ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အသားအေရ ထိန္းသိမ္းမႈကို အေလးေပး လုပ္ေဆာင္တာက သဘာဝအလွကို  ပိုမိုၾကည့္ေကာင္းေအာင္ ပံ့ပိုးေပးရာ ေရာက္ပါတယ္။  အျပင္ထြက္ခါနီး မ်က္ႏွာကို ဘာမွ မလိမ္းျခယ္ခင္ မွဲ႔ေတြကို စစ္ေဆးတာကိုလုပ္ၿပီး အေရျပား အေျပာင္းအလဲကို ဆန္းစစ္ေပးတာ၊ ေနကာခရင္မ္ လိမ္းတာစတဲ့ ေကာင္းမြန္တဲ့ အသားအေရ ထိန္းသိမ္းနည္းေတြကို သိထားသင့္တဲ့အျပင္ သင့္အသားအေရနဲ႔ ပတ္သက္ၿပီး အံ့အားသင့္စရာေကာင္းတဲ့ အခ်က္ ေျခာက္ခ်က္ကိုလည္း သိထားသင့္ပါတယ္။

အေရျပားက အေျခခံက်န္းမာေရးကို သဲလြန္စေပးႏိုင္ပါတယ္
တစ္ခါတစ္ရံ အေရျပား အေျပာင္းအလဲဟာ အေျခခံက်န္းမာေရး အေျခအေနကို ျပသတဲ့ သတိေပး လကၡဏာတစ္ရပ္ ျဖစ္ႏိုင္ပါတယ္။ ဥပမာေျပာရရင္ သိုင္းရြိဳက္ဂလင္းက ထုတ္တဲ့ ေဟာ္မုန္းေတြဟာ အေရျပားနဲ႔ ဆံပင္ေတြကို ကာကြယ္ေပးတဲ့ သဘာဝအဆီေတြနဲ႔ တိုက္႐ိုက္ ဆက္ႏႊယ္မႈ ရွိပါတယ္။ ဒါေၾကာင့္ သိုင္းရြိဳက္ ေဟာ္မုန္းအထြက္မ်ားတဲ့ အေျခအေန (Hyperthyroidism) ဟာ အေရျပား အေပၚယံလႊာ (Epidermis) ကို ထူထဲေစၿပီး အေရျပားကို ေပ်ာ့ေပ်ာင္းေစႏိုင္ပါတယ္။ သိုင္းရြိဳက္ ေဟာ္မုန္းအထြက္နည္းတဲ့ အေျခအေန (Hypothyroidism) ျဖစ္ရင္ေတာ့ အေရျပား ေျခာက္ေသြ႕ေစႏိုင္ကာ လက္ဖဝါး၊ ေျခဖဝါးအေရျပားေတြ ထူထဲေနတတ္ပါတယ္။ အေရျပားဟာ တျခားက်န္းမာေရး အေျခအေနေတြကိုလည္း ျပသႏိုင္ပါေသးတယ္။ လည္ပင္းအေရျပား ညိဳမည္းၿပီး ထိေတြ႕မႈ အေျပာင္းအလဲျဖစ္တဲ့ Acanthosis nigricans ဟာ ဆီးခ်ဳိေသြးခ်ဳိေရာဂါနဲ႔ ဆက္စပ္မႈ ရွိေနႏိုင္ပါတယ္။

ဘယ္လို အသားအေရာင္ပဲ ရွိရွိ၊ အေရျပားေပၚမွာ တူညီတဲ့ ေရာင္ျခယ္ ပစၥည္းရွိပါတယ္
လူေတြ အားလံုးရဲ႕ အသားအေရေပၚမွာ မယ္လနင္ဆိုတဲ့ အေရာင္ျဖစ္ေစတဲ့ ေရာင္ျခယ္ပစၥည္း ရွိေနပါတယ္။ လူမ်ဳိး မတူတာေၾကာင့္ ေရာင္ျခယ္ပစၥည္း ပမာဏပဲ ကြဲျပားၿပီး အသားအေရာင္ မတူတာမ်ဳိး ျဖစ္ႏိုင္ပါတယ္။ မယ္လနင္ ျဖစ္ေစတဲ့ မယ္လႏိုဆိုက္ဆဲလ္ အေရအတြက္ကေတာ့ အတူတူပဲ ရွိေနတတ္ပါတယ္လို႔ အေရျပားအထူးကု အာႏိုးေအာ့ပန္က ဆိုပါတယ္။ ဒါေပမဲ့ မယ္လနင္ပါတဲ့ မယ္လႏိုဆုမ္း မတူတာေၾကာင့္ အေရျပားအေရာင္ အေျပာင္းအလဲ ျဖစ္ရတာပါ။

အသက္ ႀကီးလာတဲ့အခါ အေရျပားဆဲလ္ေတြက ေႏွးေကြးစြာ အသစ္လဲတယ္
ကေလးေတြက ပင္ကိုအားျဖင့္ ႏွင္းဆီေရာင္ အသားအေရကို ပိုင္ဆိုင္တယ္ဆိုတာ သိပါရဲ႕လား။ လူေတြရဲ႕ အသားအေရေတြက ဆဲလ္သစ္ေတြ ထြက္ၿပီး ဆဲလ္သစ္ေတြက အေရျပား မ်က္ႏွာျပင္ဆီ တျဖည္းျဖည္း ေရာက္ရွိကာ အသစ္လဲလွယ္ပါတယ္။ ငယ္ရြယ္တဲ့ လူေတြရဲ႕ အေရျပားမွာ ဆဲလ္သစ္ေတြ အသစ္ထြက္ႏႈန္း မ်ားပါတယ္။ ကေလးေတြမွာဆိုရင္ ႏွစ္ပတ္- သံုးပတ္ၾကာတိုင္း ဆဲလ္သစ္ေတြ လဲလွယ္တာေၾကာင့္ ေတာက္ပၾကည္လင္တဲ့ အသားအေရကို ရရွိေစတာပါ။ အသက္ႀကီးလာတဲ့အခါ အေရျပားဆဲလ္ အသစ္ျဖစ္ေပၚႏႈန္းက ေႏွးလာပါတယ္။

ဆဲလ္ေသေတြက အေရျပား မ်က္ႏွာျပင္ေပၚ စုပံုေနေလေလ ႏြမ္းနယ္ၿပီး ေရဓာတ္ခန္းေျခာက္ေနတဲ့ အသြင္ျဖစ္ေလေလပါပဲ။ ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္ ထိေတြ႕မႈေၾကာင့္ အေရျပားဆဲလ္ အသစ္လဲႏႈန္း ေႏွးသြားပါတယ္။ အေၾကာင္းကေတာ့ ခရမ္းလြန္ေရာင္ျခည္က ဆဲလ္ျဖစ္ပ်က္ႏႈန္းကို ေလ်ာ့က်ေစလို႔ပါ။ ဒါေၾကာင့္ အသက္ႀကီးခ်ိန္မွာ ဆဲလ္အသစ္လဲလွယ္ႏႈန္း အားေကာင္းေအာင္ ဗီတာမင္၊ ရက္တီးႏြိဳက္တို႔ပါတဲ့ အင္တီေအာက္ဆီးဒင့္ ခရင္မ္ကိုလိမ္းဖို႔နဲ႔ ေၾကးခၽြတ္သန္႔စင္ဖို႔ လိုအပ္ေၾကာင္း အေရျပား အထူးဆရာဝန္ ဖရန္စီစကာက ဆိုပါတယ္။

အေၾကာျပတ္ရာေတြကို အတိုင္းအတာ တစ္ခုအထိ ကာကြယ္ထားႏိုင္တယ္္္
ကိုယ္ န္ေဆာင္ရတာ၊ ကိုယ္အေလးခ်ိန္ အတက္အက် ျဖစ္တာနဲ႔ ဆယ္ေက်ာ္သက္ ႀကီးထြားႏႈန္း ျမန္တာေတြ အားလံုးက အေၾကာျပတ္ရာေတြကို ျဖစ္ေစတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ အေၾကာျပတ္ရာက ေပါင္၊ တင္ပါးနဲ႔ ဝမ္းဗိုက္တို႔မွာ အဓိက ျဖစ္တတ္ပါတယ္။ ေကာ္လာဂ်င္နဲ႔ အီလက္စတင္တို႔ အားနည္းတာေၾကာင့္ အေရာင္ေဖ်ာ့တဲ့ အေရျပားမွာ အနီနဲ႔ ခရမ္းေရာင္ အေၾကာျပတ္ရာေတြ ေပၚရတာပါ။ အေၾကာျပတ္ရာေတြ မျဖစ္အာင္ ရက္တီးႏြိဳက္ ခရင္မ္လိမ္းေပးပါ။ ဒါကဆဲလ္အသစ္ ျဖစ္ေပၚမႈနဲ႔ အေရျပား အသစ္ျဖစ္ေပၚမႈကို အားေပးပါတယ္။ အရင္က ျဖစ္ဖူးတဲ့ အေၾကာျပတ္ရာေတြ ေလ်ာ့ပါးေအာင္ ေလဆာနည္းနဲ႔ ကုသေပးႏိုင္ပါတယ္။

အေရျပားအဆီျပန္မႈဟာ အဲဒီေနရာမွာ ေပါက္တဲ့ အေမြးအမ်ဳိးအစားကို ၫႊန္ျပ ေပးႏိုင္ပါတယ္
အေရျပားနဲ႔ အေမြးအမွင္က ဆက္စပ္မႈ ရွိပါတယ္။ အဆီဂလင္းဟာ ဆံခ်ည္မွ်င္အိတ္ ေနရာမွာ ရွိတာေၾကာင့္ စိုျပည္ေစပါတယ္။ “ႀကီးမားတဲ့ အဆီဂလင္းေတြ ရွိတဲ့ေနရာမွ အဆီေတြပိုထြက္ေစၿပီး အေမြးေတြ က်ဲပါးေနတတ္ပါတယ္၊ အဆီဂလင္း ေသးငယ္တဲ့ေနရာမွ အဆီထြက္ႏႈန္း နည္းၿပီး အေမြးေတြ ထူထဲေနတတ္ပါတယ္” လို႔ အေရျပားအထူးကု ေဒါက္တာေအာ္ဖန္က ဆိုပါတယ္။ မ်က္ႏွာရဲ႕ အလယ္ေနရာ (T Zone) မွာ ေနရာမွာ အဆီျပန္တဲ့ အသားအေရရွိတာက အဲဒီေနရာမွာ ႀကီးမားတဲ့ အဆီဂလင္းရွိေနလို႔ပါ။ ဒါေၾကာင့္ မုတ္ဆိတ္နဲ႔ ပါးသိုင္းေမြးထူတဲ့ အမ်ဳိးသားေတြေတာင္ မ်က္ႏွာအလယ္ပိုင္းမွာ အေမြးမေပါက္ၾကပါဘူး။ အစြန္အဖ်ားေနရာေတြမွာ အေရျပား ေျခာက္ေသြ႕ေနတာက ေသးငယ္တဲ့ အဆီဂလင္း ရွိေနလို႔ပါ။

သက္ႀကီး အစက္အေျပာက္ေတြကို ေနေရာင္ေၾကာင့္ျဖစ္တဲ့ အစက္ေတြလို႔ ေခၚသင့္ပါတယ္
အသက္ႀကီးခ်ိန္မွာ ထြက္တဲ့ မ်က္ႏွာေပၚက အညိဳေရာင္အစက္ေတြဟာ ေနေရာင္ျခည္ဒဏ္ကို ႏွစ္ေပါင္းမ်ားစြာ ခံရတာေၾကာင့္ ျဖစ္ရတာပါ။ “သက္ႀကီး အစက္အေျပာက္ဆိုတာ ခရမ္းလြန္ေရာင္ျခည္ ထိေတြ႕မႈေၾကာင့္ ျဖစ္ရတဲ့ ထိခိုက္မႈတစ္ခုပါပဲ” လို႔ ေဒါက္တာဖူဆိုက ရွင္းျပပါတယ္။ ေရာင္ျခယ္ဆဲလ္ေတြက အေရျပား အေပၚယံလႊာမွာ စုပံုေနတာေၾကာင့္ အညိဳစက္ေတြ ေပၚလာရတာပါ။ သက္ႀကီး အစက္အေျပာက္ေတြ မျဖစ္ေအာင္ ကာကြယ္ဖို႔ နံနက္တိုင္း ေနေရာင္ကာ ခရင္မ္လိမ္းပါ။ ေနပူထဲမွာ ၾကာၾကာမေနသင့္ပါ။ “ သင္သံုးတဲ့ SPF က ၃၀ ဆိုရင္ ခရမ္းလြန္ေရာင္ျခည္ ေအေရာ ဘီကိုပါ ကာကြယ္ေပးႏိုင္ပါတယ္”လို႔ ေဒါက္တာဖူဆိုက အႀကံေပးထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ShweYawShu

# Unicode Version ျဖင့္ ဖတ္ပါ #
အသားအရေ ထိန်းသိမ်းမှုကို အလေးပေး လုပ်ဆောင်တာက သဘာဝအလှကို  ပိုမိုကြည့်ကောင်းအောင် ပံ့ပိုးပေးရာ ရောက်ပါတယ်။  အပြင်ထွက်ခါနီး မျက်နှာကို ဘာမှ မလိမ်းခြယ်ခင် မှဲ့တွေကို စစ်ဆေးတာကိုလုပ်ပြီး အရေပြား အပြောင်းအလဲကို ဆန်းစစ်ပေးတာ၊ နေကာခရင်မ် လိမ်းတာစတဲ့ ကောင်းမွန်တဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကို သိထားသင့်တဲ့အပြင် သင့်အသားအရေနဲ့ ပတ်သက်ပြီး အံ့အားသင့်စရာကောင်းတဲ့ အချက် ခြောက်ချက်ကိုလည်း သိထားသင့်ပါတယ်။

အရေပြားက အခြေခံကျန်းမာရေးကို သဲလွန်စပေးနိုင်ပါတယ်
တစ်ခါတစ်ရံ အရေပြား အပြောင်းအလဲဟာ အခြေခံကျန်းမာရေး အခြေအနေကို ပြသတဲ့ သတိပေး လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင် သိုင်းရွိုက်ဂလင်းက ထုတ်တဲ့ ဟော်မုန်းတွေဟာ အရေပြားနဲ့ ဆံပင်တွေကို ကာကွယ်ပေးတဲ့ သဘာဝအဆီတွေနဲ့ တိုက်ရိုက် ဆက်နွှယ်မှု ရှိပါတယ်။ ဒါကြောင့် သိုင်းရွိုက် ဟော်မုန်းအထွက်များတဲ့ အခြေအနေ (Hyperthyroidism) ဟာ အရေပြား အပေါ်ယံလွှာ (Epidermis) ကို ထူထဲစေပြီး အရေပြားကို ပျော့ပျောင်းစေနိုင်ပါတယ်။ သိုင်းရွိုက် ဟော်မုန်းအထွက်နည်းတဲ့ အခြေအနေ (Hypothyroidism) ဖြစ်ရင်တော့ အရေပြား ခြောက်သွေ့စေနိုင်ကာ လက်ဖဝါး၊ ခြေဖဝါးအရေပြားတွေ ထူထဲနေတတ်ပါတယ်။ အရေပြားဟာ တခြားကျန်းမာရေး အခြေအနေတွေကိုလည်း ပြသနိုင်ပါသေးတယ်။ လည်ပင်းအရေပြား ညိုမည်းပြီး ထိတွေ့မှု အပြောင်းအလဲဖြစ်တဲ့ Acanthosis nigricans ဟာ ဆီးချိုသွေးချိုရောဂါနဲ့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။

ဘယ်လို အသားအရောင်ပဲ ရှိရှိ၊ အရေပြားပေါ်မှာ တူညီတဲ့ ရောင်ခြယ် ပစ္စည်းရှိပါတယ်
လူတွေ အားလုံးရဲ့ အသားအရေပေါ်မှာ မယ်လနင်ဆိုတဲ့ အရောင်ဖြစ်စေတဲ့ ရောင်ခြယ်ပစ္စည်း ရှိနေပါတယ်။ လူမျိုး မတူတာကြောင့် ရောင်ခြယ်ပစ္စည်း ပမာဏပဲ ကွဲပြားပြီး အသားအရောင် မတူတာမျိုး ဖြစ်နိုင်ပါတယ်။ မယ်လနင် ဖြစ်စေတဲ့ မယ်လနိုဆိုက်ဆဲလ် အရေအတွက်ကတော့ အတူတူပဲ ရှိနေတတ်ပါတယ်လို့ အရေပြားအထူးကု အာနိုးအော့ပန်က ဆိုပါတယ်။ ဒါပေမဲ့ မယ်လနင်ပါတဲ့ မယ်လနိုဆုမ်း မတူတာကြောင့် အရေပြားအရောင် အပြောင်းအလဲ ဖြစ်ရတာပါ။

အသက် ကြီးလာတဲ့အခါ အရေပြားဆဲလ်တွေက နှေးကွေးစွာ အသစ်လဲတယ်
ကလေးတွေက ပင်ကိုအားဖြင့် နှင်းဆီရောင် အသားအရေကို ပိုင်ဆိုင်တယ်ဆိုတာ သိပါရဲ့လား။ လူတွေရဲ့ အသားအရေတွေက ဆဲလ်သစ်တွေ ထွက်ပြီး ဆဲလ်သစ်တွေက အရေပြား မျက်နှာပြင်ဆီ တဖြည်းဖြည်း ရောက်ရှိကာ အသစ်လဲလှယ်ပါတယ်။ ငယ်ရွယ်တဲ့ လူတွေရဲ့ အရေပြားမှာ ဆဲလ်သစ်တွေ အသစ်ထွက်နှုန်း များပါတယ်။ ကလေးတွေမှာဆိုရင် နှစ်ပတ်- သုံးပတ်ကြာတိုင်း ဆဲလ်သစ်တွေ လဲလှယ်တာကြောင့် တောက်ပကြည်လင်တဲ့ အသားအရေကို ရရှိစေတာပါ။ အသက်ကြီးလာတဲ့အခါ အရေပြားဆဲလ် အသစ်ဖြစ်ပေါ်နှုန်းက နှေးလာပါတယ်။

ဆဲလ်သေတွေက အရေပြား မျက်နှာပြင်ပေါ် စုပုံနေလေလေ နွမ်းနယ်ပြီး ရေဓာတ်ခန်းခြောက်နေတဲ့ အသွင်ဖြစ်လေလေပါပဲ။ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့မှုကြောင့် အရေပြားဆဲလ် အသစ်လဲနှုန်း နှေးသွားပါတယ်။ အကြောင်းကတော့ ခရမ်းလွန်ရောင်ခြည်က ဆဲလ်ဖြစ်ပျက်နှုန်းကို လျော့ကျစေလို့ပါ။ ဒါကြောင့် အသက်ကြီးချိန်မှာ ဆဲလ်အသစ်လဲလှယ်နှုန်း အားကောင်းအောင် ဗီတာမင်၊ ရက်တီးနွိုက်တို့ပါတဲ့ အင်တီအောက်ဆီးဒင့် ခရင်မ်ကိုလိမ်းဖို့နဲ့ ကြေးချွတ်သန့်စင်ဖို့ လိုအပ်ကြောင်း အရေပြား အထူးဆရာဝန် ဖရန်စီစကာက ဆိုပါတယ်။

အကြောပြတ်ရာတွေကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ထားနိုင်တယ်
ကိုယ် န်ဆောင်ရတာ၊ ကိုယ်အလေးချိန် အတက်အကျ ဖြစ်တာနဲ့ ဆယ်ကျော်သက် ကြီးထွားနှုန်း မြန်တာတွေ အားလုံးက အကြောပြတ်ရာတွေကို ဖြစ်စေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အကြောပြတ်ရာက ပေါင်၊ တင်ပါးနဲ့ ဝမ်းဗိုက်တို့မှာ အဓိက ဖြစ်တတ်ပါတယ်။ ကော်လာဂျင်နဲ့ အီလက်စတင်တို့ အားနည်းတာကြောင့် အရောင်ဖျော့တဲ့ အရေပြားမှာ အနီနဲ့ ခရမ်းရောင် အကြောပြတ်ရာတွေ ပေါ်ရတာပါ။ အကြောပြတ်ရာတွေ မဖြစ်အာင် ရက်တီးနွိုက် ခရင်မ်လိမ်းပေးပါ။ ဒါကဆဲလ်အသစ် ဖြစ်ပေါ်မှုနဲ့ အရေပြား အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ အရင်က ဖြစ်ဖူးတဲ့ အကြောပြတ်ရာတွေ လျော့ပါးအောင် လေဆာနည်းနဲ့ ကုသပေးနိုင်ပါတယ်။

အရေပြားအဆီပြန်မှုဟာ အဲဒီနေရာမှာ ပေါက်တဲ့ အမွေးအမျိုးအစားကို ညွှန်ပြ ပေးနိုင်ပါတယ်
အရေပြားနဲ့ အမွေးအမှင်က ဆက်စပ်မှု ရှိပါတယ်။ အဆီဂလင်းဟာ ဆံချည်မျှင်အိတ် နေရာမှာ ရှိတာကြောင့် စိုပြည်စေပါတယ်။ “ကြီးမားတဲ့ အဆီဂလင်းတွေ ရှိတဲ့နေရာမှ အဆီတွေပိုထွက်စေပြီး အမွေးတွေ ကျဲပါးနေတတ်ပါတယ်၊ အဆီဂလင်း သေးငယ်တဲ့နေရာမှ အဆီထွက်နှုန်း နည်းပြီး အမွေးတွေ ထူထဲနေတတ်ပါတယ်” လို့ အရေပြားအထူးကု ဒေါက်တာအော်ဖန်က ဆိုပါတယ်။ မျက်နှာရဲ့ အလယ်နေရာ (T Zone) မှာ နေရာမှာ အဆီပြန်တဲ့ အသားအရေရှိတာက အဲဒီနေရာမှာ ကြီးမားတဲ့ အဆီဂလင်းရှိနေလို့ပါ။ ဒါကြောင့် မုတ်ဆိတ်နဲ့ ပါးသိုင်းမွေးထူတဲ့ အမျိုးသားတွေတောင် မျက်နှာအလယ်ပိုင်းမှာ အမွေးမပေါက်ကြပါဘူး။ အစွန်အဖျားနေရာတွေမှာ အရေပြား ခြောက်သွေ့နေတာက သေးငယ်တဲ့ အဆီဂလင်း ရှိနေလို့ပါ။

သက်ကြီး အစက်အပြောက်တွေကို နေရောင်ကြောင့်ဖြစ်တဲ့ အစက်တွေလို့ ခေါ်သင့်ပါတယ်
အသက်ကြီးချိန်မှာ ထွက်တဲ့ မျက်နှာပေါ်က အညိုရောင်အစက်တွေဟာ နေရောင်ခြည်ဒဏ်ကို နှစ်ပေါင်းများစွာ ခံရတာကြောင့် ဖြစ်ရတာပါ။ “သက်ကြီး အစက်အပြောက်ဆိုတာ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် ဖြစ်ရတဲ့ ထိခိုက်မှုတစ်ခုပါပဲ” လို့ ဒေါက်တာဖူဆိုက ရှင်းပြပါတယ်။ ရောင်ခြယ်ဆဲလ်တွေက အရေပြား အပေါ်ယံလွှာမှာ စုပုံနေတာကြောင့် အညိုစက်တွေ ပေါ်လာရတာပါ။ သက်ကြီး အစက်အပြောက်တွေ မဖြစ်အောင် ကာကွယ်ဖို့ နံနက်တိုင်း နေရောင်ကာ ခရင်မ်လိမ်းပါ။ နေပူထဲမှာ ကြာကြာမနေသင့်ပါ။ “ သင်သုံးတဲ့ SPF က ၃၀ ဆိုရင် ခရမ်းလွန်ရောင်ခြည် အေရော ဘီကိုပါ ကာကွယ်ပေးနိုင်ပါတယ်”လို့ ဒေါက်တာဖူဆိုက အကြံပေးထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ShweYawShu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top