက္မွာေျပာခဲ့သလို အဆီစုဖြဲ႕မႈနည္းတဲ့ ဝက္ေတြအျဖစ္ ႀကီးထြားလာမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ေလ့လာသူေတြကေတာ့ အဆိုပါ ထိုးေဆးကို သေႏၶသားေလာင္း ၂၅၅၃ ေကာင္ကို ထိုးသြင္းစမ္းသပ္မႈေတြ လုပ္ေဆာင္ထားခဲ့ၿပီး အခုခ်ိန္ထိေအာင္ ေအာင္ျမင္ႀကီးထြားတဲ့ ဝက္ထီး ၁၂ ေကာင္ထိေအာင္ ရရွိေနၿပီျဖစ္တယ္လို႔ ဆိုပါတယ္။

ေလ့လာသူေတြက အညိဳေရာင္အဆီ ပါဝင္မႈနည္းလို႔ ဝက္ေတြမွာ ကိုယ္ခႏၶာ အေႏြးဓါတ္ နည္းေလ့ရွိတယ္၊ ဒီ အဆီဓါတ္ကို အားျဖည့္ေပးလိုက္ရင္ ဝက္ေတြဟာ ပုံမွန္ထက္ ကိုယ္ခႏၶာ ပူေႏြးေနမွာျဖစ္သလို ကိုယ္တြင္း အဆီစုဖြဲ႕မႈကိုလည္း အေကာင္းဆုံးဟန႔္တားေပးႏိုင္မွာျဖစ္တယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။ အစမ္းေမြးျမဴထားမႈမွတ္တမ္းေတြအရလည္း အသားထုတ္လုပ္ႏိုင္ၿပီျဖစ္တဲ့ ၆ လ အၾကာမွာ အစမ္း ေမြးဝက္ေတြအေနနဲ႔ အဆီဓါတ္ ၂၄ရာခိုင္ႏႈန္းထိေအာင္ ပုံမွန္ ဝက္ေတြထက္ နည္းေနတာလည္း ျဖစ္ပါတယ္။ အဆိုပါ အစမ္းေမြးဝက္ေတြမွာ အသားထြက္ႏႈန္းလည္း ပိုလာသလိုအဆီလႊာလည္း ပါးလႊာသြားတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ဒီ ဝက္ေတြအေနနဲ႔ ျပည္ပႏိုင္ငံေတြကို တင္ပို႔ေရာင္းခ်ႏိုင္မႈေတာ့ ရွိလာဖို႔ မလြယ္ေသးဘူးလို႔ အေမရိကန္ႏိုင္ငံ၊ မစ္ဇူရီတကၠသိုလ္က ပါေမာကၡ ေဒါက္တာ R. Michael Roberts ကဆိုပါတယ္။ အေၾကာင္းကေတာ့ သဘာဝအတိုင္းေမြးလာတဲ့ ဝက္ေတြ မဟုတ္တဲ့အတြက္ FDA လိုအစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲမႈ အဖြဲ႕အစည္းကေန တရားဝင္ အသားထုတ္လုပ္မႈအတြက္ ခြင့္ျပဳခ်က္မေပးႏိုင္လို႔ အခုလို အဆီနည္းဝက္မ်ား ေမြးျမဴႏိုင္သည့္တိုင္ေအာင္ ေဒသတြင္းအေနအထားေလာက္မွာပဲ အသား ထုတ္လုပ္မႈအတြက္ သုံးျဖစ္ၿပီး ျပည္ပႏိုင္ငံေတြကို တင္ပို႔ဖို႔ေတာ့ ခ်က္ခ်င္းအဆင္ေျပမွာမဟုတ္ဘူးလို႔ သုံးသပ္ထားတာေတြ႕ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Irrawaddy Burmes
#Unicode Version#
ပုံမှန်ဆိုရင်တော့ ဝက် တွေကို ဘာပဲကျွေးကျွေး ဇီဝ သဘောအရ ဝ ကို ဝ ပါတယ်။ ဒါကြောင့်လည်း လူတွေက ဝက်သားစားရင် စားတဲ့ သူပါ လိုက် ဝ တယ်လို့ ဆိုတတ်ကြပါတယ်။ ဒီတော့ အစကတည်းက ဝက်သားထဲမှာ အဆီဓါတ်နည်းအောင် ဖန်တီးနိုင်ရင် ကျွန်တော်တို့ စားသုံးသူတွေလည်း ၀ နိုင်မယ့် ဖြစ်နိုင်ခြေကိုလျော့ချလို့ မရနိုင်ဘူးလားဗျာ။ တရုတ်နိုင်ငံ၊ ဘေကျင်းက ပညာရှင်တွေက ဝက်တွေကို ပုံမှန်ထက် ပိန်အောင် မွေးနိုင်မယ့် နည်းလမ်းကို တွေ့လာပါပြီ။ အစမ်းမွေးမြူထားခဲ့သမျှတော့ မွေးပြီး ၆ လ အကြာမှာပုံမှန်ထက် အဆီပါနှုန်း ၂၄ ရာခိုင်နှုန်းထိအောင် နည်းတဲ့ ဝက်တွေကို အောင်မြင်အောင် မွေးလာနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ လေ့လာရေးအဖွဲ့ကတော့ အခုလို အဆီပါဝင်မှုနည်းအောင် မွေးနိုင်ခြင်းက မျိုးဗီဇကို ပြင်ဆင်လိုက်ခြင်းဖြစ်ပြီး မွေးမြူကျွေးမွေးရမှုအပိုင်းမှာ အစာဖိုးသက်သာစေမယ်၊ အဆီပါနှုန်းနည်းသွားလို့ စားသုံးသူကိုလည်း ကျန်းမာရေးနဲ့ ပိုမိုကိုက်ညီစေမယ်၊ ဝက်သား ထုတ်လုပ်မှုလည်း တိုးတက်လာစေနိုင်တယ်လို့ ဆိုတာ တွေ့ရပါတယ်။

အခု စမ်းသပ် မွေးမြူအောင်မြင်လာတဲ့ ဝက်သားတွေက ပုံမှန် ဝက်သားတွေထက် ပိုမို နွေးထွေးတဲ့ ခြံနေရာမှာမွေးမြူထားခြင်းဖြစ်ပြီး အသားပိုကျစ်လာသလိုအဆီစုဖွဲ့မှု ၂၄ ရာခိုင်နှုန်းထိအောင် လျော့နည်းသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ သိပ္ပံအကယ်ဒမီကို အခုလေ့လာရေးအဖွဲ့က တင်ပြချက်မှာ ဝက်တွေရဲ့ မျိုးဗီဇအတွင်းအသားဓါတ် အနည်းငယ် တိုးထည့်ပေးလိုက်ခြင်းနဲ့အတူ ပိုမိုကျစ်လစ်တဲ့ အသားစုဖွဲ့မှု ရှိလာသလိုပုံမှန် ဝက်တွေလို အဆီစုဖွဲ့မှု အားနည်းသွားပြီး ကြီးထွားနှုန်းမှာလည်း ပုံမှန်အတိုင်း ကြီးထွားမှုရှိတယ်လို့ လက်တွေ့မွေးမြူပြီးရလဒ်တွေကို မှတ်တမ်းနဲ့အတူ တင်ပြထားတာ တွေ့ရပါတယ်။

လေ့လာသူတွေက ဝက်တွေရဲ့ အဆီစနစ်မှာ အညိုရောင်အဆီနဲ့ အဖြူရောင်အဆီစုဖွဲ့မှု နှစ်ခုရှိတဲ့ အထဲက အညိုရောင် အဆီစုဖွဲ့မှုအနေနဲ့က ဝက်တွေကို သူတို့ရဲ ခန္ဓာကိုယ် အနွေးဓါတ် ပိုမိုရရှိစေတယ်၊ ဒီတော့ အဆီစုဖွဲ့မှုကို ချေဖျက်မှု ပိုမိုအားကောင်းစေတယ်၊ ဒီအတွက် ဝက်သားပေါက်လေး ဘဝကတည်းက အဆိုပါ အညိုရောင် အဆီစုဖွဲ့မှုကို အားပေးပြီးအဖြူရောင် အဆီစုဖွဲ့မှုကိုအားနည်းအောင် လုပ်ဆောင်ပေးထားခြင်းက အရွယ်ရောက်ပြီး ကြီးလာတဲ့ အရွယ်ထိအောင် ဝက်တွေရဲ့ ကိုယ်တွင်းအဆီစုဖွဲ့မှုကို ဟန့်တားပေးနိုင်ပြီး သဘာဝအတိုင်းအဆီ ၂၄ ရာခိုင်နှုန်းလောက်ထိအောင် လျော့ချပစ်လိုက်နိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသားဓါတ် အခြေပြုဓါတ်တခု ဖြစ်တဲ့ CRISPR/Cas9 ကို ဝက်တွေရဲ့ သန္ဓေသား ဘဝမှာကတည်းက ထိုးသွင်းပေးထားလိုက်မယ်ဆိုရင် မွေးလာတဲ့ ဝက်တွေအနေနဲ့ အထက်မှာပြောခဲ့သလို အဆီစုဖွဲ့မှုနည်းတဲ့ ဝက်တွေအဖြစ် ကြီးထွားလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လေ့လာသူတွေကတော့ အဆိုပါ ထိုးဆေးကို သန္ဓေသားလောင်း ၂၅၅၃ ကောင်ကို ထိုးသွင်းစမ်းသပ်မှုတွေ လုပ်ဆောင်ထားခဲ့ပြီး အခုချိန်ထိအောင် အောင်မြင်ကြီးထွားတဲ့ ဝက်ထီး ၁၂ ကောင်ထိအောင် ရရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

လေ့လာသူတွေက အညိုရောင်အဆီ ပါဝင်မှုနည်းလို့ ဝက်တွေမှာ ကိုယ်ခန္ဓာ အနွေးဓါတ် နည်းလေ့ရှိတယ်၊ ဒီ အဆီဓါတ်ကို အားဖြည့်ပေးလိုက်ရင် ဝက်တွေဟာ ပုံမှန်ထက် ကိုယ်ခန္ဓာ ပူနွေးနေမှာဖြစ်သလို ကိုယ်တွင်း အဆီစုဖွဲ့မှုကိုလည်း အကောင်းဆုံးဟန့်တားပေးနိုင်မှာဖြစ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ အစမ်းမွေးမြူထားမှုမှတ်တမ်းတွေအရလည်း အသားထုတ်လုပ်နိုင်ပြီဖြစ်တဲ့ ၆ လ အကြာမှာ အစမ်း မွေးဝက်တွေအနေနဲ့ အဆီဓါတ် ၂၄ရာခိုင်နှုန်းထိအောင် ပုံမှန် ဝက်တွေထက် နည်းနေတာလည်း ဖြစ်ပါတယ်။ အဆိုပါ အစမ်းမွေးဝက်တွေမှာ အသားထွက်နှုန်းလည်း ပိုလာသလိုအဆီလွှာလည်း ပါးလွှာသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီ ဝက်တွေအနေနဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်မှုတော့ ရှိလာဖို့ မလွယ်သေးဘူးလို့ အမေရိကန်နိုင်ငံ၊ မစ်ဇူရီတက္ကသိုလ်က ပါမောက္ခ ဒေါက်တာ R. Michael Roberts ကဆိုပါတယ်။ အကြောင်းကတော့ သဘာဝအတိုင်းမွေးလာတဲ့ ဝက်တွေ မဟုတ်တဲ့အတွက် FDA လိုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု အဖွဲ့အစည်းကနေ တရားဝင် အသားထုတ်လုပ်မှုအတွက် ခွင့်ပြုချက်မပေးနိုင်လို့ အခုလို အဆီနည်းဝက်များ မွေးမြူနိုင်သည့်တိုင်အောင် ဒေသတွင်းအနေအထားလောက်မှာပဲ အသား ထုတ်လုပ်မှုအတွက် သုံးဖြစ်ပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ဖို့တော့ ချက်ချင်းအဆင်ပြေမှာမဟုတ်ဘူးလို့ သုံးသပ်ထားတာတွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Irrawaddy Burmes
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top