Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၁၉၈၁ခုႏွစ္ေလာက္ကထင္တယ္၊မႏၱေလးမွာ မစုိးရိမ္တုိက္ေဟာင္းက နာယကဆရာေတာ္ၾကီးတပါးကုိ
စာသင္သားရဟန္းတပါးက ဒါးနဲ႔ ခုတ္သတ္တဲ့အမွဳတခု ဟုိးေလးတေၾကာ္ျဖစ္ခဲ့ဘူးတယ္။
ျဖစ္ရတဲ့ကိစၥက ေျပာပေလာက္တဲ့ကိစၥလည္းမဟုတ္၊သံဃာေေတာ္မ်ား မွတ္ပုံတင္ကုိင္ေဆာင္သင့္ မသင့္ နာယကဆရာေတာ္ၾကီးမ်ား အစည္းေ၀းလုပ္ေနတုန္း အဲဒီစာသင္သားရဟန္း စကား၀င္ေျပာရာက ဒါးခုတ္ခံရတဲ့ နာယကဆရာေတာ္ၾကီးက ကုိယ္နဲ႔မဆုိင္ဘဲ ၀င္မေျပာဘုိ႔ တားဆီးရာကေနစတာပါ။
အေျပာခံရတဲ့ရဟန္းက မေက်နပ္။

င့ါအေၾကာင္းသိေစမယ္ လုိ႔ ၾကိမ္းေမာင္းၿပီး ေက်ာင္းေပၚက ဆင္းသြားတယ္။ အျခားနာယကဆရာေတာ္ၾကီးမ်ားက ေျပာရွာတယ္။
အဲဒီဦးဇင္းက တယူသန္ တဇြတ္ထုိးလုပ္တတ္တယ္၊ ျပႆနာေအးၿငိမ္းသြားေအာင္ ျပန္ေတာင္းပန္ဘုိ႔ တုိက္တြန္းတာေၾကာင့္ ဒါးခုတ္ခံတဲ့ဆရာေတာ္ၾကီးက ရဟန္းေတာ္ေလးထံၾကြသြားၿပီး
သူေျပာမိတာမွားေၾကာင္း၊ခြင့္လြတ္ဘုိ႔ သြားေတာင္းပန္ပါတယ္။
ေတာင္းပန္ေပမယ့္ စာသင္သားရဟန္းေတာ္က ေက်နပ္မွဳမရွိဘဲ ဆရာေတာ္ၾကီးအေပၚမွာ အၿငဳိးအေတးထားတာကုိ ဆရာေတာ္ၾကီးက မသိရွာဘူး။

တေန႔ …
မနက္ပုိင္းဆရာေတာ္ၾကီး အိမ္တအိမ္မွာ ဆြမ္းစားၾကြရာကအျပန္ ျမေတာင္ေက်ာင္းတုိင္နားမွာ
လမ္းကေစာင့္ၿပီး ဒါးနဲ႔ခုတ္တယ္။ဆရာေတာ္ၾကီးက လက္ေလးကာၿပီး ေတာင္းပန္ေပမယ့္ ေဒါသဘီ
လူးစီးေနတဲ့ ဦးဇင္းက ဆရာေတာ္ၾကီးကုိ အေသခုတ္သတ္လုိက္ပါေတာ့တယ္။
ေသြးအလူးလူးနဲ႔ လမ္းေဘးမွာ နာယကဆရာေတာ္ၾကီး ပ်ံလြန္ေတာ္မူရရွာတယ္။
တကယ့္ကုိ ထိတ္လန္႔စရာ အျဖစ္အပ်က္ပါ။

အဲဒီဦးဇင္း လူသတ္မွဳနဲ႔ ႏွစ္ရွည္ေထာင္ဒဏ္က်သြားတယ္။
သူေတာ္ေကာင္းကုိ ျပစ္မွားမိတဲ့အျပစ္က ေထာင္ထဲေရာက္တာနဲ႔ မၾကာခင္ အက်ဳိးေပးေတာ့တာဘဲ။
တကုိယ္လုံး ႏူနာစြဲကပ္လာေတာ့တယ္။
နံေစာ္လြန္းလုိ႔ ေထာင္၀န္ထမ္းေတြေတာင္ အနားမကပ္ႏုိင္ရွာတဲ့အျဖစ္။
ေထာင္ထဲမွာ ႏွစ္အနည္းငယ္ၾကာလာေတာ့ ေထာင္အာဏာပုိင္ေတြက အျခားအက်ဥ္းသားေတြကုိ
ေရာဂါကူးစက္မွာစုိးရိမ္လုိ႔လား၊ဒါမွမဟုတ္ မၾကာခင္ ေသေတာ့မွာ သိလုိ႔လားမသိ၊
ႏွစ္မေစ့ဘဲ ေထာင္က လြတ္ေပးလုိက္တယ္လုိ႔ ၾကားတာဘဲ။

ေထာင္ကလြတ္ေတာ့ သူ႔ဇာတိရြာျပန္တယ္၊
ကု႒ႏူနာသည္လည္းျဖစ္ မုိက္ခဲ့တာေတြကုိလည္း သိထားေတာ့ ရြာကလည္းလက္မခံလုိ႔ ညီမေတာ္စပ္သူတေယာက္က ရြာနဲ႔မနီးမေ၀း ေတာထဲမွာ
တဲေလးတလုံးေဆာက္ေပးၿပီး ေနေစခဲ့တယ္၊
တေန႔ ညီမျဖစ္သူ ထမင္းသြားအပုိ႔ ဘယ္အခ်ိန္ကေသၿပီး ဘာေကာင္ကစားသြားတယ္မသိဘူး။
အရုိးစုဘဲ ေတြ႔ရေတာ့တယ္။သူေတာ္ေကာင္းျပစ္မွားမိေသာ အကုသုိလ္အက်ဳိးေပးကား ေနာက္ဘ၀ထိမေစာင့္၊ ပစၥဳပၸန္ဘ၀မွာတင္ ကု႒ႏူသည္အျဖစ္ လူေတာမတုိးတဲ့ ဒုကၡသည္အျဖစ္ အငတ္ငတ္အပ်က္ပ်က္နဲ႔ တိရစၦာန္အစာ ျဖစ္သြားရွာတယ္။

ဒါ့ေၾကာင့္ ၀စီကံေၾကာင့္လည္း အျပစ္ျဖစ္တတ္တယ္၊
ေဒါသနဲ႔ယွဥ္တဲ့ ကာယကံေၾကာင့္လည္း ဒုစရုိက္မွဳေတြ က်ဴးလြန္တတ္တယ္။
မိမိ၏ အေျပာအဆုိ အလုပ္အကုိင္ေတြကုိ ေမတၱာနဲ႔ယွဥ္ၿပီး လုပ္ကုိင္ႏုိင္ၾကပါေစ။ ။
“ေဒါေသာ အတၱံ နဇာနာတိ ၊ ေဒါေသာ ဓမၼံ နပႆတိ”
ေဒါသ ဟာ အက်ိဳးကိုလည္း မသိဘူး ။
အေၾကာင္းကိုလည္း မျမင္ဘူး။
ေဒါသ က ဆင္ျခင္ႏိုင္တဲ့ စြမ္းရည္ကို
ဓားျပတုိက္ယူသြားတယ္။
(ဆရာေတာ္ဦးေဇာတိက)
(ဒီေန႔ကထိန္အလွဴမွာ
ဆရာေတာ္တပါးေျပာေသာအေၾကာင္းအရာကုိ
မွတ္မိသေလာက္ ျပန္ေရးသည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အရွင္ပညာနႏၵ
#Unicode Version#
၁၉၈၁ခုနှစ်လောက်ကထင်တယ်၊မန္တလေးမှာ မစိုးရိမ်တိုက်ဟောင်းက နာယကဆရာတော်ကြီးတပါးကို
စာသင်သားရဟန်းတပါးက ဒါးနဲ့ ခုတ်သတ်တဲ့အမှုတခု ဟိုးလေးတကြော်ဖြစ်ခဲ့ဘူးတယ်။
ဖြစ်ရတဲ့ကိစ္စက ပြောပလောက်တဲ့ကိစ္စလည်းမဟုတ်၊သံဃာေတော်များ မှတ်ပုံတင်ကိုင်ဆောင်သင့် မသင့် နာယကဆရာတော်ကြီးများ အစည်းဝေးလုပ်နေတုန်း အဲဒီစာသင်သားရဟန်း စကားဝင်ပြောရာက ဒါးခုတ်ခံရတဲ့ နာယကဆရာတော်ကြီးက ကိုယ်နဲ့မဆိုင်ဘဲ ဝင်မပြောဘို့ တားဆီးရာကနေစတာပါ။
အပြောခံရတဲ့ရဟန်းက မကျေနပ်။

င့ါအကြောင်းသိစေမယ် လို့ ကြိမ်းမောင်းပြီး ကျောင်းပေါ်က ဆင်းသွားတယ်။ အခြားနာယကဆရာတော်ကြီးများက ပြောရှာတယ်။
အဲဒီဦးဇင်းက တယူသန် တဇွတ်ထိုးလုပ်တတ်တယ်၊ ပြဿနာအေးငြိမ်းသွားအောင် ပြန်တောင်းပန်ဘို့ တိုက်တွန်းတာကြောင့် ဒါးခုတ်ခံတဲ့ဆရာတော်ကြီးက ရဟန်းတော်လေးထံကြွသွားပြီး
သူပြောမိတာမှားကြောင်း၊ခွင့်လွတ်ဘို့ သွားတောင်းပန်ပါတယ်။
တောင်းပန်ပေမယ့် စာသင်သားရဟန်းတော်က ကျေနပ်မှုမရှိဘဲ ဆရာတော်ကြီးအပေါ်မှာ အငြိုးအတေးထားတာကို ဆရာတော်ကြီးက မသိရှာဘူး။

တနေ့ …
မနက်ပိုင်းဆရာတော်ကြီး အိမ်တအိမ်မှာ ဆွမ်းစားကြွရာကအပြန် မြတောင်ကျောင်းတိုင်နားမှာ
လမ်းကစောင့်ပြီး ဒါးနဲ့ခုတ်တယ်။ဆရာတော်ကြီးက လက်လေးကာပြီး တောင်းပန်ပေမယ့် ဒေါသဘီ
လူးစီးနေတဲ့ ဦးဇင်းက ဆရာတော်ကြီးကို အသေခုတ်သတ်လိုက်ပါတော့တယ်။
သွေးအလူးလူးနဲ့ လမ်းဘေးမှာ နာယကဆရာတော်ကြီး ပျံလွန်တော်မူရရှာတယ်။
တကယ့်ကို ထိတ်လန့်စရာ အဖြစ်အပျက်ပါ။

အဲဒီဦးဇင်း လူသတ်မှုနဲ့ နှစ်ရှည်ထောင်ဒဏ်ကျသွားတယ်။
သူတော်ကောင်းကို ပြစ်မှားမိတဲ့အပြစ်က ထောင်ထဲရောက်တာနဲ့ မကြာခင် အကျိုးပေးတော့တာဘဲ။
တကိုယ်လုံး နူနာစွဲကပ်လာတော့တယ်။
နံစော်လွန်းလို့ ထောင်ဝန်ထမ်းတွေတောင် အနားမကပ်နိုင်ရှာတဲ့အဖြစ်။
ထောင်ထဲမှာ နှစ်အနည်းငယ်ကြာလာတော့ ထောင်အာဏာပိုင်တွေက အခြားအကျဉ်းသားတွေကို
ရောဂါကူးစက်မှာစိုးရိမ်လို့လား၊ဒါမှမဟုတ် မကြာခင် သေတော့မှာ သိလို့လားမသိ၊
နှစ်မစေ့ဘဲ ထောင်က လွတ်ပေးလိုက်တယ်လို့ ကြားတာဘဲ။

ထောင်ကလွတ်တော့ သူ့ဇာတိရွာပြန်တယ်၊
ကုဋ္ဌနူနာသည်လည်းဖြစ် မိုက်ခဲ့တာတွေကိုလည်း သိထားတော့ ရွာကလည်းလက်မခံလို့ ညီမတော်စပ်သူတယောက်က ရွာနဲ့မနီးမဝေး တောထဲမှာ
တဲလေးတလုံးဆောက်ပေးပြီး နေစေခဲ့တယ်၊
တနေ့ ညီမဖြစ်သူ ထမင်းသွားအပို့ ဘယ်အချိန်ကသေပြီး ဘာကောင်ကစားသွားတယ်မသိဘူး။
အရိုးစုဘဲ တွေ့ရတော့တယ်။သူတော်ကောင်းပြစ်မှားမိသော အကုသိုလ်အကျိုးပေးကား နောက်ဘဝထိမစောင့်၊ ပစ္စုပ္ပန်ဘဝမှာတင် ကုဋ္ဌနူသည်အဖြစ် လူတောမတိုးတဲ့ ဒုက္ခသည်အဖြစ် အငတ်ငတ်အပျက်ပျက်နဲ့ တိရစ္ဆာန်အစာ ဖြစ်သွားရှာတယ်။

ဒါ့ကြောင့် ဝစီကံကြောင့်လည်း အပြစ်ဖြစ်တတ်တယ်၊
ဒေါသနဲ့ယှဉ်တဲ့ ကာယကံကြောင့်လည်း ဒုစရိုက်မှုတွေ ကျူးလွန်တတ်တယ်။
မိမိ၏ အပြောအဆို အလုပ်အကိုင်တွေကို မေတ္တာနဲ့ယှဉ်ပြီး လုပ်ကိုင်နိုင်ကြပါစေ။ ။
“ဒေါသော အတ္တံ နဇာနာတိ ၊ ဒေါသော ဓမ္မံ နပဿတိ”
ဒေါသ ဟာ အကျိုးကိုလည်း မသိဘူး ။
အကြောင်းကိုလည်း မမြင်ဘူး။
ဒေါသ က ဆင်ခြင်နိုင်တဲ့ စွမ်းရည်ကို
ဓားပြတိုက်ယူသွားတယ်။
(ဆရာတော်ဦးဇောတိက)
(ဒီနေ့ကထိန်အလှူမှာ
ဆရာတော်တပါးပြောသောအကြောင်းအရာကို
မှတ်မိသလောက် ပြန်ရေးသည်)

ဖိုးသူတော် (www.phothutaw.com)
Credit: အရှင်ပညာနန္ဒ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top