ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အ၀တ္ဗီဒိုထဲမွာ မိႈေတြရွိေနတာက ေတာ္ရုံနဲ႔မသိႏုိင္ပါဘူး။ အက်ၤီေတြ အ၀တ္အစားေတြနဲ႔ ဖံုးေနတာေၾကာင့္ ကိုယ္သတိထားမိလိုက္တဲ့အခ်ိန္မွာေတာ့ မိႈေတြက အမ်ားႀကီး ျဖစ္ေနေလာက္ပါၿပီ။

ဒါဆိုရင္ မိႈေတြနဲ႔အက်ၤီေတြနဲ႔ ထိေတြ႔ၿပီး ၾကာလာရင္ အေရျပား ယားယံလာတာေတြ ျဖစ္လာတတ္ပါတယ္။

သာမန္အားျဖင့္ အ၀တ္ကို ေရစြတ္ၿပီး မႈိေတြကို သုတ္လိုက္ရင္ အလြယ္တကူဖယ္ရွားႏိုင္တယ္လုိ႔ထင္ေပမယ့္ မႈိေတြ ထြက္လာရင္ ဗီဒီုသားမွာ ကပ္ေနတဲ့ အေပါက္ေလးေတြထဲအထိ မဖယ္ရွားႏိုင္ရင္ေတာ့ ျပန္ထြက္ေနဦးမွာပါဘဲ။

ဒါေၾကာင့္ ဗီဒုိကိုလည္း မထိခိုက္ေအာင္ ဗီဒို သားမွာကပ္ေနတဲ့ မိႈအေပါက္ေလးေတြအထိ သန္႔ရွင္းႏိုင္တဲ့ နည္းလမ္းေလးေတြကို ေ၀မွ်ခ်င္ပါတယ္။

 အ၀တ္ဗီဒိုထဲက မႈိေတြကို ဘယ္လို ဖယ္ရွားမလဲ

အျဖဴေရာင္ ရွာလကာရည္ကို အသံုးျပဳရပါမယ္။ အရင္ဆံုးကိုယ့္ ဗီဒိုသားက အျဖဴေရာင္ရွာလကာရည္နဲ႔ တည့္မတည့္ကိုေတာ့ အ၀တ္ထဲမွာ အနည္းစြတ္ၿပီး ဗီဒိုကို နည္းနည္းတိုက္ၾကည့္ပါ။ အဆင္ေျပရင္ ရွာလကာရည္ နဲ႔ ေရကို တစ္၀က္စီ ဆတူေရာၿပီး မႈိရွိတဲ့ေနရာေတြကို အ၀တ္မွာ စြတ္ၿပီး တိုက္ပါ။

ျပီးရင္ အေပါက္ေလးေတြထဲမွာရွိတဲ့ မႈိေတြကို ဖယ္ရွားဖို႔ ေနာက္ထပ္ ေျခာက္ေသြ႔တဲ့ အ၀တ္စနဲ႔ ရွာလကာရည္ခ်ည္းဘဲ စြတ္ၿပီး ထပ္တိုက္ပါ။ ၿပီးရင္ ေျခာက္ေသြ႔ေအာင္ ထားလိုက္ပါ။

ျပီးရင္ ဗီဒိုမ်က္ႏွာျပင္ကို ေရခဲေရ နဲ႔ေဆးၿပီး ေျခာက္ေသြ႔တဲ့ အ၀တ္နဲ႔ျပန္သုတ္ပါ။ ဒါဆိုရင္ မိႈေတြ လံုး၀ ကင္းစင္သြားပါလိမ့္မယ္။

ေနာက္ထပ္ မႈိေတြ ထပ္မကပ္ေအာင္ ဘယ္လိုကာကြယ္မလဲ

ဗီဒိုအစိုုျပန္တာ ကာကြယ္ဖို႔ နံရံနဲ႔ စင္တီမီတာ အနည္းငယ္ ခြာထားပါ။

စိုစြတ္တဲ့ အ၀တ္ေတြကို ဗီဒိုထဲမွာ မခ်ိတ္ထားပါနဲ႔။ ဒါက မႈိေတြကို ျပန္ျဖစ္လြယ္ပါတယ္။

ဗီဒိုကို အ၀တ္အစားေတြနဲ႔ ျပည့္ညွပ္ေအာင္ မထားပါနဲ႔။ အကယ္၍ အ၀တ္အစားေတြ ျပည့္ညွပ္ေနရင္ မိႈက အလြယ္တကူ ပ်ံ႕ႏွံ႕ လြယ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyFood
#Unicode Version#
အဝတ်ဗီဒိုထဲမှာ မှိုတွေရှိနေတာက တော်ရုံနဲ့မသိနိုင်ပါဘူး။ အင်္ကျီတွေ အဝတ်အစားတွေနဲ့ ဖုံးနေတာကြောင့် ကိုယ်သတိထားမိလိုက်တဲ့အချိန်မှာတော့ မှိုတွေက အများကြီး ဖြစ်နေလောက်ပါပြီ။

ဒါဆိုရင် မှိုတွေနဲ့အင်္ကျီတွေနဲ့ ထိတွေ့ပြီး ကြာလာရင် အရေပြား ယားယံလာတာတွေ ဖြစ်လာတတ်ပါတယ်။

သာမန်အားဖြင့် အဝတ်ကို ရေစွတ်ပြီး မှိုတွေကို သုတ်လိုက်ရင် အလွယ်တကူဖယ်ရှားနိုင်တယ်လို့ထင်ပေမယ့် မှိုတွေ ထွက်လာရင် ဗီဒီုသားမှာ ကပ်နေတဲ့ အပေါက်လေးတွေထဲအထိ မဖယ်ရှားနိုင်ရင်တော့ ပြန်ထွက်နေဦးမှာပါဘဲ။

ဒါကြောင့် ဗီဒိုကိုလည်း မထိခိုက်အောင် ဗီဒို သားမှာကပ်နေတဲ့ မှိုအပေါက်လေးတွေအထိ သန့်ရှင်းနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

 အဝတ်ဗီဒိုထဲက မှိုတွေကို ဘယ်လို ဖယ်ရှားမလဲ

အဖြူရောင် ရှာလကာရည်ကို အသုံးပြုရပါမယ်။ အရင်ဆုံးကိုယ့် ဗီဒိုသားက အဖြူရောင်ရှာလကာရည်နဲ့ တည့်မတည့်ကိုတော့ အဝတ်ထဲမှာ အနည်းစွတ်ပြီး ဗီဒိုကို နည်းနည်းတိုက်ကြည့်ပါ။ အဆင်ပြေရင် ရှာလကာရည် နဲ့ ရေကို တစ်ဝက်စီ ဆတူရောပြီး မှိုရှိတဲ့နေရာတွေကို အဝတ်မှာ စွတ်ပြီး တိုက်ပါ။

ပြီးရင် အပေါက်လေးတွေထဲမှာရှိတဲ့ မှိုတွေကို ဖယ်ရှားဖို့ နောက်ထပ် ခြောက်သွေ့တဲ့ အဝတ်စနဲ့ ရှာလကာရည်ချည်းဘဲ စွတ်ပြီး ထပ်တိုက်ပါ။ ပြီးရင် ခြောက်သွေ့အောင် ထားလိုက်ပါ။

ပြီးရင် ဗီဒိုမျက်နှာပြင်ကို ရေခဲရေ နဲ့ဆေးပြီး ခြောက်သွေ့တဲ့ အဝတ်နဲ့ပြန်သုတ်ပါ။ ဒါဆိုရင် မှိုတွေ လုံး၀ ကင်းစင်သွားပါလိမ့်မယ်။

နောက်ထပ် မှိုတွေ ထပ်မကပ်အောင် ဘယ်လိုကာကွယ်မလဲ

ဗီဒိုအစိုုပြန်တာ ကာကွယ်ဖို့ နံရံနဲ့ စင်တီမီတာ အနည်းငယ် ခွာထားပါ။

စိုစွတ်တဲ့ အဝတ်တွေကို ဗီဒိုထဲမှာ မချိတ်ထားပါနဲ့။ ဒါက မှိုတွေကို ပြန်ဖြစ်လွယ်ပါတယ်။

ဗီဒိုကို အဝတ်အစားတွေနဲ့ ပြည့်ညှပ်အောင် မထားပါနဲ့။ အကယ်၍ အဝတ်အစားတွေ ပြည့်ညှပ်နေရင် မှိုက အလွယ်တကူ ပျံ့နှံ့ လွယ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyFood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top