Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

"မ်က္စိေမွးၿပီး ၾကည့္ျခင္းက ဘာေၾကာင့္ အျမင္အာ႐ံု ပိုေကာင္းေစတာလဲ"

တစ္စံုတစ္ရာကို ၾကည့္႐ႈရာတြင္ မျမင္ရသလို အခက္ႀကံဳလာပါက မ်က္စိကို ေမွးၾကည့္ျခင္းျဖင့္ ပိုမုိ ျမင္သာသြားေလ့ရွိသည္။ အေျဖမွာ မ်က္လံုး၏ ပံုပန္းသြင္ျပင္ကုိ အနည္းငယ္ ေျပာင္းလဲပစ္လိုက္ျခင္းျဖင့္ အလင္းေရာင္ ၀င္ေရာက္မႈကို လိုသလို ထိန္းခ်ဳပ္ႏုိင္သြားကာ အရာ၀တၳဳမ်ားကို ပိုမိုရွင္းလင္းစြာ ျမင္ႏိုင္လာျခင္း ျဖစ္ေၾကာင္း သိရသည္။

အရာ၀တၳဳေတြကို ၾကည့္ျမင္ႏိုင္ျခင္းသည္ အလင္းေရာင္ေၾကာင့္ ျဖစ္သည္။ မ်က္လံုးမွ တစ္စံုတစ္ရာကို ၾကည့္႐ႈလိုက္ခ်ိန္တြင္ အလင္းေရာင္က သူငယ္အိမ္ကို ၀င္ေရာက္ၿပီး မ်က္ၾကည္လႊာအတြင္းရွိ ပံုဖမ္းဆဲလ္မ်ားမွ ပံုရိပ္ကို ဖန္တီးေပးလိုက္ ျခင္းျဖစ္သည္။ ထို႔ေနာက္ ဦးေႏွာက္အတြင္းရွိ အျမင္အာ႐ံုေၾကာမ်ား ဆီသို႔ သတင္းပို႔ ေဆာင္ေပးသည္။

မ်က္ၾကည္လႊာ အတြင္းတြင္ ရွိေသာ ဖိုဖီးယားဟုေခၚသည့္ ကေတာ့ပံု ဗဟိုခ်ိဳင့္ေလးသည္ စူးရွ ျပတ္သားသည့္ အျမင္အားကို ေပးသည္။ လူသားမ်ား အသက္အရြယ္ရလာပါက မ်က္လံုးစနစ္သည္ အလင္းေရာင္ကို စနစ္တက် စီမံခန္႔ခြဲႏုိင္စြမ္း က်ဆင္းသျဖင္႔ အျမင္အာ႐ံုမ်ားလည္း ေ၀၀ါးလာရျခင္းျဖစ္သည္။ အလင္းေရာင္သည္ မ်က္လံုးအတြင္းသို႔ ဘက္ေပါင္းစံုမွ ၀င္ေရာက္သည္ျဖစ္ရာ အသက္ႀကီးလာ၍ မ်က္လံုး အလုပ္လုပ္ႏုိင္စြမ္း က်ဆင္းလာေသာအခါ အလင္းေရာင္အမ်ဳိးမ်ဳိးကို မ်က္လံုးစနစ္က ဖိုဗီးယားေပၚသို႔ စုၿပံဳစိုက္ဆင္းေအာင္ လုပ္ေပးႏုိင္မႈ အားနည္းလာသျဖင္႔ အလင္းမ်ား လွ်ံထြက္ကာ အျမင္ ေ၀၀ါးကုန္ျခင္းျဖစ္သည္။

ထိုအခါ မ်က္ေမွာင္ၾကဳတ္၊ မ်က္စိေမွးကာ ၾကည့္လိုက္ျခင္းျဖင္႔ မ်က္လံုးထဲ၀င္သည့္ အလင္းေရာင္ပမာဏကို ကန္႔သတ္လိုက္ႏိုင္ရာ အနည္းငယ္ေသာ အလင္းေရာင္ကို မ်က္လံုးက ေကာင္းစြာ စီမံခန္႔ခြဲလိုက္ႏုိင္သျဖင္႔ ၾကည့္လိုသည့္ အရာကို ျပတ္သားစြာ ျမင္ရျခင္း ျဖစ္သည္။ အထက္ပါ ျဖစ္စဥ္ အျပည့္အစံုကို ယူက်ဳ ၀က္ဘ္ဆိုက္ရွိ Mental Floss ဗဟုသုတစာမ်က္ႏွာတြင္ အေမရိကန္ ရွီကာဂို အေျခစိုက္ ဘေလာ့ဂါတစ္ဦး ျဖစ္ေသာ ခရစ္ဘန္ဇိုင္းက ဗီဒီယိုဖိုင္ တင္ကာ ရွင္းျပထားျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lutawlupyaw
#Unicode Version#
"မျက်စိမှေးပြီး ကြည့်ခြင်းက ဘာကြောင့် အမြင်အာရုံ ပိုကောင်းစေတာလဲ"

တစ်စုံတစ်ရာကို ကြည့်ရှုရာတွင် မမြင်ရသလို အခက်ကြုံလာပါက မျက်စိကို မှေးကြည့်ခြင်းဖြင့် ပိုမို မြင်သာသွားလေ့ရှိသည်။ အဖြေမှာ မျက်လုံး၏ ပုံပန်းသွင်ပြင်ကို အနည်းငယ် ပြောင်းလဲပစ်လိုက်ခြင်းဖြင့် အလင်းရောင် ဝင်ရောက်မှုကို လိုသလို ထိန်းချုပ်နိုင်သွားကာ အရာဝတ္ထုများကို ပိုမိုရှင်းလင်းစွာ မြင်နိုင်လာခြင်း ဖြစ်ကြောင်း သိရသည်။

အရာဝတ္ထုတွေကို ကြည့်မြင်နိုင်ခြင်းသည် အလင်းရောင်ကြောင့် ဖြစ်သည်။ မျက်လုံးမှ တစ်စုံတစ်ရာကို ကြည့်ရှုလိုက်ချိန်တွင် အလင်းရောင်က သူငယ်အိမ်ကို ဝင်ရောက်ပြီး မျက်ကြည်လွှာအတွင်းရှိ ပုံဖမ်းဆဲလ်များမှ ပုံရိပ်ကို ဖန်တီးပေးလိုက် ခြင်းဖြစ်သည်။ ထို့နောက် ဦးနှောက်အတွင်းရှိ အမြင်အာရုံကြောများ ဆီသို့ သတင်းပို့ ဆောင်ပေးသည်။

မျက်ကြည်လွှာ အတွင်းတွင် ရှိသော ဖိုဖီးယားဟုခေါ်သည့် ကတော့ပုံ ဗဟိုချိုင့်လေးသည် စူးရှ ပြတ်သားသည့် အမြင်အားကို ပေးသည်။ လူသားများ အသက်အရွယ်ရလာပါက မျက်လုံးစနစ်သည် အလင်းရောင်ကို စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်း ကျဆင်းသဖြင့် အမြင်အာရုံများလည်း ေ၀ဝါးလာရခြင်းဖြစ်သည်။ အလင်းရောင်သည် မျက်လုံးအတွင်းသို့ ဘက်ပေါင်းစုံမှ ဝင်ရောက်သည်ဖြစ်ရာ အသက်ကြီးလာ၍ မျက်လုံး အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာသောအခါ အလင်းရောင်အမျိုးမျိုးကို မျက်လုံးစနစ်က ဖိုဗီးယားပေါ်သို့ စုပြုံစိုက်ဆင်းအောင် လုပ်ပေးနိုင်မှု အားနည်းလာသဖြင့် အလင်းများ လျှံထွက်ကာ အမြင် ေ၀ဝါးကုန်ခြင်းဖြစ်သည်။

ထိုအခါ မျက်မှောင်ကြုတ်၊ မျက်စိမှေးကာ ကြည့်လိုက်ခြင်းဖြင့် မျက်လုံးထဲဝင်သည့် အလင်းရောင်ပမာဏကို ကန့်သတ်လိုက်နိုင်ရာ အနည်းငယ်သော အလင်းရောင်ကို မျက်လုံးက ကောင်းစွာ စီမံခန့်ခွဲလိုက်နိုင်သဖြင့် ကြည့်လိုသည့် အရာကို ပြတ်သားစွာ မြင်ရခြင်း ဖြစ်သည်။ အထက်ပါ ဖြစ်စဉ် အပြည့်အစုံကို ယူကျု ဝက်ဘ်ဆိုက်ရှိ Mental Floss ဗဟုသုတစာမျက်နှာတွင် အမေရိကန် ရှီကာဂို အခြေစိုက် ဘလော့ဂါတစ်ဦး ဖြစ်သော ခရစ်ဘန်ဇိုင်းက ဗီဒီယိုဖိုင် တင်ကာ ရှင်းပြထားခြင်း ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Lutawlupyaw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top