Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အိႏိၵယအစုိးရ၏ ပဲတင္ သြင္းမႈကန္႔သတ္ထားသည့္ မူ၀ါဒ ေၾကာင့္ ေဆာင္းရာသ၌ မတ္ပဲ စိုက္ပ်ဳိးမည့္ ေတာင္သူလယ္သ မားမ်ား အျခားသီးႏံွမ်ား ေျပာင္း လဲစိုက္ပ်ဳိးရန္ ျမန္မာႏုိင္ငံ ပဲမ်ဳိး စုံႏွင့္ ႏွမ္းကုန္သည္အသင္းက ႏုိ၀င္ဘာ ၇ ရက္တြင္ အႀကံျပဳစာ ထုတ္ျပန္သည္။

အိႏိၵယအစိုးရက ၎၏ႏုိင္ငံ သား ေတာင္သူလယ္သမားမ်ား  အက်ဳိးစီးပြားကုိ ကာကြယ္ရန္ ၂၀၁၈ မတ္လ ၃၁ ရက္အထိ ျပည္ပမွ ပဲတင္သြင္းမႈ ကန္႔သတ္ခဲ့သည္။

အိႏိၵယႏုိင္ငံတြင္ လက္ရွိအ ခ်ိန္အထိ ပဲမ်ဳိးစုံသိုေလွာင္ထားမႈပမာဏတန္ခ်ိန္ ရွစ္သန္းခန္႔ရွိေနၿပီး လိုအပ္ခ်က္နည္းေနျခင္း ေၾကာင့္ အိႏိၵယအစိုးရက ျပည္ပ မွ ပဲတင္သြင္းမႈကို ျပန္လည္ခြင့္ျပဳ ႏုိင္ေျခနည္းေၾကာင္း ျမန္မာႏုိင္ငံ ပဲမ်ဳိးစုံႏွင့္ ႏွမ္းကုန္သည္အသင္း အတြင္းေရးမွဴး  ဦးမင္းကိုဦးက ေျပာသည္။

အစိုးရအခ်င္းခ်င္း သေဘာ တူညီမႈျဖင့္ ပဲမ်ဳိးစုံ ေရာင္းခ်ရန္ အစီအစဥ္သည္လည္း အရည္အ ေသြး၊ အေရအတြက္၊ ေစ်းႏႈန္း သတ္မွတ္ခ်က္တို႔တြင္ ႏွစ္ဖက္ သေဘာတူညီႏုိင္ရန္ အခ်ိန္ယူညႇိႏႈိင္းရမည့္ အေျခအေနျဖစ္ေန ေၾကာင္း အထက္ပါ အႀကံျပဳစာ တြင္ ေဖာ္ျပထားသည္။

ထို႔အျပင္ လာမည့္ ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ အိႏိၵယႏုိင္ငံက ပဲတင္သြင္းမည့္ ပမာဏကိုလည္း မွန္းဆ၍ မရႏုိင္ျခင္းေၾကာင့္ ပုံမွန္စုိက္ပ်ဳိးထုတ္လုပ္ပါက ျပည္တြင္း၌ ပဲလက္က်န္ ပမာဏမ်ားျပားကာ ေစ်းႏႈန္းသည္လည္း စုိက္ပ်ဳိးထုတ္လုပ္မႈ စရိတ္ေအာက္သို႔ က်ဆင္းႏုိင္ေၾကာင္း ထုတ္ျပန္သည္။

ျမန္မာႏုိင္ငံတြင္ မုိးစပါးစုိက္ ပ်ဳိးအၿပီး ေဆာင္းသီးႏွံအျဖစ္ မတ္ပဲစိုက္ပ်ဳိးထုတ္လုပ္မႈသည္ တစ္ႏွစ္လွ်င္ တန္ခ်ိန္ေျခာက္သိန္းေက်ာ္ ရွိေနသည္။ ျမန္မာႏုိင္ငံတြင္ လက္ရွိမတ္ပဲ လက္က်န္ပမာဏ တန္ခ်ိန္ႏွစ္သိန္းခန္႔ ရွိေနျခင္းေၾကာင့္ မတ္ပဲစိုက္ပ်ဳိးမႈကို ထက္၀က္ေက်ာ္ေလွ်ာ့ခ်သင့္ေၾကာင္း ဦးမင္းကိုဦးက အႀကံျပဳသည္။

‘‘သူတုိ႔ေတြ ေလွ်ာ့ဖို႔ ေျပာ ေနေပမယ့္ လယ္သမား အေနနဲ႔ က မတ္ပဲမဟုတ္ဘဲ ဘာစုိက္ရမွာ လဲ၊ အခ်ိန္ကလည္း သိပ္မရွိေတာ့ ဘူး’’ဟု ေက်ာင္းကုန္းၿမိဳ႕နယ္မွ စပါးႏွင့္ မတ္ပဲစိုက္ပ်ဳိးသည့္ လယ္သမားဦးျပဴးက ေျပာသည္။

ျမန္မာႏုိင္ငံတြင္ မတ္ပဲကို ဧရာ၀တီတုိင္း၊ ပဲခူးတုိင္းတို႔တြင္ အမ်ားဆုံးစိုက္ပ်ဳိးၿပီး မုိးစပါးၿပီး လွ်င္ လယ္သမားမ်ား အဓိက၀င္ ေငြရွာေဖြသည့္ သီးႏွံအျဖစ္အား ထားစုိက္ပ်ဳိးသည္။

မ်ဳိးေစ့ အလြယ္တကူ ရရွိ ႏုိင္ၿပီး စိုက္ပ်ဳိးသည့္နည္းစနစ္မ်ား အကၽြမ္းတ၀င္ရွိသျဖင့္ လယ္သမားမ်ားက မတ္ပဲကို အဓိကစိုက္ ပ်ဳိးလုိေၾကာင္း ဓႏုျဖဴၿမိဳ႕နယ္မွ လယ္သမား ဦးသိန္းေအာင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


အိန္ဒိယအစိုးရ၏ ပဲတင် သွင်းမှုကန့်သတ်ထားသည့် မူဝါဒ ကြောင့် ဆောင်းရာသ၌ မတ်ပဲ စိုက်ပျိုးမည့် တောင်သူလယ်သ မားများ အခြားသီးနံှများ ပြောင်း လဲစိုက်ပျိုးရန် မြန်မာနိုင်ငံ ပဲမျိုး စုံနှင့် နှမ်းကုန်သည်အသင်းက နိုဝင်ဘာ ၇ ရက်တွင် အကြံပြုစာ ထုတ်ပြန်သည်။

အိန္ဒိယအစိုးရက ၎င်း၏နိုင်ငံ သား တောင်သူလယ်သမားများ  အကျိုးစီးပွားကို ကာကွယ်ရန် ၂၀၁၈ မတ်လ ၃၁ ရက်အထိ ပြည်ပမှ ပဲတင်သွင်းမှု ကန့်သတ်ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် လက်ရှိအ ချိန်အထိ ပဲမျိုးစုံသိုလှောင်ထားမှုပမာဏတန်ချိန် ရှစ်သန်းခန့်ရှိနေပြီး လိုအပ်ချက်နည်းနေခြင်း ကြောင့် အိန္ဒိယအစိုးရက ပြည်ပ မှ ပဲတင်သွင်းမှုကို ပြန်လည်ခွင့်ပြု နိုင်ခြေနည်းကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး  ဦးမင်းကိုဦးက ပြောသည်။

အစိုးရအချင်းချင်း သဘော တူညီမှုဖြင့် ပဲမျိုးစုံ ရောင်းချရန် အစီအစဉ်သည်လည်း အရည်အ သွေး၊ အရေအတွက်၊ ဈေးနှုန်း သတ်မှတ်ချက်တို့တွင် နှစ်ဖက် သဘောတူညီနိုင်ရန် အချိန်ယူညှိနှိုင်းရမည့် အခြေအနေဖြစ်နေ ကြောင်း အထက်ပါ အကြံပြုစာ တွင် ဖော်ပြထားသည်။

ထို့အပြင် လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံက ပဲတင်သွင်းမည့် ပမာဏကိုလည်း မှန်းဆ၍ မရနိုင်ခြင်းကြောင့် ပုံမှန်စိုက်ပျိုးထုတ်လုပ်ပါက ပြည်တွင်း၌ ပဲလက်ကျန် ပမာဏများပြားကာ ဈေးနှုန်းသည်လည်း စိုက်ပျိုးထုတ်လုပ်မှု စရိတ်အောက်သို့ ကျဆင်းနိုင်ကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် မိုးစပါးစိုက် ပျိုးအပြီး ဆောင်းသီးနှံအဖြစ် မတ်ပဲစိုက်ပျိုးထုတ်လုပ်မှုသည် တစ်နှစ်လျှင် တန်ချိန်ခြောက်သိန်းကျော် ရှိနေသည်။ မြန်မာနိုင်ငံတွင် လက်ရှိမတ်ပဲ လက်ကျန်ပမာဏ တန်ချိန်နှစ်သိန်းခန့် ရှိနေခြင်းကြောင့် မတ်ပဲစိုက်ပျိုးမှုကို ထက်ဝက်ကျော်လျှော့ချသင့်ကြောင်း ဦးမင်းကိုဦးက အကြံပြုသည်။

‘‘သူတို့တွေ လျှော့ဖို့ ပြော နေပေမယ့် လယ်သမား အနေနဲ့ က မတ်ပဲမဟုတ်ဘဲ ဘာစိုက်ရမှာ လဲ၊ အချိန်ကလည်း သိပ်မရှိတော့ ဘူး’’ဟု ကျောင်းကုန်းမြို့နယ်မှ စပါးနှင့် မတ်ပဲစိုက်ပျိုးသည့် လယ်သမားဦးပြူးက ပြောသည်။

မြန်မာနိုင်ငံတွင် မတ်ပဲကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင် အများဆုံးစိုက်ပျိုးပြီး မိုးစပါးပြီး လျှင် လယ်သမားများ အဓိကဝင် ငွေရှာဖွေသည့် သီးနှံအဖြစ်အား ထားစိုက်ပျိုးသည်။

မျိုးစေ့ အလွယ်တကူ ရရှိ နိုင်ပြီး စိုက်ပျိုးသည့်နည်းစနစ်များ အကျွမ်းတဝင်ရှိသဖြင့် လယ်သမားများက မတ်ပဲကို အဓိကစိုက် ပျိုးလိုကြောင်း ဓနုဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top