ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေလာ့စ္အိန္ဂ်လိစ္ႏိုင္ငံတကာေလဆိပ္က အစားအေသာက္ဝန္ေဆာင္မႈလုပ္ငန္း Gate Gourmet ရဲ႕ မီးဖိုေခ်ာင္မွာ အစာအဆိပ္သင့္ေစတဲ့ လစ္တီးရီးယားပိုးေတြကို ေတြ႕ရွိခဲ့တာေၾကာင့္ ဒယ္လ္တာအဲလိုင္းနဲ႔ ဗာဂ်င္းၾသစေၾတးလ်ားတို႔က ပူပူေႏြးေႏြးအစားအစားေတြမွာယူူမႈ ရပ္ဆိုင္းလိုက္ပါတယ္။ ဗာဂ်င္းၾသစေၾတးလ်ား ေလေၾကာင္းလိုင္းက တျခားေလယာဥ္ေပၚအစားအေသာက္ဝန္ေဆာင္မႈေပးမယ့္လုပ္ငန္း ေတြကို ရွာေဖြေနျပီး မေပးႏိုင္ခင္စပ္ၾကားမွာ ေလယာဥ္မပ်ံသန္းခင္ အစားအေသာက္မွာယူစားေသာက္ႏိုင္တဲ့ ကူပြန္ေတြ ေပးေနတယ္လို႕ေျပာပါတယ္။

ဒယ္လ္တာကေတာ့ အျခားလက္ဇ္ဂိတ္ေဂါမက္စက္ရုံကထုတ္လုပ္တဲ့ ေထာပတ္နဲ႔ သစ္သီးေပါင္မုန္႕ေတြ၊ ထုတ္ပိုးအစားအစာေတြနဲ႔ အစားအေေသာက္ဝန္ေဆာင္မႈေပးေနတယ္လို႔ေျပာပါတယ္။ ပူပူေႏြးေႏြးအစားအစာေတြကို ကယ္လီဖိုးနီးယားက ဂိတ္ေဂါမက္စက္ရုံကေနထုတ္လုပ္တာျဖစ္ပါတယ္။ အဂါၤေန႔မွာေတာ့ ဒယ္လ္တာအဲလိုင္းက ေျပာေရးဆိုခြင့္ရွိသူက အစားအေသာက္ရဲ႕က်န္းမာေရးညီညႊတ္မႈကို ဂိတ္ေဂါမက္အေနနဲ႔ တုိးျမွင့္လုပ္ေဆာင္ႏုိင္ဖို႔အတြက္ သည္ေလေၾကာင္းလိုင္းဟာ အျခားအစားအေသာက္ဝန္ေဆာင္မႈလုပ္ငန္းကို ယာယီေျပာင္းမွာမယ္လို႔ေျပာပါတယ္။

အေမရိကန္အဲလိုင္းစ္ကေတာ့ ျပီးခဲ့တဲ့ႏွစ္ပတ္ကတည္းက ဂိတ္ေဂါမက္ကေန အစားအေသာက္မွာယူမႈကို ရပ္ဆိုင္းခဲ့ပါတယ္။ဂိတ္ေဂါမက္က ေျပာေရးဆုိခြင့္ရွိသူကတ္သရင္းႏူဂ်င္ကေတာ့ အစားအေသာက္ထုတ္လုပ္တဲ့ေနရာမွာ လစ္တီးရီးယားပိုးကို မေတြ႕ေၾကာင္း၊ ကုမၸဏီကထုတ္လုပ္တဲ့ အစားအေသာက္အားလုံးဟာ ျပည္နယ္နဲ႔ ျပည္ေထာင္စုအဆင့္ အစားအေသာက္လုံျခဳံေရးစည္းမ်ဥ္းနဲ႔အညီထုတ္လုပ္ထားေၾကာင္းေျပာပါတယ္။ ျပည္ေထာင္စုအစိုးရကေတာ့ ႏွစ္စဥ္ လစ္တီးရီးယားပိုးေၾကာင့္ လူ ေထာင့္ေျခာက္ရာခန္႔ေသဆုံးလ်က္ရွိေၾကာင္း ေရာဂါပိုးကူးစက္ခံရသူ ကို္ယ္ဝန္ေဆာင္ေတြ ကိုယ္ဝန္ပ်က္က်ႏိုင္ျပီး ကေလးအေသေမြးႏိုင္ေၾကာင္း ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
လော့စ်အိန်ဂျလိစ်နိုင်ငံတကာလေဆိပ်က အစားအသောက်ဝန်ဆောင်မှုလုပ်ငန်း Gate Gourmet ရဲ့ မီးဖိုချောင်မှာ အစာအဆိပ်သင့်စေတဲ့ လစ်တီးရီးယားပိုးတွေကို တွေ့ရှိခဲ့တာကြောင့် ဒယ်လ်တာအဲလိုင်းနဲ့ ဗာဂျင်းသြစတြေးလျားတို့က ပူပူနွေးနွေးအစားအစားတွေမှာယူူမှု ရပ်ဆိုင်းလိုက်ပါတယ်။ ဗာဂျင်းသြစတြေးလျား လေကြောင်းလိုင်းက တခြားလေယာဉ်ပေါ်အစားအသောက်ဝန်ဆောင်မှုပေးမယ့်လုပ်ငန်း တွေကို ရှာဖွေနေပြီး မပေးနိုင်ခင်စပ်ကြားမှာ လေယာဉ်မပျံသန်းခင် အစားအသောက်မှာယူစားသောက်နိုင်တဲ့ ကူပွန်တွေ ပေးနေတယ်လို့ပြောပါတယ်။

ဒယ်လ်တာကတော့ အခြားလက်ဇ်ဂိတ်ဂေါမက်စက်ရုံကထုတ်လုပ်တဲ့ ထောပတ်နဲ့ သစ်သီးပေါင်မုန့်တွေ၊ ထုတ်ပိုးအစားအစာတွေနဲ့ အစားအေသောက်ဝန်ဆောင်မှုပေးနေတယ်လို့ပြောပါတယ်။ ပူပူနွေးနွေးအစားအစာတွေကို ကယ်လီဖိုးနီးယားက ဂိတ်ဂေါမက်စက်ရုံကနေထုတ်လုပ်တာဖြစ်ပါတယ်။ အဂါၤနေ့မှာတော့ ဒယ်လ်တာအဲလိုင်းက ပြောရေးဆိုခွင့်ရှိသူက အစားအသောက်ရဲ့ကျန်းမာရေးညီညွှတ်မှုကို ဂိတ်ဂေါမက်အနေနဲ့ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့အတွက် သည်လေကြောင်းလိုင်းဟာ အခြားအစားအသောက်ဝန်ဆောင်မှုလုပ်ငန်းကို ယာယီပြောင်းမှာမယ်လို့ပြောပါတယ်။

အမေရိကန်အဲလိုင်းစ်ကတော့ ပြီးခဲ့တဲ့နှစ်ပတ်ကတည်းက ဂိတ်ဂေါမက်ကနေ အစားအသောက်မှာယူမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ဂိတ်ဂေါမက်က ပြောရေးဆိုခွင့်ရှိသူကတ်သရင်းနူဂျင်ကတော့ အစားအသောက်ထုတ်လုပ်တဲ့နေရာမှာ လစ်တီးရီးယားပိုးကို မတွေ့ကြောင်း၊ ကုမ္ပဏီကထုတ်လုပ်တဲ့ အစားအသောက်အားလုံးဟာ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် အစားအသောက်လုံခြုံရေးစည်းမျဉ်းနဲ့အညီထုတ်လုပ်ထားကြောင်းပြောပါတယ်။ ပြည်ထောင်စုအစိုးရကတော့ နှစ်စဉ် လစ်တီးရီးယားပိုးကြောင့် လူ ထောင့်ခြောက်ရာခန့်သေဆုံးလျက်ရှိကြောင်း ရောဂါပိုးကူးစက်ခံရသူ ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ပျက်ကျနိုင်ပြီး ကလေးအသေမွေးနိုင်ကြောင်း ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top