Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ပုခုံးနာက်င္ျခင္းဟာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေျခအေနတခု ျဖစ္ျပီး ပုခုံးမွာ ထိခိုက္ဒါဏ္ရာ ရျခင္း၊ဒါဏ္ျဖစ္ျခင္း ဒါမွမဟုတ္ အျခားေသာ ျပႆနာေတြေၾကာင့္ ျဖစ္ေပၚလာႏိုင္ပါတယ္။ဒါေပမယ့္ တခါတရံ ပုခုံးနာက်င္ျခင္းဟာ လည္ပင္းမွာျဖစ္ေပၚေနတဲ့ ျပႆနာတခုခုေၾကာင့္လည္း ျဖစ္လာႏိုင္ပါတယ္။

အံ့ဩသြားပါသလား စာဖတ္သူ။ဒါျဖင့္ ဒီကိစၥနဲ႕ ပတ္သက္ျပီး ပိုမိုသိရွိရေလေအာင္ အခုေဆာင္းပါးေလးကို ဖတ္ၾကည့္လိုက္ပါဦး။
သင္ခံစားေနရတဲ့ ပုခုံးနာက်င္ျခင္းဟာ လည္ပင္းမွာျဖစ္ေနတဲ့ ျပႆနာေၾကာင့္ ဟုတ္မဟုတ္ ဘယ္လိုသိႏိုင္မလဲ။

လည္ပင္းမွာရွိတဲ့ အာ႐ံုေၾကာအဖိခံရျပီ၊ထိခိုက္ျပီဆိုရင္ နာက်င္မႈက ပုခုံးအထိ ေရာက္လာႏိုင္ျပီး အားနည္းေပ်ာ့ေခြျခင္း၊ထံုက်ဥ္ျခင္းေတြကေတာ့ လက္တေလွ်ာက္လုံးမွာ ပ်ံ႕ႏွံ႕သြားႏိုင္ပါတယ္။

ဒီလိုအေျခအေနကို ေဆးပညာေဝါဟာရနဲ႕ “ လည္ပင္းအာ႐ံုေၾကာညပ္ျခင္း” လို႕ ေခၚေဝၚေလ့ရွိျပီး ေအာက္ေဖာ္ျပပါ ေရာဂါလကၡဏာေတြကို ခံစားရေလ့ရွိပါတယ္။

·        အနည္းငယ္ နာက်င္ျခင္းမွသည္ ျပင္းထန္စြာ နာက်င္ျခင္းအထိ ခံစားရႏိုင္ျခင္း။

·        တခ်ိန္လုံးနာက်င္ေနတာမ်ိဳးေတာ့ မဟုတ္ဘဲ ေပၚလိုက္ေပ်ာက္လိုက္ျဖစ္ျခင္း။

·        ပုခုံးမွာ နာက်င္မႈကို ခံစားရျပီး လက္တေခ်ာင္းလုံးသို႕ ပ်ံ႕သြားျခင္း။

·        ပုခုံး၊လက္ေမာင္းနဲ႕ လက္တေခ်ာင္းလုံး အားနည္းေပ်ာ့ေခြ၊ထံုက်ဥ္ျခင္း။

·        လက္ေခ်ာင္းေလးမ်ား၊ပုခုံးတေနရာ သို႕မဟုတ္ လက္တေခ်ာင္းလုံး က်ဥ္ျခင္း။

·        ပုခုံးတခုလုံးထံုျပီး ခံစားမႈမရွိျခင္း။

·        တခါတရံ သင့္လက္ကို ေခါင္းေပၚတင္ထားရင္ နာက်င္မႈ ေလ်ာ့နည္းသက္သာသြားေလ့ရွိပါတယ္။ဘာလို႕လဲဆိုေတာ့ အာ႐ံုေၾကာေပၚဖိထားတဲ့ ဖိအားေလ်ာ့သြားလို႕ ျဖစ္ပါတယ္။

အထက္ပါ ေရာဂါလကၡဏာေတြဟာ ခႏၶာကိုယ္တျခမ္းတည္းမွာပဲ ခံစားရေလ့ရွိပါတယ္။

ဘယ္လိုလည္ပင္းျပႆနာမ်ိဳးက ပုခုံးနာက်င္ျခင္းကို ျဖစ္ေစႏိုင္သလဲ။

“ လည္ပင္းအာ႐ံုေၾကာညပ္ျခင္း” ဟာ ေက်ာ႐ိုးထိခိုက္ဒါဏ္ရာရျခင္း ဒါမွမဟုတ္ အသက္အရြယ္ ၾကီးရင့္လာျခင္းေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
ေက်ာ႐ိုးဆစ္ေခြ ယိုယြင္းပ်က္စီးျခင္း

အသက္အရြယ္ၾကီးလာတာနဲ႕အမွ် ေက်ာ႐ိုးဆစ္ေခြဟာ ေရဓာတ္ဆုံး႐ံႈးလာရပါတယ္။ဒါေပမယ့္ ဒီလိုေရဓာတ္ဆုံး႐ံႈးျခင္းဟာ အလ်င္အျမန္ျဖစ္ေပၚေနရင္ေတာ့ ဒါဟာ ပံုမွန္မဟုတ္ေတာ့ပါဘူး၊ ေရာဂါျဖစ္ပါတယ္။

အဆစ္ေခြေလးေတြဟာ တျဖည္းျဖည္းနဲ႕ ပါးလာျပီးေတာ့ ေက်ာ႐ိုးဆစ္ေတြအၾကားမွာ အခုအခံလုပ္ေပးထားႏိုင္စြမ္း နည္းပါးလာပါေတာ့တယ္။ေနာက္ဆက္တြဲအေနနဲ႕ ေက်ာ႐ိုးဆစ္ေတြဟာ တခုနဲ႕တခု ပြတ္တိုက္ျပီး အနီးအနားက အာ႐ံုေၾကာေတြကို ထိခိုက္ေစပါတယ္။

ထိခိုက္ယိုယြင္းေနတဲ့ ေက်ာ႐ိုးဆစ္ေခြကို အစားထိုးဖို႕အတြက္ တခါတရံမွာ သင့္ခႏၶာကိုယ္က အ႐ိုးအတက္ေလးေတြကို ထုတ္ေပးတဲ့အခါ အဆိုပါ အ႐ိုးအတက္ေလးေတြက အာ႐ံုေၾကာေတြကို ထိခိုက္ေရာင္ရမ္းေစပါေတာ့တယ္။
ေက်ာ႐ိုးဆစ္ေခြကြၽံျခင္း

ေက်ာ႐ိုးဆစ္ေခြဟာ ဂ်ယ္လီဒိုးနပ္လိုပါပဲ၊အတြင္းက ေပ်ာ့ျပီး အျပင္က မာပါတယ္။အျပင္လႊာမွာရွိတဲ့ ကြဲရာ၊အက္ရာေတြကတဆင့္ အတြင္းဂ်ဲလ္သားေလး ထြက္လာတဲ့အခါ အနားတဝိုက္မွာရွိတဲ့ အာ႐ံုေၾကာေတြကို ထိခိုက္ေစျပီး အဆိုပါ အာ႐ံုေၾကာက အေထာက္အပံ့ေပးတဲ့ ေနရာေတြမွာ နာက်င္ျခင္း၊ထံုက်ဥ္ျခင္း ဒါမွမဟုတ္ အားနည္းေပ်ာ့ေခြျခင္းတို႕ကို ခံစားရလာႏိုင္ပါတယ္။လည္ပင္း လိမ္ျခင္း၊ေကြးျခင္း အစရွိတဲ့ လႈပ္ရွားမႈေတြေၾကာင့္ ေက်ာ႐ိုးဆစ္ေခြ ကြၽံႏိုင္ပါတယ္။
လည္ပင္းက်ီးေပါင္းတက္ျခင္း

ေက်ာ႐ိုးဆစ္ေခြ ဒါမွမဟုတ္ လည္ပင္း႐ိုးေတြ ယိုယြင္းလာတဲ့အခါ၊ပ်က္စီးလာတဲ့အခါ လည္ပင္းမွာ နာက်င္ျခင္းကို ျဖစ္ေပၚေစတဲ့အျပင္ အာ႐ံုေၾကာေတြကိုလည္း ဖိထားႏိုင္ပါေသးတယ္။ေနာက္ဆက္တြဲအျဖစ္ နာက်င္ျခင္း၊အားနည္းျခင္းနဲ႕ ထံုက်ဥ္ျခင္းေတြဟာ အာ႐ံုေၾကာတေလွ်ာက္ ပ်ံ႕ႏွံ႕ကာ ပုခုံးနဲ႕ လက္ေမာင္းေတြအထိ ေရာက္ရွိသြားႏိုင္ပါတယ္။
ဘယ္လိုအေျခအေနမ်ိဳးမွာ ေဆးကုသမႈ ခံယူရမလဲ။

ေရာဂါလကၡဏာေတြ ဆိုးရြားလာတာေၾကာင့္ သင့္ရဲ့ ေန႕စဥ္လႈပ္ရွားသြားလာမႈေတြကို ထိခိုက္လာရင္ (ဥပမာ လႈပ္ရွားရ အဆင္မေျပျခင္း) ဆရာဝန္နဲ႕ ျပသတိုင္ပင္ျပီး အျမန္ဆုံး ကုသမႈကို ခံယူသင့္ပါျပီ။

ဘာလို႕လဲဆိုေတာ့ လည္ပင္းအာ႐ံုေၾကာညပ္ျခင္းဟာ မကုသဘဲထားရင္ အေျခအေနပိုဆိုးလာျပီး အာ႐ံုေၾကာကို လုံးဝပ်က္စီးေစလို႕ပဲ ျဖစ္ပါတယ္။ပ်က္စီးသြားတဲ့ ခႏၶာကိုယ္လုပ္ေဆာင္ခ်က္ေတြကို ျပန္လည္မရရွိႏိုင္ေတာ့ပါဘူး။

အားနည္းျခင္း၊ထံုျခင္း၊က်ဥ္ျခင္း ဒါမွမဟုတ္ နာက်င္မႈေဝဒနာ တေနရာမွ တေနရာသို႕ ပ်ံ႕ႏွံ႕ျခင္း စတဲ့ လကၡဏာေတြကို ေပါ့ေပါ့သေဘာမထားဘဲ ဂ႐ုတစိုက္ ကုသရပါမယ္။

ပုခုံးမွာျဖစ္တဲ့ ျပႆနာေတြေၾကာင့္တင္မဟုတ္ဘဲ လည္ပင္းမွာျဖစ္ေပၚတဲ့ ျပႆနာေတြေၾကာင့္လည္း ပုခုံးနာက်င္ျခင္းကို ခံစားရႏိုင္ပါတယ္။

လည္ပင္းအာ႐ံုေၾကာညပ္ျခင္းေၾကာင့္ ပုခုံးနာက်င္မႈေဝဒနာကို ခံစားရရင္ သင့္အေနနဲ႕ နီးစပ္ရာ ေဆး႐ံုေဆးခန္းကို သြားျပီး ေဆးကုသမႈ အျမန္ဆုံး ခံယူသင့္ပါတယ္။ဒါမွသာ အလ်င္အျမန္ ျပန္လည္ေကာင္းမြန္လာမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
ပုခုံးနာကျင်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတခု ဖြစ်ပြီး ပုခုံးမှာ ထိခိုက်ဒါဏ်ရာ ရခြင်း၊ဒါဏ်ဖြစ်ခြင်း ဒါမှမဟုတ် အခြားသော ပြဿနာတွေကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါပေမယ့် တခါတရံ ပုခုံးနာကျင်ခြင်းဟာ လည်ပင်းမှာဖြစ်ပေါ်နေတဲ့ ပြဿနာတခုခုကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။

အံ့ဩသွားပါသလား စာဖတ်သူ။ဒါဖြင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုမိုသိရှိရလေအောင် အခုဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။
သင်ခံစားနေရတဲ့ ပုခုံးနာကျင်ခြင်းဟာ လည်ပင်းမှာဖြစ်နေတဲ့ ပြဿနာကြောင့် ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။

လည်ပင်းမှာရှိတဲ့ အာရုံကြောအဖိခံရပြီ၊ထိခိုက်ပြီဆိုရင် နာကျင်မှုက ပုခုံးအထိ ရောက်လာနိုင်ပြီး အားနည်းပျော့ခွေခြင်း၊ထုံကျဉ်ခြင်းတွေကတော့ လက်တလျှောက်လုံးမှာ ပျံ့နှံ့သွားနိုင်ပါတယ်။

ဒီလိုအခြေအနေကို ဆေးပညာဝေါဟာရနဲ့ “ လည်ပင်းအာရုံကြောညပ်ခြင်း” လို့ ခေါ်ဝေါ်လေ့ရှိပြီး အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။

·        အနည်းငယ် နာကျင်ခြင်းမှသည် ပြင်းထန်စွာ နာကျင်ခြင်းအထိ ခံစားရနိုင်ခြင်း။

·        တချိန်လုံးနာကျင်နေတာမျိုးတော့ မဟုတ်ဘဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခြင်း။

·        ပုခုံးမှာ နာကျင်မှုကို ခံစားရပြီး လက်တချောင်းလုံးသို့ ပျံ့သွားခြင်း။

·        ပုခုံး၊လက်မောင်းနဲ့ လက်တချောင်းလုံး အားနည်းပျော့ခွေ၊ထုံကျဉ်ခြင်း။

·        လက်ချောင်းလေးများ၊ပုခုံးတနေရာ သို့မဟုတ် လက်တချောင်းလုံး ကျဉ်ခြင်း။

·        ပုခုံးတခုလုံးထုံပြီး ခံစားမှုမရှိခြင်း။

·        တခါတရံ သင့်လက်ကို ခေါင်းပေါ်တင်ထားရင် နာကျင်မှု လျော့နည်းသက်သာသွားလေ့ရှိပါတယ်။ဘာလို့လဲဆိုတော့ အာရုံကြောပေါ်ဖိထားတဲ့ ဖိအားလျော့သွားလို့ ဖြစ်ပါတယ်။

အထက်ပါ ရောဂါလက္ခဏာတွေဟာ ခန္ဓာကိုယ်တခြမ်းတည်းမှာပဲ ခံစားရလေ့ရှိပါတယ်။

ဘယ်လိုလည်ပင်းပြဿနာမျိုးက ပုခုံးနာကျင်ခြင်းကို ဖြစ်စေနိုင်သလဲ။

“ လည်ပင်းအာရုံကြောညပ်ခြင်း” ဟာ ကျောရိုးထိခိုက်ဒါဏ်ရာရခြင်း ဒါမှမဟုတ် အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
ကျောရိုးဆစ်ခွေ ယိုယွင်းပျက်စီးခြင်း

အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျောရိုးဆစ်ခွေဟာ ရေဓာတ်ဆုံးရှုံးလာရပါတယ်။ဒါပေမယ့် ဒီလိုရေဓာတ်ဆုံးရှုံးခြင်းဟာ အလျင်အမြန်ဖြစ်ပေါ်နေရင်တော့ ဒါဟာ ပုံမှန်မဟုတ်တော့ပါဘူး၊ ရောဂါဖြစ်ပါတယ်။

အဆစ်ခွေလေးတွေဟာ တဖြည်းဖြည်းနဲ့ ပါးလာပြီးတော့ ကျောရိုးဆစ်တွေအကြားမှာ အခုအခံလုပ်ပေးထားနိုင်စွမ်း နည်းပါးလာပါတော့တယ်။နောက်ဆက်တွဲအနေနဲ့ ကျောရိုးဆစ်တွေဟာ တခုနဲ့တခု ပွတ်တိုက်ပြီး အနီးအနားက အာရုံကြောတွေကို ထိခိုက်စေပါတယ်။

ထိခိုက်ယိုယွင်းနေတဲ့ ကျောရိုးဆစ်ခွေကို အစားထိုးဖို့အတွက် တခါတရံမှာ သင့်ခန္ဓာကိုယ်က အရိုးအတက်လေးတွေကို ထုတ်ပေးတဲ့အခါ အဆိုပါ အရိုးအတက်လေးတွေက အာရုံကြောတွေကို ထိခိုက်ရောင်ရမ်းစေပါတော့တယ်။
ကျောရိုးဆစ်ခွေကျွံခြင်း

ကျောရိုးဆစ်ခွေဟာ ဂျယ်လီဒိုးနပ်လိုပါပဲ၊အတွင်းက ပျော့ပြီး အပြင်က မာပါတယ်။အပြင်လွှာမှာရှိတဲ့ ကွဲရာ၊အက်ရာတွေကတဆင့် အတွင်းဂျဲလ်သားလေး ထွက်လာတဲ့အခါ အနားတဝိုက်မှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်စေပြီး အဆိုပါ အာရုံကြောက အထောက်အပံ့ပေးတဲ့ နေရာတွေမှာ နာကျင်ခြင်း၊ထုံကျဉ်ခြင်း ဒါမှမဟုတ် အားနည်းပျော့ခွေခြင်းတို့ကို ခံစားရလာနိုင်ပါတယ်။လည်ပင်း လိမ်ခြင်း၊ကွေးခြင်း အစရှိတဲ့ လှုပ်ရှားမှုတွေကြောင့် ကျောရိုးဆစ်ခွေ ကျွံနိုင်ပါတယ်။
လည်ပင်းကျီးပေါင်းတက်ခြင်း

ကျောရိုးဆစ်ခွေ ဒါမှမဟုတ် လည်ပင်းရိုးတွေ ယိုယွင်းလာတဲ့အခါ၊ပျက်စီးလာတဲ့အခါ လည်ပင်းမှာ နာကျင်ခြင်းကို ဖြစ်ပေါ်စေတဲ့အပြင် အာရုံကြောတွေကိုလည်း ဖိထားနိုင်ပါသေးတယ်။နောက်ဆက်တွဲအဖြစ် နာကျင်ခြင်း၊အားနည်းခြင်းနဲ့ ထုံကျဉ်ခြင်းတွေဟာ အာရုံကြောတလျှောက် ပျံ့နှံ့ကာ ပုခုံးနဲ့ လက်မောင်းတွေအထိ ရောက်ရှိသွားနိုင်ပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာ ဆေးကုသမှု ခံယူရမလဲ။

ရောဂါလက္ခဏာတွေ ဆိုးရွားလာတာကြောင့် သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ထိခိုက်လာရင် (ဥပမာ လှုပ်ရှားရ အဆင်မပြေခြင်း) ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အမြန်ဆုံး ကုသမှုကို ခံယူသင့်ပါပြီ။

ဘာလို့လဲဆိုတော့ လည်ပင်းအာရုံကြောညပ်ခြင်းဟာ မကုသဘဲထားရင် အခြေအနေပိုဆိုးလာပြီး အာရုံကြောကို လုံးဝပျက်စီးစေလို့ပဲ ဖြစ်ပါတယ်။ပျက်စီးသွားတဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ပြန်လည်မရရှိနိုင်တော့ပါဘူး။

အားနည်းခြင်း၊ထုံခြင်း၊ကျဉ်ခြင်း ဒါမှမဟုတ် နာကျင်မှုဝေဒနာ တနေရာမှ တနေရာသို့ ပျံ့နှံ့ခြင်း စတဲ့ လက္ခဏာတွေကို ပေါ့ပေါ့သဘောမထားဘဲ ဂရုတစိုက် ကုသရပါမယ်။

ပုခုံးမှာဖြစ်တဲ့ ပြဿနာတွေကြောင့်တင်မဟုတ်ဘဲ လည်ပင်းမှာဖြစ်ပေါ်တဲ့ ပြဿနာတွေကြောင့်လည်း ပုခုံးနာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။

လည်ပင်းအာရုံကြောညပ်ခြင်းကြောင့် ပုခုံးနာကျင်မှုဝေဒနာကို ခံစားရရင် သင့်အနေနဲ့ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြီး ဆေးကုသမှု အမြန်ဆုံး ခံယူသင့်ပါတယ်။ဒါမှသာ အလျင်အမြန် ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top