Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြ . . . အယူသီးပံု၊ အစြဲၾကီးပံုမ်ား တလြဲ ဆံပင္ေကာင္းမႈမ်ားပင္ ျဖစ္ေတာ့ သည္။ ဘာသာျခားမ်ား၊ တိုင္းတစ္ပါးမွ ႏိုင္ငံျခားသားမ်ားသိလွ်င္ အေတာ့္ကို ရယ္စရာၾကီးျဖစ္ေနမည္။

ျမန္မာ လူမ်ိဳးမ်ား ကမာၻတြင္ ဟာသလူမ်ိဳးျဖစ္ကုန္မည္ကို စိုးရြ႔ံမိသည္။ ၂၀၀၁ ခုႏွစ္၊ ဇန္နဝါရီလ (၁) ရက္ေန႔မွစ၍ အယူသီးမႈ၊ အစြဲအလန္းၾကီးမႈမ်ားကို ကြ်န္ေတာ္တို႔ တိုက္ဖ်က္လာသည္မွာ ယခုအခ်ိန္ထိပင္။ သို႔ေသာ္ ကြ်န္ေတာ္တို႔ႏွင့္ ယခုတိုင္ အခ်ိဳ႔ေသာသူတို႔သည္ ျပဒါးတစ္လမ္း . . . သံတစ္လမ္း၊ ဆန္႔က်င္ဘက္ အေနအထားပင္ ျဖစ္ေနေသးသည္။ သူတို႔ ထံမွ တီးတိုး ေျပာသံမ်ား၊ အၾကံဥာဏ္ ေပးသံမ်ား၊ ဆရာၾကီး လုပ္သံမ်ား၊ အတင္းအဖ်င္း ေျပာသံမ်ား၊ ရႈတ္ခ်သံမ်ား၊ မေခ်မငံ ေျပာသံမ်ား စသည့္ လူမႈေရး တိုက္ခိုက္သံ၊ အယူသီးမႈ စကားလံုးမ်ား ယေန႔တိုင္ မၾကာမၾကာ ၾကားေနရဆဲပင္ ျဖစ္သည္။

ေရွးလူၾကီးမ်ား စကားမပယ္ဖ်က္ ေကာင္းဘူးတဲ့ . . . ဒါက သူတို႔ ေနာက္ဆံုး အႏိုင္ယူတဲ့ စကားလံုး။ ဒီေတာ့ . . . ကြ်န္ေတာ္ ရွင္းျပီ၊ ရွင္းရျပီ . . . ရွင္းျပီ ဆိုေသာ္ျငားလည္း ကြ်န္ေတာ္ ေရးခဲ့ဘူးေသာ ‘ခုတ္မယ္၊ ထစ္မယ္၊ ပါးပါးလွီးမယ္’ ဟူေသာစာစုမွ ကြ်န္ေတာ္တို႔၏ လူမႈေရးလမ္းျပ ၾကယ္ျဖစ္ေသာ ဆရာေတာ္ၾကီးဘဒၵႏ ၱ ဦးတိကၡ၏ ေဟာၾကားခ်က္ စကားမ်ားမွ စရေတာ့မည္။

အမ်ိဳး၊ ဘာသာ၊ သာသနာ အတြက္ ျမတ္စြာဘုရားရွင္သည္ ေကာင္းတာ လုပ္လွ်င္ ေကာင္းက်ိဳး ေပးမည္။ မေကာင္းတာ လုပ္လွ်င္ မေကာင္းမႈမ်ား ရမည္ ဟူ၍ ေဟာၾကား ခဲ့သည္ မဟုတ္ပါလား . . . ။ ဗုဒၶဘာသာ ျမန္မာ လူမိ်ဳးမ်ားသည္ ရတနာသံုးပါးကို ၾကည္ညိဳ ေလးစား ဦးခိုက္ၾကေသာ္လည္း ကံႏွင့္ပတ္သတ္၍ ယံုၾကည္မႈ အားနည္းမႈမ်ားကို ေတြ႔ရသည္။

လူအမ်ားစုသည္ နာေရး ကိစၥမ်ားကို အယူသီး ၾကသည္။ နာေရးေၾကာင့္ စီးပြားပ်က္တယ္၊ လူေသ တတ္တယ္၊ ထိခိုက္ နစ္နာမယ္၊ ပ်က္စီး ဆံုးရႈံးတတ္၊ နိမိတ္ မေကာင္းမႈေတြ ျဖစ္တတ္တယ္ ဟူ၍ ေရွးဘိုးေဘး ဘီဘင္ လက္ထက္ ကတည္းက အယူသီးမႈမ်ား၊ အရိုးစြဲမႈမ်ား၊ အမွားစြဲမႈမ်ား ရွင္သန္လာခဲ့ၾကသည္။

လူေတာ္ေတာ္ မ်ားမ်ားသည္ အဆင္း၊ အနံ႔၊ အသံ၊ အရသာ၊ အထိအေတြ႔ ဟူေသာ အာရုံ ငါးပါးထဲတြင္ နစ္မြန္း ေနၾကသည္။ မိမိကိုယ္ မိမိတို႔ သုဘ (သို႔မဟုတ္) မဂၤလာဟု သတ္မွတ္ ေနၾကသည္။

အမွန္မွာ . . . ရွင္သူ၊ ေသသူတို႔ အားလံုးသည္ အသုဘမ်ား (သို႔မဟုတ္) အမဂၤလာမ်ားပင္ ျဖစ္ေတာ့သည္။

အဘယ့္ေၾကာင့္ ဆိုေသာ္ . . . ေရမခ်ိဳးဘဲႏွင့္ ဆယ္ရက္ခန္႔ ေနၾကည့္လွ်င္ မိမိခႏၶာမွ အပုပ္ နံ႔မ်ားထြက္ လာမည္။ ဒြါဒ ေျခာက္ပါးမွ အနံ႔အသက္ မိ်ဳးစံု ထြက္ေနေတာ့မည္။ ရုပ္တရား၊ နာမ္တရား အားလံုးသည္ အသုဘခ်ည္းပင္ ျဖစ္သည္။ မည္သည့္ အရာမွ တည္ျမဲမႈကို မေဆာင္ႏိုင္ေခ်။

ျမတ္စြာ ဘုရားသည္ လူမသာကို အိမ္ထဲသို႔၊ ရပ္ကြက္ထဲသို႔ သြင္းလွ်င္ ‘ခိုက္သည္’ ဟူ၍ မေဟာၾကားခဲ့ပါ။

စဥ္းစား ေစခ်င္သည္ . . . ရပ္ကြက္၊ အိမ္ျပင္ပတြင္ ဆံုးသြားပါက (ရပ္ကြက္) အိမ္ထဲသို႔ အသြင္းမခံၾက၊ သြင္းလွ်င္ ရြာနာတယ္၊ အရပ္နာတယ္၊ အိမ္သူ အိမ္သားေတြ ခိုက္တယ္ဟူ၍ မည္သည့္ က်မ္းဂန္တြင္မွ မပါရွိပါ။ သို႔ေသာ္ အားလံုး နီးပါး အယူသီးမႈမ်ားက လႊမ္းျခံဳေနမႈကို ခံေနရသည္။

ဒါဆို . . . ကြ်န္ေတာ္ေမးေတာ့မည္။

( လူမသာၾကေတာ့ ရပ္ကြက္ထဲ၊ အိမ္ထဲ မသြင္းေကာင္းဘူးတဲ့ . . .။ အဲဒါဆိုလွ်င္ တိရစာၦန္ မသာမ်ား ၾကေတာ့ ဘာျဖစ္လို႔ အိမ္ထဲ သြင္းၾက သနည္း။ သက္ရွိ ေလာကၾကီးထဲတြင္ လူသာလွ်င္၊ အျမတ္ဆံုး ျဖစ္သည္လို႔ ေျပာၾကျပီး မည္သည့္ အတြက္ . . . နံနက္ဖက္ ေစ်းက ျပန္လာလွ်င္ သူ႔ထက္ငါ အလုအယက္ ငါကေတာ့ ၾကက္သား စားႏိုင္တယ္ . . . ငါကေတာ့ ဝက္သားစသျဖင့္ အျပိဳင္အဆိုင္ ေစ်းဝယ္လာျပီး ဂုဏ္ယူဝင့္ၾကြားစြာ ေနအိမ္ထဲသို႔ တိရစာၦန္ မသာမ်ားကို ထည့္ျပီး . . . ခုတ္ထစ္ ေဆးေၾကာ၊ ေၾကာ္ေလွာ္၊ ခ်က္ျပဳတ္ျပီး မိမိတို႔ရဲ႕ ပါးစပ္ထဲသို႔ တိရစာၦန္ မသာမ်ားကို ဘာေၾကာင့္ ထည့္ၾက သနည္း . . . ။ အရိုးမ်ားကို ႏူးေနေအာင္ ခ်က္ျပဳတ္၍ ဝါးၾကသည္ မဟုတ္ပါလား။ ) … suon won .. ႀကိဳက္တဲ႔စာသားမုိ႔ ….( – ) …

ဒါေၾကာင့္ . . . လူ႔ဝမ္းဗိုက္သည္ တိရစာၦန္တို႔၏ သခ်ိၤဳင္း လူ႔ပါးစပ္သည္ တိရစာၦန္တို႔၏ မီးသျဂိၤဳလ္ စက္ပင္ ျဖစ္ေတာ့သည္။

တိရစာၦန္ မသာက်ေတာ့ မိမိတို႔ ဝမ္းဗိုက္ထဲသို႔ ထည့္ျပီး လူမသာက်ေတာ့ အိမ္ထဲ (ရပ္ကြက္) ထဲသို႔အသြင္းမခံမႈ တို႔သည္ အဆိုးဝါး ဆံုးေသာ အယူသီးမႈ၊ မိစာၦဒိ႒ိ အယူဝါဒမွ ဆင္းသက္လာမႈပင္ ျဖစ္ေတာ့သည္။

တစ္ဖန္ လူေသသြားလွ်င္ အိမ္ေနာက္ေဖးသယ္သြား၊ တံစက္ျမိတ္ေရ လက္ျပန္ေရႏွင့္ ေရခ်ိဳးေပး၊ အဝတ္ အစားဝတ္၊ သနပ္ခါးလိမ္း၊ ဆံပင္ထံုးေပး၊ ႏႈတ္ခမ္းနီဆိုးေပး၊ ပန္းပန္ေပးႏွင့္ ေသသြားမွ ၾကင္နာျပ၊ ဂရုစိုက္ ျပေနေတာ့သည္။ အေလာင္း လွေအာင္ လုပ္တာတဲ့။ ျပံဳးျပံဳးေလးေသမွ အေလာင္းလွတာတဲ့။ ေနာက္မွ ေခါင္းက ဆံပင္ကိုျဖတ္၊ ေျခေထာက္ ႏွစ္ေခ်ာင္းကို တုပ္ေတာ့သည္။ အိမ္မွာ ႏွစ္ညေတာင္ ထားရဦးမွာျဖစ္တဲ့ အတြက္တဲ့ဗ်ာ . . . ။ ေသတာေတာင္ အခ်ဳပ္အေႏွာင္ခံရတဲ့ဘဝ။

ထို႔ေနာက္ ေသသူႏွင့္ ပါးစပ္ထဲ မတ္ေစ့ (ယခုေခတ္တြင္ေတာ့ မရႏိုင္ေတာ့) ထည့္သည့္ ‘ကူးတို႔ခ’ ဟုဆိုၾကျပန္သည္။ အသက္မရွိေသာ ခႏၶာႏွင့္ ဘယ္ကားကို တစ္မတ္ေပးစီး၍ ဘယ္ကိုသြားမည္နည္း။

တစ္ခ်ိဳ႔က ပါးစပ္ထဲ ထည့္ထားသည့္ မတ္ေစ့ကို အတင္းႏိႈက္ျပန္သည္၊ Lucky ေကာင္းတယ္တဲ့၊ ေငြပြားတယ္တဲ့ေလ။

အေလာင္းးကို အိမ္ကထုတ္ေတာ့ . . . ေျခကမထုတ္ရဘူး၊ ေခါင္းကမထုတ္ရဘူး၊ တံခါးေဘာင္နဲ႔ မထိရဘူး၊ အိမ္နံရံကို မထိရဘူး၊ ေလွကားက မဆင္းရဘူး စသျဖင့္ ‘ဘူး’ မ်ားပဲ့တင္ထပ္ေနေတာ့ သည္။

ေနာက္ထပ္ ေၾကးစည္ထု၊ ကနားဖ်င္းဖ်က္ျခင္း လုပ္ေတာ့သည္။ ေနာက္နိဗၺာန္ယာဥ္ေပၚသို႔ အေလာင္းတင္ေသာ္ ေရအိုး ကို ခြဲေတာ့သည္။ မင္းနဲ႔ငါတို႔ အိုးစားကြဲျပီ၊ အိမ္ျပန္မလာနဲ႔ ဟုဆိုသည္။ ေနာက္ငိုၾက၊ ယိုၾက၊ မသြားရဘူး၊ ေခၚမသြားရဘူး၊ ပစ္သြားျပီလား စသျဖင့္ အယူစြဲ၊ အယူသီးမႈမ်ား လႊမ္းျခံဳေနၾကသည္။ သုႆန္ေရာက္ေသာ္ အေခါင္းထဲမွ ပန္းတစ္ပြင့္ကိုယူ၍ ယူသည့္လူက စကားမည္သူ႔ကိုမွ်မေျပာေတာ့ေခ်။ ေသသူရဲ႔လိပ္ျပာကို ျပန္ေခၚတာတဲ့။ အိုးစားကြဲ လိုက္ၾက၊ ျပန္ေခၚ လိုက္ၾက၊ ေျခေထာက္ကို တုပ္ေႏွာင္ လိုက္ၾက၊ ငိုလိုက္ ၾကနဲ႔ ေသသူကို မီးသျဂိၤဳလ္ စက္ထဲသုိ႔ ထည့္မည့္အစား ထိုသူမ်ားကို စိတ္ေရာဂါ အထူးကုေဆးရုံသို႔ပင္ ပို႔ရမလို ျဖစ္ေတာ့သည္။

ေသဆံုးသူ၏ လံုခ်ည္၊ အကီ်ၤ၊ ျခင္ေထာင္၊ ေမြ႔ယာမ်ားကို ခိုက္မွာစိုး၍ ခန္းစီးစမ်ား ခ်ဳပ္၍ ဘုန္းၾကီးေက်ာင္း ကုိပို႔ၾကသည္။ ကုသိုလ္ရေအာင္ ဘုန္းၾကီးေက်ာ္းတြင္ ခ်ိတ္ခိုင္း ဆြဲခိုင္းေတာ့သည္။ ဒါဆို ဘုန္းၾကီးေတြ က်ေတာ့ ခိုက္ေစတဲ့လား . . . ? ေသဆံုးသြားသူ၏ လက္ဝတ္ လက္စား၊ ဆြဲၾကိဳး၊ လက္စြပ္မ်ား ၾကေတာ့ ခိုက္မွာ စိုး၍ ဘုန္းၾကီးေက်ာင္းကို မလွဴၾကေတာ့ ဘူးလား၊ ဘယ္ေရာက္ ကုန္ပါလိမ့္ . . . ?

နာေရးယာဥ္ (နိဗၺာန္ယာဥ္) ကိုလည္း ရပ္ကြက္ထဲဝင္လွ်င္ ဟိုဖက္ကဝင္၊ ဒီဖက္က မဝင္ရဘူး စသျဖင့္ တားျမစ္ သူေတြ၊ မိမိအိမ္ေရွ႔တြင္ ေမာ္ေတာ္ယာဥ္ ေခါင္း လာလွည့္တာကို မလိုခ်င္၊ နိဗၺာန္ယာဥ္ေမာင္းသည့္ ယာဥ္ေမာင္း မ်ားလည္း ယခင္ကမၾကာခဏ လက္သီးႏွင့္ အထိုး ခံရမႈမ်ား ရွိခဲ့သည္။ လမ္းထိပ္တြင္ ကန္ေတာ့ပြဲ ထိုးေပး ခဲ့ရသည္လည္း ရွိသည္။ ဒီလမ္းက နိဗၺာန္ယာဥ္မဝင္ရ၊ မသြားရတဲ့လမ္း စသျဖင့္ တားျမစ္ နယ္ေျမမ်ားလည္း ရွိခဲ့သည္။

ရွိေနဆဲပင္ . . . ။ ေကာင္းျပီ။ ဒါဆိုရင္ အဲဒီ့လမ္းကလူေတြက မေသေတာ့မဲ့ သူေတြမ်ားလား . . . ?။ ေသခဲ့သည္ ရွိေသာ္ မိမိအိမ္မွ လမ္းထိပ္သို႔ မိမိတို႔ ကိုယ္တိုင္သယ္ပိုျပီး ‘မ’ခ်မည္တဲ့လား . . . ? ။ ေနာက္ . ..

ႏိုင္ငံရပ္ျခားတြင္ ေသဆံုး၍ ေသဆံုးသူ၏ ခႏၶာကိုယ္အား ျမန္မာျပည္တြင္ သျဂိၤဳလ္ခ်င္၍ ျပန္သယ္ လာေသာ အေလာင္းမ်ားသည္ ေလယာဥ္ျဖင့္ သယ္ေဆာင္ လာရျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ လမ္းထဲ မဝင္ရဘူး၊ ဟိုဘက္က မထြက္ရဘူး၊ ဒီဘက္က မဝင္ရဘူး၊ အိမ္ေရွ႔ကားမေကြ႔ရဘူး စသျဖင့္ ေျပာေနသူမ်ား စဥ္းစားၾကည ့္ေစခ်င္သည္။ မိမိတို႔ ဦးေခါင္းထက္မိမိတို႔၏ ေနအိမ္ထက္မွ ေန႔စဥ္အေလာင္း တင္ ေလယာဥ္ပ်ံမ်ား ျဖတ္သန္း ေနဆဲ၊ ပ်ံသန္းေနဆဲပင္ ျဖစ္ေတာ့သည္။ နိဗၺာန္ယာဥ္ဝင္တာကိုေတာ့ မၾကိဳက္ၾက၊ နိဗၺာန္ယာဥ္ကို ျမင္ၾကလွ်င္ေတာ့ မိမိတို႔၏ ပိုက္ဆံအိတ္မ်ားကို ပုတ္ၾကကာ လာဘ္ရႊင္လို႔လား စဥ္းစားၾကပါ . . . ။ သိပ္ရွက္ဖို႔ ေကာင္းေန ပါျပီ။

မိမိတို႔၏ စိတ္ဓာတ္မ်ား၊ ခံယူခ်က္မ်ား၊ အယူသီးမႈမ်ားကို ျပန္လည္ျပဳျပင္ေစလိုပါသည္။

ျပဒါးတစ္လမ္း . . . သံတစ္လမ္း မျဖစ္သင့္ေတာ့ပါ။

ကိုယ့္စိတ္ကို ျပန္စစ္ၾကည့္ေစခ်င္သည္။

မွားလား . . . မွန္လား။

မွန္လား . . . မွားလား ဆိုတာ။

မွားရင္ . . . ျပင္။ မွန္ရင္ . . . ဆက္လုပ္ ဖို႔က အားလံုးရဲ႕ တာဝန္ ျဖစ္ေတာ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဉာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။

ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန ္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။

လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။

လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။

( လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။ ) … suon won .. ကြိုက်တဲ့စာသားမို့ ….( – ) …

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိၤုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိၤုလ် စက်ပင် ဖြစ်တော့သည်။

တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း။

တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။

အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့ သည်။

နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိၤုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကီၤျ၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။

ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ နောက် . ..

နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိၤုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက်မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်း တင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား စဉ်းစားကြပါ . . . ။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။

ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။

မှားလား . . . မှန်လား။

မှန်လား . . . မှားလား ဆိုတာ။

မှားရင် . . . ပြင်။ မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top