Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕ ျမစ္နားတန္းရပ္ ကြက္တြင္ မီးေလာင္ကြၽမ္းမႈ ေၾကာင့္ လူေနအိမ္ ၁၆ လံုးႏွင့္ ငါး၊ ပုစြန္၊ ကဏန္း အဝယ္ဒိုင္ အေဆာက္အအံု ၁၁ လံုး ဆံုး႐ံႈးခဲ့ ေၾကာင္း ေက်ာက္ျဖဴၿမိဳ႕မရဲစခန္း မွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။

အဆိုပါ မီးေလာင္ကြၽမ္းမႈ သည္ ႏိုဝင္ဘာ ၅ ရက္ နံနက္ ၁ နာရီတြင္ ျဖစ္ပြားခဲ့ၿပီး ျမစ္နား တန္းရွိ ဦးေမာင္ေမာင္၏ ခံုး အဝယ္ဒိုင္ အလုပ္သမားမ်ား ထမင္းခ်က္စားရာမွ စတင္ေလာင္ ကြၽမ္းခဲ့ေၾကာင္း ရဲအရာရွိကဆိုသည္။

မီးေလာင္ကြၽမ္းမႈကို မီး သတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံ မ်ားဝိုင္းဝန္းၿငိႇမ္းသတ္ရာ နံနက္ ၅ နာရီတြင္ မီးၿငိမ္းခဲ့ေၾကာင္း ရဲအရာရွိက ေျပာသည္။

 မီးေလာင္ကြၽမ္းမႈေၾကာင့္ လူထိခိုက္ဒဏ္ရာရရွိမႈ တစ္စံု တစ္ရာမရွိဘဲ ဆံုး႐ံႈးမႈတန္ဖိုး က်ပ္သိန္း ၁၄၀ ေက်ာ္ရွိေၾကာင္း မီးသတ္တပ္ဖြဲ႕က တြက္ခ်က္ထား သည္။

‘‘မီးေလာင္ကြၽမ္းလို႔ ဒုကၡ ေရာက္ေနတဲ့ လူဦးေရတစ္ရာ ေက်ာ္ေတာ့ နီးစပ္ရာေဆြမ်ဳိးေန အိမ္ေတြမွာ ေျပာင္းေရႊ႕ေနထိုင္ ေနၾကပါတယ္။ မီးေဘးဒုကၡသည္ ေတြအတြက္ အကူအညီေပးဖို႔ ကြၽန္ေတာ္တို႔ စီစဥ္ေနပါတယ္’’ဟု ေက်ာက္ျဖဴၿမိဳ႕ခံ ဦးေစာမိုးေက်ာ္ က ေျပာသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မြစ်နားတန်းရပ် ကွက်တွင် မီးလောင်ကျွမ်းမှု ကြောင့် လူနေအိမ် ၁၆ လုံးနှင့် ငါး၊ ပုစွန်၊ ကဏန်း အဝယ်ဒိုင် အဆောက်အအုံ ၁၁ လုံး ဆုံးရှုံးခဲ့ ကြောင်း ကျောက်ဖြူမြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။



အဆိုပါ မီးလောင်ကျွမ်းမှု သည် နိုဝင်ဘာ ၅ ရက် နံနက် ၁ နာရီတွင် ဖြစ်ပွားခဲ့ပြီး မြစ်နား တန်းရှိ ဦးမောင်မောင်၏ ခုံး အဝယ်ဒိုင် အလုပ်သမားများ ထမင်းချက်စားရာမှ စတင်လောင် ကျွမ်းခဲ့ကြောင်း ရဲအရာရှိကဆိုသည်။



မီးလောင်ကျွမ်းမှုကို မီး သတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံ များဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၅ နာရီတွင် မီးငြိမ်းခဲ့ကြောင်း ရဲအရာရှိက ပြောသည်။



 မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံ တစ်ရာမရှိဘဲ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၄၀ ကျော်ရှိကြောင်း မီးသတ်တပ်ဖွဲ့က တွက်ချက်ထား သည်။



‘‘မီးလောင်ကျွမ်းလို့ ဒုက္ခ ရောက်နေတဲ့ လူဦးရေတစ်ရာ ကျော်တော့ နီးစပ်ရာဆွေမျိုးနေ အိမ်တွေမှာ ပြောင်းရွှေ့နေထိုင် နေကြပါတယ်။ မီးဘေးဒုက္ခသည် တွေအတွက် အကူအညီပေးဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်’’ဟု ကျောက်ဖြူမြို့ခံ ဦးစောမိုးကျော် က ပြောသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top